Tuesday, December 15, 2020

ဆရာချစ် (ချစ်စန်းမောင်) သမီး ငဲငယ်လေးနှင့် အင်တာဗျူး

 


အနုပညာလောကအတွင်းတွင် အောင်မြင်သည့် အနုပညာရှင် များထံမှ လက်ဆင့်ကမ်း အနုပညာ အမွေကို သယ်ဆောင်ကာ ကြိုးစားအားထုတ်သူ လူငယ် အနုပညာရှင်များစွာ ရှိပါသည်။ 


ယင်းတို့အထဲမှ အဆိုတော် မျိုးကြီး၏ Live 90 တစ်ကိုယ်တော် ဖျော်ဖြေပွဲများတွင် မိတ်ဆက်ပွဲထုတ်ခဲ့သူ မျိုးဆက်သစ် လူငယ် တစ်ဦးအား မိတ်ဆက်ပေးချင်ပါသည်။ 


အိုင်စီ၏ ပင်တိုင်ဂီတာသမား တစ်ဦးဖြစ်သည့် ချစ်စမ်းမောင်၏ သမီးဖြစ်သူ ငဲငယ်လေးပင် ဖြစ်သည်။ မျိုးဆက်သစ် အမျိုးသမီး ဂီတာတီးခတ်သူ တစ်ဦးဖြစ်လာသည့် ငဲငယ်လေး၏ ဂီတအမွေ လက်ဆင့်ကမ်း ဖြစ်ပုံကို အင်တာဗျူး ကဏ္ဍအတွက် တွေ့ဆုံ မေးမြန်းဖြစ်ခဲ့ပါသည်။


မေး- ငဲငယ်လေးက ဂီတကို ဘယ်အချိန်လောက်မှာ စပြီးစိတ်ပါဝင်စားခဲ့လဲ။


ဖြေ- ငဲငယ်လေး ငယ်ငယ်ကတည်းက ဂီတကို စိတ်ပါဝင်စားခဲ့ တာပါ။ ပါးပါး ဂီတာတီးတာကို တွေ့တိုင်းလည်း စိတ်ဝင်တစားနဲ့ ကြည့်ဖြစ်တယ်။ နားထောင်ဖြစ်တယ်။ ကိုယ်တိုင်လည်း အရမ်း တီးခွင့်ရချင်တယ်။ အဲဒါ အသက် လေးနှစ်လောက် ကတည်း ကပါ။


မေး- ဂီတာနဲ့ရော ဘယ်အရွယ်မှာစပြီး ထိတွေ့ဖြစ်ခဲ့လဲ။


ဖြေ- ငဲငယ်လေး အသက်လေးနှစ်လောက်မှာ ပါးပါးတို့ ပါဝင်တဲ့ ဘုရားကျောင်း အခွေမှာ ဂီတာတီးတဲ့ပုံစံ သရုပ်ဆောင်ခွင့် ရခဲ့ပါ တယ်။ အဲဒါက ပထမဆုံး ဂီတာနဲ့ ထိတွေ့ခွင့်ရခဲ့တာပါ။


မေး- ဂီတာတီးကရော ဘယ်လို သင်ကြားဖြစ်ခဲ့လဲ။


ဖြေ- ပါးပါးဆီကတော့ ငယ်ငယ်ကတည်းက သင်ယူလေ့လာ ဖြစ် ပါတယ်။ Notes တွေနဲ့ စနစ်တကျ လေ့လာသင်ကြား ဖြစ်တာက လွန်ခဲ့တဲ့ လေးနှစ်လောက်က ဆရာဦးဖိုးအယ် ဆီမှာပါ။ 


Sunday, July 12, 2020

စူပါစတားကြီး ကျော်ဟိန်း အတ္ထုပ္ပတ္တိ




ကျော်ဟိန်း သည် ၁၉၄၇-ခုနှစ်၊ ဇူလိုင်လ(၁၄)ရက်၊ တနင်္လာနေ့တွင် ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ ကျောင်းကုန်းလမ်း၌ အငြိမ်းစား ခရိုင်ရဲဝန် အဖ ဦးဂျွန်မောင်စိန် နှင့် အမိ ဒေါ်ချိုချိုတို့မှ မွေးဖွားခဲ့သည်။


ကရကဋ်ရာသီဖွားဖြစ်ပြီး ငယ်နာမည် ကျော်ကြီး။ အမည်ရင်းမှာ ကျော်ဌေး ဖြစ်သည်။ သားသမီး ခြောက်ယောက်မှာ နံပါတ် လေးယောက်မြောက်ဖြစ်သည်။ ၁၉၅၂ ခုနှစ် – ရန်ကုန်မြို့၊ ကြည့်မြင်တိုင်၊ ABM ကျောင်းမှာ ပထမတန်းကနေ စတုတ္ထတန်းအထိ ကျောင်းစာသင်ကြားခဲ့သည်။(စတုတ္ထတန်း စာမေးပွဲမှာ အောင်မှတ် မပြည့်လို့ နွေရာသီကျောင်းပိတ်ရက် နှစ်လမှာ စာကျက်ပြီး စာမေးပွဲ ပြန်ဖြေရတယ်။)

၁၉၅၆ ခုနှစ် – အလုံမြို့နယ်၊ ဟုမ်းလမ်း ဘူတာရုံနားက ယူနစ်ကရင်ကျောင်းမှာ ပဉ္စမတန်း ကို တက်ရောက် သင်ကြား။ ၁၉၅၇ ခုနှစ် -အလုံမြို့နယ်၊ ကူရှင်ကျောင်းမှာ ဆဋ္ဌမတန်း၊ သတ္တမတန်း (နှစ်ကြိမ်)၊ အဋ္ဌမတန်း ၊ နဝမတန်း (နှစ်ခါကျလို့ ကျောင်းထွက်လိုက်ရ) ၁၉၆၄ ခုနှစ် -ရန်ကုန်မြို့၊ မြို့နယ် အသီးသီးရှိ အလွတ်ပညာ သင်ကျောင်း (ညကျောင်း အပါအဝင်)၊ (၂၃) ကျောင်း ပြောင်းရွှေ့သင်ကြားခဲ့ပြီး၊ နောက်ပိုင်း ကျောင်းမနေ ဖြစ်တော့ပဲ အိမ်က ၁၆ ကြိမ်ဆင်း။ အိမ်ပြေးဘဝနဲ့ လမ်းပေါ်မှာ လေလွင့်နေခဲ့သည် ။

၁၉၆၅ ခုနှစ် – ကမာရွတ်မြို့နယ်၊ ဒေါ်သာထက်ကျောင်းမှာ နဝမတန်း (သုံးကြိမ်မြောက်) သင်ကြား အောင်မြင်။ ၁၉၆၆ ခုနှစ် – ဒဂုံမြို့နယ်၊ ဒေါ်နုနုခင် အလွတ်ပညာသင်ကျောင်းမှာ ဒသမတန်းသင်ကြား၊ သုံးလလောက်တက်ပြီး ရေတပ်ထဲဝင် (ကိုယ်ပိုင်နံပါတ် ၁၂၂၀၅) ၁၉၆၇ ခုနှစ် – ရေတပ်ထဲကထွက်၊
ဒသမတန်း ပြန်ဖြေ၊ ဆယ်တန်း(ခ)နှင့်အောင် (တက္ကသိုလ်ဝင်တန်း)အထိ ပညာသင်ကြားခဲ့သည်။


ငယ်စဉ်က စိန်ဂေါ်လီဂိုဏ်းဝင် တစ်ဦးဖြစ်သည်။ ရုပ်ရှင်လောကထဲရောက်သော ၁၉၇၀-ပြည့်နှစ်မှ စ၍ ရုပ်ရှင်မင်းသမီး စန္ဒာနှင့် အတူ ဖူးစာလမ်းစုံ ဇာတ်ကားဖြင့် ရုပ်ရှင်လောကထဲသို့ ဝင်ရောက်ခဲ့သည်။ ရုပ်ရှင်သရုပ်ဆောင်အဖြစ် `အကာက အချစ်၊ အနှစ်ကမေတ္တာ´၊ `မွန်းတည့်ချိန်တွင် နေဝင်သည်´၊ `ပန်းမြိုင်လယ်က ဥယျာဉ်မှူး´၊ `ဝေလည်းမွှေး ကြွလေည်းမွှေး´ဇာတ်ကားများဖြင့် အကယ်ဒမီ လေးကြိမ် ရရှိခဲ့သည်။ `မွန်းတည့်ချိန်တွင် နေဝင်သည်´ဇာတ်ကားကို ကိုယ်တိုင် ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့သည်။

၁၉၇၀-ခုနှစ်တွင် ပထမဆုံး ဒါရိုက်တာလုပ်၍ သရုပ်ဆောင် ရိုက်ကူးခဲ့သော ဇာတ်ကားမှာ စိန် သို့မဟုတ် စိန် ဖြစ်သည်။ ထို ဇာတ်ကား၏ ကြော်ငြာဒီဇိုင်း၊ ပိုစတာများ အားလုံးကို သူကိုယ်တိုင် နေမင်းထိပ်ခေါင် အမည်ဖြင့် ရေးဆွဲခဲ့ပေသည်။


 


Saturday, May 23, 2020

ကိုခရမ်း ပြောသော အိုင်စီ အကြောင်း

 



ခရမ်းသည် ဂီတ လောက ထဲသို့ ဝင်ခါစတွင် Section Player အဖြစ် လိုက်လံ တီးခတ်ခဲ့ သော်လည်း လိဒ် ဂစ်တာ သမား တေးရေး စောဘွဲ့မှူး တည်ထောင်သည့် Iron Cross (IC) တေးဂီတဝိုင်း စတင်ချိန် ၁၉၉၁ ခုနှစ်ကတည်း က ဒရမ်မာ အဖြစ် ပါဝင်တီးခတ်ခဲ့သူဖြစ်သည်။

ယခုအခါ IC တေးဂီတအဖွဲ့ တည်ထောင် သည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ကွယ်လွန်သူ စောဘွဲ့မှူး မှ အပ ကျန်သည့် တီးဝိုင်းအဖွဲ့ဝင်များနှင့် ဝိုင်း စတင်ချိန်က အတိုင်း ပြိုကွဲခြင်း၊ ကျဆုံးခြင်း မရှိဘဲ ရပ်တည် ဆဲဖြစ်သည်။ ယင်းတေးဂီတ အဖွဲ့၌ ဒရမ်မာ အဖြစ်သာမက တီးဝိုင်း နှင့် ပတ်သက်သည့် ကိစ္စရပ်များတွင် တာဝန်ရှိသူ တစ်ဦးအဖြစ် အဆုံးအဖြတ်ပေးနိုင်သော ကိုခရမ်း ရဲ့ interview လေးပါ။


မေး။ ။ ကိုခရမ်း က ဒရမ်နဲ့ပတ်သက်တဲ့ ပညာကို ဘယ်လိုလေ့လာခဲ့ပါသလဲ။

ဖြေ။ ။ လူက မွေးကတည်းကတော့ ဘာမှ တတ်ခဲ့တာမဟုတ်ဘူးလေ။ ကျနော်တို့ဆီမှာက ဂီတနဲ့ ပတ် သက် တဲ့ ကျောင်း ဆိုတာလည်း သတ်သတ်မှတ်မှတ်ရှိတာ မဟုတ်ဘူး။ ဒီ စတီရီယိုပိုင်းက ပိုဆိုးတာပေါ့။ ကျနော်တို့ ထက် တတ်တဲ့၊ သိတဲ့ ရှေ့လူတွေဆီမှာ နည်းနာခံ၊ တပည့် ခံပြီးသင်ယူခဲ့ရတာပဲ။ ကျနော့် ဆရာ က ကိုဇော်ဝင်းရှိန် ပါ။ Play Boy တို့ Aces တို့ကတော့ ကျနော့်ရဲ့ မြင်ဆရာတွေပေါ့။


ကျနော်က ဒီပညာကို တတ်ချင်လွန်းလို့ကို ရအောင် ယူခဲ့တာ။ အလယ်တန်း တက်နေတုန်း စာဆက် မသင်ချင် တော့ဘူး။ စိတ်လည်းမပါဘူး။ လူက ဂီတသံကြားရင်ကို မနေနိုင်တာ။ အဲဒီ တူရိယာတွေကြား မှာပဲ ပျော်နေချင် တာလေ။ ကျနော်လုပ်ချင်တာက ဒါပဲ .. ဒီတော့ ကျနော်က မိဘတွေကို တောင်းဆို တယ်။ ကျနော့်ကို ကျောင်း ထုတ်ပါ .. မထုတ်ရင်လည်း ကျနော့်ဟာ ကျနော် ရအောင်ထွက်မယ် ဆိုပြီး လုပ်တာဗျ။

ရှေးက လမ်းဖောက်ခဲ့တဲ့ ဆရာတွေကို သိပ်ကျေးဇူး တင်ဖို့ကောင်းတယ်။ ဖြစ်နိုင်ရင် အခုကလေးတွေ သိအောင်ရှင်းပြ ချင်တယ်။ ကိုသန်းနိုင် ဆို ဒရမ် အရမ်းကောင်းတယ်ဗျာ။ ကိုအော်စကာ သန်းတင် ဆိုရင် လည်း အရမ်းလေးစားဖို့ ကောင်းတယ်။ ဒါတွေ မှတ်တမ်းမရှိဘူး။ ကျနော်ကိုယ်တိုင်လည်း မလုပ်နိုင်ဘူး။ လုပ်နိုင်တဲ့ သူတွေရှိရင် လုပ်စေ ချင်တယ်။


မေး။ ။ စတိတ်ရှိုး တီးတဲ့အခါမှာ အာရှက တစ်ခြား ရော့ခ်ဘန်တွေနဲ့ IC နဲ့ ဘယ်လိုကွာခြား ပါသလဲ။

ဖြေ။ ။ မတူဘူးဗျ။ အထူးသဖြင့် ထိုင်း က ရော့ခ်ဘန်တွေပေါ့ဗျာ။ ထိုင်း က The Sun Band ကို ဖိတ်ပြီး ကျနော်တို့ အလုပ်ရုံဆွေးနွေးပွဲ ပုံစံမျိုး လုပ်ဖူးတယ်။ သူတို့ တီးတာက ပုံသေနည်း ဆန်တယ်။ ပုံသေနည်း အတိုင်း ဆိုတော့ တီးတာ သက်သောင့်သက်သာ မရှိဘူး။ စိတ်လှုပ်ရှားဖို့မကောင်းဘူး။

ကျနော်တို့ကျတော့ စိတ်ကူးတည့် သလို တီးတာ။ စင်ပေါ်ရောက်သွားပြီ ဆိုတာနဲ့ IC က Team work လည်းကောင်းတော့ အားလုံးကညီညွတ်ပြီး ဘယ်သူနဲ့ တူတယ်ရယ်လို့ကို မဟုတ်တော့ဘူး၊ ကိုယ့်စတိုင်နဲ့ကိုယ်ကို အားလုံး မြောက်ကုန်ကြတာ။



Friday, May 22, 2020

တူရိယာတစ်ခုကို လေ့ကျင့်တဲ့အခါ

 



တူရိယာတစ်ခုကို လေ့ကျင့်တဲ့အခါ "လေ့ကျင့်တယ်" ဆိုတာထက် "ပျိုးထောင်တယ်" ဆိုတဲ့စကားကို ပို သဘောကျတယ် ။ ဟုတ်ပါတယ် ။ ဂစ်တာလေ့ကျင့်တယ်ဆိုတာ ဂစ်တာနဲ့ ပတ်သက်တဲ့ အလေ့အကျင့် ကောင်းတွေကို ပျိုးထောင်တာပါ ။ ဒီလို နားလည်ထားမှလည်း လေ့ကျင့်တဲ့ အချိန်တွေကို မငြီးမငွေ့ ဖြတ်သန်းနိုင်မှာပါ ။ ( ကျွန်တော်က ဂစ်တာသမားဖြစ်တဲ့အတွက် ဒီတူရိယာလေ့ကျင့်နည်းကို ဂစ်တာကို ဥပမာထားပြီး ရေးသွားပါမယ်)



၁ ။ မလေ့ကျင့်မီ အကြောလျော့ပေးပါ
====================
ဂစ်တာ စကျင့်တော့မယ်ဆိုရင် လက်တစ်ချောင်းလုံး (ဖြစ်နိုင်ရင်တစ်ကိုယ်လုံး) အကြောလျော့ပေးပါ ။ တစ်ချို့က မလိုအပ်ဘူးလို့ ထင်ကောင်းထင်မယ် ။ အကြောလျော့ခြင်းနဲ့ စိတ်ရဲ့ relax ဟာ ခင်ဗျားကို မောင်းတင်ပေးမယ့် ခွန်အားတွေပါ ။


၂ ။ warm up အမြဲလုပ်ပါ ။
===============
Fingering, chromatic scale, fingering stretching တွေထဲက ခင်ဗျားအတွက် ပေါ့ပါး လွယ်ကူမယ့် တစ်မျိုးမျိုးကို နာရီဝက်လောက် အရင်တီးလိုက်ပါ ။ လက်ချောင်းတွေ သွေးပူလာဖို့ ၊ လွတ်လပ်စွာ လှုပ်ရှား ဖို့ ၊ finger stamina ကောင်းဖို့ ၊ ဒဏ်မဖြစ်ဖို့ ... warm up မလွဲမသွေတီးရပါမယ် ။


၃ ။ Metronomeနဲ့ အမြဲကျင့်ပါ ။
=================
Metronome နဲ့ မကျင့်ခဲ့ရင် Band နဲ့တီးတဲ့အခါ၊ Studio မှာ အသံသွင်းတဲ့ အခါ အဆင်မပြေမှုတွေ ဖြစ် လာ ပါမယ် ။ ကိုယ့်ရဲ့ tempo ကို ကိုယ်သတိထားမိဖို့ ခက်ပါတယ် ။ စိတ်ကြွလာရင် tempo တက်လိုက် ၊ စိတ်မပါရင် tempo ကျလိုက် ဖြစ်တတ်ပါတယ် ။

၎ ။ *very important* အနှေးဆုံးကို တီးပါ ။
========================
လေ့ကျင့်နေတဲ့အချိန်မှာ speed ကိုခေါင်းထဲ ဝင်မလာပါစေနဲ့ ။ မလောပါနဲ့ ။ speed ဟာ ဂစ်တာသမား တိုင်း တပ်မက်တဲ့ ရှိရမယ့် အရည်အချင်း ဆိုပေမယ့် ... သူ့ကို အရူးအမူးနဲ့ လိုချင်ပြီးလေ့ကျင့်ပြီ ဆိုတာနဲ့ လမ်းတစ်ဝက်မှာ ပြတ်ကျန်ခဲ့ဖို့ သေချာသလောက်ရှိပြီ ။ တစ်ခါ တစ်လေ ... အနှေးဆုံးတွေကို တီးနေရင်း ခင်ဗျား ငြီးငွေ့လာမယ် ။ သေချာတယ် ။ ဒါကြောင့် ပြောခဲ့ပါတယ် ။ တူရိယာ တစ်ခုကို လေ့ကျင့်တယ် ဆိုတာထက် ပျိုးထောင်နေတယ်လို့ ခံယူထားပါ ။ ဒါတွေဟာ ခင်ဗျား မလွဲမသွေ ဖြတ်ကျော်ရမယ့် လှေကား ထစ်တွေပါ ။



Monday, May 4, 2020

ဒေါက်တာ စိုင်းခမ်းလိတ် ရဲ့ အတိတ်က အချစ်ဇာတ်လမ်းလေး တစ်ပုဒ်




နွဲ့တင် အတွက် သီချင်းတစ်ပုဒ် နဲ့ ဒေါက်တာ စိုင်းခမ်းလိတ် တို့ရဲ့ အတိတ်က အချစ်ဇာတ်လမ်းလေး တစ်ပုဒ်

လူရည်ချွန်ဖြစ်တဲ့ နွဲ့နွဲ့တင် ကတော့ ရုပ်လှတယ်။ စာတော်တယ်။ အဲဒီခေတ်တုန်းက ကျောင်းမှာ စူပါ စတားပေါ့။ ကျောင်းသားတွေ အားလုံး နွဲ့နွဲ့တင် ကို အားကျသလို စိုင်းခမ်းလိတ် တစ်ယောက်လည်း သူများနည်းတူ နွဲ့နွဲ့တင် ကို အားကျမိသူပါ။


သူတို့နှစ်ယောက်ရဲ့ ပွဲဦးထွက် ဇာတ်လမ်း တစ်ပုဒ် ကတော့ ကျောင်း နံရံကပ်စာစောင် ကနေ စခဲ့တယ်။
နံရံကပ်စာစောင်ဆိုတာက စာပေ ဝါသနာပါတဲ့ ကျောင်းသားတွေ လွတ်လပ်စွာ ကဗျာ၊ ဆောင်းပါး၊ ဝတ္ထုတို တွေ ရေးပြီး ဆရာ ဆရာမများက ရွေးချယ်ပြီး ကောင်းတဲ့ဟာ တွေကိုကျောက်သင်ပုံးမှာ လှပစွာ ပြန်လည် ကပ်ထားပေး တယ်။ ကျောင်းသူကျောင်းသားတွေက ဝိုင်းကြည့်ကြတာပေါ့။


အဲဒီ နံရံကပ်စာစောင်မှာ စိုင်းခမ်းလိတ်က ကဗျာလေး တစ်ပုဒ် ရေးကာ သွားကပ်ထားလိုက်တယ်။ သူ့ရဲ့ ခံစားချက်ကို တင်ပြ တာပါ။ ဒါပေမယ့် သူတင်ပြချက်ကတော့ အသွားနှစ်ဖက်ရှိတဲ့ ကဗျာလေးပါ။ ကဗျာ ခေါင်းစဉ် ကိုက လူရည်ချွန် ကို ရအောင် ယူမည်တဲ့။ ကျောင်းသားတွေ အဲဒီကဗျာလေးကို ဖတ်ပြီးတော့ ဟိုးလေးတစ်ကျော်ဖြစ်သွားတာပေါ့။


လူသတင်း လူချင်းဆောင် ဆိုသလို နွဲ့နွဲ့တင်လည်း ကြားသိ သွားတယ်။ စုံစမ်းကြည့်တော့ ရေးတဲ့သူက စိုင်းခမ်းလိတ် ဖြစ်နေတော့ ဆရာဆရာမတွေ ကျောင်းသားကျောင်းသူတွေ အားလုံး အဲဒီအကြောင်းကို စိတ်ဝင်စားနေကြတယ်။


နွဲ့တင် ကတော့ မိန်းမသား တစ်ယောက်အနေနဲ့ သူမကို ယခုလို စောင်းလား ချိတ်လား တင်စီးပြီး ရေး ထားတာကို မြင်ရတော့ မခံချင်တာ အမှန်ပါ။ ဒီကျောင်း တစ်ကျောင်းလုံး မှာ သူမ တစ်ယောက်ထဲသာ လူရည်ချွန်ဖြစ်နေလေတော့ စိုင်းခမ်းလိတ်က သူမကို ရည်ရွယ်ပြီး တစ်မင်သက်သက် ရေးတဲ့အကြောင်း ကျောင်းအုပ်ဆရာကြီးကို သွားတိုင် ပါလေရော။


ဒီကိစ္စကို ကျောင်းအုပ်ကြီးကိုယ်တိုင် စိုင်းခမ်းလိတ်ကို ရုံးခန်း မှာ ခေါ်တွေ့တယ်။ စိုင်းခမ်းလိတ် က ပြုံးပြုံးနဲ့ပဲ အဖြေပေး လိုက်တယ်။
"ကျွန်တော် သူမ လို လူရည်ချွန်ဖြစ်ချင်လို့ လူရည်ချွန်ကို ရအောင်ယူမယ် လို့ရေးတာ ဟာ ကျွန်တော်ရဲ့ ရည်ရွယ်ချက်ပါ " တဲ့။


ဒီလိုနဲ့သူတို့နှစ်ယောက်ရဲ့ ပြဿနာ လည်း ပြေလည်သွားတယ်။ တစ်ယောက်နဲ့ တစ်ယောက်လည်း ခင်မင် ရင်းနီးသွားတယ်။ သူတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းအစ လူရည်ချွန်ကလို့ ဆိုရ ပါ လိမ့်မယ်။ ရည်ရွယ်ချက် ရှိတဲ့ အတိုင်း နဝမတန်း ရောက်တော့ စိုင်းခမ်းလိတ် လည်း လူရည်ချွန်အဖြစ် ရွေးချယ်ခံခဲ့ရတယ်။ နွဲ့နွဲ့တင် ကလည်း လူရည်ချွန် နှစ်ထပ်ကွမ်း ဖြစ်ပြန်တယ်။ (ဒသမတန်း လည်း နွဲ့နွဲ့တင် က လူရည်ချွန် သုံးထပ်ကွမ်း အဖြစ် ထပ်မံရွေးချယ်ခံရပြန်တယ်)

မေမြို့လူရည်ချွန် အနေနဲ့ သူတို့နှစ်ယောက် လူရည်ချွန်ခရီး အဖြစ် အတူတူ သွားလာကြရလို့ ပိုပြီး ခင်မင်ရင်းနီးလာ ပါတော့တယ်။ ဒေါက်တာ စိုင်းခမ်းလိတ် ရဲ့ သီချင်းကောင်းတွေ၊ စာသား လှလှတွေ ပေါ်ထွက်လာဖို့ အဓိက အိပ်မက်လှလှပေး တဲ့သူ ကတော့ နွဲ့နွဲ့တင်ပဲဖြစ်တယ်။ သီချင်း အပုဒ် ၆၀၀ ကျော်ထဲမှာ နွဲ့နွဲ့တင် ကို ပတ်သက်တဲ့ အချစ်အကြောင်းတွေ အများကြီး တွေ့ရပါတယ်။


Wednesday, April 29, 2020

ဇော်ဝင်းထွဋ် ဆွေးတစ်မြေ့မြေ့ ပြောပြခဲ့တဲ့ ထူးအိမ်သင် အကြောင်း





✎ - ကိုညီထွဋ်နဲ့ ကိုငှက်နဲ့ ဘယ်အချိန်မှာ စဆုံကြတာလဲ??
🎸 - ကျွန်တော်နဲ့ ငှက်ကြီးနဲ့က Oasis စတူဒီယိုမှာ စဆုံကြတာ။ ကျွန်တော်က အဲဒီတုန်းက တတိယအခွေ "ကြယ်တံခွန်" ထွက်နေပြီ။ ငှက်ကြီးကလည်း "နာရီပေါ်က မျက်ရည်စက်များ" အခွေထွက်ပြီး အဆိုတော်ဖြစ်နေပြီ။ အဲဒီတော့မှ စတွေ့ဖူးတာ။ အဲဒီတုန်းက ညဘက် ကျွန်တော်တို့ ဝိုင်းဖွဲ့စားသောက်ပြီး ပျော်နေတဲ့အချိန်ပေါ့နော်။ သူ(ကိုငှက်) ရောက်လာတဲ့အချိန်နဲ့ ကျွန်တော်တို့ ဖက်ပြီး ကကြတာ။ အဲဒီမှာ ငှက်ကြီးက "ကြယ်တံခွန် အချစ်လေးရေ" အော်ဆိုပြီးတော့ ကျွန်တော့်လက်ကို ဆွဲပြီး ကတာ။ အဲဒီညကတော့ ဘဝမှာ မှတ်မှတ်ရရပါပဲ။


✎ - ဘယ်လောက်အကြာမှာ အတော် ရင်းရင်းနှီးနှီးဖြစ်သွားကြလဲ??
🎸 - အဲဒီတုန်းက ငှက်ကြီးလည်း Oasis မှာ အိမ်လိုပဲ နေ,နေတာကိုး။ အဲဒီအချိန်က သူလည်း နာမည်ကြီး လာတော့ Stage Show သွားရင် ကျွန်တော်တို့ တီးဝိုင်းနဲ့ ဆိုတာများတယ်လေ။ Show သွားရင် သူပါတဲ့ပွဲ များတယ်။ တစ်ခန်းတည်း အတူတူနေတဲ့အခါလည်း ရှိတယ်။ ခရီးသွားဖော်အဖြစ်နဲ့ ပိုရင်းနှီးပါတယ်။ ငှက်ကြီးက သိတဲ့အတိုင်းပဲလေ။ သီချင်းသိပ်ဆိုချင်တာမဟုတ်ဘူး။ သီချင်းရေးတဲ့သူ၊ ဖန်တီးချင်တဲ့လူ ဖြစ်ချင်တာ။ သူက ကျွန်တော့်ကို အမြဲတမ်း ပြောတဲ့စကားရှိတယ်။"ခင်ဗျား ဆိုဗျာ...။
ကျွန်တော် တစ်ခွေလုံး ရေးပေးမယ်" တဲ့။


✎ - ကိုငှက် နဲ့ ပတ်သက်တဲ့ မမေ့နိုင်စရာ အဖြစ်အပျက်ရှိရင် ပြောပြပေးပါဦး??
🎸 - ရှိတာပေါ့။ အဓိကကတော့ မမေ့နိုင်စရာအဖြစ်က နောက်ပိုင်း မှတ်မှတ်ရရပဲ။ ငှက်ကြီးက သူ့ဘာသာ သူနေချင်သလို နေတယ်။ Show ဆိုချင်လည်း ဆိုတယ်။ မဆိုချင်လည်း မဆိုဘူး။ လာငှားရင် ဆိုတဲ့ပုံစံ မဟုတ်တော့ဘူး။ လျှောက်သွားရင် သွားမယ်။ များသောအားဖြင့် မဆိုတာ များတယ်။ ကျွန်တော့်ပွဲဆို လည်း လာတယ်။ Percussion တက်တီးရင်လည်း တီးတာပဲ။ Harmonica တက်မှုတ်ရင်လည်း မှုတ်။ ငှက်ကြီးက အဲဒီလိုမျိုး။ ငှက်ကြီးနဲ့ ကျွန်တော် မတွေ့တာကြာပြီး မြရိပ်ညိုမှာ ပြန်တွေ့တဲ့အချိန်မှာ သူတော်တော်လည်းပဲ နေမကောင်းဘူး ထင်ပါတယ်။ တော်တော်လည်း ပိန်တယ်။ ကျွန်တော်ဆိုခါနီးမှာ သူစင်ဘေးကို ရောက်လာပြီး ....

Thursday, April 23, 2020

တစ်ခါတုန်းက မျိုးကြီး ဆိုတာ




အခုအချိန်မှာတော့ နာမည်ကြီး တစ်ခါတုန်းက မျိုးကြီး ဆိုတာ  ..

တစ်ခါက.......

တောင်ဥက္ကလာ ကားလမ်းမ တစ်ခုမှာ ရှိတဲ့ လူငယ်တော်တော်များများ ထိုင်သော နေရာတစ်နေရာကို
ဦးထုပ် ခပ်ငိုက်ငိုက် ဆောင်းထားပြီး ဂျင်းအကျီင်္ဝတ် လူနှစ်ယောက် ဝင်လာတယ်.။သူတို့ မျက်နှာတွေကို သေချာစွာ မမြင်ရ.။ ဒါကြောင့် ဘယ်သူတွေမှန်းလည်းမသိ.။ ဘယ်သူမှလည်း သူတို့ကို အလေးထား စိတ်ဝင်စား မနေကြပါ.။


သူတို့ ဝင်လာတဲ့ အချိန်က နေ့လည် ၁ နာရီခွဲဆိုတော့ နေ့လည် ဆိုတာ သာမာန် ထမင်းစားပြီး သူတွေ ထိုင်တတ်တဲ့ အချိန်မဟုတ်.။ ဒီအချိန်မှာ လူငယ်တွေကသာ သူတို့ကြိုက်ရာ သီချင်းလေးတွေကို နားထောင်ဖို့ ထိုင်တတ်ကြတာ.။ ဒီဆိုင်ကလည်း သူ့အနားပတ်ဝန်းကျင်မှာတော့ နံပါတ်တစ် ၊ ထိပ်တန်းဆိုင် ။


ဒီလူနှစ်ယောက် ဆိုင်ထဲမှာ ထိုင်နေတဲ့ အချိန်မှာ ဒီဆိုင်မှာ ဖွင့်ထားတာက အဲဒီအချိန်မှာ နာမည်ကြီးလူငယ် တွေ အကြိုက်ဆုံး သီချင်းခွေ ၊ လူငယ်အားလုံးကလည်း ဒီသီချင်းလေးကို နားထောင်နေတဲ့ အချိန် ။
 


ဒီလိုနဲ့ တစ်နာရီလောက်ကြာတော့ ဦးထုပ်ခပ်ငိုက်ငိုက် ဆောင်းထားတဲ့ လူနှစ်ယောက်ထဲက အသက် ငယ်ငယ် နဲ့ လူတစ်ယောက်က ကောင်တာကို ထသွားပြီး သူ့လက်ထဲက သီချင်းခွေလေး တစ်ခွေကို ကောင်တာမှာ ထိုင်နေတဲ့ ဆိုင်ရှင်ကို ပေးတယ်.။

“ အကို
ကျွန်တော့်ကို ဒီအခွေလေး ဖွင့်ပေးပါလား.။ ”


ဒီတော့ ဆိုင်ရှင် အကိုကြီးက. . .
“ ဟ . . မင်းအခွေက ဘာခွေလဲကွ. .။ ”
“ ဟို. .သီချင်းခွေပါ. ။ ကျွန်တော်ကိုယ်တိုင် ဆိုထားတာ. . ။ အဲဒါ ဘယ်လိုနေလဲ လို့ စမ်းဖွင့်ကြည့်စေချင်လို့ပါ.။ ”
ဒီတော့ ဆိုင်ရှင် အကိုကြီးက . .

Monday, December 2, 2019

အဆိုတော် စိုးလွင်လွင် အလွမ်းပြေ



အဆို​တော် စိုးလွင်လွင်အား  ၈.၉.၁၉၆၂ တွင်မွေးဖွားခဲ့ပြီး ၂၅.၇.၁၉၉၉ တွင် ကွယ်လွန်ခဲ့ပါ
တယ် ။

သူ့ကို ရန်ကင်းဒေသန္တရ ဆေးရုံတွင် မွေးဖွားခဲ့ပြီး မွေးဖွားပေးခဲ့သော ဆရာဝန်နာမည်ကို အစွဲပြုကာ စိုးလွင်လွင် ( ခေါ် ) ပိုပို ဟု မှည့် ခေါ်ခဲ့ခြင်းဖြစ်ပါသည်။


ဂီတကို ရူးသွပ်ခဲ့ပြီး စန္ဒယားတီးသင်ခြင်း၊ ဂစ်တာတီးခြင်းတို့ ပြုလုပ်ခဲ့သည်။ သီချင်း အပုဒ်ရေ သုံးရာကျော်ခန့်ရေးသားခဲ့ပြီး တစ်ယောက်တည်း အခွေ၊ အတွဲခွေ ပေါင်း တစ်ရာခန့်ထွက်ရှိခဲ့
သည် ။


နာမည်ကြီး အဆိုတော်ဘဝ မရောက်ခင်ထဲက တေးသီချင်းများရေးနေခဲ့ပြီး တေးရေးဘဝဖြင့် ကိုင်ဇာ ၏ အခွေတွင်ရာဇူးက မမ သီချင်းဖြင့်ပါဝင်ခွင့် ရရှိခဲ့သည်။

၁၉၈၃ ခုတွင် ကိုယ်ပိုင် စီးရီး " မင်းထက်သာတဲ့လူ " အား ရန်ကြီးအောင်တေးသံသွင်းမှ ထုတ်လုပ်ဖြန့်ချိခဲ့ပြီး မအောင်မြင်ခဲ့ပါ။

၁၉၈၅ ခုတွင် ဒုတိယခွေ "ချစ်လူမိုက်" အခွေဖြင့် မြန်မာပြည်တစ်ဝှမ်းလုံး ထိအောင် အောင်မြင် ခဲ့ပြီး ...

🌟 သူရဲကောင်းတို့ရဲ့နှလုံးသား
🌟 ကျွန်တော်မသိတဲ့ကျွန်တော်
🌟 မာနမျက်နှာ
🌟 မောင့်မျက်ရည်ဝိုင်း... အစရှိတဲ့ စီးရီးခွေများစွာ အပါအဝင်ပြန်ဆိုတေးများ အတွဲခွေ များပါ ထွက်ရှိခဲ့သည်။


Sunday, December 1, 2019

ခင်ဝမ်း အမှတ်တရ



ခင်ဝမ်းရဲ့ ပထမစီးရီးနှစ်ခုမှာ ကိုယ်တိုင် ပါဝင်တီးခတ် arrangement လုပ်ခဲ့တဲ့ ကိုအောင်မြတ်ထွန်း နဲ့ ဧရာဝတီသတင်းဌာန အင်တာဗျူး (၂၀၁၆) ၊

"အဲဒီစီးရီး ၂ ခု စလုံးကို နှလုံးသားနဲ့ တီးခဲ့ကြတာပါ''

ပန်းချီ၊ တေးရေး၊ တေးဆို အနုပညာရှင် ကိုခင်ဝမ်း ကွယ်လွန်ခဲ့တာ ၁၆ နှစ်ပြည့်တော့မှာ ဖြစ် သလို သူရေးသားဖန်တီး သီဆိုခဲ့တဲ့ ပထမဆုံး တေးစီးရီး “နှင်းဆီဖြူရဲ့ အဝေးက လူ တစ်ယောက်”  ဟာလည်း အခုဆိုရင် နှစ်ပေါင်း ၃၈ နှစ် ရှိပြီဖြစ်ပါတယ်။ 

ဒီကနေ့မှာတော့ ကိုခင်ဝမ်းလည်း မရှိတော့သလိုဘဲ “နှင်းဆီဖြူရဲ့ အဝေးက လူတယောက်” နဲ့ “ပြည်မှာဆောင်း” တေးစီးရီး ၂ ခုမှာ ပါဝင်တီးခတ်ခဲ့တဲ့ ကိုသန်းဦး (တေးရေး- စစ်အိမ်)၊ ကိုမိုးဇက်၊ ကိုမော်စီ၊ ကိုအောင်သင်းမြင့် အစရှိသူတွေ ဟာလည်း လူ့လောကကို စွန့်ခွာ သွား ခဲ့ကြပြီ ဖြစ်ပါတယ်။ 

ဒါကြောင့် ဟိုစဉ်က ကိုခင်ဝမ်းနဲ့ အတူ သူတို့ ပါဝင်ခဲ့ကြတဲ့၊ လှုပ်ရှားခဲ့ကြတဲ့ အခြေအနေ အကြောင်းလေးတွေကို သိရအောင် အဲဒီ စီးရီး ၂ ခုမှာ ကိုယ်တိုင် ပါဝင်တီးခတ် Arrangement လုပ်ခဲ့တဲ့ ကိုအောင်မြတ်ထွန်းကို ဧရာဝတီ သတင်းဌာနက ရန်ပိုင်က ဆက်သွယ်မေး မြန်းထား ပါတယ်။

မေး။ ။ ကိုအောင်မြတ်ထွန်း အနေနဲ့ ကိုခင်ဝမ်းရဲ့ ပထမဆုံးစီးရီး “နှင်းဆီဖြူရဲ့ အဝေးက လူ တယောက်” နဲ့ ဒုတိယဖြစ်တဲ့ “ပြည်မှာဆောင်း” စီးရီး ၂ ခုကို တာဝန်ယူပြီး Arrangement လုပ်ပေးခဲ့တယ်ဆိုတော့ အဲဒီတုန်းက အကြောင်းလေးတွေ ပြောပြပါဦး။

ဖြေ။ ။ အဲ့ဒီတုန်းကအကြောင်း ပြန်ပြောရရင် တစ်ကယ်တော့ “နှင်းဆီဖြူရဲ့ အဝေးက လူတစ်ယောက်” စီးရီးကို ကိုခင်ဝမ်းရဲ့ ညီ အငယ်ဆုံး ကိုဝင်းထွန်း (ယခု ဂျပန်နိုင်ငံတွင် နေ ထိုင် သူ) က ဆိုဖို့ပါ။ ကိုခင်ဝမ်း ကတော့ တေးရေး သက်သက်ပဲ။

ကိုခင်ဝမ်းရဲ့ ညီ ကိုဝင်းထွန်း နဲ့ ကျနော်က သူငယ်ချင်းပါ၊ ကိုခင်ဝမ်း ကိုလည်း ကိုဝင်းထွန်းတို့ ခေါ်သလို ကိုကို လို့ပဲ ကျနော်က ခေါ်ပါတယ်။ တစ်နေ့တော့ ကျနော်တို့တွေ စုပြီး တီးကြ ခတ်ကြ ရင်းနဲ့ စီးရီး ထုတ်ရအောင်လို့ ကိုဝင်းထွန်း က တိုင်ပင်သလို ကိုခင်ဝမ်း ကလည်း ငါ သီချင်းတွေရေးမယ်၊ ပြီးရင်တော့ ငါတို့စပြီး တီးကြမယ်လို့ ပြောတော့ ကျနော်ကိုယ်တိုင်လည်း ဖန်တီးရတာ ဝါသနာပါတဲ့အတွက် ကောင်းတယ် လုပ်ပေါ့။ 


တေးရေး .. ကိုမောင်မောင် ရဲ့  ကြိုးကြာသံ



{၁၉၇၆ မှိုင်းရာပြည့်မှာ စစ်အစိုးရက လိုက်လံဖမ်းဆီးလို့ ၀ရမ်းပြေးအဖြစ် တိမ်းရှောင်ပြေးခဲ့ရတဲ့ metallurgy (သတ္တုဗေဒ) အင်ဂျင်နီယာ ကျောင်းသား မောင်မောင် (ကွယ်လွန်သူ ဂီတ ပညာရှင် ကိုမောင်မောင် (ခ) အဉ္စလီမောင်မောင်) ကို၊ ၃၂ နှစ်မြောက် မှိုင်းရာပြည့် အရေးအခင်းမှာ အမှတ်တရ ရှိနေတာနဲ့ ၁၉၉၈ မတ်လ မာယာ မှာ ဖော်ပြခဲ့တဲ့ ဆောင်ပါးကို ပြန်လည် ဖော်ပြ ခြင်း ဖြစ်ပါတယ်။}
......ငှက်တို့သည် 'ဟူလို' အမည်ရှိသော ယင်းတို့၏ ခေါင်းဆောင်ကြီးအား "အသင်ခေါင်း ဆောင်ကြီး ငါတို့အား ဘုန်းတန်ခိုးကြီးတော်မူသော အရှင်သခင် ငှက်ဘုရင် 'စီမောင်တော်' ထံသို့ ခေါ်ဆောင် ပေးလော့" ဟု တောင်းပန်တိုးလျှိးကြကုန်၏။ 

ငှက်ခေါင်းဆောင် 'ဟူလို' ကလည်း ငှက်အပေါင်းအား ယင်းတို့ ချီတက်ဖြတ်သန်းရမည့် ခရီး ကန္တာရ ၏ ဒုက္ခဆင်းရဲ အထွေထွေ၊ ကြောက် မက်ဖွယ် အပြားပြားတို့ကို ရှည်လျားစွာ ရှင်းလင်း ဖော်ပြ၏။ ပျံသန်းကျော်လွန်ရမည့် ခုနှစ်ဆင့်၊ ခုနှစ်တန်သော ချိုင့်ဝှမ်းကြီးများ အကြောင်းကို 'ဟူလို' သည် ဥပမာ အမြောက်အများ၊ ဆင်ခြင် သုံးသပ်ဖွယ် အပြားပြားနှင့် ရောပေါင်းယှက်ထွေ ဆာဆာဝေေ၀ ပြောပြလေသည်။
ငှက်တို့ ပျံသန်းကျော်လွန်ရမည့် ချိုင့်ဝှမ်း အစဉ်သည်ကား-

ပထမ- ရှာဖွေခြင်း ချိုင့်ဝှမ်း
ဒုတိယ- ချစ်ခြင်း ချိုင့်ဝှမ်း
တတိယ- နားလည်ခြင်း ချိုင့်ဝှမ်း
စတုတ္ထ- လွတ်လပ်ခြင်းနှင့် အတွယ်လွတ်ခြင်း ချိုင့်ဝှမ်း
ပဉ္စမ-သန့်စင်စွာ တစ်ပေါင်း တစ်စည်းတည်း ဖြစ်ခြင်း ချိုင့်ဝှမ်း
ဆဌမ- အံ့သြခြင်း ချိုင့်ဝှမ်း
သတ္တမ- ပစ္စည်းဥစ္စာဆင်းရဲခြင်းနှင့် ဗလာ ဟင်းဖြစ်ခြင်း ချိုင့်ဝှမ်းတို့ ပေတည်း။
[၁၃ ရာစု စာဆို Fard Aladin Attar ၏ The Conference of the Birds ပျို့ ကြီးမှ]


ဘသန်း (ဓမ္မိက) မြန်မာပြန်သော ယောနသံ စင်ရော် (သတ္တမ အကြိမ်ထုတ်) စာအုပ်နောက်ပိုင်း တွင် ဒဿ       န  ပုံဆောင်ဝတ္ထု ၃ ပုဒ် ပါရှိခဲ့ရာ အထက်ပါ ဖရာစီ စာဆို ဖရ်ဒ် အာလာဒင် အတ္တား ၏ (ငှက်ညီလာခံ) သည် တစ်ပုဒ် အပါအ၀င် ဖြစ်၏။ 


ဒဿ        န ပုံဆောင် ၀တ္ထုသဖွယ်ဖြစ်သော ထိုပျို့ကြီး၌ အထောင်အသောင်းသော ငှက်တို့သည် သမုဒ္ဒရာများ၊ တောင်တန်းများ၊ ကန္တာရများကို ပျံသန်းကျော် ဖြတ်ခဲ့ကြရာ နောက်ဆုံး ငှက် သုံးကျိပ် သာလျင် ခရီးပန်းတိုင် အဆုံးသို့ ရောက်ခဲ့ကြသည်ဟု ဆိုပါသည်။


ကိုမောင်မောင်နှင့် ခင်မောင်တိုး ၏ ' ကြိုးကြာသံ ' ကို နားထောင်တိုင်း ကျွန်တော်သည် ဖရ်ဒ် အာလာဒင်အတ္တား ၏ ငှက် ညီလာခံပျို့ကြီးမှ ထို ဇာတ်ကွက်ကို အောက်မေ့ဆင်ခြင် နေမိပါ သည်။

                                        xxxx xxxx xxxx xxxx xxxx


'ကြိုးကြာသံ' ဟူသော သီချင်းခေါင်းစီး အမည်ကို တွေ့လိုက်သောအခါ 'ကြိုးကြာ ကရ၀ိတ်၊ တောလုံး တိတ်မျှ၊ ညိတ်ညိတ်တွန်ထူး' ဆိုသည့်၊ ရှေးခေတ်စာဆို တစ်ဦး၏ အဖွဲ့အရ၊ ကြိုးကြာ ငှက် ၏ သာယာသော အသံနှင့် အတူ ကြိုးကြာဖိုမ တို့၏ ရာသက်ပန် သစ္စာတိုင် အချစ်ကို ကြားရတော့မည်ဟု ထင်ခဲ့မိ၏။ မဟုတ်ပါ။



Friday, November 29, 2019

စိုးလွင်လွင် - စိတ်ဖြေသီချင်း


 စိတ်ဖြေသီချင်း




စိုးလွင်လွင် ရဲ့ ထူးခြားချက်



#စိုးလွင်လွင် ရဲ့ ထူးခြားချက်က သီချင်းကို အိမ်မှာ လွတ်လွတ်လပ်လပ် ဆိုနေသလို ဆိုချင် သလို ဆိုနေခြင်းပဲ .. အဲဒါကြောင့် သူ့သီချင်းတွေ နားထောင်ရတိုင်း သဘာဝဆန်လွန်းတဲ့ ခံစားမှုရသကိုရတယ် ..။

 Studio ထဲ သေချာသပ်ရပ်အောင် အချောကိုင် အမှားအထပ်ထပ်ပြင်ထားလို့ ဟာကွက်မရှိ အပြစ်မရှိတဲ့ သီချင်းတွေဟာ တစ်မျိုးနားထောင်ကောင်းသလို , လောလောဆယ် လက်ရှိ စိတ် ထဲ ရှိနေတဲ့ mood အတိုင်း ဆိုပစ်လိုက်တာကလည်း တစ်မျိုးခံစားလို့ကောင်းတယ် .. ။တစ်ယောက်ယောက်က အပြင်မှာ ဆိုပြနေတဲ့အခါ , လမ်းထိပ် အုတ်ခုံမှာ ဆိုနေတဲ့အခါ , နားထောင်ရတဲ့ ခံစားချက်မျိုး ဆန်တယ် ..။

စိုးလွင်လွင် ရဲ့ သီချင်းကိုပဲ နားထောင်ရရုံနဲ့ သူ့ ဆိုဟန် style ကိုက သူဟာ ပကာသနတို့ ဟန်ဆောင်မှုတို့ အပေါ်ယံ မျက်နှာဖုံးတို့နဲ့ မသက်ဆိုင်တဲ့သူ အဝေးကြီးကလူ လို့ အလို အလျောက် ခံစား နားလည်ရစေတာ ထူးဆန်းတယ် .. ။

ကိုယ်တွေ ငယ်ငယ်ခေတ်က ပကာသန ဆိုတာ အကျည်းတန်တဲ့ စကားလုံးဖြစ်သလို ပကာသန ကို မုန်းတီး ဆန့်ကျင်သူဟာ hero ဆန်တဲ့ ခေတ်မျိုးဖြစ်တယ် ..။ အဲဒီလို တစ်ခေတ်မှာ စိုးလွင်လွင် သီချင်းတွေဟာ လူငယ်တွေရင်ထဲ အတွင်းထိ ထိုးဖောက်ရောက်ခဲ့တယ်လို့ ဆိုချင် တယ် ..။

သူ့သီချင်းတွေရဲ့ ထူးခြားချက်က သီချင်းအများစုဟာ intro တီးလုံး အတော်ရှည်လျားတယ် ..။ သီချင်းစာသားလာဖို့ အတော်စောင့်ရတယ် ..။ တစ်ခါတစ်လေ စိတ်တောင်မရှည်ဘူး .. ။

အဲဒိခေတ်က ကက်ဆက်တိပ်ခွေ ခေတ်မို့ သူ့သီချင်းတစ်ပုဒ်ကို ကြိုက်မိပြီဆိုရင် rewind ပြန်ရစ် လိုက် ပြန်ရစ်လိုက်နဲ့ ဆယ်ခါပြန် ဆယ့်ငါးခါပြန် နားထောင်ရင်း tape တွေတွန့်ညပ် ကုန်တာ မကြာခဏပဲ ..။

 ကက်ဆက်ခွေဝယ် သီချင်းစာအုပ်ဝယ် , ညဖက်တွေကျ မောင်နှမလေးယောက် မောင်တွေက ဂစ်တာတီး မောင်နှမလေးယောက်လုံး ဝိုင်းအော်ဆို .. သတိရတယ် လွမ်းတယ် တစ်ချိန်က ဒီသီချင်းတွေခေတ်ကို ..။



ကိုင်ဇာ - မနိုးပါစေနဲ့မိုးရယ်


 မနိုးပါစေနဲ့မိုးရယ်




ယူမိုး - ဗက်ထရန်စမေလိုဗစ်


ဗက်ထရန်စမေလိုဗစ်




ကိုင်ဇာ ( ရန်ကုန်တက္ကသိုလ် ရာပြည့်အကြို )



ထီလာဒေသကောလိပ်မှာ ပထမနှစ် တက်ပါတယ် ။ ဒုတိယနှစ် ကိုတော့ ရန်ကုန် RC 2 မှာ တက်ပါတယ် ။ ခက်ခက်ခဲခဲ ပြောင်းယူရတာပါ ။ အဖေါ်ကောင်းလို့လည်း တစ်ကြောင်းပါ ။
ရန်ကုန်ကို မသွားခင် Eco နဲ့ကျောင်းပြီးခဲ့တဲ့ အစ်မက မှာပါတယ် .. ၊ " ရန်ကုန်တက္ကသိုလ် ဆိုတာ လူအများကြီး ၊ ကိုယ်က တစ်ဖက်ဖက်မှာ ထူးချွန်မှ ထင်ပေါ်တာ ... ၊ အချိ န်မဖြု န်းနဲ့ " တဲ့ ။
1980 တစ်ဝိုက် ရန်ကုန်တက္ကသိုလ်မှာ ထင်ပေါ်ကျော်ကြားသူက ခိုင်ထူးပါ ။ 
ခိုင်ထူးကို မြင်ဖူးချ င် ပေမယ့် ဆရာသမားက လူလုံးပြသူ မဟုတ်ပါဘူး ။ တက္ကသိုလ်ရေကူးကန် မှာ နည်းပြလုပ်တယ်ကြားဖူးလို့ ရေကူးကန်နား မယောင်မလည် သွားကြည့်ဖူးပါတယ် ။ တံခါး ပိတ် ထားတာကြောင့် အဲသည်နားတစ်ဝိုက် ဟိုဟိုသည်သည်လျှောက်ကြည့်ရင်း ခေါင်းကုတ် ပြန် လာခဲ့ရပါတယ် ။ ကိုယ်က အင်းယားလမ်းမှာနေသူမို့ ခိုင်ထူး တို့နေတဲ့ စစ်ကိုင်းလမ်းရှေ့  ကတော့ နေ့တိုင်း ဖြတ်နေရတာပါပဲ ။ ဒါပေမယ့် အရိပ်အယောင်တောင် မမြင်ခဲ့ရပါဘူး ။
ကျ နော်တို့ ဖိုင်နယ်လောက်ရောက်မှ ရန်ကုန်တက္ကသိုလ်ကို ကိုင်ဇာ ရောက်လာတယ် ထင် ပါ တယ် ။ သည်တော့ သူက နာမည်ကြီးနေပါပြီ ။
တစ်နေ့သား RC ထဲက ဖြတ်သွားခိုက် ကိုင်ဇာ နဲ့ မျ က်နှာချ င်းဆိုင် ဆုံမိပါတယ် ။ ကျောင်းသူ လေးတစ်သိုက် သူ့ကို ဝိုင်းနှုတ်ဆက်နေကြတာကို မလှမ်းမကမ်းက ရပ်ကြည့်မိပါတယ် ။ ကိုင်ဇာ က အရပ် ခပ္ပ် ပ္ပ် ပ္ပါ ။ အဝတ်အစားကလည်း ရိုးရိုးပါပဲ ။ ကိုယ်ရောင်ကိုယ်ဝါ သိပ်မတောက်ပသေးပါဘူး ။ဒါပေမယ့် လူသိများ ထင်ရှားနေပါပြီ ... ။
ကျ နော်တို့က ပလေးဘွို င် သီချ င်းတွေ ၊ စိုးပိုင် ၊ ထီးဆိုင် သီချ င်းတွေနဲ့ ကြီးပြင်းလာသူမို့ ကိုင်ဇာ တို့ သီချ င်းတွေကျ တော့ သိပ် ခံစားလို့ မရချ င်တော့ပါဘူး ။ ကိုယ်ကသာ သူ့ဂီတ အပေါ် သွေးအေးပေမယ့် ကိုယ့်ထက် ၂ နှစ်လောက် ငယ်တဲ့ နောက်မျိုးဆက်တွေကတော့ အရူးအမူးပဲ ။ 


Sunday, November 10, 2019

ဗင် ဟေလင် ( Eddie Van Halen )




ကျနော်တို့ရဲ့ ဂစ်တာ ဟီးရိုးကြီး ဗင် ဟေလင်တော့ ကံအကြောင်းမလှစွာ လည်ချောင်းကင်ဆာ ခံစားနေရပြီ ပြောတယ် ။ ဒီတောင်က ကျော်နှိုင်ပါ့မလား ။

သူ့ရဲ့ကမ္ဘာကျော် Beat it solo ကြားရခါစက ( 1983 လောက် ထင်ပါတယ် ) ကျနော်တို့ ဂစ်တာ ဝါသနာအိုးတွေ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း သက်ပြင်း ချမိကြတယ် ။ ဒီလို တီးနှိုင်ဖို့ ဒီတစ်သက် မလွယ်ဘူး လို့ ယူဆလို့ပါ ။ တီးနည်းလည်း မသိသေးဘူးလေ ။ မဆလ ခေတ်မို့ ဗီဒီယိုတွေလည်း အဲဒီတုန်းက မပေါ်သေးပါဘူး ။ မဂ္ဂဇင်းတွေမှာလည်း သူ့ အကြောင်း မဖတ်ဖူးသေးပါဘူး ။

Beat it တီးကွက်ထက် စောတာက Eruption solo ပါ ။ အဲဒီ solo ပါတဲ့ အခွေလည်း 1978 မို့ ဗမာပြည် ရောက်သေးမယ် မထင်ဘူး ။ ဗမာပြည် လိဒ်ဂစ်တာ ဂုရုကြီးတွေလည်း အဲဒီတီးကွက် ကြားဖူးသေးမယ် မထင်ဘူး ။

၁၉၇၉ - ၈၀ တစ်ဝိုက်မှာ ဒုတိယ မျိုးဆက် လိဒ်ဂစ်တာ သမားတွေ မြန်မာပြည် စတီရီယိုလောက မှာ အပြိုင်းအရိုင်း ပေါ်လာတယ် ။ အောင်ကိုလတ် ၊ စောဘွဲ့မှူး ၊ ပက်ထရစ် ၊ ဇော်မျိုးထွဋ် ( မဇ္ဈိမလှိုင်း ) ၊ မိုးကျော် ၊ ဟန်ငွေထွန်း ၊ လွှမ်းမိုး ၊ ကိုင်ဇာ ၊ မန္တလေးမှာ ကိုဂျယ်ရီ ... စသည်ဖြင့်ပေါ့ ။ 


သူတို့အပေါ် ဗင် ဟေလင်ရဲ့ နည်းစနစ် လွှမ်းမိုးမှု ရှိ ၊ မရှိ သေချာမသိပါ ။ ဇော်မျိုးထွဋ် ( မဇ္ဈိမ လှိုင်း ) ကတော့ ပုံကြည့်ပြီး လေ့ကျင့်ကြည့်တာ တီးတတ်သွားတယ် လို့ အင်တာဗျူး တစ်ခုမှာ ဖြေဘူးပါတယ် ။ ဒုတိယ မျိုးဆက် ဂစ်တာသမားတွေရဲ့ တီးကွက်တွေ ပိုသွက်လာတာလည်း အမှန်ပါ ။
  


ကမ္ဘာကျော် Beat it solo အသံသွင်းခဲ့တဲ့ စတူဒီယို ။ မိုက်ကယ်ဂျက်ဆင် ကမ္ဘာကျော်သွားတဲ့ သီချင်းပါ ။ ဒီတီးကွက်ကို သူက အလကား တီးပေးတာပါ ။ အနုပညာသမားတွေရဲ့ ထူးခြား
မှုပေါ့ ။ စိတ်ရရင် အလကား လုပ်ပေးတယ် ။ စိတ်မရရင် ဘာမှ မလုပ်ဘူး ။


Monday, September 23, 2019

ဂီ​တာ တီးတတ်​ချင်​သူ




ဂီ​တာ တီးတတ်​ချင်​သူ တစ်​​ယောက်​ဟာ .....
( ၁ ) ဝါသနာပါရမယ်​ ​လေ့လာရမယ်
( ၂ ) လေ့ကျင့်​တတ်​​မြောက်​ဖို့ အချိန်​တစ်​ခုသီးသန့်​​ပေးရမယ်
( ၃ ) စိတ်​အားထက်​သန်​ပြီး ဇွဲရှိဖို့လိုတယ်
( ၄ ) မိမိကိုယ်​ကို ဆန်းစစ်​နိုင်​ပြီး မာန်​မာန ကင်းရမယ်
( ၅ ) ပါရမီ ရှိဖို့လည်း လိုအပ်​တယ်​ ။
( ၁ ) ဝါသနာပါရမယ်​ ​လေ့လာရမယ်​ ။
မိမိကိုယ်​ကို ဆန်းစစ်​ပါ သူများ​တွေ ဂီ​တာတီးတိုင်း ငါလည်း တီးတတ်​ချင်​လိုက်​တာ ဆိုပြီး​ပြော​နေရုံနဲ့ မပြီးပါ မိမိ ကိုယ်​တိုင်​က​ရော ဂီတ ဘက်​ကိုတစ်​ကယ်​ဝါသနာပါသူလား ။ အားကစား ဘက်​ကို ဝါသနာပါသူလား ။ 
စာ​ပေကို ဝါသနာပါသူလား ။ မိမိကိုယ်​မိမိ အသိဆုံးဖြစ်​ပါလိမ့်​မယ်​ ။ 
အားလုံးကို ဝါသနာပါသူ ဆိုလျှင်​​တောင်​ မိမိ အားသာတဲ့ဘက်​​တော့ ရှိ​နေမှာပါ ။ မိမိအားသာတဲ့ ဘက်​ကိုဂရုစိုက်​​လေ့လာပါက ပို၍တတ်​လွယ် ​ထိ​ရောက်​ပါလိမ့်​မည်​ ။ 

ထို့​ကြောင့်​ မိမိ ဝါသနာသည်​ မည်​သည့်​ဘက်​ကို ပိုမိုအ​လေးသာမည်​ကို မိမိကိုယ်​မိမိ မလုပ်​ခင်
အရင်​ဆန်းစစ်​ဖို့လိုပါလိမ့်​မည်​ ။ ဂီတ ဘက်​ကို ဝါသနာပါသူဆိုလျှင်​​တော့ ဂီတနှင့်​ပကတ်သက်​တာကို အထူး​လေ့လာရ​ပေမည်​ ။
ဥပမာ - ဂီတာ တီးတတ်​ချင်​တယ်​ ဂီတာ တီးတတ်​ချင်​ရင်​ ဂီတာ တီးကျင့်​ဖို့ ဂီတာတစ်​လုံး​တော့မဖြစ်​မ​နေ ပိုင်​ဆိုင်​မှဖြစ်​မည်​ ။ ထို့​ကြောင့်​ ဂီတာတစ်​လုံး ဝယ်​ကိုဝယ်​ရမည်​ ။ သို့မှသာ ဂီတာတီးတတ်​ရန်​​လေ့ကျင့်​နိုင်​မည်​ဖြစ်​သည်​ ။ 

ဂီတာရှိပြီး သင်​ပြ​ပေးမည့်​ သူမရှိလို့ မတတ်​ဘူး ။ အဲ့ဒီ စကားဟာ အ​ကြောင်းပြတာဖြစ်​တယ်
သင်​​ပေးမယ့်​သူ မရှိရင်​ မိမိကိုယ်​တိုင်​​လေ့လာရမယ်​။ သင်​တန်း မတက်​နိုင်​ရင်​လည်း ပညာဒါန​ပေးတဲ့ ​နေရာ​တွေရှိတယ်​။ 


အဲ့ဒါ အချိန်​မရလို့ ​​ မတက်​နိုင်​ဘူး ဆိုရင်​လည်း စာအုပ်​​တွေ ရှိတယ်​ ။ လက်​ကွက်​ စာအုပ်​​တွေဖတ်​ပြီး လက်​ကွက်​​တွေ လိုက်​ကိုင်​ကြည့့်မယ်​ ။သိတဲ့သူ​မေးမြန်းမယ်​ ။ online ​ပေါ်က video ​တွေကြည့်​မယ်​​ လေ့လာမယ်​ ဆိုရင်​​တောင်​ ဂီတာ လက်​ကွက်​​တွေကို ကိုင်​တတ်​ သူ တစ်​​ယောက်​​တော့ဖြစ်​မှာ​သေချာပါတယ်​ ။ 

လက်​ကွက်​​တွေကိုပဲ ကိုင်​တတ်​မယ်​ သိ​နေမယ်​ ဆိုရင်​​တောင်​ မိမိ အတွက်​ လွန်​စွာအ​ထောက်​ကူပြု​နေပြီ ဖြစ်​သည်​ ။ ဂီတာလက်​ကွက်​​တွေကို ကိုင်​တတ်​မယ်​ သိ​နေမယ်​ ဆိုရင်​တောင်​ ဂီတာ သင်​တန်း တက်​ဖြစ်​တယ်​ ဆိုရင်​ ကိုယ်​ဟာ သူများထက်​ နှာတစ်​ဖျား သာ​နေသူ ဖြစ်​မယ်​ ။ 


Sunday, September 1, 2019

စွယ်စုံရ မင်းသားကြီး တွံတေးသိန်းတန် ၏ ဘ၀ဇာတ်ကြောင်း


မည်သည့် ဆုတံဆိပ်
မည်သည့် ဘွဲ့ထူး ဂုဏ်ထူး
မည်သည့် အကယ်ဒမီ မှ မရခဲ့ ရှာသောပြည်သူချစ်သော အနုပညာရှင် စွယ်စုံရ မင်းသားကြီး တွံတေးသိန်းတန် ၏ ဘ၀ဇာတ်ကြောင်း ၊

တွံတေးသိန်းတန် သည် မြန်မာနိုင်ငံသား အဆိုတော်၊ စာရေးဆရာ၊ တေးရေးဆရာ၊ ရုပ်ရှင် သရုပ်ဆောင်၊ ရုပ်ရှင် ဒါရိုက်တာ၊ ဇာတ်ဆရာ တစ်ဦး ဖြစ်သည်။ သူသည် ပြည်သူ့အကျိုးကို သယ်ပိုးခဲ့သူဖြစ်သောကြောင့် ပြည်သူချစ်သော အနုပညာသမား တစ်ဦး ဖြစ်ခဲ့သည်။ 

သူခေတ် သူ့အခါက သူ့လောက်အောင်မြင်ခဲ့သူ မရှိခဲ့သလို ၊ ယခုခေတ်တိုင်အောင် သူ့လောက် လူတန်းစားမရွေး ၏ ရင်ကို သိမ်းပိုက်နိုင်သူ နောက်တစ်ယောက် ရှိအံ့မထင်။“

သူ့ခေတ်က မြို့ရောတောပါ မက လွန်စွာခြောက်ကပ်လှသည့် လေးအိမ်တန်းလို နေရာများတွင် ပင် သူ့သီချင်းသံများ ပျံ့လွှင့်ခဲ့ဖူးသည်။ သူ ကွယ်လွန်ခဲ့သည်မှာ ယနေ့ဆိုလျှင် နှစ်ပေါင်း ၂၀ တိတိပြည့်ခဲ့ပြီဖြစ်သော်လည်း သူ့ကို လူကြီး လူငယ်မရွေးသိကြသေးသည်။ သူ့သီချင်းသံများကို နေရာအနှံ့၌ ကြားနေရသေးသည်။ ဒါပင် သူ့ရဲ့အနုပညာစွမ်းအား ဖြစ်သည်။



တွံတေးသိန်းတန်
တွံတေးသိန်းတန် ကို ရှမ်းနွယ်ဖွား မြန်မာ သမားတော်ကြီး ဦးဖိုးဦးနှင့် ဒေါ်ညိုတို့မှ မြန်မာ သက္ကရာဇ် ၁၃၀၃-ခုနှစ်၊ သီတင်းကျွတ်လဆန်း (၇)ရက်၊ ခရစ်နှစ် ၁၉၄၁-ခု၊ စက်တင်ဘာလ (၂၆) ရက်၊ သောကြာနေ့တွင် ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်၊ ရှမ်းစုကြီးကျေးရွာ၌ မွေးဖွားခဲ့ သည်။ မွေးချင်း ခြောက်ယောက် အနက် ပဉ္စမမြောက် ဖြစ်သည်။


 မွေးချင်းများမှာ ကိုထွန်းရီ၊ မအုန်းကျင်၊ ကိုထွန်းအေး၊ မဝင်း၊ သိန်းတန်၊ မောင်ကြည်ငွေတို့ ဖြစ်သည်။ သောကြာသားဖြစ်သောကြောင့် နေ့သင့်နံသင့် မောင်သိန်းတန် ဟု အမည်ပေးခဲ့ သည်။


ငယ်ဘဝ
အရွယ်ရောက်လာသောအခါ ရှမ်းစုကြီးကျေးရွာ မူလတန်းကျောင်း( ဆရာကြီး ဦးချန်ထွန်း ကျောင်း) တွင် တတိယတန်း အထိ ပညာသင်ယူခဲ့သည်။ စတုတ္ထတန်းမှ သတ္တမတန်း အထိ ရန်ကုန်မြို့၊ စမ်းချောင်း၊ ဟုမ်းလမ်း (ယခု ပန်းလှိုင်လမ်း) ရှိ အစ်ကိုကြီး ဆေးဆရာ ဦးထွန်းရီ ၏ နေအိမ်တွင် နေထိုင်ပြီး ကျောင်းတက် ပညာသင်ယူခဲ့သည်။ ရန်ကုန်တွင် ခုနှစ်တန်းအထိနေပြီး ဟယ်ရီတန် အရေးအခင်းဖြစ်၍ ခုနှစ်တန်း စာမေးပွဲ အောင်ကာ ဇာတိမြေ ရှမ်းစုရွာသို့ ပြန်လာ ခဲ့သည်။



Saturday, July 20, 2019

ကျွန်တော့ သူငယ်ချင်း ကိုခင်ဝမ်း



ကိုခင်​ဝမ်းနဲ့ စပြီး ခင်​တာက​တော့ ကျွန်​​တော်​ ၉ တန်း​ကျောင်းသား ဘဝမှာပါ ။ သူက ပြည်​က​နေ ရန်​ကုန်​ကို ​ကျောင်းလာတက်​တယ်​ ။ အလုံမှာ ရှိတဲ့ ( U.C.H.S ) ​ကျောင်းမှာ ​ကျောင်းအိပ်​ ၊ ​ကျောင်းစား ( ​ဟော်​စတယ်​ ) လာ​နေပါတယ်​ ။ အခု အလုံ အမှတ်​ ၄ ​ကျောင်းပါ ။ ကျွန်​​တော်​ကလည်း အဲဒီ​ကျောင်းကို ၉ တန်းနှစ်​မှာ စ​ရောက်​တယ်​ ။


ကိုခင်​ဝမ်းနဲ့ အတန်းသားချင်း ခင်​တဲ့သ​ဘောပါ ။ ဒီ​လောက်​ကြီး မတွဲမိကြ​သေးဘူး ။ ​ကျောင်း စာက​တော့ အဓိက​ပေါ ။ ကျွန်​​တော်​က အင်းစိန်​မှာ ​နေတယ်​ ။ အင်းစိန်​က​နေ ​ကျောင်းတက်​ရ​တော့ ​ကျောင်းချိန်​မှာ ကိုခင်​ဝမ်းနဲ့ သိသွားတယ်​ ။ ကျွန်​​တော်​က အဲဒီအချိန်​မှာ ဂစ်​တာ စတီး​နေပြီ ။ အခု မင်းသားဖြစ်​​နေတဲ့​ကျော်​ဟိန်း ( ​ကျော်​​ဋ္ဌေး ) နဲ့ စတွဲမိတယ်​ ။ ​ကျောင်းမှာ ၁ ပတ်​ တစ်​ခါလုပ်​တဲ့ Assembly ရှိတယ်​ ။ ကိုယ့်​အတန်း အလှည့်​ကျချိန်​မှာ ​ကျော်​ဟိန်း က သီချင်း ဆိုတယ်​ ။ ကျွန်​​တော်​က ဂစ်​တာတီး​ပေးတယ်​ ။


ကျွန်​​တော်​ အဲဒီ​ကျောင်းမှာ ၆ လပဲ ​နေခဲ့တယ်​ ။ ပထမပိုင်း ၆လ ​ပေါ့ ။ အဲဒီအချိန်​မှာ ကိုခင်​ဝမ်းနဲ့ သူငယ်​ချင်း ဖြစ်​တာ​လောက်​ပဲ ရှိ​တယ်​ ။ ​နောက်​​တော့ မ​တွေ့ဖြစ်​ကြ​တော့ပါဘူး ။ သူက ပြည်​ကပါ ။ တက္ကသိုလ်​တက်​​တော့ ရန်​ကုန်​တက္ကသိုလ်​ကို ​ရောက်​လာတယ်​ ။ အဲဒီအချိန်​မှာ ကျွန်​​တော်​က ဂစ်​တာလှည့်​တီး​နေပြီး ​ကျောင်းထဲက သူငယ်​ချင်း​တွေနဲ့လည်း တွဲမိ​နေပြီ ။ 
ရန်​ကုန်​ မိန်း ထဲမှာ ခင်​ဝမ်းနဲ့ ပြန်​​တွေ့တယ်​ ။ အဲဒါနဲ့ ကျွန်​​တော်​က ကိုယ့့်သူငယ်​ချင်း ခင်​ဝမ်း ဆိုပြီး နှုတ်​ဆက်​လိုက်​တယ်​ ။


နောက်​​တော့ ကျွန်​​တော်​အပြင်​မှာ ဂစ်​တာတီးပြီး သီချင်း​တွေ သွင်း​နေချိန်​မှာ ကိုခင်​ဝမ်း အ​ခွေ တစ်​​ခွေ ထုတ်​တယ်​ ။ ဟာ ... ခင်​ဝမ်း တဲ့ ။ ကျွန်​​တော့်​သူငယ်​ချင်းပဲ ဖြစ်​မှာပဲလို့ ထင်​မိတယ်​ ။ အဲဒီအချိန်​တုန်းက သူဟာ ပန်းချီဆွဲတယ်​ ။ ပန်းချီဆရာတစ်​​ယောက်​ အ​နေနဲ့ နာမည်​ပိုထွက်​တယ်​ ။ ပန်းချီဆရာ ခင်​ဝမ်း​ပေါ့ ။