Sunday, December 25, 2016

ထူးအိမ်သင် (ကိုငှက်) ရဲ့  အငွေ့ အသက်တွေ ခံစားနိုင်တဲ့ အလင်းဆိုင်



ဂီတ အနုပညာ ရပ်ဝန်းမှာ မှတ်တိုင် တစ်ခု စိုက်ထူနိုင်ခဲ့တဲ့ အဆိုတော် ထူးအိမ်သင် ရဲ့ တေးသံ က အခန်းငယ် ထဲမှ ပျံ့လွှင့်နေပါတယ်။ ပန်းရောင် နံရံတွေပေါ်မှာတော့ ထူးအိမ်သင် ရဲ့ ရုပ်ပုံ ပန်းချီကားချပ် တွေ၊ မြန်မာမှု့ အငွေ့အသက် ရရှိ စေတဲ့ ဆေး ရေးပန်းချီတွေ ချိတ်ဆွဲထားပါတယ်။ 

ပန်းချီကားတွေ ကြားမှာတော့ ကဗျာဆရာတွေ ကိုယ်တိုင် လက်မှတ်ရေးထိုးပေးထားတဲ့ လက်မှတ်နဲ့ အတူ မှန်ဘောင် ချိတ်သွင်းထားတဲ့ ကဗျာ စာရွက်ဖြူတွေကိုလည်း မြင်တွေ့ခံစားနိုင်ပါသေး တယ်။ မတူကွဲပြားတဲ့ ပန်းချီကားတွေ၊ ကဗျာတွေ၊ လက်မှု ပစ္စည်းတွေစတဲ့ အနုပညာ ပစ္စည်းတွေကြားမှာ ထိုင်ပြီး ချို ပေါ့ကျ ကော်ဖီ တစ်ခွက်ကို သောက်ရင်း ဆောင်းဘောက်ခ် ငယ်မှ ငြိမ့်ညောင်းစွာထွက်ပေါ် နေတဲ့ ထူးအိမ်သင် ရဲ့ တေးသွားလေးတွေကို နားထောင်ရတာ လည်း သည်နေရာရဲ့ ထူးခြားမှု တစ်ခု ဖြစ်ပါတယ်။ 

“အိုး တိတ်ဆိတ် ည… အလင်းဆိုင်လေး တစ်ခုရဲ့ ည… တေးတစ်ပုဒ် ကို ညည်းဆို ရင်း ဟိုး အတိတ်ကို သိပ် သတိရ… ”

သည်နေရာ ကတော့ ထူးအိမ်သင် ကို ရူးရူး သွပ်သွပ်နှစ်သက်တဲ့ မိသားစုက ဖွင့်လှစ်ထားတဲ့ ရန်ကုန်မြို့ လယ်ကနေ တစ်နာရီကြာလောက် ကားစီးရင် ရောက်ရှိနိုင်တဲ့ မြောက်ဒဂုံမြို့နယ် က အလင်းဆိုင် Gallery Cafe ဖြစ်ပါတယ်။
အမြင်ဆန်း အေးချမ်း
“မြန်မာမှုလေးတွေပေါ့၊ တစ်ခြားဆိုင်တွေ ဆိုရင် နိုင်ငံခြား ရဲ့ အငွေ့အသက်တွေ အများကြီး ပါတယ်လေ၊ ကြည်နူးမှု လဲရတယ်၊ တော်တော် အမြင်ဆန်းတယ်ပေါ့ နော်၊ အမြင်လေးတစ်ခု ဆန်းတယ်၊ နောက်ပြီးတော့ ကိုယ့်ရဲ့ရပ်ရွာမှာ ပေါ့၊ ဒီ ဒဂုံမြောက်ပိုင်းလိုနေရာမျိုးမှာ ဒီလို ဆိုင်လေးကို တွေ့ရတော့လဲ တော်တော်ဝမ်းသာတယ်၊ များ သောအားဖြင့် မရှိဘူးလေ၊ မရှိတဲ့ အတွက် ကိုယ့် ဒီနေရာ လေးမှာ မြို့ထဲကို သွားစရာမလိုဘဲ၊ အချိန်လဲ အများကြီးပေးစရာမလိုဘဲ ရောက်တာနဲ့ တစ်ပြိုင်နက် တည်း မိသားစုကိုလဲ သူတို့ကိုလဲ ထူးထူး ဆန်းဆန်းလေးတွေ ပြလို့ရတာပေါ့” လို့ အလင်းဆိုင် ရဲ့ စားသုံးသူ တစ်ဦးဖြစ်တဲ့ ဒေါ်သန်းသန်း ညွန့် က ကော်ဖီသောက်ရင်း ပြောပါတယ်။
မြောက်ဒဂုံမှာ နေထိုင်ပြီး ထူးအိမ်သင်သီချင်းကို တစ်မိသားစုလုံး က ကြိုက်ကြတယ် ဆိုတဲ့ ဒေါ်သန်းသန်းညွန့် က အလင်းဆိုင် ကို သွားရင်း လာရင်း မြင်တွေ့တာကြာ ပြီ ဖြစ်ပါတယ်။ ပန်းချီတွေ၊ အနုပညာတွေ ဝါသနာပါတဲ့ ဒေါ်သန်း သန်းညွန့် အနေနဲ့ ပထမဆုံး အကြိမ် ရောက်ရှိ လာတာဖြစ်ပါတယ်။ ဆိုင် အပြင်အဆင် တစ်ခုတည်းနဲ့တင် နောက်တစ်ကြိမ် လာဖို့ ဒေါ် သန်းသန်းညွန့် စိတ်ကူးနေပြီ ဖြစ်ပါတယ်။
ဒေါ်သန်းသန်းညွန့် က “ ဒီ အပြင်အဆင်လေးကိုလဲ တော်တော် သဘောကျပါတယ်၊ ပထမတော့ ခဏလေး ထိုင်ပြီး ပြန်မယ်ပေါ့နော်၊ ဒါပေမဲ့ ဆိုင်ထဲ ဝင်ပြီးတဲ့ အချိန်မှာ မပြန်ချင်တော့ဘူး၊ အေးအေးဆေး ဆေးနေ ချင်တယ်ပေါ့နော်၊ အေး အေးဆေးဆေးလေးနေပြီးတော့ မိသားစုတွေလဲ ခေါ်လာချင်စိတ် ပေါက်တယ်၊ အဲဒါ အေးအေးဆေး ဆေးနေပြီးတော့ လျှောက်ကြည့်နေတာ”လို့ ပြောပါတယ်။
အလင်းဆိုင် ရဲ့ အစ
“စီးပွားရေး အကျိုးအမြတ် အ နေနဲ့ ဆိုရင်တော့ တစ်ခြား လုပ်ငန်းတွေလဲ လုပ်တတ်ပါတယ်၊ ဒါက ဝါ သနာပါတာရယ်၊ သမီး စုထားတာတွေ ပြချင်တာရယ်၊ အခင်း အကျင်း အလှအပလေးတွေက မာမီ သိမ်းရ တာ ခေါင်းမူး ပါတယ်၊ သမီး က ခရီးသွားတိုင်းကြုံရတဲ့နေရာတိုင်းက ဝယ်လာတဲ့ Hand Made အဲဒါလေးတွေ ချပြချင်တာ၊ ဆိုင် နာမည်တွေရွေးတုန်းကလဲ အမေ့ အိမ် ထမင်းဆိုင်လေး ဖွင့်မလို့ပေါ့၊ Gallery နဲ့ တွဲလိုက်တော့ မလိုက်ဘူး ဝိုင်းစဉ်းစားကြတော့ နောက်ဆုံး အလင်းဆိုင် လို့ ထူးအိမ်သင် သီချင်းခေါင်းစဉ်လေး ယူပြီးတော့ ဖွင့်လိုက်တာ” လို့ အလင်းဆိုင် ကို တည်ထောင်သူ တစ် ဦးဖြစ်တဲ့ ဒေါ်တင့်တင့်လှိုင် က ပြောပါ တယ်။

ဖြစ်ရပ်မှန် လူသိနည်းသော ဂျက်ကီချန်း (JACKIE CHAN) ရဲ့ ရာဇဝင်



ဂျက်ကီချန်း (Jackie Chan) လို့ နာမည်ကြားလိုက်တာနဲ့ ကလေး၊ လူငယ်၊ လူကြီး အကုန် သိပြီးဖြစ်မှာပါ။ သိုင်း ပညာမှာ ထူးချွန် သလို စတန့်ပြကွက်များကို ဟာသနှောပြီး ရိုက်ကူးတတ်လို့ ကမ္ဘာ့ အအောင်မြင်ဆုံး အက်ရှင် မင်းသားတွေထဲမှာ ထိပ်ဆုံးမှာ ရှိနေတဲ့သူ တစ်ယောက်ပါ။ 

မိခင်နိုင်ငံဖြစ်တဲ့ ဟောင်ကောင်၊ တရုတ်ပြည်မကြီးမှာသာ မက ဟောလီးဝုဒ် မှာပါ အောင်မြင်ကျော်ကြားတဲ့သူ တစ်ယောက်ဖြစ်ပါတယ် ။ ဖြစ်ရပ်မှန် လူသိနည်း ဂျက်ကီချန်း (Jackie Chan) ရဲ့ အကြောင်းများ ကို ဖော်ပြ လိုက်ပါတယ်။ အချက်အလက်များကို သင်သိရဲ့လား? မှ ကူးယူဖော်ပြပါတယ်။


ဂျက်ကီချန်း ၏ မိခင် သည် ဘိန်း ကုန်သည်၊ လောင်းကစားဒိုင် စသည့် အလုပ်များ လုပ်ကိုင်ခဲ့ ဖူးပြီး တရုတ်မြေအောက် ဒုစရိုက်လောက ၏ နာမည်ကြီး ဂိုဏ်းစတား တစ်ယောက်ဖြစ်ခဲ့သည်။ ဂျက်ကီ ချန်း ၏ ဖခင် သည် တရုတ်အမျိုးသား အစိုးရ၏ သူလျှို တစ်ယောက်ဖြစ်ပြီး နောက်ပိုင်းတွင် မြေအောက် ဒုစရိုက်လောက၌ ဂိုဏ်းခေါင်းဆောင် တစ်ယောက်ဖြစ်ခဲ့သည်။ ဂျက်ကီ့ အမေ ဘိန်းမှောင်ခို ကူးခြင်း ကို ၄င်း ၏ အဖေ က ဖမ်းဆီးခဲ့သည့် အချိန်တွင် သူတို့ ၂ ဦး စတင်တွေ့ရှိခဲ့ခြင်း ဖြစ်သည် ။

ဂျက်ကီချန်း ၏ မိဘ များသည် တရုတ်ပြည်မကြီး မှ ဟောင်ကောင် သို့ ပြောင်းရွှေ့နေထိုင်ချိန် တွင် အလွန် ဆင်းရဲခဲ့သည်။ ထို့ကြောင့် ဟောင်ကောင် ၌ ဂျက်ကီချန်း အား မွေးသည့် အချိန်တွင် ဆေးရုံ စရိတ်ပေးရန် မတတ်နိုင်ခဲ့သောကြာင့် မွေးကင်းစ ဂျက်ကီ အား ချမ်းသာသော ဗြိတိသျှ ဆရာဝန် လင်မယားထံသို့ ရောင်းချ ခဲ့ပြီး ဆေးရုံ စရိတ်ကို ဖြေရှင်းခဲ့သည်။


ဂျက်ကီချန်း ၏ နာမည် အရင်းမှာ Chan Kong-Sang ဖြစ်သည်။ လူငယ် စတန့် သရုပ်ဆောင် အဖြစ် ရုပ်ရှင်ကား အချို့တွင် ဝင်ရောက် သရုပ်ဆောင် ခဲ့သော်လည်း အောင်မြင်မှု မရရှိခဲ့သည့် ဂျက်ကီချန်းသည် ၁၉၇၀ ပြည့်လွန် အစောပိုင်း ကာလများတွင် မိဘများ ရှိရာ သြစတြေးလျနိုင်ငံ၊ ကင်ဘာရာမြို့ သို့ သွားရောက် ခဲ့ပြီး ဆောက်လုပ်ရေး အလုပ်သမား အဖြစ် ဝင်ရောက် လုပ်ကိုင်ခဲ့သည်။

 ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် အလုပ်သမားခေါင်း Jack ၏ လက်အောက်တွင် လုပ်ခဲ့ပြီး Little Jack ဟု နာမည် ရလာခဲ့သည် ။ အတိုကောက် အနေဖြင့် Jackie ဟုခေါ်ဆိုကြပြီး နောက်ပိုင်း တွင် ရုပ်ရှင် ရိုက်ရာ၌ Jackie Chan ဟူသော အမည်ကို သုံးစွဲခဲ့သည်။



Friday, December 16, 2016

Stitches - Solo Fingerstyle Guitar Version






TOP 5 FINGERSTYLE ACOUSTIC GUITAR COVERS on YOUTUBE






Sultans of Swing, Miguel Montalban, 24th January 2016 - 9 minutes 30 seconds






စုံတောမြိုင် { ကိုကျော်ကြီး } Cover


မြန်မာပြည် သိန်းတန် ရဲ့ ကျော်ကြား ခဲ့သော သီချင်း တွေထဲက တစ်ပုဒ် ကို အမှတ် တရ ပြန်လည် တီး ခတ် ခြင်းပါ....





BRILLIANT Street Performance - Phat Bollard [Bristol]






Street performance - Wish You Were Here (Dublin, Ireland)






Amazing street guitar performance by Imad Fares " Gipsy Kings cover"






Wednesday, December 14, 2016

Basic Flamenco Right Hand Techniques "Rasgueos" Ruben Diaz CFG studio Malaga / www.cfgstudio.com






Rumba Flamenca: Basic Right Hand Moves






Basic Flamenco Techniques






Popular Song`s 1960 2015 Guitar Cover Acoustic Fingerstyle






Amazing Acoustic Guitar Musician






Best Street Guitar Player Ever! (The Song of the Golden Dragon 🎇 Estas Tonne )




အချစ်ရူး ... Ko Kyaw Gyi { Cover }



K K T ရဲ့ Version ပြောင်ြး့ပီး ပြန်ဆိုထားတဲ့ " အချစ်ရူး " သီချင်းလေးပါ ။ အရင်က " ပန်လှည့်တော့ ချစ်ဦးငယ် " ဆိုတဲ့ Title လေးနဲ့ ကို စိုးပိုင် သီဆိုခဲ့ဘူးတယ် ထင်ပါတယ် ။ သီချင်းကောင်းလေးဖြစ်လို့ ပြန်လည် ခံစားကြည့် ခြင်းပါ ။






Thursday, December 1, 2016

မထက် နဲ့ အိမ်ထောင်သက် ရှစ်နှစ်ပြည်ပြီ ဖြစ်တဲ့ စိုင်းလွှမ်း က ကောလာဟလတွေ ခေါင်းထဲမှာ မရှိကြောင်း ဖွင့်ဟ




မကြာသေးခင်ကမှ လူမှုကွန်ယက် ဖေ့စ်ဘွတ် စာမျက်နှာပေါ်မှာ စိုင်းလွှမ်း ရဲ့အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး ဝေဖန်မှု တစ်ချို့ ထွက်ပေါ်ခဲ့ပါတယ်။ အဆိုပါဝေဖန်မှုတွေနဲ့ပတ်သက်ပြီး စိုင်းလွှမ်း နဲ့ထက်ထက်မိုးဦးတို့ ကလဲ တစ်ချို့ မီဒီယာများ အပေါ်ဖြေရှင်းပြောပြထားပေမဲ့ သို့လော သို့လောဖြစ်နေတဲ့ ပရိသတ်တွေ အ တွက် စိုင်းလွှမ်း က သူတို့ အိမ်ထောင်သက် ရှစ်နှစ်ပြည့်ပြီ ဆိုတဲ့အကြောင်း၊ လူမှု ကွန်ယက်အပေါ် ပုံမ တင်ရခြင်း အကြောင်း၊ အပြင်ထွက်ရင် မိသားစုလိုက် ထွက်ခဲ တဲ့ အကြောင်းများ အပြင် ဝေဖန်သူတွေ  အပေါ် သူထား ရှိတဲ့ သဘောထားများနဲ့လက်ရှိ အနုပညာ လှုပ်ရှားမှုများကို သွားရောက်မေးမြန်းဖြစ်တဲ့အခါ......................

-အခုလက်ရှိ အနုပညာ လှုပ်ရှားမှုလေး ကိုလဲ သိချင်ပါတယ် ။

အခုလက်ရှိက ကိုညိုမင်းလွ င်နဲ့ ဒိုင်နိုဆော ကား ရိုက်နေတယ်။ အဲ့ဒီ ကားက လောလော ဆယ်တော့ တစ်ဝက် ရိုက်ပြီးသွားပြီပေါ့။ နောက်ပြီး ကျွန်တော့် တစ်ကိုယ်တော် အခွေအတွက်သီချင်းတွေ သွင်းဖြစ်နေတယ်။
-ဒိုင်နိုဆော ကားထဲမှာရော ဘယ်လို ကာရိုက်တာမျိုးလေးများလဲ။
ကျွန်တော် က ဒိုင်နိုဆောတွေကို သုတေသန လုပ်နေတဲ့ လူတစ်ယောက်ပေါ့။ အဲ့ဒီထဲမှာ ကျွန်တော့် သမီးလေးလဲ ပါတယ်။ သူကတော့ ကျွန်တော့ သမီးပါပဲ။ အဲ့ဒီကားက ရိုက်နေရင်း တန်းလန်းပဲ။ မပြီးသေးတာက အဲ့ဒီကားက တစ်ခန်းတစ်ခန်း ရိုက်တော့မယ် ဆိုရင် ပြင်ဆင် ရတာတွေ အရမ်းများတယ်။ အဲ့ဒါကြောင့် ရိုက်လိုက်ပြင်ဆင်လိုက်ပေါ့။
-သီချင်း သွင်းနေတာကရော ဘယ်လောက်ပြီးသွားပြီလဲ။
လောလောဆယ် ကျွန်တော့် Single အတွက် သီချင်း သွင်းနေတာပါ။ ဒိုင်နိုဆော ကားအတွက် ပြင်ဆင်နေတဲ့ အချိန်ကြားထဲ ကိုယ်အားနေတဲ့ အချိန်လေးကို သီချင်း သွင်းဖြစ်နေတာပါ။
-ဗီဒီယို အနေနဲ့ရော လက်ခံထားတာတွေ ရှိဦးမလား။
ဗီဒီယိုတော့ မရှိဘူး။ ကားကြီးတွေပဲ ဆက်တိုက် ရိုက်ဖြစ်နေတယ်။ အခုလောလောဆယ် ၁၀ ကား ရှိပြီပေါ့။ မြောက်ဥက္ကလာ က ကန်သာယာ ရုံမှာ ၂၈ ရက်နေ့ကျရင် မယုံရင်တော့ ပုံပြင်ပေါ့ ဆိုတဲ့ ကားကြီး စတင် မယ်။ အဲ့ဒီမှာ တင်ပြီးမှ တစ်ခြားရုံတွေမှာ ဆက်တင်ပါမယ်။
-၂၃ ရက်နေ့က အစ်ကို့မွေးနေ့လို့သိရတယ်။ ထူးထူးခြားခြားဘာတွေလုပ်ဖြစ်သေးလဲ။
ဟုတ်ကဲ့ ။ ထူးထူးခြားခြား ပွဲတွေတော့ မလုပ်ဖြစ်ဘူး။ အသက် ကတော့ ၂၈နှစ် ပြည့်တာပါ။ သမီးနဲ့တော့ ဘုန်းကြီးကျောင်းမှာ သွားလှူဖြစ်တယ်။ ညဖက် ကိတ်ခွဲတယ်။ အခမ်းအနား နဲ့မွေးနေ့ မလုပ်ဖြစ်တာ ကတော့ ကျွန်တော်တို့ မအားလို့ပါ။ အဲ့ဒီနေ့က မထက် ကလဲ ရှိုးလျှောက် ရလို့ပါ။
-အသက် တစ်နှစ်ကြီးသွားတဲ့ အပေါ် စိတ်ခံစားချက် ကိုလဲသိချင်ပါတယ်။
ကျွန်တော် အိမ်ထောင်စကျတဲ့ အချိန်မှာ အသက် ငယ်သေးတယ် လို့ပြောရမယ်။ အိမ်ထောင် ကျပြီး က တည်း က ကျွန်တော်ပြောင်းလဲ ခဲ့တယ်။ အဲ့ဒီကတည်းက ရင့်ကျက် လာခဲ့တယ်လို့ပြောရမယ်။ ကျွန်တော် ၂၀ ၀န်းကျင်လောက်မှာ အိမ်ထောင် စကျတာ ဆိုတော့ အခုက ၂၈ ဆိုတော့ အိမ်ထောင်သက် ကတော့ ရှစ်နှစ် ရှိပြီ။ 

နှစ်ကြိမ် တိုင်တိုင် အဓမ္မကျင့် ခံခဲ့ရဖူးတဲ့ West World မင်းသမီး



ရုပ်ပိုင်း ဆိုင်ရာ၊ စိတ်ပိုင်း ဆိုင်ရာ သာမက လိင်ပိုင်းဆိုင်ရာ ပါ အနိုင်ကျင့်စော်ကား ခံခဲ့ရကြောင်း ပြောခဲ့ပါတယ်။

HBO ရုပ်သံလိုင်းက ထုတ်လွှင့်ပြသနေတဲ့ West World ဇာတ်လမ်းတွဲ ရဲ့ ခေါင်းဆောင် မင်းသမီးဟာ တစ်ချိန်တုန်းက နှစ်ကြိမ် တိုင်တိုင် လိင်ပိုင်း ဆိုင်ရာ အမြတ်ထုတ်စော်ကားခံခဲ့ရကြောင်း အင်တာဗျူး တစ်ခုမှာ ဖြေကြား သွားခဲ့ပါတယ်။

" ကျွန်မ အဓမ္မကျင့် ခံခဲ့ရဖူးပါတယ်။ ကျွန်မ ရဲ့ ချစ်သူ နဲ့ အတူ ရှိနေတုန်းက အဓမ္မကျင့် ခံခဲ့ရဖူးတယ်။ ပြီးတော့ ဘားဆိုင်ပိုင်ရှင် တစ်ယောက် ကလည်း အဓမ္မကျင့်ခဲ့တယ်" လို့ Rolling Stone ကို အီးမေးလ်ပေးပို့ကာ ပြောကြားခဲ့တာပါ။ 


သူမ အနေနဲ့ ဆက်ပြီး တိတ်ဆိတ် မနေသင့်ဘူး လို့ ယုံကြည်တာကြောင့် မီဒီယာက တစ်ဆင့် အသိပေး လိုက် တာလည်း ဖြစ်ပါတယ်။





အင်္ကျီ မဝတ်ဘဲ မြွှေပတ်ပြီး ဓာတ်ပုံတွေ ရိုက်ခဲ့တဲ့ ရီဟားနား




မြွှေဆိုတာ သူများတွေအတွက် ကြောက်လန့်စရာသတ္တဝါဖြစ်ချင်ဖြစ်ပေမဲ့ ရီဟားနားအတွက်တော့ ဟုတ်ပုံမရပါဘူး။

အဆိုတော် ရီဟားနား ဟာ British GQ မဂ္ဂဇင်း အတွက် မြွေတွေ နဲ့ ဓာတ်ပုံတွေ ရိုက်ကူးခဲ့ပါတယ်။

အသက် ၂၅ နှစ် အရွယ် အဆိုတော်မလေး ဟာ British GQ ရဲ့ ၂၅ နှစ်ပြည့် အထူးထုတ် အတွက် ရိုက်ကူးပေးခဲ့တာဖြစ်ပါတယ်။





ကမ္ဘာကျော် တင်ပါးကို ပါတီပွဲမှာ စည်းချက်ကျကျ လှုပ်ခါ ကပြတဲ့ ဂျနီဖာလိုပက်စ်



အဆိုတော် ဂျနီဖာလိုပက်ဇ်ဟာ ဖျော်ဖြေပွဲတွေနေဲ့ တေးသီချင်းဗီဒီယိုတွေထဲမှာသာ သူ့ရဲ့နာမည်ကျော်တင်ပါးတွေကို လှုပ်ခါပြီး ဖျော်ဖြေတတ်သူမဟုတ်ဘဲ သာမန်ပါတီပွဲတွေမှလည်း ဒီလိုလုပ်တတ်သူ ဖြစ်နေပါတယ်

အသက် ၄၇ နှစ် ရှိပြီဖြစ်တဲ့ ဂျနီလိုပက်ဇ် က မိုင်ယာမီ မှာ ကျင်းပ ခဲ့တဲ့ ပါတီပွဲ  တစ်ခုမှာ လက်တင် ဂီတနောက် ခံ သီချင်းနဲ့ အတူ သူမ ကပြနေပုံကို သူငယ်ချင်း မိတ်ဆွေ တစ်ဦးက ဗီဒီယို ရိုက်ကူးခဲ့ပေမဲ့ သူမ ကတော့ သိခဲ့ပုံ မရပါဘူး။ သီချင်းသံ နဲ့ လိုက်ဖက် ညီစွာ ဖျော်ဖြေပွဲတွေမှာ လိုပဲ လွတ်လွတ် လပ်လပ် ခုန်ပေါက်နေ ခဲ့တာဖြစ်ပါတယ်။