Monday, March 28, 2016

မွေးရပ်မြေ ကို လွမ်းနေ တဲ့ ဟန်သီ





နယူးယောက် မှာ ပညာ သင်ယူနေတဲ့ အလှမယ်လေး ဟန်သီ ကတော့ ပညာတွေ သင်ယူ ရင်း မွေးရပ်မြေ ကိုလည်း လွမ်းနေတယ်လို့ ဆိုပါတယ်။ ချစ်တဲ့ ပရိသတ်တွေ မိသားစု ဆွေမျိုး မိတ်ဆွေရှိနေ တဲ့ မြန်မာနိုင်ငံ ကို လွမ်းနေပေမယ့်လည်း ပျော်ရာမှာ မနေ တော်ရာမှာနေရ၏ ဆိုတဲ့ ဆိုရိုး အတိုင်း ဟိုမှာဘဲ ကြိုးစားပြီး ပညာ သင်ယူနေတယ် လို့ သူမ က ပြောပါတယ်။

 

"လူမျိုးခြား ဆရာ ဆရာမတွေ အတန်းဖော် သူငယ်ချင်းတွေ ကိုယ့် အတွက်ကြောင့် ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး နာမည် မပျက်အောင် အစစ အရာရာ သတိထားပြီးနေရမယ် လို့ မေမေက လည်း အမြဲဆုံးမ သတိပေးပါ တယ်။

 ကျောင်း အတွက် ကြောငြာ ရိုက်ပြီး ကတည်းက တစ်ကျောင်းလုံး က  ဟန်သီ ကို ပို သတိပြုမိလာကြတယ်။ အခုမေမေ က Visa ပြည့်လို့ ပြန်သွားတော့ ဟန်သီ ကိုယ်တိုင် ချက်ပြုတ် လျှော်ဖွပ် သန့်ရှင်းရေးလုပ်ရတော့ ကိုယ့်ကို ကိုယ် လူကြီး တစ်ယောက်လို ခံစားရတယ်။ 

သွားလာတဲ့ အခါလည်း ပိုပြီး သတိထားပါတယ်။ ဟန်သီ အမြဲတမ်း သကြားလုံး မုန့်ဆောင် ထားပြီး တွေ့တဲ့ သူတွေ ကို နှုတ်ဆက်ပြီး ကျွေးလို့ ချစ်စရာကောင်းလို့ ဟန်သီ ကို Candy girl လို့ခေါ်ကြတယ်။ "လို့ သူမ က ဆိုပါတယ်။

ရင်သား အစစ် ကို ပြလိုက်တဲ့ ကေတီပရိုက်စ်




 ကေတီပရိုက်စ် အင်စတာဂရမ် မှာ တင်ခဲ့တဲ့ ပုံမှာ ရင်သားတု ကို ဖြုတ်လိုက်တဲ့ အတွက် သေးငယ် သွားတဲ့ ရင်သားကို တွေ့မြင်ရပါတယ်။

အသက် ၃၆ နှစ် အရွယ် မော်ဒယ် ကေတီပရိုက်စ် ဟာ ဆံပင်ရှည်လေး နဲ့ အဖြူရောင် ဝတ်ရုံရှည် ဝတ်ပြီး သူမ ရဲ့ ရင်နှစ်မွှာကြား ကို လှစ်ဟပြထားတဲ့ ပုံကို အင်စတာဂရမ် မှာ တင်ခဲ့တာပါ။




"ဆံပင်ရှည် ပြန်ထားနိုင်တာ သဘောကျတယ်" လို့ ကေတီပရိုက်စ် က ပုံအောက်မှာ ရေးထားပါတယ်။
သူမ ရဲ့ ပရိသတ်တွေ ကတော့ သူမ ရဲ့ သေးငယ် သွားတဲ့ ရင်သား ကို သဘောကျနေကြပါတယ်။

တစ်ကိုယ်လုံး ချွတ်ချ လိုက်တဲ့ အိုလီဗီယာဝိုင်း


အိုလီဗီယာဝိုင်းနဲ့ သူမရဲ့ခင်ပွန်းလောင်း


 Vinyl လို့ အမည်ရတဲ့ ရုပ်သံဇာတ်ကားရိုက်ကွင်းမှာ ဖြစ်ပါတယ်။ အသက် ၃၂ နှစ် အရွယ် မင်းသမီး အိုလီဗီယာဝိုင်း ဟာ Vinyl ဆိုတဲ့ ဒရမ်မာ ကား တစ်ကား ကို ရိုက်ကူးနေတာပါ။



အဲဒီ ဇာတ်ကားထဲ မှာ သူမ ဟာ ပန်းချီ အဆွဲ ခံဖို့ဆိုပြီး အဝတ်အစား အားလုံး ကို ချွတ်လိုက်တာပါ။


အိုလီဘီယာ ဟာ အဲဒီ ဇာတ်ကား ထဲမှာ သူမ ရဲ့ဆင်ခြေဖုံး ဘဝ ကနေ ရုံးထွက်ဖို့ အတွက် ပန်းချီ ပညာရှင် တစ်စု နဲ့ အတူ အလုပ် တွဲလုပ်တဲ့ မော်ဒယ် တစ်ယောက် အဖြစ် သရုပ်ဆောင်ထားပါတယ်။

ဘန်အက်ဖလက် ရဲ့ တက်တူး ကို ကြွေသွား တဲ့ ဂျနီဖာလိုပက်





ရည်းစားဟောင်း ရဲ့ ကျောပြင်က တက်တူး ကို ဂျနီဖာလိုပက် တစ်ယောက် ခိုက်သွားပါတယ်။ လင်းနို့ လူသား ဇာတ်လိုက်ကျော် မင်းသား ဘန်အက်ဖလက် ရဲ့ ကျောပြင် မှာ လှပပြီး အရောင် စုံတဲ့ ဇာမဏီ ငှက်ပုံ တက်တူးရေးထိုး ထားတာဖြစ်ပါတယ်။



ဘန် ရဲ့ တက်တူး နဲ့ ပတ်သက်ပြီး "အဲ့ဒါ အရမ်းလန်းတာပဲ၊ သူ့ရဲ့တက်တူးတွေ မှာ အမြဲတမ်း လိုလို အရောင်တွေ စုံအောင်ခြယ်ထားလေ့ ရှိတယ်။ ဒါကတော့ အရောင်စုံတာ မဟုတ်ဘဲ အရမ်းမိုက်တာပါ" လို့ Watch What Happens Live အစီအစဉ် မှာ ပြောသွားခဲ့တာပါ။ 



လုံခြုံရေးကြောင့် ဘရပ်ဆဲလ်ဖျော်ဖြေပွဲ ကို ဖျက်သိမ်းတဲ့ မာရီယာကာရေး

 


မတ်လ ၂၂ ရက် တွင် ဘယ်လ်ဂျီယံနိုင်ငံ မြို့ တော် ဘရပ်ဆဲလ် ၌ လူ ၃၁ ဦးသေ ဆုံးစေ ခဲ့ပြီး ၂၇၀ ခန့် ဒဏ် ရာရ စေခဲ့သော အကြမ်းဖက် တိုက် ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် လုံ ခြုံရေး စိုးရိမ်မှုများရှိနေစဉ် အမေ ရိကန်ပေါ့စ်စတား မာရီယာကာ ရေး က ဘရပ်ဆဲလ်မြို့ဖျော်ဖြေပွဲ ကို ဖျက်သိမ်းကြောင်း ကြေညာ လိုက်သည်။

မာရီယာကာရေး သည် ၎င်း ၏ Sweet Sweet Fantasy ဥရောပဖျော်ဖြေရေး ခရီးစဉ်တစ် စိတ်တစ်ပိုင်းအဖြစ် မတ်လ ၂၇ ရက်တွင် ဘရပ်ဆဲလ်မြို့ ၌ ဖျော် ဖြေရန် စီစဉ်ထားသည်။ သို့ရာ တွင် လက်ရှိ လုံခြုံရေး အခြေ အ နေ များကြောင့် ဖျော်ဖြေပွဲ  ဖျက် သိမ်းကြောင်း မာရီယာကာရေး က တွစ်တာ စာမျက်နှာမှ တစ်ဆင့် ပြော သည်။

‘‘ကျွန်မ ရဲ့ ဘရပ်ဆဲလ် ပရိ သတ်တွေကို ကျွန်မ ချစ်ပါတယ်။ လက်ရှိ အချိန်မှာ ကျွန်မ ရဲ့ ပရိ သတ်တွေ၊ တီးဝိုင်း အဖွဲ့သားတွေ၊ ပွဲ တာဝန်ရှိသူတွေ နဲ့ လူတိုင်းဘေး အန္တရာယ်ကင်းရှင်းစေဖို့ ကျွန်မ ရဲ့ ဖျော်ဖြေပွဲကို ဖျက်သိမ်း ဖို့ အကြံ ပေးခံရပါတယ်။ 


ကိုရဲလွင် ရဲ့ ခရမ်းပြာ ည

 


မဇ္ဈိမလှိုင်းနှင့် ပန်း ရဲ့လမ်း အဖွဲ့မှ အဆိုတော် ကိုရဲလွင် ၏ ဂီတ သက်တမ်းနှစ် (၅၀)ပြည့် အမှတ်တရ ‘ခရမ်းပြာ ဘ၀  ခရမ်း ပြာ ည’ ဖျော်ဖြေပွဲသို့ ပရိသတ်များ အပါ အ၀င် နိုင်ငံရေး အဖွဲ့အစည်း များ မှ ခေါင်းဆောင်များ တက် ရောက်အားပေးခဲ့ကြသည်။
 
ယင်းဖျော်ဖြေပွဲ ကို မတ်လ ၂၆ ရက် က ပြည်သူ့ ရင်ပြင်ရှိ ဖျော်ဖြေရေး ကွင်း၌ ပြုလုပ်ခဲ့ပြီး ပရိသတ် များက ကွင်းလုံးပြည့် လာရောက် အားပေးခဲ့ကြသည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦး ကိုယ်တိုင် တက်ရောက် အားပေးခဲ့ သကဲ့သို့ နိုင်ငံရေး အဖွဲ့အစည်းများမှ ခေါင်းဆော င်များ လာရောက်အားပေးခဲ့ ကြသည်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေး နှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ကိုမင်းကိုနိုင် က ဖျော်ဖြေပွဲမြင် ကွင်းကို စင်ပေါ်တွင် ထိုင်၍ ပန်းချီ ဆွဲသကဲ့သို့ ကျော်သူ ကလည်း ဦးရဲလွင် အတွက် ဂုဏ်ပြု ကဗျာကို ရွတ်ဆိုပေး ခဲ့သည်။ 

ကဗျာ ရွတ်ဆို ပြီးချိန် တွင် ဦးရဲလွင် အတွက် အမေရိကန်နိုင်ငံ မှ    ပေးလိုက် သည့် လက်ဆောင် ကောင်း ဘွိုင် ဦးထုပ် ကို ကိုမင်းကျော်ခိုင် ဆိုသူ က ပေးအပ်ခဲ့သည်။


Tuesday, March 22, 2016

အနုပညာ အလုပ် ကို ဖြည်းဖြည်း မှန်မှန် နဲ့ လှေကားထစ် လို တက်ခဲ့တယ် ဆိုတဲ့ ကေကေမိုးမြင့်နှင့် တွေ့ဆုံခြင်း

မြ၀တီ's photo.

ပင်လယ်ထက် က နေ၀န်းနီ ရုပ်ရှင် ဇာတ်ကားနှင့် ကြိုးကြာတောင်ပံ ခတ်သံ ရုပ်ရှင်ကား တို့တွင် ပါဝင် သရုပ်ဆောင် ခဲ့သည့် သရုပ်ဆောင် ကေကေမိုးမြင့်နှင့် တွေ့ဆုံခိုက် သူမ ၏ အနုပညာ လှုပ်ရှားမှုနှင့် ပတ်သက်၍ မေးမြန်းဖြစ် ခဲ့ပုံ ကို ဖော်ပြလိုက်ပါသည်။

ညီမ ရဲ့ လတ်တလော အနုပညာ လှုပ်ရှားမှု အကြောင်း ပြောပြပေးပါဦး။
လတ်တလော ဒီရက်ပိုင်း မှာ ရိုက်ထားတဲ့ ကားတွေ တည်းဖြတ်နေတာ ကို သွားကြည့် တာပဲ ရှိပါတယ်။ အသစ် ထပ်ရိုက်နေတာတော့ မရှိသေးပါဘူး။ ဟိုတစ်လော က အိမ်မဲ မှာ ဇာတ်ကားနှစ်ကား ရိုက်ခဲ့တယ်။

အိမ်မဲ မှာ ရိုက်ခဲ့တဲ့ ဇာတ်ကားနှစ်ကား က ဘယ်လို ဇာတ်ကား မျိုးလဲ ဆိုတာ ပြောပြပေးပါဦး။
ကေကေ အဲဒီ ဇာတ်ကား ကို အိမ်မဲ ရွာသစ်ကျေးရွာ မှာ ရိုက်ခဲ့ တာပါ။ ကျောင်းဆရာမလေး အနေ နဲ့ ဇာတ်ကား တစ်ကား၊ အချစ်(ဒရာမာ) ဇာတ်ကား တစ်ကား ပါ။ 

 ကျောင်းဆရာမလေး အနေ နဲ့ ရိုက်ခဲ့တာ က ရွာချစ် ငဘ ဆိုတဲ့ ဇာတ်ကား ပါ။ နောက် တစ်ကား က ရေစက်ချ လို့ ပြီးပါပြီ ဆိုတဲ့ ဇာတ်ကားလေးပါ။

ညီမ ရဲ့ ဒီ အနုပညာ လုပ်ငန်း မှာ ဖြတ်သန်း ခဲ့ရတဲ့ အကြောင်းလေး ပြောပြပေးပါဦး။
ကေကေ ၂ဝဝ၆ ခုနှစ် ရန်ကုန်တိုင်း ဒေသကြီးမှာ ပြိုင်တဲ့ ကာယ အလှမယ် ပြိုင်ပွဲမှာ ပထမဆု ရခဲ့ပါတယ်။ အဲဒီက စပြီး ကာယ အလှမယ် လုပ်တယ်။ ပြီးတော့ Studio-35 ရဲ့ ရုပ်ရှင် သရုပ်ဆောင် ရွေးချယ်ပွဲ မှာ သရုပ်ဆောင် သင်တန်း တက်ခွင့် ရပြီး ပင်လယ်ထက် က နေဝန်းနီ ဆိုတဲ့ ဇာတ်ကားကြီးမှာ ပါဝင် သရုပ်ဆောင် ခွင့် ရခဲ့ပါတယ်။ အဲဒီ ဇာတ်ကားကြီးက အကယ်ဒမီ ငါးဆုရခဲ့တယ်။ အဲဒီကနေ စပြီး အနုပညာ လောကထဲ ဝင်ဖြစ်ခဲ့တာပါ။

Instagram စာမျက်နှာ ၌ ကြည့်ရှုသူ အများဆုံး အနုပညာရှင်အဖြစ် ရပ်တည်ခဲ့သည့် ပေါ့ပ်ငွေကြယ်ပွင့် ဆလီနာဂိုးမက်ဇ်

 မြ၀တီ's photo.



လန်ဒန် မတ် ၂ဝ
ပေါ့ပ်ငွေကြယ်ပွင့် ဆလီနာဂိုးမက်ဇ်သည် အောင်မြင်ကျော်ကြားသည့် အနုပညာရှင် အဖြစ် ရပ်တည်နိုင်ရန် ဂီတ အသိုင်း အဝိုင်း များနှင့် လူမှုရေး သတင်း ဝက်ဘ်ဆိုက်များ က မည်သို့ ကူညီပေးခဲ့ကြောင်း ထုတ်ဖော်ပြောကြား ခဲ့သည်။

ဆလီနာသည် အသက် ခုနစ်နှစ် အရွယ် က TV show Barney & Friends အစီအစဉ် တွင် ပထမဆုံး အကြိမ် ပါဝင် ခဲ့ပြီးနောက် အသက် ၁၄ နှစ် အရွယ်တွင် ဒစ္စနေး ရုပ်သံ ၏ Wizards of Waverly Place အစီအစဉ် တွင် ပါဝင် သရုပ်ဆောင်ကာ အဲလက်ရှုဆို အမည်ဖြင့် လူသိများ လာခဲ့သူ တစ်ဦးဖြစ်သည်။

ယင်းနောက် ၎င်းသည် ရုပ်သံက ရိုက်ကူးသည့် ဖက်ရှင် ကဏ္ဍ၊ ဇာတ်လမ်း များနှင့် တေးဂီတ အစီအစဉ် တို့တွင် ဆလီနာဂိုးမက်ဇ် အမည်ဖြင့် ဆက်လက် ပါဝင် ရိုက်ကူး ခဲ့ရာမှ ဂီတလောကနှင့် လူမှု ဝက်ဘ်ဆိုက် များ၌ နာမည် ကျော်လာခဲ့ခြင်း ဖြစ်သည်။


Monday, March 14, 2016

မြူမှောင်ဝေကင်း ... ကိုကျော်ကြီး { Cover }

                မြို့မ လေးလေး၇င်ေ၇းသားခဲ့သော " မြူမှောင်ဝေကင်း " သင်္ကြန် သီချင်းကောင်းလေး ကို အမှတ်တ၇ ပြန်လည် သီဆို မှတ်တမ်းတင်အပ်ပါတယ်...


                                                                                    ***  ကိုကျော်ကြီး ..........






Wednesday, March 9, 2016

အဲလ်တန်ဂျွန် တေးသီချင်းအယ်လ်ဘမ်သစ် ကမ္ဘာလှည့်ဖျော်ဖြေပွဲ အတွက် ရှေးဟောင်းရောမပြဇာတ်ရုံ တွင် ဖျော်ဖြေသွားမည်

 



နာမည်ကျော် အဆိုတော် အဲလ်တန်ဂျွန် သည် ၎င်း၏ တေးသီချင်း အယ်လ်ဘမ်သစ် “ Wonderful Crazy Night”  ကမ္ဘာလှည့်ဖျော်ဖြေရေး ခရီးစဉ် အစိတ်အပိုင်း တစ်ရပ်အဖြစ် ဇူလိုင်လ တွင် အီတလီနိုင်ငံ ပေါ့ပ်ပေးမြို့ရှိ ရှေးဟောင်းရောမပြဇာတ်ရုံ တွင် ဖျော်ဖြေသွားမည်။

ဖျော်ဖြေရေးနှင့် စပ်လျဉ်း၍  ၆၈နှစ် ရှိပြီဖြစ်သော အဲလ်တန်ဂျွန် ၏ တရားဝင် ၀က်ဆိုက်ဘ် တွင် ထုတ်ပြန် ထားခြင်း မရှိသော်လည်း  D’Alessandro e Gali အေဂျင်စီ က အွန်လိုင်း တွင် ပြောကြားထားသည်။

“ အဲလ်တန်ဂျွန် ဟာ ပေါ့ပ်ပေးမြို့ မှာ ဇူလိုင် ၁၂ ရက်တွင် ဖျော်ဖြေပွဲ ကျင်းပသွား မှာဖြစ်ပါတယ်”ဟု ပွဲ စီစဉ်သူ များ၏ ၀က်ဆိုက်ဘ် တွင် ပြောကြားထားသည်။


အဲလ်တန်ဂျွန် သည်  ဖျော်ဖြေပွဲ ကို လူ ၄၀၀၀ ခန့်ဆံသော  Large ပြဇာတ်ရုံ (သို့မဟုတ်)  ရော့ခ်တေးဂီတ အဖွဲ့  Pink Floyd  ၁၉၇၂ ခုနှစ် က “ Live at Pompeii” ဖျော်ဖြေပွဲ ရုပ်ရှင် ကျင်းပပြုလုပ် ခဲ့သော အမိုးမဲ့ ပွဲကြည့်စင် တွင်  ဖျော်ဖြေ သွားမည်ဆိုခြင်း နှင့်စပ်လျဉ်း၍ ရှင်းရှင်း လင်းလင်း မသိရသေးကြောင်း ပြောရေး ဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားသည်။


Toronto K-Pop Con 2106 တွင် ဖျော်ဖြေသွားမည် ဟု GFRIEND ကတိပြုပြော

 


 တောင်ကိုရီးယား အမျိုးသမီး အဆိုတော် အဖွဲ့  GFRIEND အဖွဲ့သည်  Toronto K-Pop Con 2016  တွင် ပါဝင်ဖြေဖျော်သွားမည် ဟု ကတိပြုပြောကြား ခဲ့သည်။

GFRIEND အဖွဲ့သည်  Metro Toronto ကွန်ဗင်ရှင်း စင်တာတွင် မေ ၂၁ ရက် ညနေ ၄ နာရီ အချိန် တွင် ဖျော်ဖြေ သွားမည်ဖြစ်ကြောင်း ပွဲ စီစဉ်သူ  Poo! Goes The World! က ပြောကြားသည်။

ယင်းဖျော်ဖြေမှု သည်  မြောက်အမေရိက တွင်  GFRIEND ၏ ပထမဆုံး အကြိမ် ဖျော်ဖြေပွဲ ဖြစ်လာ မည်ဖြစ် သည်။ GFRIEND အဖွဲ့သည် ပြီးခဲ့သည့်နှစ် က “ Me Gustas Tu” တေးသီချင်းဖြင့် ကျော်ကြားမှု ရရှိ လာပြီးနောက် ပိုင်း ခိုင်မာတောင့်တင်း သည့် အမျိုးသမီး အဆိုတော် အဖွဲ့ဖြစ်လာခဲ့သည် ။ 

မကြာသေးမီ က တေးဂီတ ဇယားတွင် ထိပ်ဆုံးမှ ရပ်တည်ခဲ့သော  “ Rough” တေးသီချင်း ဖြင့် ဆု  ၁၅ ဆု ဆွတ်ခူးနိုင်ခဲ့သည့် အပြင် ခိုင်မာသောနိုင်ငံတကာ ပရိတ်သတ်တွေက ဆွဲဆောင်နိုင်ခဲ့သည်။


ဒိုးလုံး Mp3 သီချင်းများ









ကျွန်တော်နှင့်တူသောမိန်းမ.mp3 ကျွန်တော်နှင့် တူသော မိန်းမ.mp3
Size : 2810 Kb
Type : mp3


သွားတော့.mp3 သွားတော့.mp3
Size : 4426 Kb
Type : mp3
အမှန်သိခွင့်.mp3 အမှန်သိခွင့်.mp3
Size : 3458 Kb
Type : mp3