Sunday, December 27, 2015

ထူးအိမ်သင် ကိုယ်ရေးအကျဉ်း

Kyaw Zin Phyo's photo.

ထူးအိမ်သင် အကြောင်းမေးလာတဲ့အတွက်..... 
ဖခင် ဦးထွန်းမြင့် နှင့် မိခင် ဒေါ်မြရင် တို့မှ ဇူလိုင်လ (၁) ရက်၊ ၁၉၆၃ ခုနှစ်တွင် ပုသိမ်မြို့၌ မွေးဖွားခဲ့သည်။ အဖေ ဗမာ၊ အမေ မွန် ဖြစ်သည်။ အမည်ရင်း ကျော်မြင့်လွင် ဖြစ်ပြီး သျှပ်၊ ဘဲဥ၊ ငှက်ကြီး ဟု ချစ်စနိုးခေါ် ကြ သည်။

မူလတန်း ပညာ ကို အမှတ် (၂၀) အ-မ-က တွင် ပညာသင်ကြား ခဲ့ပြီး ပုသိမ် အ-ထ-က (၃) မှ အထက်တန်း အောင်မြင်ခဲ့သည်။ ၁၉၇၉-၈၀ တွင် ဧရာဝတီတိုင်း ပုသိမ် ဒေသကောလိပ် သို့ တက်ရောက် ခဲ့ပြီး ရုက္ခဗေဒ ဖြင့် ဘွဲ့ရရှိ ခဲ့ပြီး မော်လမြိုင်မြို့ တွင် ဂီတ ဆရာ ဦးအောင်စိုး (KC Francis) ထံမှ ဂီတ သင်္ကေတနှင့် ဂီတ ပညာ သင်ယူခဲ့သည်။

 ၁၉၈၆ ခုနှစ်တွင် ပထမဆုံး တေးစီးရီး နာရီပေါ်မှ မျက်ရည်စက်များ စတင် သွင်းယူ ခဲ့ပြီး နာရီပေါ်မှ မျက် ရည် စက်များ၊ မှော်ဆရာအိပ်မက်၊ သက်ငြိမ်၊ အတ္တပုံဆောင်ခဲများ၊ အကြင်နာ အိပ်မက်၊ အရင်အတိုင်း၊ စကားလုံးမရှိတဲ့ ကောင်းကင်၊ ထူးအိမ်သင် (Unplugged Live) ၊ မြို့ပြလရောင် တမ်းခြင်း၊ အမေ (သို့မဟုတ်) မေတ္တာတော်ဘွဲ့၊ အစိမ်းရောင် ရက်စွဲများ၊ တစ်နေ့စာ အလွဲများ၊ ချစ်ခြင်းအားဖြင့် တို့ဖြစ်သည်။
 

နောက်ဆုံး သီချင်းခွေအတွက် Oasis တေးသံသွင်း တွင် အသံသွင်းမှု များ ပြုလုပ်ခဲ့ကာ ၁၄-၈-၂၀၀၄ နံနက် ၁၁း၄၀ နာရီ တွင် ကွယ်လွန်ပြီး ဇနီး သွယ်သွယ်ထွေးနှင့် သမီး မိကွန်ထော တို့ ကျန်ရစ်သည်။
 

ဖေဖော်ဝါရီလ ထဲမှာ အခွေနှစ်ခွေ ဆက်တိုက် ထွက်ဖို့ရှိတဲ့အကြောင်း ဖွင့်ဟ လိုက်တဲ့ ဖြိုးပြည့်စုံ

                        

Melody World ၂၀၁၀ မှာ ပထမဆုရရှိခဲ့ပြီး ဂီတလောကထဲ ကို စတင် ၀င်ရောက်လာ ခဲ့တဲ့ ဖြိုးပြည့်စုံ က ၂၀၁၃ ခုနှစ်မှာ ပထမဆုံး တစ်ကိုယ်တော်တေးအယ်လ်ဘမ် ကို စတင်ကြိုးစားခဲ့ပြီး ၂၀၁၅ မှာမျှော်နိုင်သမျှ ဆိုတဲ့ နာမည် နဲ့ ထွက်ရှိကာ ၂၀၁၅ ခုနှစ် မှာပဲ ရွှေ FM ရဲ့ တစ်နှစ်တာလုံးတေးသီချင်းတောင်းဆို ခံရဆုံး ဆု ကိုလဲ ရရှိပိုင်ဆိုင်ခဲ့တာမို့ ဖြိုးပြည့်စုံ နဲ့တွေ့ဆုံခိုက် သူ့ရဲ့ ဂီတရေးရာများကို မေးမြန်းဖြစ်တဲ့အခါ.....

-အခုလက်ရှိ ဂီတ လှုပ်ရှားမှု အနေ နဲ့ ဘာတွေ လုပ်ဖြစ်နေလဲ။
ကိုယ်က အခု မျှော်နိုင်သမျှတော့ ထွက်ထားတယ်။ ငါးလလောက် ရှိပြီ။  အဲ့ဒီမျှော်နိုင်သမျှ ကိုပဲ Audio ကနေ အမ်တီဗီ ထွက်ဖို့ကြိုးစားနေတယ်။ ၂၀၁၆ တစ်လပိုင်း မှာ အမ်တီဗီ စရိုက်ဖြစ်မယ်။

ဒီကြားထဲ မှာ အယ်လ်ဘမ်လေးနှစ်ခု ထွက်ဖို့ရှိတယ်။ တစ်ခု က ကိုယ် နဲ့ Melody World က ညီမလေး ၀တ်ရည်ထက် နဲ့အတွဲလေးထွက်ဖို့ရှိတယ်။ ဖေဖော်ဝါရီ အမှီပေါ့။ ဒါပေမဲ့ ချစ်သူများနေ့အတွက် သီးသန့်တော့ မဟုတ်ဘူး။ Mini အတွဲခွေလေးပေါ့။ ခြောက်ပုဒ်လောက် ပဲပါမယ်။

နောက်တစ်ခု က ဆရာ မင်းချစ်သူ စီစဉ်ပြီးတော့ ကျော်သီဟ၊ နီနီခင်ဇော်၊ ရွှေရည်ဖြိုးမောင်၊ အားမာန် ၊ ၀တ်ရည်ထက်၊ အစ်ကို ခြောက်ယောက် ပါတဲ့ Group album လေး တစ်ခု ထွက်ဖို့ရှိတယ်။ အဲ့ဒီ အခွေလေး ကိုလဲ ဖေဖော်ဝါရီလောက် ထွက်နိုင်အောင်ကြိုးစားနေပါတယ်။

-မျှော်နိုင်သမျှ က ဆုလဲ ရခဲ့တော့ ဒီအပေါ် မှာ အားရကျေနပ်မှု က ဘယ်လိုရှိလဲ။
အဓိက ကတော့ FM တွေ က လွှင့်ပေးတယ်ပေါ့။ ဒီဖက်ခေတ် မှာ ပရိသတ် နဲ့ဆက်ဆံရေး က အစ်ကိုတို့အတွက်အွန်လိုင်းဖေ့စ်ဘုတ်ရှိမယ်။ Page ရှိမယ်။ အဲ့ဒီ ကနေ Feedback ကို အဓိကကြားရတယ်။

အသက်အရွယ်က ဘ၀ အတွက် အရမ်းကြီး လွှမ်းမိုးမှု မပြဌာန်း ပါဘူး လို့ဆိုလိုက်တဲ့ စိုင်းစိုင်းခမ်းလှိုင်



Together Fastival ပွဲကို သူငယ်ချင်းတွေနဲ့အတူ ပရိသတ် အနေ နဲ့ သွားရောက် အားပေးမယ်လို့ပြောပြ လာတဲ့ စိုင်းစိုင်းခမ်းလှိုင် က ၂၅ ရက်နေ့မှာလဲ မေမြို့ ပန်းပွဲတော်ပွဲမှာ ဖျော်ဖြေဖို့ရှိသလို ၃၁ ရက်နေ့မှာလဲ New Year show ကို ပရိသတ်တွေ နဲ့အတူ ပျော်ပျော်ပါးပါး ဆင်နွဲဖို့ရှိနေပါတယ်။

 လက်ရှိမှာလဲ နေကာ ဆိုတဲ့ ကားလေး ကို သဉ္ဖာနွယ်ဝင်း နဲ့အတူရိုက်ကူးနေတာကြောင့် သူနဲ့တွေ့ဆုံခိုက်မေးမြန်းဖြစ်သမျှကတော့........

-အခု ရိုက်နေတဲ့ ကားလေး အကြောင်း ကို အရင်ပြောပြပေးပါဦး။
အခု ရိုက်နေတဲ့ ကားလေးက နေကာ လို့ခေါ်ပါတယ်။ ဆောင်းညပြာသို ထုတ်လုပ်ရေး အတွက် ရိုက်တာ ပါ။ ဒါရိုက်တာ က ကိုဂျိုး၊ မင်းသမီးက သင်ဉ္ဖာနွယ်ဝင်း ပါ။ ကျွန်တော့ ကာရိုက်တာ က သူငယ်ချင်း ကို ငယ်ငယ်လေး ကတည်းက လိုက်စောင့်ရှောက်ပြီး တစ်ဖက်သတ် ချစ်နေတဲ့ ဇာတ်လမ်း ပုံစံမျိုး ကာရိုက် တာကလဲ အဲ့ဒီ ကာရိုက်တာပါပဲ။

-Together Fastival ကိုလဲ ပရိသတ် တစ်ယောက်အနေ နဲ့ သွား အားပေးမယ်လို့သိရတယ်။ ဘယ်သူတွေ ကို ကြိုက်တာလဲ။
ကျွန်တော် Dj တွေ သိပ်မသိပါဘူး။ ကျွန်တော့ သူငယ်ချင်းတွေ အားလုံးလဲ သွားကြမယ်။ ကျွန်တော် ကိုယ်တိုင်လဲ International Dj show တွေလဲ တစ်ခါမှ မရောက်ဖူး ပါဘူးခင်ဗျာ။ အဲ့ဒီတော့ အခု Experience ပေါ့။ သွားကြည့်မယ်။ သူငယ်ချင်းတွေလဲ အကုန်သွားမှာဖြစ်တဲ့အတွက် ပျော်ပျော် ပါးပါး သွားကြပါမယ်။

Friday, December 18, 2015

ခက်ခဲတဲ့ အနုပညာ လမ်းကြောင်း ကို အောင်မြင်အောင် လျှောက်မယ့် အာခါမျိုးကြီး သို့ ကိုလီဂါ

 



"အာခါမျိုးကြီး"ဟု တိုင်းရင်းသားများ အကြား နာမည်ကျော်နေသော သံစဉ် များနှင့်ကမ္ဘာ ( Melody World ) တွင် ၀င်ရောက် ယှဉ်ပြိုင်နေသည့် အာခါ တိုင်းရင်းသား ကိုလီဂါ  က ခက်ခဲသည့် အနုပညာ လမ်းကြောင်း တွင် အောင်မြင်အောင် လျှောက်လှမ်းသွားမည်ဟု ဆိုသည်။ 

"ကျွန်တော် အနုပညာလောက ထဲ ကို (၂၀၀၀) ခုနှစ် ကတည်းက ၀င်လာခဲ့ တာပါ။ နိုင်ငံကျော် အဆိုတော်တော့ ဖြစ်ချင် တာပေါ့။ ဒါကြောင့်လည်း ကြိုးစားနေတာပါ။ ကျွန်တော့် ရည်ရွယ်ချက်၊ ရည်မှန်း ချက်ကိုတော့ အောင်မြင်အောင် လျှောက်လှမ်းမှာပါ"ဟု ကိုလီဂါ (အာခါမျိုးကြီး) က ပြောသည်။ 

၎င်း၏ အနုပညာ လှုပ်ရှားမှုတွင် အာခါ ဘာသာဖြင့် တေးစီးရီး (၄)ခွေ ထုတ်ခဲ့ပြီး မြန်မာ သံစဉ်ဖြင့် စီးရီးထုတ် ရန်လည်း ရည်ရွယ်ထားကြောင်း သိရသည်။ 

Rock သီချင်းများ ကို သီဆိုသည့် ကိုလီဂါ သည် Melody World ၏ 2016, Level-1အား အောင်မြင်ခဲ့ပြီဖြစ် သည်။ 

Monday, December 14, 2015

ဂီတ အမျိုးအစား

 Photo


 ဂီတ အမျိုးအစား အပြားပြား
 

တေးသီချင်း နားထောင်ခြင်း ကို တော်တော် များများနှစ်သက် ပါတယ်။ သီချင်း တွေဟာ လူ တစ်ယောက်ရဲ့ ခံစားချက် ကိုဖော်ပြဖို့ အကောင်းဆုံး နည်းလမ်းဖြစ်ပြီး အဖော် မဲ့နေချိန်မှာ ကိုယ့်ရဲ့အကောင်းဆုံး အဖော် အဖြစ် ရပ်တည်ပေးပါတယ်။

 တေးဂီတ အမျိုးအစား အများအပြား ရှိတဲ့အနက် မိမိနားထောင်လေ့ ရှိတဲ့ တေးဂီတ ဟာ ဘယ်အမျိုးအစား မှာ ပါဝင်လဲ ဆိုတာကိုတော့ သိပ်ပြီး သတိမထား မိတတ်ကြပါဘူး။ 

ဒီတော့ အခုနောက်ပိုင်း ပိုမိုနားထောင်လေ့ ရှိတဲ့ အနောက်တိုင်းတေးဂီတ အမျိုးအစား တွေ အကြောင်းကို အနည်းငယ်ဖော်ပြပေးချင်ပါတယ်။

ခေါင်းစဉ်ကြီးတွေ အနေနဲ့ ခွဲခြား လိုက်ရင်တော့

(1) Blues , (2) Classical , (3) Country , (4) Electronic, (5) Jazz, (6) Latin, (7) Pop, (8) Metal, (9) Punk,   (10) Rap, (11) Ragges,(12) R&B, (13) Rock       ဆိုပြီး ဂီတ အမျိုးအစား (၁၃)  မျိုး ရှိပါတယ်။ 


ဒီထဲက မှ လူငယ်တွေ ပိုပြီးနားထောင်ဖြစ်တဲ့ Pop, Metal, Punk, Rap, R&B နဲ့ Rock တို့ကို ထပ်မံ အမျိုး အစား ခွဲကြည့်ပါမယ်။

Pop- ပေါ့ပ် တေးဂီတ အမျိုးအစားဟာ ပျော့ပျောင်းတဲ့ စတိုင် ရှိပြီး ပေါ့ပ်သမားတွေ အဆို အရ သူ့မှာ အစစ် မှန်ဆုံး အသွင်အပြင် ရှိပါတယ်တဲ့။ စစ်မှန်တဲ့ပေါ့ပ် ၊ စွမ်းအား ရှိတဲ့ပေါ့ပ် လို့ ခေါ်လေ့ခေါ်ထ ရှိပြီး ထုံးစံ အတိုင်း ဆိုရင်တော့ (၃မိနစ်ခွဲ) ထက် ပိုရှည် တဲ့ သီချင်း မရှိတာ များပါတယ်။ 


စတန်းဒတ် အီလက်ထရစ် ဂစ်တာ၊ ဘေ့စ်၊ ဒရမ်  နဲ့ သီဆိုသူ များ အဓိက ပါဝင်ပြီးတော့ နားဝင်ချို တဲ့ ကောရပ်စ် ပိုဒ် တစ်ပိုဒ် အမြဲ ပါပါတယ်။ 

ဂန္တ၀င် ပေါ့ပ် အဆိုတော်တွေ အနေနဲ့ကတော့ Beatles, Elvis Presley, Frank Sinatra, Bing Crosby, Micheal Jackson တို့ကတော့ ယနေ့တိုင် ထင်ရှားဆဲပါ။


(Titanic Theme) My Heart Will Go On - Gabriella Quevedo

(Extreme) More Than Words - Gabriella Quevedo

(The Beatles) Yesterday - Gabriella Quevedo

(Kansas) Dust In The Wind - Gabriella Quevedo

( Metallica ) Nothing Else Matters - Gabriella Quevedo

Hotel California - Gabriella Quevedo

The Best Guitarist in The World

Taylor Swift - Blank Space

တေးသီချင်း အယ်လ်ဘမ် အမည် “ Swiftmas”ကို မူပိုင် အမှတ်တံဆိပ် ရရှိရေး ကြိုးပမ်းနေတဲ့ တေလာဆွဇ်





လော့စ်အိန်ဂျလိစ်၊ ဒီဇင်ဘာ ၁၃ ။             ။ ပေါ့ကြယ်ပွင့် တေလာဆွဇ် သည် အမေရိကန်ပြည်ထောင်စုတွင် ၎င်း၏ တေးသီချင်း အယ်လ်ဘမ် အမည်များဖြစ်သော “Swiftmas”  နှင့် “1989” တို့ကို မူပိုင် အမှတ်တံဆိပ် ရရှိရေး အတွက် ကြိုးပမ်းသွားမည် ဖြစ်သည်။

အဆိုပါ ကြိုးပမ်းချက် သည် ကုန်ပစ္စည်းများ တွင် ၎င်းနှင့် ဆက်စပ်သော စကားများ ကို အသုံးပြုခြင်းမှ ဟန့် တား ရန် အသက် ၂၅ နှစ် အရွယ်ရှိ တေလာဆွဇ် ၏ နောက်ဆုံး  ကြိုးပမ်းချက် ဖြစ်သည်။ 

ယခုနှစ် အစောပိုင်း က တေလာ သည် “this sick beat” ကဲ့သို့သော ၎င်း ၏ သီချင်း စာသားများ ကို မူပိုင် အမှတ် တံဆိပ် ရရှိရေးအတွက် တောင်းခံခဲ့ဖူးသည်။

တေလာ သည် ဒီဇင်ဘာ ၃ ရက် က မူပိုင် အမှတ်တံဆိပ် မေတ္တာရပ်ခံချက် ကို  အမေရိကန် မူပိုင်ခွင့်နှင့် ကုန်အမှတ် တံဆိပ် ရုံးကို တင်သွင်းခဲ့သည်။ 

ကမ်းမယ့်လက် ( မြင့်မြတ်)

စန္ဒရားချစ်ဆွေ - မုန်းရစ်လေဦး မခင်နှင်းဆီ ( စန္ဒယား လက်သံများ )

ထူးအိမ်သင် နှင့် ကမ္ဘာကျော်များ

မှောင်နေတဲ့ မီး ( ဟေမာနေ၀င်း )

နောက်ဆုံး သဘောထား ( ဗစ်တာခင်ညို-လေးဖြူ )

အမေ ( ထူးအိမ်သင် )

စောင့်လို့တော့ နေ၇စ်ဦး { ခင်မောင်တိုး }

လမင်း နဲ့ ပင်လယ် { ၀ိုင်ဝိုင်း }

ခြသေ့င်္လည်ပြန် { စိုင်းထီးဆိုင် }

Tuesday, December 8, 2015

I Do I Do [LIVE] - SECRET

【TVPP】Secret - Love is MOVE, 시크릿 - 사랑은 무브 @ Korean Music Wave in Bangkok

I’m In Love { Kpop }

ညီမဖြစ်သူ ကို ပြက်ရယ်ပြုခဲ့ လို့ နောင်တ ရနေတဲ့ ထွန်းအိန္ဒြာဗိုလ်


Capture


 ရွေးကောက်ပွဲ တွင် NLD ပါတီ ကနေ အမတ်လောင်း အဖြစ် ဒဂုံမြို့နယ် မှ ၀င်ရောက် ယှဉ်ပြိုင် သည့် ဒေါက်တာ သက်သက်ခိုင် အား ငယ်စဉ်က သူမ ၏ အပြုအမူ များနှင့် စိတ်ဓာတ်များ ကို လှောင်ပြောင် ခဲ့သောကြောင့် ယခု အခါ နောင်တ ရမိကြောင်း အစ်မဖြစ်သူ အကယ်ဒမီ ထွန်းအိန္ဒြာဗို က ပြောသည်။

““ဒေါ်သက်သက်ခိုင် ကတော့ ကျွန်မ ရဲ့ ညီမ အရင်း ဆိုတာလည်း တစ်ပိုင်းပေါ့နော်။ ကျွန်မ တို့ မိသားစု တစ်စု တည်း ကနေ ကြီးပြင်း လာတော့ ငယ်ငယ် ကတည်းက သူ့ စိတ်ဓာတ် ကို သိခဲ့ရတယ်။ 

ငယ်ငယ် ကတည်းက တိုင်းပြည် အတွက် အလုပ် လုပ်ချင် တယ်လို့ တစ်ချိန်လုံး ပြောတယ်။ ပညာတွေ သင်ပြီးတော့မှ တစ်နေ့နေ့ တိုင်းပြည် အတွက် ကူညီဖြစ်အောင် ကူညီမယ် လို့ တစ်ချိန်လုံး ပြောနေတော့ ကလေး အချင်းချင်းပေါ့။ 

အဲဒီတုန်းက သူလည်း ငယ် ကိုယ်လည်းငယ် ဆိုတော့ ကျွန်မတို့ ကတော့ ၀ိုင်းဟားတဲ့ ဘက်ကနေ သူ့ကို တုံ့ပြန် ခဲ့ကြမိ ပါတယ်။ မဖြစ်နိုင်ဘူးပေါ့နော်။ 

အဆင့်ဆင့် ဒီလို အုပ်ချုပ်ရေး စနစ်မှာ ကြီးပြင်း ခဲ့ရသူ အနေ နဲ့ တခြား တိုင်းပြည်တွေ လို လွတ်လပ်တဲ့ အခွင့် အရေး ဆိုတာ ရမှာလည်း မဟုတ်တော့လေ။ ပြက်ရယ်ပြု တဲ့ အပြောတွေ ကို ပြောခဲ့ဖူးပါတယ်။ 

 အဲဒီ အတွက်ကြောင့် ကျွန်မ အခု နောင်တ သိပ်ရပါတယ်။ အဲဒီတော့ ကျွန်မ တို့ရဲ့ နောင် အနာဂတ် တွေ မှာလည်း ထပ်တူ ကျနိုင်မယ်၊ မကျနိုင်ဘူး ဆိုတာ ကလည်း အစိုးရ အဖွဲ့က ဘယ် အစိုးရ အဖွဲ့လည်း ဆိုတဲ့ အပေါ်မှာ မူတည်ပါတယ်။ 


Monday, December 7, 2015

Justin Bieber - What Do You Mean?

မိန်းကလေးများ သတိရှိပါ

အင်တာနက် သုံးနေသော မိန်းကလေးများ ကြည့်ရန် အတွက်

Justin Bieber - Sorry

Justin Bieber - Love Yourself

ဗြိတိန် တစ်ကိုယ်တော် တေးသီချင်း ဇယား တွင် ထိပ်ဆုံးမှ ရပ်တည်နေတဲ့ ဂျက်စတင်ဘီဘာ





ဆယ်ကျော်သက် များ အသည်းစွဲ အဆိုတော် ဂျက်စတင်ဘီဘာ သည်  Love Yourself  တေးသီချင်းဖြင့် ဗြိတိန် တစ်ကိုယ်တော် တေးသီချင်း ဇယားတွင် ထိပ်ဆုံး မှ ရပ်တည်လျက် ရှိသည်။

Love Yourself တေးသီချင်း သည် ကြည့်ရှု နားဆင်သူ ၅ ဒသမ ၉၇ သန်း ရှိခဲ့ကြောင်းနှင့် ယခင် က ဇယား တွင် ထိပ်ဆုံး မှ ရပ်တည်နေသော  ဘီဘာ ၏ Sorry တေးသီချင်း သည် နံပါတ် ၂ နေရာ သို့ ရာက်ရှိခဲ့သည်။

ယခင် က နံပါတ်တစ်နေရာ တွင် ရှိခဲ့သော အဒဲလ် ၏ Hello တေးသီချင်း သည် နံပါတ် သုံးနေရာ တွင် ရပ် တည်နေပြီး ဘီဘာ ၏ What Do You Mean တေးသီချင်း သည် နံပါတ်လေးနေရာ တွင် ရပ်တည်လျက် ရှိသည်။

တေးသီချင်း အယ်လ်ဘမ် ဇယားတွင် အဒဲလ် ၏ 25 တေးသီချင်း အယ်လ်ဘမ် သည်  နံပါတ် တစ်နေရာကို ဆက်လက် ရယူထားဆဲ ဖြစ်သည်။ 

MAMA ဆုပေးပွဲ တွင် Big Bang နှင့် EXO အဖွဲ့ တို့ ဆုလေးဆု ရရှိခဲ့





ဆိုးလ်၊ ဒီဇင်ဘာ ၃ ။       ။ တောင်ကိုရီးယား အမျိုးသား အဆိုတော် အဖွဲ့ Big Bang နှင့် EXO အဖွဲ့ တို့သည် ဒီဇင်ဘာ ၂ ရက် က ဟောင်ကောင် တွင် ကျင်းပပြုလုပ်သော Mnet Asian Music Awards( MAMA) ဆုပေးပွဲ ၌  ဆုလေးဆု ဆွတ်ခူး ရရှိခဲ့သည်။

Big Bang အဖွဲ့ သည် Bang Bang Bang တေး သီချင်းဖြင့်  တစ်နှစ်တာ အကောင်းဆုံး တေးသီချင်း ဆု ကို ရရှိ ခဲ့သည့် အပြင် တစ်နှစ်တာ အကောင်းဆုံး အနုပညာရှင် ဆု ကို ရရှိခဲ့သည်။  

EXO အဖွဲ့ သည် ၎င်း တို့၏ ဒုတိယမြောက် တေးသီချင်း အယ်လ်ဘမ် EXODUS တေး အယ်လ်ဘမ်ဖြင့် တစ်နှစ်တာ အကောင်းဆုံး တေးအယ်လ်ဘမ်ဆု ကို ရရှိခဲ့သည်။

Big Bang အဖွဲ့ သည် Bang Bang Bang တေး သီချင်းဖြင့်  အကောင်းဆုံး တေးဂီတ ဗီဒီယို ဆု ကို ရရှိခဲ့ပြီး Worldwide Favorite Artist ဆုကို ရရှိခဲ့သည်။ 

EXO အဖွဲ့သည် အကောင်းဆုံး အမျိုးသား တေးဂီတ အဖွဲ့ဆု၊ Best Asian Style နှင့် Global Fan’s Choice ဆုတို့ကို ရရှိခဲ့သည်။


အကြိမ် ၂၀ မြောက် အာရှ ရုပ်မြင်သံကြား ဆုပေးပွဲ အခမ်းအနားသို့ Secret အဖွဲ့ ကေပေါ့ ကိုယ်စားပြု တက်ရောက်



အမေရိက ၏ Emmy Awards အခမ်းအနားနှင့် အရှိန်အဝါခြင်း တူညီမှု ရှိသော အကြိမ် ၂၀ မြောက် အာရှ ရုပ်မြင် သံကြား ဆုပေးပွဲ အခမ်းအနား သို့ ကိုရီးယား အမျိုးသမီး အဆိုတော် အဖွဲ့ ဖြစ်သော Secret အဖွဲ့ တက်ရောက်ခဲ့သည်။

ဒီဇင်ဘာ ၃ ရက် က စင်ကာပူနိုင်ငံတွင် ကျင်းပပြုလုပ်သော အာရှ ရုပ်မြင်သံကြား ဆုပေးပွဲ အ ခမ်းအနား သို့ တောင်ကိုရီးယား ၏ secret အဖွဲ့ က ကေပေါ့ ကိုယ်စားပြု၍ တက်ရောက် ခဲ့သည်။ 

အဖွဲ့ ၏ နာမည်ကျော်ကြားသော သီချင်းများဖြစ်သည့် "I'm in Love" နှင့် "Love is MOVE" သီချင်းများ ကို ဖျော်ဖြေ တင်ဆက်ရန် ရုံ အတွင်းသို့ ရောက်ရှိလာချိန် တွင် ပရိသတ် ၏ တစ်ခဲနက် အားပေးမှုကို ရရှိခဲ့ သည်။

"ဒီလိုမျိုး စင်ကာပူမှာ ရှိတဲ့ ကျွန်မ တို့ အဖွဲ့ ကို ချစ်ကြတဲ့ ပရိသတ်တွေ အားလုံး က ဒီလို မျိုး နွေးနွေးထွေးထွေး ကြိုဆိုကြတဲ့ အတွက် အရမ်းပဲ ဝမ်းသာမိပါတယ်၊ 


လီမင်ဟို နဲ့ ဆူဇီ တို့ လမ်းခွဲလိုက်ပြီ





တောင်ကိုရီးယား မင်းသားချော လီမင်ဟိုနှင့် အမျိုးသမီး အဆိုတော် အဖွဲ့ miss A မှ အဖွဲ့ဝင် ဆူဇီ တို့သည် ရည်းစား သက်တမ်း ခြောက်လ ရှိပြီးနောက် လမ်းခွဲလိုက်ပြီ ဖြစ်သည်။

လီမင်ဟိုနှင့် ဆူဇီ တို့သည် မကြာသေးမီ က လမ်းခွဲ လိုက်တာ ဖြစ်ကြောင်းနှင့် ၎င်းတို့ ၏ များပြား လှသော အနုပညာ အစီအစဉ် များကြောင့် သဘောထား မတိုက်ဆိုင် ဘဲ လမ်းခွဲ ခဲ့တာ ဖြစ်ကြောင်း ၎င်းတို့နှစ်ဦးနှင့် ရင်းနှီး သူများ၊ အနုပညာ အသိုင်းအဝိုင်း မှ အတွင်းလူ များနှင့် ပြည်တွင်း မီဒီယာများ က ပြောကြား ခဲ့ခြင်း ဖြစ်သည်။


ဆယ်နှစ်ကြာ မှ အတူ လက်တွဲ ရုပ်ရှင်ပြန်ရိုက်ကြမယ့် စင်ရော်မောင်မောင် နဲ့ မေသန်းနု




 မေသန်းနုနှင့် ရုပ်ရှင် မရိုက်ဖြစ်သည် မှာ ဆယ်နှစ်ခန့် ရှိ ပြီဖြစ်သည့် ဒါရိုက်တာ စင်ရော် မောင်မောင် က သားဖြစ်သူ မင်း သန့်မောင်မောင် ၏ တောင်းဆိုမှု ဖြင့် ဒေါက်တာ ခင်မောင်ဝင်း ၏ ‘‘အမေ’’၀တ္ထု ကို မေသန်းနုနှင့် ရိုက်ကူးမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

‘‘နိုဝင်ဘာလ ထဲမှာ ရိုက်မှာပါ။ အမေနေရာ မှာ မေသန်းနု က သရုပ်ဆာင် မှာပါ။ သားနေရာ အ တွက် ကတော့ သရုပ်ဆောင်ရွေး နေတုန်းပါပဲ’’ဟု ဒါရိုက်တာ စင် ရော်မောင်မောင် က ပြောသည်။

မေသန်းနု ဘက်ကလည်း သားဖြစ်သူ ၏ ဆန္ဒကြောင့် လက်ခံ ရိုက်ကူးခဲ့ခြင်းဖြစ်သည် ဟု ၎င်းက ဆိုသည်။
‘‘သား ရဲ့ပညာရေးနဲ့ ပတ် သက်ပြီး တွေ့ဆုံဆွေးနွေးဖြစ် တယ်။ မောင်နှမ ဆက်ဆံရေးပါ ပဲ’’ဟု မေသန်းနုနှင့် ၎င်း ၏ ဆက် ဆံရေးအခြေ အနေ ကို စင်ရော် မောင်မောင် ကပြောသည်။


Friday, December 4, 2015

Eric Clapton - Layla

Eric Clapton { World of Famous Guitarist } - Tears in Heaven

Eric Clapton { World of Famous Guitarist }


  


Eric Patrick Clapton ကို 30 March 1945 ခုနှစ် သူ့ ရဲ့ အဖိုး အဖွားများနေထိုင်ရာ  1 The Green, Ripley,  Surrey, England. မှာ မွေးဖွား သူဖြစ်ပါတယ်၊ သူ့ ဖခင်က  Canadian လူမျိုး Edward Walter Fryer ဖြစ်ပြီးသူ့ မိခင် ကတော့ Patricia Molly Clapton တို့ဖြစ်ကြပါတယ်။ 

 ၂၀၀၄ ခုနှစ် မှာ Rolling Stone magazines ရဲ့ အကောင်းဆုံး ရာဇဝင် တွင် မဲ့ ဂစ်တာ သမား ၁၀၀ တွင် စတုတ္ထ အဆင့် သတ်မှတ်ပေးခြင်း ခံရသူဖြစ်ပါတယ်။  Eric ဟာ ဂီတဝါသနာရှင် မိသားစု မှာ ကြီးပြင်းခဲ့ ရ သူဖြစ်ပါတယ် ။ 
သူ့ရဲ့  ဖွားအေ က စန္ဒယား အတီး ပညာရှင် တစ်ယောက်ဖြစ်ပါတယ် ။ သူ အသက် ၁၆ နှစ်ရောက် လို့ 1961 မှာ Kingston College မှာ အနုပညာ ကို တစ်နှစ် စာချုပ်ဖြစ်စတင် သင်ယူခဲ့ပါတယ်။ 
 
 1962 ခုနှစ်လောက် မှာ Freddie King, B.B. King, Muddy Waters, Buddy Guy, နှင့် အခြားသော Blue ဂီတ ပညာရှင်များ ရဲ့ တီးခတ် ထားတာ ကိုကြိုက်နှစ်သက် သွားပြီး သူဟာ သူ့ အဖွား ကို ပေါင် ၁၀၀ တန် Gibson ES-335 Clone လျှပ်စစ် ဂစ်တာ ဝယ်ပေး ဘို့ ပူဆာပါတယ် ။ သူဟာ အစပိုင်း မှာ Richmond နဲ့ Kingston  မှာ လမ်းဘေး မှာ ငွေကြေးကောက် ခံပြီး တီးပြဖြော်ဖြေသူ အဖြစ် လှည့်လည် ခဲ့ပါသေးတယ် ။

ဒီလို လှည့်လည် တီးခဲ့ တာဟာ အင်္ဂလန်  အနောက်ပိုင်း ထိရောက်အောင် သွားရောက်ခဲ့ ပါတယ်။ 1963 နှစ် ဦးပိုင်း သူ့ အသက် 17 နှစ်လောက် မှာ သူရဲ့ ပထမဆုံး The Roosters တီးဝိုင်း တစ်ခုထဲကို ဝင်ရောက် ခဲ့ပါ တယ်။  သို့သော်လည်း ဒီဝိုင်း ဟာ 1963 August လထဲလောက်မှာ ပျက်သွား ခဲ့ပါတယ် ။