Friday, November 29, 2019

စိုးလွင်လွင် ရဲ့ ထူးခြားချက်



#စိုးလွင်လွင် ရဲ့ ထူးခြားချက်က သီချင်းကို အိမ်မှာ လွတ်လွတ်လပ်လပ် ဆိုနေသလို ဆိုချင် သလို ဆိုနေခြင်းပဲ .. အဲဒါကြောင့် သူ့သီချင်းတွေ နားထောင်ရတိုင်း သဘာဝဆန်လွန်းတဲ့ ခံစားမှုရသကိုရတယ် ..။

 Studio ထဲ သေချာသပ်ရပ်အောင် အချောကိုင် အမှားအထပ်ထပ်ပြင်ထားလို့ ဟာကွက်မရှိ အပြစ်မရှိတဲ့ သီချင်းတွေဟာ တစ်မျိုးနားထောင်ကောင်းသလို , လောလောဆယ် လက်ရှိ စိတ် ထဲ ရှိနေတဲ့ mood အတိုင်း ဆိုပစ်လိုက်တာကလည်း တစ်မျိုးခံစားလို့ကောင်းတယ် .. ။တစ်ယောက်ယောက်က အပြင်မှာ ဆိုပြနေတဲ့အခါ , လမ်းထိပ် အုတ်ခုံမှာ ဆိုနေတဲ့အခါ , နားထောင်ရတဲ့ ခံစားချက်မျိုး ဆန်တယ် ..။

စိုးလွင်လွင် ရဲ့ သီချင်းကိုပဲ နားထောင်ရရုံနဲ့ သူ့ ဆိုဟန် style ကိုက သူဟာ ပကာသနတို့ ဟန်ဆောင်မှုတို့ အပေါ်ယံ မျက်နှာဖုံးတို့နဲ့ မသက်ဆိုင်တဲ့သူ အဝေးကြီးကလူ လို့ အလို အလျောက် ခံစား နားလည်ရစေတာ ထူးဆန်းတယ် .. ။

ကိုယ်တွေ ငယ်ငယ်ခေတ်က ပကာသန ဆိုတာ အကျည်းတန်တဲ့ စကားလုံးဖြစ်သလို ပကာသန ကို မုန်းတီး ဆန့်ကျင်သူဟာ hero ဆန်တဲ့ ခေတ်မျိုးဖြစ်တယ် ..။ အဲဒီလို တစ်ခေတ်မှာ စိုးလွင်လွင် သီချင်းတွေဟာ လူငယ်တွေရင်ထဲ အတွင်းထိ ထိုးဖောက်ရောက်ခဲ့တယ်လို့ ဆိုချင် တယ် ..။

သူ့သီချင်းတွေရဲ့ ထူးခြားချက်က သီချင်းအများစုဟာ intro တီးလုံး အတော်ရှည်လျားတယ် ..။ သီချင်းစာသားလာဖို့ အတော်စောင့်ရတယ် ..။ တစ်ခါတစ်လေ စိတ်တောင်မရှည်ဘူး .. ။

အဲဒိခေတ်က ကက်ဆက်တိပ်ခွေ ခေတ်မို့ သူ့သီချင်းတစ်ပုဒ်ကို ကြိုက်မိပြီဆိုရင် rewind ပြန်ရစ် လိုက် ပြန်ရစ်လိုက်နဲ့ ဆယ်ခါပြန် ဆယ့်ငါးခါပြန် နားထောင်ရင်း tape တွေတွန့်ညပ် ကုန်တာ မကြာခဏပဲ ..။

 ကက်ဆက်ခွေဝယ် သီချင်းစာအုပ်ဝယ် , ညဖက်တွေကျ မောင်နှမလေးယောက် မောင်တွေက ဂစ်တာတီး မောင်နှမလေးယောက်လုံး ဝိုင်းအော်ဆို .. သတိရတယ် လွမ်းတယ် တစ်ချိန်က ဒီသီချင်းတွေခေတ်ကို ..။




#မှတ်မိသလောက်သိပ်ကြိုက်ခဲ့တဲ့သီချင်းတွေ
ကောင်းတာလေးတွေတော့ ရွေးဆိုကြပါစေ .. တက္ကသိုလ် week တုန်းကလို ရွေးစရာဒီလောက် များတဲ့ထဲက ဆိုသင့်တာတွေ ချန်မထားခဲ့ပါစေနဲ့ ဆုတောင်းတယ် .. စိုးလွင်လွင်က ၁၉၉၉ မှာ ကွယ်လွန်ခဲ့တော့ ဘင်ဂျမင် နဲ့ အေးမြဖြူဆို မမွေးသေးဘူး .. ကျန်တဲ့ ၅ယောက်လည်းပဲ သီချင်းကြိုက်ရကောင်းမှန်း မသိသေးတဲ့ တောက်တက်တောက်တက်တွေပဲ ရှိဦးမှာပါ .. ။ကလေးတွေ စိုးလွင်လွင် mood နဲ့ ဆိုတတ်ကြပါစေ .. စိုးလွင်လွင်သီချင်းကို အခန့်သံကြီးတွေနဲ့ ဆိုမပစ်ကြပါစေနဲ့လို့ ဆုတောင်းနေပါတယ် ..။

#မောင့်မျက်ရည်ဝိုင်း
(မောင့်မျက်ရည်ဝိုင်း မောင့်မျက်ရည်ဝိုင်း အတိတ်အကြောင်းကို ပြန်ပြောင်းကာ မစဉ်းစားချင် တယ် အလွှာခြားလေတဲ့ အိုအချစ်ဦးရယ်)
#ကျေပါတယ်
(မခိုင်မာပြိုလွယ် မေတ္တာတံခါးငယ် သူရိုက်ချိုး သွားပေမယ့် အချစ်ဦးမို့ အပြစ်မယူဘူး ကျေပါတယ်)
#စိတ်ဖြေသီချင်း
(လွမ်းဆွေးရတဲ့ နေ့တစ်ချို့မှာ ဖြေစရာရှာကြည့်ရင်း ဒီသီချင်းဟာ မင်းအတွက်ဖြစ်လာတယ် သောကတစ်ချို့တစ်ဝက်ကို ဖြေဖျောက်ပေးစွမ်းရှိလို့လည်း ဒီသီချင်းအတွက် မင်းကိုကျေးဇူးပဲ)
#ခိုးစိတ်တိုးတိတ်
(မင်းလေးကို ခိုးစိတ်တိုးတိတ်လွမ်းချိန်မှာ ကိုယ်မြတ်နိုးတဲ့သီချင်းလေးများစွာ တိုင်တည်နေမှာပါ ဒါကို သိစိတ်ထဲက မရည်ရွယ်လည်း မသိစိတ်ထဲက ရည်ရွယ်ထား)
#ဘယ်မှာလဲကွယ်
(အပင်ပေါ်မှာလည်း မွှေးသလို မြေပြင်မှာရနံ့လည်းမပြယ် အခြေအနေအမှန်နေတတ်တဲ့ အချစ်ပန်းကောင်း တစ်ပွင့်တော့ရှိမယ် ရနံ့ကင်းမဲ့တဲ့ဘဝမယ် ကိုယ့်ရဲ့ ပန်းကလေးကို ချူရေးမလွယ်)
#ချစ်သူစိတ်ကူး
(ရင်မှာ တစ်ခုပဲသိတယ် ကျန်တာ ဘာဆိုဘာမှနားမလည် အချစ်တစ်ခုထည်း ကိုးကွယ်ခဲ့ သည်းအခံဆုံးချစ်သူလေး ရှိနေရင်လေ အဆင်ပြေမယ်)
#ချစ်လူမိုက်
(ကြင်နာသူအတွက်ဆို မိုးကောင်းကင်ဒူးနဲ့တိုက်မယ် ဘဝကိုပေး ရင်းချစ်ရဲတယ် သူ့အလိုအတိုင်း အမြဲတမ်းပြည့်စေမယ် ချစ်သူအတွက်သတ္တိရှိတယ် သူ့အတွက်ပဲ ကိုယ့်ဘဝဖြစ်ခဲ့တယ်)
#ငယ်သူမို့
(စိတ်အလိုကိုလိုက်ကာ ငယ်သူမို့မသိတတ်ခဲ့ပါ ဟိုးတစ်ချိန်ပြန်လွမ်းစရာ ကြုံဆုံသောနေ့ရက်များစွာ တို့နှစ်ယောက်ရဲ့ဘဝဟာ ငြိမ်းချမ်းတဲ့ကံဇာတာအလည်မှာ လမ်းဖြောင့်ဖြောင့်သာမယ်ထင်ခဲ့တာ)
#အင်းလျား
(မိုးငွေကြယ်လေး ပြူထွက်ခဲ့သလို အဆောင်သူလေးရဲ့ အရိပ်ကိုတွေ့ရင် သီဆိုနေမယ် မင်းဖို့သီချင်းတွေ တစ်ညလုံးပဲ အင်းလျားလမ်းမပေါ်မှာလေ)

#သိလျက်နဲ့
(ယူပါ အတင်းပဲထိုးလို့ပေးတော့ မယူရင်ရိုင်းပျသွားမှာစိုး ကိုယ်သွားဖြဲပြလို့ မရတော့တဲ့အခါ အလိုလိုယူခဲ့ရတယ်တမင်တကာကိုယ့်အတွက် ခင်းကျင်းထားသလို ပျူငှာထမင်းစားပွဲတွေကို ကိုယ်ဆေးကြောလက်နဲ့ အခန့်သင့်တဲ့အခါ မြိန်သလိုဟန်လုပ်ရတယ်)

#လာမယ်ဆိုကြိုနေမှာလား
(ဘယ်လိုမှ မေ့လို့မရဘူး အတွေးထဲ အမြဲဝင်တယ် မင်းအကြောင်း ဒါကို မတွေး မတွေးသင့်တော့မှန်း သိရက်နဲ့သတိရနေတာ ဪ သိရက်နဲ့ သတိရနေတာ)

#လွမ်းရတဲ့ညတွေလွန်ပါစေ
(တကယ်ဆို ပန်းမခင်းတဲ့လမ်းခရီးအတွက် အလွမ်းသီချင်းလေးတွေ အချိန်တန်အိပ်စက်တော့လေ ဆိုပါဦး အချစ် မင်းကိုလွမ်းရတဲ့ ညတွေ လွန်ပါစေ)

#ကိုယ်ချင်းစာနာခဲ့ရပြီ
(အိပ်မပျော် စိတ်တွေနွမ်းတဲ့အခါ မောင်တစ်ယောက်ထည်း ကြိတ်မှိတ်လွမ်းနေမှာ မနီးစပ်တော့တဲ့ ဘဝတွေအလှမ်းကွာ ကိုယ်ချင်းစာ နာခဲ့ရပြီလေ)

#တစ်ချက်လောက်တော့ငဲ့ကြည့်သင့်ပါတယ်
(ရှေ့ဆက်ပြီး ကိုယ်ဘာဆက်လုပ်ရမလဲ မင်းနဲ့လည်း ကိုယ်မခွဲနိုင်ဘူးကွယ် ကိုယ့်ဘဝထဲ မင်းတစ်ယောက်သာ အဖော်ရှိတယ် ကိုယ့်ဖက်လည်း တစ်ချက်လောက်တော့ ငဲ့ကြည့်သင့်ပါတယ်)

#ကျေနပ်တယ်
(ကိုယ့်နဖူးလေး သူစမ်းပြီးတော့ ကိုယ်သိပ်ဖျားနေလားလို့ မေးတယ် နေမကောင်းတဲ့ ကိုယ့်အတွက်တဲ့ သူလေဆေးတွေ ဝယ်ရှာတယ် အလိုက်သိလွန်းတဲ့ချစ်သူရယ် ဒီအပြုအမူကြောင့် ကိုယ်တကယ်ကျေနပ်တယ်)

#ခေါင်းငုံ့ချစ်နေမယ်
(မျက်နှာထားတင်းတင်းနဲ့ နောက်မလာနဲ့လို့ ပြောလွှတ်လိုက်တယ် ကိုယ်အစွဲအလမ်းကြီးမှန်း သိရက်သားနဲ့ မင်းပြောရက်တယ် ပြောနိုင်ပါတယ် ခေါင်းငုံ့ခံမယ် ပြောနိုင်ပါတယ် သည်းညည်း ခံမယ် ကိုယ့်ကိုအမြဲတမ်း မင်းပြောနိုင်ပါတယ်)

#ရက်စက်တယ်
(အကြင်နာဆုံး ရက်စက်တယ် အတွယ်တာဆုံးရက်စက်တယ် မောင်အချစ်ဆုံး ရက်စက်တယ် ရီရီစိုး ရက်စက်တယ် အနိုင်ယူဦးကွယ်)

#ဂန္တဝင်ဆည်းဆာ
(ညနေခင်းရဲ့ လေပြေထဲမှာ မင်းဆံနွယ်တွေ တောင်ပံဖြန့်တဲ့အခါ ပန်းပွင့်လေးတွေ ရှက်သွေးဖြာ ကျေးငှက်လေးတွေ တေးမဆိုတော့ပါ ဟိုမှာ မြက်ခင်းစိမ်းများဦးညွတ်လို့ မေလာရာလမ်းခင်းပေးရရှာ စမ်းချောင်းလေးတွေတောင် ငိုနေပြီကွာ မင်းဆံပင်လေးတွေ သိပ်လှတဲ့ချိန်ခါ)

#မင်းကိုချစ်နေမယ်
(ချစ်မိလို့ အပြစ်ဖွဲ့ရင်လည်း ခံနိုင်ရည်ရှိတယ် စွဲငြိတဲ့ မင်းအကြည့်တစ်ခုနဲ့ ရင်ခုန်သံဟာ လှပလာခဲ့တယ် မင်းကိုချစ်နေမယ် မင်းကိုချစ်နေမယ် မင်းကိုချစ်နေမယ် မတားနဲ့)

#ကိုယ်ချစ်
(အမှန်တကယ် ပြောခွင့်ရရင် ကိုယ်လည်းပဲ အချစ်စစ်လိုလားတယ် ပွင့်လန်းတဲ့ သည်းဦးပန်းလေးသူမပန်တော့ ကြွေလွင့်လို့ သွားပြီမို့ ရက်စက်တယ်ဆိုတာ အချစ်လားကွယ် ပေးဆပ်ခြင်းက အချစ်စစ်လားကွယ် နှလုံးသားနုငယ်ကျွမ်းတော့မယ် ကြည်ဖြူစွာ ခွင့်လွှတ်တတ်သူ ရင်ခွင်ထဲမှာ ပေးဆပ်ခြင်းပဲ အချစ်ဖြစ်တယ်)

#ကျွန်တော်မသိတဲ့ကျွန်တော်
(အချစ်သစ်နောက်တစ်ခု လှမ်းလိုက်တဲ့အခါ ကမ်းလိုက်တဲ့လက်များ အေးစက်စက်နဲ့ ဖြစ်မနေ အရင်အတိုင်း နွေးထွေးဆဲပဲလား အချစ်နဲ့ အမုန်းနဲ့ အပြောင်းအလဲတရားကို ပြုံးပြုံးလေးခံစား အတေးအမှတ်မရှိတဲ့ ကိုယ့်ရဲ့အချစ်များ)

#ငယ်ငယ်တုန်းကထက်ပိုချစ်မယ်
(ပြောင်းလဲမသွားတော့မယ့်အချစ်နဲ့ ဟောင်းနွမ်းမသွားတော့မယ့်အချစ်နဲ့ မအိုမင်းတော့မယ့် အချစ်နဲ့ ငယ်ငယ်တုန်းကထက် ပိုချစ်မယ်)

#အဖေ့ပုခက်လွှဲ
(မိတ္ထီလာရောက်ရင် ဖားကောက်ခဲ့ပါ့ကွယ် ဗျိုင်းရှေ့ကပျံကာပျံကာရယ် မိုးစုပ်စုပ်ချုပ်ပေါ့ သမီးငယ်ရယ် တကယ် အိပ်ပါတော့ကွယ် ကြောင်ကြီးကိုက်လိမ့်မယ် အိပ်ရာကနိုးရင် ကျောင်းသွားရဦးမယ် မျက်စိမှိတ်ထားကွယ် နတ်လုပ်တဲ့အိပ်မက် မက်စေကွယ်)

#ဝတ်မှုန်
(ရင်ထဲရှိရှိသမျှ ပြောပြရရင် တကယ်လှတယ် မြင်သူတကာ ငေး ငေးလောက်အောင် လှရက်လို့ ချူလိုသူတွေလက်ထဲမှာ အလှမပျက်အောင် ဆုတောင်းတယ် ပန်းကလေးရယ် သင်းပျံ့ကာ အမြဲမွှေးစေ့ချင်တယ်)

#ကံကောင်းလို့
(စောစောစီးစီးသိလိုက်ရတာ ကံကောင်းလို့ တည့်တည့်တိုးမှရိပ်မိရတာ ကိုယ်ညံ့လို့ စိတ်ချလက်ချချစ်လိုက်မိရင် ပိုဆိုးမလို့ ဘဝနဲ့ မလဲလိုက်ရတာကံကောင်းလို့)

#အနံကြီးကွင်းကျယ်
(ဒီလမ်းထဲကိုနောက်တစ်ခါ ဘယ်တော့မှမလာတော့ဘူး ဒီအိမ်ရှေ့ကိုနောက်တစ်ခါ ဘယ်တော့မှမဖြတ်တော့ဘူး အနံကြီးပြီး ကွင်းကျယ်တဲ့ လူတွေနဲ့ မဆက်ဆံချင်တော့ဘူး)

#မျက်လုံးရိုင်း
(ဒီမျက်လုံးရိုင်းလေးတွေကြောင့် ခွဲခြားဆုံးဖြတ်နိုင်တဲ့ အသိတရားလည်း မှားယွင်းမှုတွေ ကြုံရပေါင်း များပြီ)

#သတိရရမရရ
(လေညှင်းကလေးက တိုးတိုးလေး ပြောသွားတယ် မင်းချစ်သူ မင်းကိုမေ့ပြီတဲ့ သူသတိရရ မရရပေါ့ ကျွန်တော်ကတော့ မေ့လို့မရပါဘူး)

#ယု
(ရှောင်ဖယ်ကာ စိမ်းကားရက်ပေမယ့် တိုင်တည်ကာချစ်ခဲ့လေသမျှ ပြန်မြင်ယောင် အောက်မေ့ ဆဲပါ ယုရေ)



Credit #HlaMyatMo
Soe Thiha



No comments:

Post a Comment