Wednesday, August 23, 2017

ကောလိပ်ဂျ င်နေဝင်း ( 1928 - 1983 )



၁၉၉၇ မှာ NLD အရေးပေါ် ညီလာခံ လုပ်ပါတယ် ။ ဒေါ်စု နေအိမ်ခြံဝင်း ထဲမှာ လုပ်တာပါ ။ နယ်က NLD တွေ ကို ဖိတ်တယ် ။ ကျ နော်တို့မြို့ နယ်က လူကြီး ဆိုသူတွေ တစ်ယောက်မှ မလှုပ်ဘူး ။ ဥက္ကဋ္ဌ ဆိုသူက လူပျို လူလွတ် ၊ ဘာအလုပ်အကိုင်မှ မရှိသူ ဆိုတော့ ညီလာခံတက်မယ် ပြောတယ် ။ ကျ နော့်ဆီ သူက ဝင်ထွက်နေသူမို့ ကိုယ်ကလည်း လေ့လာချ င်တာနဲ့ သူနဲ့ လိုက်ခဲ့ပါတယ် ။ 

ဟာမစ်တစ်လမ်း က ဦးသန်းထွန်း အိမ်မှာ တည်းပါတယ် ။ ဦးသန်းထွန်း က NLD ဗဟိုကော်မတီဝင်ပါ ။ 
ဦးသန်းထွန်း အိမ်အောက်ထပ်မှာ တည်းရတာ ။ သူ့အိမ်က အပြင်ဖက် လမ်းပေါ်ကကြည့်ရင် တစ်ထပ်တိုက်ပဲ ။ အထဲဝင်လိုက်တော့မှ အောက်မှာ တစ်ထပ် ရှိသေးလို့ ရှေ့ ကကြည့်ရင် တစ်ထပ်တိုက် ၊ နောက်ဖက် ချောက်ထဲကကြည့်ရင် နှစ်ထပ်တိုက် ။ နောက်ဖက်မှာ ချောက်ကြီးရှိပါတယ် ။ 

ဦးသန်းထွန်းအိမ် နဲ့ တစ်ခြံကျော်မှာ ဟေမာနေဝင်း တို့အိမ် ရှိပါတယ် ။ သူတို့ အိမ်ကလည်း လမ်း မေးတင်ပြီး ချောက်နှုတ်ခမ်းမှာ ဆောက်ထားတဲ့ အိမ်ပါပဲ ။ ရှေ့ ကကြည့်ရင် တစ်ထပ်ပါပဲ ။ အိမ်ရှေ့ မှာ စလွန်းကားအဖြူ တစ်စီး ရပ်ထားပါတယ် ။ အိမ်ထဲမှာတော့ တိတ်တိတ် ဆိတ်ဆိတ်ပါ ။

ဟေမာနေဝင်း ဆိုတော့ ကောလိပ်ဂျ င်နေဝင်း သမီးပေါ့  ။  အဲသည် အချိ န်က မင်းသားကြီး ကောလိပ်ဂျ င်နေဝင်း မရှိတော့ပါဘူး ။ သူတို့အိမ်ရှေ့ ကို မယောင်မလည် သွားကြည့်မိပါသေးတယ် ။ လူရိပ် လူခြေ မမြင်ပါဘူး ။ ကောလိပ်ဂျ င်ကြီး ဝင်ခဲ့ ၊ ထွက်ခဲ့ ပုံကို စိတ်ကူးနဲ့သာ ပုံဖေါ်ကြည့်ခဲ့ရပါတယ် ။

ဒါပေမယ့် လူကိုယ်တိုင်တော့ အနီးကပ် ကြုံ ဖူးခဲ့တယ် ခင်ဗျ ၊ နီးကပ်သမှ ပက်လက် ကုလားထိုင်ချ င်းကပ်လျှ က်ထိုင်ပြီးတော့ကို ငေးခွင့် ရလိုက်တာပါ ။

၁၉၇၉ ၊ ရန်ကုန် ရုပ်ရှင်ခြံမှာ ဘော်ဒါဆောင်နေတော့ ခြံထဲက ရန်ကုန် စတူဒီယိုမှာ ကက်ဆက် ဇာတ်လမ်းတွေ နေ့ရော ညပါ သွင်းကောင်းနေဆဲပေါ့  ။ ကောလိပ်ဂျ င်နေဝင်း ၊ တင်တင်နွဲ့  ၊ ဦးသိုက်စိုး ၊ နေစိုး ၊ မောင်ကြေးမုံ ၊ ရုပ်ရှင်မင်းသမီး နှင်းဆီ ၊ စန္ဒယားငွေစိုး ၊ ရီရီသန့် ၊ Aces အဖွဲ့သားတွေကို အနီးကပ် လေ့လာခွင့် ရခဲ့ပါတယ် ။ ကြုံ တောင့်ကြုံ ခဲ ရှေး စူပါကြီးတွေဖြစ်တဲ့ စန္ဒယား အေဝမ်း ခင်မောင် ၊ စောင်း ဦးဘသန်း ၊ ဗိုလ်ကလေးတင့်အောင် တို့ကိုလည်း အနီးကပ် မြင်ဖူးခဲ့ရပါတယ်။(သည် အကြောင်း သီးသန့် ရေးပါဦးမယ် ။)





Sunday, August 20, 2017

ဂစ်တာ Effects များ နှင့် ဂစ်တာ Amplifire များ ကို ချိန်ညှိခြင်း ( SPECIAL BONUS )




တစ်ကယ်တော့ ကျွန်တော်တို့ ဂီတ၀ါသနာရှင် သူငယ်ချင်းအချို့ အနေနဲ့ ရတဲ့ အချိန်လေး တစ်ချို့ကို ဖဲ့ပြီး မြေစမ်း ခရမ်းပျိုး စတင်ခဲ့တဲ့ ဒီ Notation-Blog လေးဟာ လာရောက်လည်ပတ်သူ ဂီတ၀ါ သနာရှင် များ သတိထားမိ ကြမည်ဖြစ်တဲ့အတိုင်း၊ တေးသီချင်းတွေရဲ့ နုတ်စ်တွေချည်း သက်သက် အတွက်သာ ရည်ရွယ် တည်ဆောက် ထားခဲ့တာပါ။ { http://myanmarmusicnotes.blogspot.my/ }

Guitar-Blog တစ်ခု လုံးဝမဟုတ်သကဲ့သို့ အင်တာနက် စာမျက်နှာ ပေါ်မှာ ပြည်တွင်း/ပြည်ပ Professional /Amateur Guitar-Blog ပေါင်းများစွာ နဂို မူလကတည်းက တည်ရှိပြီးသားဖြစ်နေလို့  ကျွန်တော်တို့ အနေနဲ့အခုအချိန် ထလုပ်လို့လည်း သူတို့လောက်ပြည့်စုံနိုင် /ကောင်း နိုင်မည် မထင်တာကြောင့် ဂစ်တာ ဘလော့ တစ်ခု လုပ်ဖို့ အစီအစဉ် မူလကတည်းက လုံးဝ မရှိခဲ့တာပါ။ 

ဒီဝါသနာရှင် နုတ်စ် ဘလော့ရဲ့ Team Member သူငယ်ချင်း အားလုံးဟာလည်း ဂစ်တာသမားတွေ မဟုတ်  ကြပါဘူး။ အခြား Musician တွေလည်း ပါပါတယ်။ သို့သော်လည်း ကျွန်တော်တို့ နုတ်စ် ဘလော့လေးကို စေတနာ အရင်းပြုပြီး ရှိတဲ့ စုဆောင်းထားတဲ့ ဂစ်တာ စာအုပ်များ ပေးပို့ လှူဒါန်း သူများ ကြောင့်သူ့စေတနာကို အသိအမှတ် ပြု ဂုဏ်ပြုတဲ့အနေနဲ့ကော၊ သူလှူဒါန်းလာတဲ့ Pro အဆင့် ဂစ်တာ စာအုပ်တွေကို အပြည်ပြည်ဆိုင်ရာ နုတ်စ်တွေနဲ့ရှင်းလင်း ဖေါ်ပြထားတာကို အကြောင်းပြုပြီး၊ နုတ်စ် များ က ပြောသော တီးခတ်မှု ဆိုင်ရာ နိသျည်းများ ဆိုတဲ့ Post လေးတစ်ခု ကို Bonus section တစ်ရပ် အနေနဲ့ ဖေါ်ပြပေးခဲ့ပြီးဖြစ်ပါတယ်။ 

 နောက်တစ်ဖန်၊ အပြင်မှာတွေ့ဆုံရန် အကြောင်းမရှိသော-စေတနာ တစ်ခုတည်းနဲ့ သူ့ စုထားတဲ့ အနှစ် နှစ် အလလ က နုတ်စ်ပေါင်း များစွာကို သူ့ရဲ့ အဖိုးတန် အချိန်တွေကို ဖဲ့ပြီး လာရောက် လှူဒါန်း သလို အချိန်ပိုင်း လုပ်အားဝင်ပေးသွားတဲ့-ကူညီသွားခဲ့တဲ့ အင်မတန် လေးစားဖွယ်ရာကောင်းတဲ့ သူ့ကိုယ်သူ ကိုစတိဗ် လို့ အမည်တပ်ထားတဲ့ လေထဲက ဂီတသူငယ်ချင်း ဂစ်တာသမားတစ်ယောက် ကို အမှတ်တရ ဂုဏ်ပြုပေး ရာ ရောက် အောင်၊ ဘယ်ဂစ်တာ ဘလော့က မှ ဖေါ်ပြခြင်း မရှိသေး တဲ့ " ဂစ်တာ အက်ဖက်များ ကို ချိန်ညှိခြင်း " ဆိုတဲ့ အခန်း သစ်လေး တစ်ခုကို Special Bonus Section တစ်ခု အနေနဲ့ ကနဦး ဖွင့်လှစ်ပေးခဲ့ ပါ တယ်...။ 

၂၀၁၃ ခုနှစ်၊ ဇွန်လ လောက်မှာ ကျွန်တော်တို့ နုတ်စ် ဘလော့ဂ်လေး အကြောင်းကြောင်းကြောင့် ပျက်ဆီး သွားခဲ့ရပါတယ်။ ဟက်ကာတစ်ဦးဦး လက်ဆော့လို့လား၊ ဂူးဂဲလ် ကဘဲ ကီးမိတ်ကာလေး အမှတ်မထင် တင် လိုက်တာကို Disable အလုပ်ခံရပြီးနုတ်ဘလော့ဂ်လေးကို ပြန်လုပ်ဖို့ စိတ်မကူးတော့ပေမဲ့ Facebook  မှာ ညီအကိုမျုားစွာက ပြန်လုပ်ပေးပါလို့အထပ်ထပ်မေတ္တာရပ်ပြီး ဒိုမိန်း ၀ယ်လည်း ပိုက်ဆံပေးပါမယ် လုပ်လို့ အားနာပြီး ဒီ နုတ် ဘလော့လေးပြန်လုပ်တော့ ဒီအခန်းလေးကို ပိုပြည့်စုံကောင်းမွန်အောင် အက်ဖက်ချိန် တဲ့ အကြောင်းသာမက၊ တစ်ဆက်တည်း ဂစ်တာ အန်ပလီဖိုင်ယာတွေ ချိန်တဲ့ အကြောင်းလေး ပါ ထပ်ဖြည့်ပေး လိုက်ရင်ကောင်းမှာဘဲဆိုပြီး နည်းနည်း ထပ်ရေး update လုပ်ပေးလိုက်တာပါ။  





Friday, August 11, 2017

မြန်မာ တွေဟာ ဘာလို့ ဇရာ ကို စောစောစီးစီး အရှုံးပေးနေရတာလဲ





ဦးခိုင်ထူး နေမကောင်းတဲ့ သတင်းဖတ်ရတယ် ။ ( ခုတော့ ဆုံးသွားရှာပြီ )
မြန်မာ တွေဟာ ဘာလို့ ဇရာ ကို စောစောစီးစီး အရှုံးပေးနေရတာလဲ .................. ?

ဘောလိဝုဒ် မင်းသား အမီရ်ခန်း (PK) အသက် ၅၀ ကျော်နေပြီ ။ အခုထိ လူငယ် အခန်း ရိုက်ကောင်းနေတုန်း ၊ Gym ဆော့ကောင်းတုန်း ၊ ဗလ ကလဲ လူငယ်တွေနဲ့ ယှဉ်လို့ရတယ် ။

ရှရွတ်ခန်း ဆိုရင် ဒွေးနဲ့ ခေတ်ပြိုင်တောင်မဟုတ်ဘူး ၊ ဒွေးထက် စောတယ် ။ ဒွေး သေလို့ အရိုးဆွေးနေပြီ ရှရွတ်ခန်း က ခုထိ မင်းသားခန်း ရိုက်နေတုန်း ။

ဦးကျော်ဟိန်း နဲ့ ခေတ်ပြိုင် အမီတာဘဂျမ်း တို့ ၊ ဟောလိဝုဒ်က ဘရုဝီလီ တို့ ဆိုရင်လဲ အက်ရှင်ကား တွေ သန်သန် မြန်မြန် သရုပ်ဆောင်နေတုန်းပဲ တို့ဘကြီး ဘုန်းကြီး ကတော့ တော်တော်အိုစာ သွားတယ် ။

ဇရာ ဆိုတာက ငါအိုပြီ ဆိုပြီး သံဝေဂရ နှလုံးသွင်း လိုက်တော့မှ ရောက်လာတာ မျိုးဖြစ်မယ် ။

ခင်မောင်တိုး ၊ ကိုငှက်၊ စိုင်းထီးဆိုင် တို့ရဲ့ သီချင်းအသစ်တွေ နားမထောင်ရတော့ ဘူး ။
သူတို့ နဲ့ သက်တူ ရွယ်တူ လောက်တွေဖြစ်မယ့် အမေရိကန် ကန်းထရီးစတားကြီး တွေ ဘလိတ် ရှယ်တန် ၊ ဂျော့စထွစ်၊ ရန်ဒီထရားဗစ် တို့က တော့ သီချင်း အသစ် တွေ ထွက်တုန်း ။ One man Show တွေ Live Tour တွေ နဲ့ ကဲကောင်းတုန်း ရှိသေးတယ် ။

သူတို့က အသက် ၄၀ မှ ဘဝ စတယ် လို့တွေးတယ် ။
ကိုယ်တွေ ဆီမှာက အသက် ၄၀ ဆိုရင် အဖိုးကြီး ဖြစ်ပြီ တွေးတယ် ။

ကျန်းမာရေး လဲ ဂရုမစိုက်ကြဘူး ၊ လေ့ကျင့်ခန်း လဲ မလုပ်ကြဘူး ၊ အသက် ၃၀ ကျော် အများစု က ဗိုက်ပူ နေပြီ ။ ၃၀ ကျော်ရင် သွေးတိုး၊ နှလုံး၊ ဆီးချို၊ အသည်း ရောဂါ တစ်ခုခု ဝင်ချင် နေပြီ။ အစားအသောက် ၊ ကျန်းမာရေး လေ့ကျင့်ခန်း၊ အရက် ၊ မူးယစ်ဆေးဝါး ၊ ဇရာ အပေါ် ရှု့မြင်ပုံ တွေကွာသွား တာ ဖြစ်မှာပဲ ။

  မြန်မာ အစားအစာ တွေက သိတဲ့ အတိုင်းပဲ ကမ္ဘာကို တင်ပို့လို့ မရဘူး ။ ဓာတ်ခွဲ စစ်လိုက်ရင် တစ်ခုခုတော့ ငြိနေတာပဲ ။ ကျနော် တို့စားနေတာ ၉၀% က အဆိပ်တွေ ။

Thursday, August 10, 2017

တေးမြုံငှက် (သို့) တေးရေးဆရာ မောင်သစ်မင်း



တေးရေးဆရာ မောင်သစ်မင်း ဆိုတာ ဂီတ ပရိသတ်တွေနဲ့ အထူးတစ်လည် မိတ်ဆက်ပေးဖို့ မလိုတဲ့ လူ တစ်ယောက်ပါ ။ သူက ကဗျာဆရာ တစ်ယောက်လ ည်း ဖြစ်တယ်။ သူက ဒဿန ဆန်တဲ့ စာသားတွေ ရေးဖွဲ့တဲ့နေရာမှာ နာမည်ကြီးတယ်။ 
အဲဒီထက် အံ့သြစရာကောင်းတာက အနုအနွဲ့တွေ ရေးတဲ့နေရာမှာလည်း ဆရာဖြစ်နေတာပဲ။ စတီရီယို ခေတ်ဦး ကနေ ဒီနေ့ခေတ်ထိ သီချင်းရေးသားခြင်းနဲ့ ရပ်တည် လာခဲ့တဲ့ တေးရေးဆရာ တစ်ယောက် ဖြစ်တဲ့ အတွက် သူ့အတွေ့ အကြုံတွေထဲက လေ့လာမယ် ဆိုရင်ကို စာဖတ်ပရိသတ် အဖို့ အများကြီး အကျိုးရှိနိုင် မယ် လို့ ကျွန်တော် ယူဆမိတယ်။ အဲဒါကြောင့် တေးရေးဆရာ မောင်သစ်မင်း နဲ့ ပြောဖြစ်တဲ့ စကားတစ်ချို့ကို ယခုလ မှာ ဖေါ်ပြလိုက်ပါတယ်။
Q- တေးရေး ဆရာတစ်ယောက်ရဲ့ ဘဝ ကို ရွေးချယ်ဖြစ်ခဲ့တဲ့ အကြောင်း....။
A- အဲဒါ ကတော့ အစတုန်းက ကဗျာလေးတွေ ရေးတယ်။ မဂ္ဂဇင်းတွေ ဘာတွေမှာလည်း ပို့တယ်။ ကိုယ့်ဟာကိုယ် သူငယ်ချင်းတွေနဲ့ စုပြီး ကဗျာ လုံးချင်းလေးတွေ လုပ်တယ်။ ကဗျာရေးနေရင်း လူငယ်တစ်ယောက်ရဲ့ အသွေးအသားထဲမှာ ဂီတ ဆိုတာလည်း စိမ့်ဝင်လာတယ်။ 
အဲဒီ အချိန်က ဂီတလောကကြီးမှာ အချိုးအကွေ့ တစ်ခု ပြောင်းသွား တာနဲ့လည်း ဆိုင်ပါတယ်။ ဒီ စတီရီယိုဂီတ ဆိုတာ ပေါ်လာတဲ့ အချိန်မှာ စိတ်က အဲဒီ ဂီတအပေါ် တော်တော်လေးကို အာရုံကျ တာပေါ့။ အရမ်းကို ကြိုက်နှစ်သက်ပြီး ကိုယ့် အသွေးအသားထဲကို ရောက်တဲ့ ဂီတလို့ ခံစားရတယ်။ 
အဲဒီ ဂီတမှာ ကိုယ်တိုင် ပါဝင်ချင်လာတယ်။ ကဗျာရေးနေရင်း သီချင်းရေးချင်စိတ် လည်း ပေါ်လာတယ်။Copy ရေးတာ အမှန်တော့ နိုင်ငံခြား သံစဉ်တွေထဲမှာ ကဗျာ စာသားတွေ ထည့်တဲ့ သဘောပါပဲ။ အဲဒီလို သီချင်း စာသားတွေ ရေးဖြစ်သွားတော့ အလိုလို သီချင်းရေးဆရာ ဘဝကို ရွေးချယ်ပြီးသား ဖြစ်သွားတာပေါ့။ 
ဘာဖြစ်လို့ ရွေးချယ်သလဲ ဆို သီချင်းကို ကြိုက်လို့ သီချင်းရေးချင်လို့ကို သီချင်းရေးဆရာ ဘဝကို ရွေးချယ် လိုက်တာပဲ။ တစ်ခြား ဘာမှ အမြော်အမြင် မရှိဘူး။ ဒါပေမယ့် ဒါကြီးက ကိုယ့်ရဲ့ Professional ဖြစ်မယ်လို့တော့လည်း အဲဒီအချိန်တုန်းက မျှော်မှန်း မထားဘူး။ ရေးဖို့ပဲသိတာ။ အနုပညာနဲ့ ဆက်စပ်တဲ့ စာရေးခြင်း၊ ကဗျာရေးခြင်း၊ သီချင်းရေး ဆိုတာတွေကို ရေးချင်စိတ် ရှိလို့ကို ရေးပြီး အဲဒီ Life ကို ရွေးချယ်ခဲ့တာပါ။

Q- ဦးသစ် ရဲ့ဘဝမှာ ပထမဆုံး ရေးဖြစ်ခဲ့တဲ့ သီချင်း။
A- ၁၉၇၁ ခုနှစ် အဆိုတော် စိန်သစ် ရဲ့ 'စာတိုက်ပုံးလေး' စီးရီးပေါ့ကွာ။ အဲဒီ ' စာတိုက်ပုံလေး' ဆိုတဲ့ သီချင်းကို စရေးဖြစ်တယ်။ Copy သီချင်းပဲ။ အကြောင်းအရာက 'စာတိုက်ပုံးလေး အသိပါကွယ်...မယုံရင် မေးကြည့် ချစ်သူရယ်...မင်း မကျီစားနဲ့' ဆိုတာလေးပါ။ 
စာတိုက်ပုံးလေးက တစ်ဆင့် ကောင်မလေးဆီ စာထည့် ရတာလေ။ အဲဒီခေတ် တုန်းက စာလိုက်ပေးတယ်ဆိုရင် ရိုင်းတယ်ပေါ့။ စာတိုက် ကနေ တစ်နေ့ တစ်စောင် ထည့်ပြီး ကောင်မလေးကို Propose လုပ်တဲ့  အကြောင်းလေး ပါပဲ။ 
စရေးကတည်းက series လိုက်ရေးခဲ့တာ။ တစ်ပုဒ်ကို ၂၅ ကျပ်လောက်ပဲ ရတဲ့ခေတ်မှာ၊ စိန်သစ် ရဲ့ စီးရီးမှာ ၁၅ ပုဒ် ၁၆ ပုဒ်လောက်ရေးရတာ။ ကိုယ်စရေးတုန်းက ကိုယ့် အသက်က ၁၉ -၂၀ လောက်ပဲ ရှိသေးတယ်။ ၇၃ ခုနှစ်ကျတော့ စိုးပိုင် ရဲ့ 'အချစ်ည ရင်ခုန်သံ' စီးရီး ကိုရေးဖြစ်တယ်။ အဲဒီ သီချင်းက အရမ်းပေါက်သွားပြီး တစ်နိုင်ငံလုံး လူတိုင်း ရဲ့ ပါးစပ်ဖျားပေါ်မှာ ရောက်သွားတယ်။ ကိုယ့် နာမည်ကို အထင်ကရ ဖြစ်သွားစေတဲ့သီချင်းပေါ့။

Boss Katana Amp (Review)



Boss မှ နောက်ပိုင်း ထွက်ရှိလာတဲ့ Amp ဖြစ်ပါတယ်။ ဈေးနှုန်း အားဖြင့် (၃၀၀ ၀၀၀ ) ကျော် ၀င်းကျင် ရှိပြီး အသံ အရည်အသွေး အထူးကောင်းမွန်တဲ့ Amp အမျိုးအစား ဖြစ်ပါတယ်။

အားသာချက် 
(၁) Acoustic Guitar အတွက် Amp ပါဝင်ခြင်း ၊
(၂) Amp အမျိုးအစား (5) မျိုးပါဝင်ခြင်း ၊
(၃) Boss မှ ထုတ်လုပ်ထားသော Distortion , Blue Driver , Overdrive စတဲ့ Effect များ ပါဝင်ခြင်း  ၊
(၄) Reverb , Delay , Echo အပြင် Modulation များ ပါဝင်ခြင်း  ၊
(၅) Line Out မှ တိုက်ရိုက် အသံ ဖမ်းယူနိုင်ခြင်း ၊ Cabinet Simulator ပါဝင်ခြင်း ၊
(၆) Output အတိုး အကျယ် ကို Watt အလိုက် လိုအပ်သလို လျှော့ချနိုင်ခြင်း ၊






Orange Crush 35 RT Combo Amp (Review)



Orange Amp အမျိုးအစားများကို ကျွန်တော် ကိုယ်တိုင် ယနေ့ထက် အထိ အသုံးပြုနေဆဲ ဖြစ်ပါတယ်။ Orange Amp များဟာ Clean , Crush Tone အလွန်ကောင်းတဲ့ Amp အမျိုးအစားများ ဖြစ်ကြပါတယ် ။ 

ယခုဖော်ပြလိုက်တဲ့ Crush 35 RT ဟာ Home Studio များ အတွက် အသုံးပြုရန် သင့်တော်တဲ့ အမျိုးအစား ဖြစ်ပြီး ဈေးနှုန်း အားဖြင့် (၃၀၀ ၀၀၀ ) ကျပ် ၀န်းကျင် မှာသာ ရှိပါတယ်။

အားသာချက် 
(၁) Overdrive Effect ပါဝင်ပြီး တီးခတ်သည့် Touching အလိုက် အပြင်း အပျော့ Dynamic ဖြစ်ခြင်း ၊
(၂) Cabinet အရည်အသွေး ကောင်းမွန်ပြီး အသံ Tone လှခြင်း ၊
(၃) Tuner ပါဝင်တာကြောင့် အလွယ်တစ်ကူ ကြိုးညှိနိုင်ခြင်း ၊






How To Learn a Link in 6 Steps (ဂစ်တာ လေ့ကျင့်နည်း စနစ် ၆ မျိုး )



ဂစ်တာသမား အချို့ဟာ အချိန်အတော်ကြာ တီးခတ်လေ့ကျင့် ပေမယ့်လည်း မိမိ ရရှိလိုသည့် အနှေးအမြန်၊ Melodic Phrase များကို မတီးခတ်နိုင်တာ မျိုးကြုံတွေ့ရလေ့ရှိပါတယ်။ 

ဥပမာ...... အချိန် အတော်ကြာ လေ့ ကျင့်ပေမယ့် သင် တီးခတ်လိုတဲ့ သီချင်း ၊ Solo တစ်ခုကို မတီးနိုင်သေးတဲ့ အခြေအနေမျိုး လူတိုင်း နီးပါး ကြုံတွေ့ကြရမှာ ဖြစ်ပါတယ်။ ဒီလို ခက်ခဲတဲ့ တေးသွားတွေ အတွက် အောက်ဖော်ပြပါ အဆင့် (၆) ဆင့်ကို ကျင့်သုံးပြီး ပြောင်းလဲ တီးခတ်လိုက်လျှင် မကြာမီ သင်လိုချင်တဲ့ အနေ အထား တစ်ခုအထိ ရရှိလာမှာ ဖြစ်ပါတယ်။


Step(1) Start From Zero 


Link တစ်ခုကို စတင် လေ့လာရာမှာ နံပတ် (၁) အချက် အနေဖြင့် ပထမဆုံး Link တစ်ခု ရဲ့ အစ မှ စတင်လေ့ လာကြရပါတယ်။ အကယ်၍ သင် စတင်လေ့လာသော Link ဟာ ...........


ဥပမာ .....   || 12 34 56 71 || ဆိုပါစို့ ။ ဒါဆိုရင် Link ရဲ့ အစ ဟာ Do Note ဖြစ်ပါတယ်။ ဒီအတွက် Chord ဟာလည်း Do Major Chord နဲ့ စတင်ပါတယ်။ ဒါဟာ Link များကို သဲသဲကွဲကွဲ သိရှိအောင် ပထမဆုံး ကြိုး စားလိုက်ခြင်း ဖြစ်ပါတယ်။ ဒီအဆင့်မှာ သင် တီးခတ်လိုတဲ့ Link ရဲ့ တည်ဆောက်ပုံ Note အသွားအလာကို အရင် သဲသဲကွဲကွဲ သိရှိအောင် ပြုလုပ်ရခြင်း ဖြစ်ပါတယ်။


Step (2) Bar များ ချိတ်ဆက်လေ့လာပါ။ 


သင် တီးခတ်လိုတဲ့ Link တစ်ခုရဲ့ တည်ဆောက်ပုံ အတိုင်း ပထမ Bar , ဒုတိယ Bar စသည်ဖြင့် Bar တစ်ခုနှင့် တစ်ခု ချိတ်ဆက် လေ့လာကြည့်ပါ။ 


ဥပမာ ...  တစ်ဘား စာ ကိုပဲ လေ့ကျင့်နေမည့် အစား ဒီ Link တစ်ခုရဲ့ အစ နဲ့ အဆုံး Bar အရေ အတွက် အလိုက် Bar များ ချိတ်ဆက် လေ့လာရာမှာ Melody , Link ကို ပိုမို ပေါ်လွင် ထင်ရှားလာစေပါတယ်။


Step (3) Limit The Time 


Link များကို လေ့လာရာမှာ အချိန် အကန့်အသတ် တစ်ခု ထားပြီး လေ့လာပါ။ 


ဥပမာ........  မိနစ် ၃၀ ခန့် လေ့လာမှု ပြုပြီးနောက် ခဏ အနားယူပါ။ ဘာမှ မတီးပါနဲ့ ။ အဲဒီ အချိန်မှာ သင်လေ့လာ နေတဲ့ Link ကို ဦးနှောက်နဲ့ ပြန်စဉ်းစားကြည့်ပါ ။ ဘယ်လို တည်ဆောက်ထားလို့ ခက်နေတာပါလဲ ? ဘာကြောင့် မတီးနိုင်တာပါလဲ ? အဖြေပြန်ထုတ်ပါ။ သင် တီးခတ်နိုင်စေရန် နည်းလမ်း တွေ့လာပါ လိမ့် မယ်။ 


Basic Pedal Board တစ်ခု တည်ဆောက်ခြင်း




ယခုဖော်ပြမည့် သင်ခန်းစာ ကတော့ အခြေခံ Pedal Board တစ်ခုကို အလွယ်ဆုံး နည်းလမ်းနဲ့ ဆင်နိုင် သည့် သင်ခန်းစာ တစ်ခုဖြစ်ပါတယ်။ 

Pedal Board တစ်ခု ပြုလုပ်ရန် အတွက် လိုအပ်သော Pedal များမှာ ......


(၁) Compressor
(၂) Distortion
(၃) DI / Cabinet Simulator
(၄) Delay
(၅) Reverb တို့ ဖြစ်ကြပါတယ်။ 




Antares ATG-1 Guitar Auto Tune Floor Processor (399 US)




Auto Tune က နေ ဂစ်တာ Effect ဖြစ်သွားပါပြီ။ ထူးထူးခြားခြား Guitar Effect မှ ကြိုက်တဲ့ သူတွေ နဲ့  သင့်တော် ပါတယ် ။ 

- ဂစ်တာ ကြိုး မညီ လဲ Effect မှ အော်တို ညှိပေးပါတယ် ။ 
- ကြိုးတွန်းလို့ Pitch မရောက်ရင်လည်း ပူစရာမလိုပါဘူး ။
- Key Change မလား ... ? ရပါတယ် ။
- Drop D ချ မလား ... ကြိုးကို ကိုင်စရာ မလိုပါဘူး။ Effect မှ ချပေးပါလိမ့်မယ် ။ 



Wednesday, August 9, 2017

ဂစ်တာ ရဲ့ မူလဖြစ်စဉ် သမိုင်းကြောင်း




ရိုးရိုး ဂီတာ
ဂစ်တာ (guiter) သည် ဂီတ တူရိယာ တစ်ခုဖြစ်ပြီး ရှေးနှစ်ပေါင်းများစွာ ကပင် ပုံစံ မျိုးစုံ ဖြင့် တည်ရှိခဲ့သည်။ များသော အားဖြင့် ဂီတာ သည် ကြိုးခြောက်ချောင်း ပါတတ်ပြီး လေး၊ ခုနှစ်၊ ရှစ်၊ ဆယ် နှင့် ဆယ်နှစ် ချောင်းတပ် ဂီတာများလည်း ရှိသည်။

သမိုင်းကြောင်း
ယနေ့  ဂစ်တာတွေရဲ့ ခေတ်စားမှူ့ သက်တမ်းဟာ တိုတောင်းသေးတယ်လို့ ယူဆနိုင်ပေမဲ့ နှစ်ပေါင်းထောင် နဲ့ ချီတဲ့ ရှည်လျားသော သမိုင်းကြောင်းကို ပိုင်ဆိုင်ထားပါတယ်။ အာရှမိုင်းနား လို့ ခေါ်တဲ့ ဒေသမှာ ဘီစီ ၁၀၀၀ ခန့် နဲ့  အီဂျစ် မှာ အေဒီ ၆၀၀ ခန့်လောက်က ဂစ်တာ နဲ့ နီးစပ်သော ရုပ်ကြွင်းတွေကို တွေ့ ရှိခဲ့ပါ တယ်။ 

သမိုင်း အထောက်အထားတွေ အရ ဂစ်တာ ရဲ့  အစောဆုံးတူရိယာ ဟာ အာရပ်နိုင်ငံတွေ ကနေ စတင် ဆင်း သက်ပေါက်ဖွား ခဲ့ပြီး ဂစ်တာ ဆိုတဲ့  ဝေါဟာရဟာ ရှေး ဂရိ လူမျိုးတွေ အမြတ်တစ်နိုး တီးခတ်ခဲ့ကြတဲ့  ကီသာရာ ( KITHARA ) တူရိယာ မှ ဆင်းသက် လာတယ်လို့  လက်ခံထားကြပါတယ်။

 အေဒီ ၇၁၁ မှာ မူးဝါး ( MOOR ) လို့ ခေါ်တဲ့  လူမျိုးစုတွေဟာ အာဆီးရီးယန်း၊ ပါရှန်း နဲ့  ဟီးဘရူးနိုင်ငံတွေကို ကျူးကျော် ၀င်ရောက် တိုက်ခိုက်ကြပြီးတော့ ဂစ်တာဖြစ်လာမယ့် တူရိယာလို့  မှန်းဆရမယ့် ရက်ဘတ်   ( REBEC ) တူရိယာ အပါအ၀င် ကြိုးတပ် တူရိယာ အမျိုးမျိုးကို စပိန်နိုင်ငံကို ယူဆောင်သွားကြပါတယ်။ အဲ့ဒီ တူရိယာဟာ ယနေ့ခေတ် ကျွန်တော်တို့မြင်တွေ့ နေရတဲ့  ဂစ်တာ ပုံစံနဲ့  လုံးဝ မတူသေးဘဲ အရွယ်အစား သေးငယ်ပြီး တယော နဲ့ ပိုတူပါတယ်။

ဂစ်တာ ရဲ့ ပုံသဏ္ဌာန် နှင့် ဖွဲ့စည်း ပြုလုပ်ထားပုံဟာ တီးခတ်တဲ့ အခါ လွယ်ကူစေဖို့  နှင့် ခေတ်မှီစေဖို့  တို့ အတွက် ကိုယ်ကြိုက်သလို လုပ်ကြတဲ့ အတွက် သူရဲ့ ခိုင်မာတဲ့ သမိုင်းကြောင်းဟာေ၀၀ါး မှေးမှိန် ခဲ့ရပါ တယ်။ ၁၂ ရာစုမှာ ဖြစ်ပွားခဲ့တဲ့ ကရူးဆိတ် စစ်ပွဲတွေ ကနေ ခုခေတ် ဂစ်တာ နဲ့  နဲနဲ ပါးပါး တူတဲ့ ကြိုးတပ်တူရိယာ တစ်ခုဟာ ဥရောပ တစ်လွှားမှာ ပြန်နှံ့သွားခဲ့ပါတယ်။ 


အဲ့ဒီ တူရိယာဟာ နှစ်ပင်စီ ပူးထားတဲ့ ကြိုး ၄ စုံ၊ စုစုပေါင်းကြိုး ၈ ချောင်း တပ်တဲ့ တူရိယာဖြစ်ပြီး ဂစ်တန် ( GITTERN ) လို့ ထင်ရှားခဲ့ပါတယ်။ စောင်းသမား ခရီးသွားတွေ၊ ကဗျာဆရာ ခရီးသွားတွေ၊ အဆိုတော် ခရီး သွားတွေဟာ အဲ့ဒီ တူရိယာနဲ့ တွဲပြီး သူတို့ရဲ့ ခံစား ဖွဲ့သီဆိုမှူ့တွေကို အလယ်ခေတ် (AD 600-1450) တစ်လျှောက်လုံး သီဆို တီးမှူတ်ခဲ့ကြပါတယ်။

ဂစ်တာ ရဲ့ တိကျ ခိုင်မာတဲ့ သမိုင်းကြောင်း ကိုတော့ ၁၃ ရာစု စပိန်နိုင်ငံက မူးဝါး လူမျိုးတွေရဲ့ သီဆိုဖျော်ဖြေပွဲတွေကနေ စတင် လာခဲ့ပါတယ်။ နှစ်ပေါင်း ၃၀၀ လောက် ကြာသွားပြီးတဲ့နောက် ၁၆ ရာစု စပိန် နိုင်ငံမှာ တီးခတ် တဲ့ ပုံစံသစ်၊ ဟန်သစ်တွေ အပြိုင်အဆိုင် တိုးတက်လာပြီး ဂစ်တာ အမျိုးအစား အနေနဲ့ အနည်းဆုံး ၃ မျိုးလောက် ခေတ်စားခဲ့ပါတယ်။ 


အဲ့ဒါတွေ ကတော့ ......  
၁ ။ ကြိုး ၆ စုံ ၊ စုစုပေါင်း ၁၂ ကြိုးတပ် ဗီဟူလာ ( VIHVELA ) အဲ့ဒီ တူရိယာနဲ့ တွဲဖက်တီးခတ်ဖို့  သင်္ကေတ ဇယားနဲ့ရေးတဲ့ နှစ်ယောက်တွဲ တီးလုံး၊ သီချင်း၊ အကသီချင်းတွေ အပါအ၀င် စုစုပေါင်း စာအုပ် ၇ အုပ်ထုတ်ဝေ ခဲ့ပါတယ်။ 

၂။ ကြိုး ၅ စုံ၊ စုစုပေါင်း ၁၀ ကြိုးတပ် ဂစ်တာ ရာအက်စပါနိုလာ ( GUITRRAESPANOLA ) ၁၆ ရာစု အဆုံးပိုင်း ကနေ ၁၇ ရာစု တစ်လျှောက်လုံး ခေတ်စားခဲ့ပြီး လူးတ် ( LUTE ) တူရိယာ ရဲ့ နေရာမှာ အစားထိုး အသုံးပြုခဲ့ပါတယ်။ ဂစ်တာ ရာအက်စပါနိုလာကော့ဒ် နဲ့  တီးဖို့ အတွက်ပဲ အသုံးပြုခဲ့ပြီး၊ ၁၇ ရာစုနှောင်းပိုင်းမှာတော့ ပြင်သစ်ကို စိမ့်ဝင် ပျံနံ့ သွားခဲ့ပါတယ်။ 


၃။ ကြိုး ၄ စုံ၊ စုစုပေါင်း ကြိုး ၈ ချောင်းတပ် ဂစ်တာရာ ( GUITARRA ) တို့ ဖြစ်ပါတယ်။






တိုးတက် ကျယ်ပြန့်လာမှု

၁၇ ရာစု မှာတော့ ဂစ်တာ ရဲ့ အခန်းကဏ္ဍဟာ အရှိန် အဟုန်နဲ့ ပြန့်ပွားဖို့  အစပျိုးတဲ့ ကာလ တစ်ခုပဲ ဖြစ်ပါတယ်။ ကော့ဒ် နဲ့ တီးတဲ့ စနစ်တွေ ကနေ အနုစိတ် ပိုမို ချဲ့ထွင်ပြီးတော့ ပိုပြီး စိတ်ဝင်စားဖို့  ကောင်းတဲ့ လက်ချောင်းတွေနဲ့ တီးခတ် ရတဲ့ ဂန္တ၀င် ဂစ်တာ ( CLASSICAL ) တီးခတ်ဟန်တွေက အစားထိုး ၀င်ရောက်ခဲ့ပါတယ် ။