Sunday, July 31, 2016

မဟာတံတိုင်းကြီး ရုပ်ရှင် တွင် မတ်ဒီမွန် ပါဝင် သရုပ်ဆောင်ခြင်းအား ပရိတ်သတ်များ မကျေမနပ်ဖြစ်


 
လွန်ခဲ့သည့် နှစ် တစ်ထောင်က တရုတ်နိုင်ငံ ရှိ မဟာတံတိုင်းကြီး ကို မကောင်းဆိုးဝါး အကောင်ကြီးများက ဖျက်ဆီးဖို့ ကြိုးစားသည့် ရုပ်ရှင် တွင် ဟောလိဝုဒ် သရုပ်ဆောင် မစ်ဒီမွန် က အဓိက သရုပ်ဆောင် အဖြစ် ပါဝင်ခဲ့ခြင်း အပေါ် ပရိသတ်များ က မကျေမနပ် ဖြစ်ခဲ့ကြသည်။

ပရိသတ်များ သည် မနေ့က ထွက်ပေါ် ခဲ့သည့် ရုပ်ရှင် အစမ်းပြကွက် များကို ကြည့်ရှုပြီးနောက် တရုတ် သမိုင်းကြောင်း ဇာတ်လမ်း တွင် အဘယ်ကြောင့် လူဖြူ တစ်ဦးအား အဓိက ဇာတ်ဆောင် အဖြစ် ပါဝင် လာရသနည်းဟု စောဒက တက်ကြသည်။

မဟာတံတိုင်းကြီး ဒါရိုက်တာ ဇောင်ရိမျူ က “ဒါဟာ ဟောလီဝုဒ် က ရိုက်တဲ့ ဇာတ်လမ်း ဖြစ် ပါတယ် ။ ဟောလိဝုဒ် စတိုင်ပဲ ဖြစ်ဖို့ လိုအပ်ပါတယ်။ ကျွန်တော့် အနေနဲ့ ဟောလိဝုဒ် က ရိုက်တဲ့ ဇာတ်လမ်းမှာ တရုတ် ယဉ်ကျေးမှု ရိုးရာ ကို နောက်ခံ ထားပြီး တစ်ကမ္ဘာလုံးက ပရိသတ်တွေ ကို တင်ဆက်ပြသ သွားချင် လို့ဖြစ်ပါတယ်”ဟု Entertainment weekly အင်တာဗျူးတွင် ပြောကြားသွားသည်။
 
 

Tuesday, July 26, 2016

ဒွေး ကွယ်လွန်ရသည့် အကြောင်း မောင်မျိုးမင်း (ရင်တွင်းဖြစ်) ထုတ်ပြောပြီ

                                                       ဓာတ်ပုံ-ဇွဲဉာဏ်



သရုပ်ဆောင်ဒွေးေ သ ဆုံးသည့် အချိန်က မူးယစ်ဆေးဝါးကြောင့် သေဆုံးခဲ့ခြင်းဖြစ်သည် ဟု သတင်းများ ထွက်ပေါ်ခဲ့သည့်ကိစ္စ အပေါ် ဒါရိုက်တာမောင်မျိုး မင်း (ရင်တွင်းဖြစ်)က အဆိုပါ အကြောင်းအရာသည် မဟုတ်မှန် ကြောင်း ဒွေးကွယ်လွန်သည့် ကိုး နှစ်မြောက်နှစ်ပတ် လည်နေ့ ၌ ပြောကြားသည်။

‘‘ကိုသားကြီး ကွယ်လွန်တာ နဲ့ ပတ်သက်လို့ ဘဝင်မကျတာ လေးတစ်ခု ပြောချင်တယ်။ အခု ဆိုရင် ကိုသားကြီး ဆုံးသွားတာ ကိုးနှစ်ရှိပြီ။ ကိုသားကြီးလို့ ပြော လိုက်တာနဲ့ ကိုသားကြီး ဟာ မူး ယစ်ဆေးဝါးကြောင့် သေသွား တယ်လို့ ပြောကြတာကို ကျွန် တော့် စိတ်ထဲ မှာ တော်တော်နာ ကျင်ရတယ်။ တော်တော်လည်း ခံစားရတယ်။ 

ဘာဖြစ်လို့လဲဆို တော့ အဲဒီ ရဲ့ Death Certificate ကို သွားယူတဲ့ လူက ကျွန်တော် ပါ’’ဟု ၎င်းက ပြောသည်။

သရုပ်ဆောင်   ဒွေး (ခ) ကိုသားကြီးသည်   ပြီးခဲ့သည့် ၂၀၀၇ ဇူလိုင် ၁၁ ရက်က ၎င်း၏ နေ  အိမ် တွင် သေဆုံးခဲ့ပြီး ရုတ်တရက်သေဆုံးခြင်းဖြစ်သော ကြောင့် မူးယစ်ဆေးဝါး သုံးစွဲ ရင်း သေဆုံးခြင်းဖြစ်နိုင်သည် ဆိုသည့် ကောလာဟလများ ထိုစဉ်က ထွက်ပေါ်ခဲ့သည်။

‘‘ကိုသားကြီးမှာ ရောဂါတစ် ခုရှိတယ်။ အဲဒါက ဘာလဲဆို တော့ အိပ်နေရင်း အသက်ရှူ မရ ဘဲ နှလုံး ရပ်ရပ်သွားတဲ့ရောဂါ။ သူက အဲဒီနေ့ မတိုင်ခင်ကလည်း ဘာ မူးယစ်ဆေးဝါးမှ မသုံးစွဲ ထား ဘူး။ ကျွန်တော်နဲ့လည်း စိတ် ကောက်နေတဲ့ အချိန်။ 

အဲဒီမှာ သူ နဲ့ အတူရှိနေတဲ့ ကလေးတွေကို မေးကြည့်တော့ အိပ်ခါနီးမှာ အိပ် ဆေးသောက် အိပ်တယ်။ အဲဒီလို အိပ်တဲ့ အတွက်ကြောင့် သူနှလုံး ရပ်ပြီး အဲဒီလိုဖြစ်သွားတဲ့ အချိန် အိပ်ဆေး အရှိန်နဲ့ အောက်ဆီဂျင် အပြည့်အဝ မရတော့ ကွယ်လွန် သွားတာပါ။ 

အဲဒီ Death Certifi-cate ကို ကျွန်တော် ကိုယ်တိုင်သွား ယူခဲ့တာ။ ကိုသားကြီး ကို နှလုံး ရောဂါကြောင့် ကွယ်လွန်တယ်လို့ မသိဘဲ လူတွေ အားလုံးက မူးယစ် ဆေး ဝါးကြောင့် ကွယ်လွန်သွား တယ်ဆိုတဲ့ ဟာမျိုး    အဲဒီ အသံ ကြားတိုင်း တာဝန် ရှိသလို  ခံစားရ တယ်’’ဟု ဒါရိုက်တာမောင်မျိုးမင်း က ပြောကြားသည်။
 
သေဆုံးသည့် အချိန်က တည်းက အထက်ပါ ကဲ့သို့ ရှင်း လင်း ပါက ဒွေး ကိုကာကွယ်ပေး သည့်  သဘောဖြင့် ဖြေရှင်းသည် ဟု ထင်မည် စိုးသောကြောင့် မဖြေရှင်းခဲ့ဘဲ လက်ရှိ  အချိန် တွင် မူ ကွယ်လွန်သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်ခြင်းကြောင့် ပရိသတ်များ အမှန်အတိုင်း သိစေ ရန်   ပြောကြား ခြင်းဖြစ်သည်ဟု   ၎င်းက  ဆိုသည်။ 


Sunday, July 10, 2016

ဘွာတေး သီချင်း က မင်းသမီး တစ်ယောက်ကို ရည်ရွယ်ပြီး ဆိုထားတယ် ဆိုတာ ပရိသတ်ပြောတဲ့ ထင်ကြေးပါ လို့ဖြေရှင်း လာတဲ့ Bobby Soxer



မကြာသေးခင် က မျက်လုံး ထိခိုက်ခံထားရမှုကြောင့် အနုပညာ အလုပ်တွေ ခေတ္တ ရပ်နားခဲ့တဲ့ Bobby Soxer  ဟာ ဒီလ ၆ရက်နေ့ မှာပဲ Let’s Go အဖွဲ့နဲ့အတူ နိုင်ငံ ၆ နိုင်ငံ ကို ပရိုဂရမ် သွားရိုက်ပြီလို့ သိရပါတယ်။ 

ထို ခရီးစဉ်အတွက် စိတ်လှုပ်ရှားနေသလို မရောက်ဖူးသေးတဲ့ နိုင်ငံတွေ ကို သူငယ်ချင်းတွေ နဲ့သွားရောက် လည်ပတ် ရမှာဖြစ်တဲ့ အတွက် သူမ ရဲ့ ရင်ခုန်မှု က အမြင့်ဆုံး ကို ရောက်ရှိနေတယ် လို့ သူမ က ဖွင့်ဟခဲ့ပါ တယ်။ 

လက်ရှိ မှာ ထိခိုက် ထားတဲ့ မျက်လုံး က ပြန်ကောင်းသွားပြီဖြစ်တဲ့ အတွက် ပုံမှန် အနုပညာ အလုပ်တွေ ကို ပြန်လည် လုပ်ကိုင်နေပြီဖြစ်သလို ရှိုးတွေလဲပြန်ဆိုဖြစ်နေတဲ့ Bobby Soxer ထက်ထက် ရဲ့ လက်ရှိ ဂီတ လှုပ်ရှားမှု များနဲ့ သူမလျှောက်လှမ်းလာခဲ့တဲ့ ဂီတ လမ်းကြောင်း တစ်ခုပေါ် ပြန်ငဲ့ကြည့်မိတဲ့အခါ..................


-လက်ရှိ ဂီတလှုပ်ရှားမှု အနေနဲ့ ဘာတွေလုပ်ဖြစ်နေလဲ။
လတ်တလော ကတော့ သမီး VeVe Music Tour အဲ့ဒါ ဆိုတယ်။ Let’s Go အဖွဲ့ ခရီးစဉ် ကပြန်လာမှ  ရှိုးဆက် ဆိုမယ်။ အမ်တီဗီ ဆက်ရိုက်ပါမယ်။

-အခု သွားမှာက နိုင်ငံတွေလဲ များတယ်။ ရက်တွေလဲကြာတယ် ဆိုတော့ အဲ့ဒီ ခရီးအတွက် ဘယ်လို စိတ်ခံစားချက်ရှိလဲ။
စိတ် ခံစားချက်က အရမ်းဝေးတဲ့နေရာတွေဖြစ်တဲ့ အတွက်တော့ စိတ် လှုပ်ရှားမှုတော့ ရှိတာပေါ့။ ပျော်ဖို့ လဲကောင်းပါတယ်။ တော်ရုံ တန်ရုံ မရောက်တဲ့နေရာတွေ ကို ကိုယ့်ဟာနဲ့ကိုယ် သွားတယ် ဆိုရင်တောင် တစ်ယောက်တည်း ပဲသွားဖြစ်မှာလေ။ အခု ကျတော့ ကိုယ်တွေ အမြဲပေါင်းသင်းနေတဲ့ သူငယ်ချင်း တစ်စု နဲ့သွားရတာ ဆိုတော့ ပျော်ဖို့ကောင်းပါတယ်။

-၂၁ အမ်တီဗီ ကရော ဘယ်လောက် ပြီးသွားပြီလဲ။
၃ ပုဒ်လောက် ကျန်သေးတယ်ရှင့်။

-စီဒီမှာ ပါဝင်တဲ့သီချင်း အရေအတွက် အားလုံးကို ရိုက်တာလား။ လျှော့တာရော ရှိဦးမလား
အကုန် မရိုက်ဘူး။ လျှော့ထားတယ်။ ၆ပုဒ်လောက်ပဲ ထည့်မှာပါ။

-ဘာလို့ ၆ပုဒ်တောင်လျှော့ပစ် လိုက်တာလဲ။
နောက် ဆိုရင် ၆ ပုဒ်တောင် ရိုက်တော့မှာ မဟုတ်ဘူးအစ်မ။ ဘာလို့လဲ ဆိုတော့ ပြောရရင် သမီးတို့တွေ အမ်တီဗီ ရိုက်ရတာ အချိန်လဲ အရမ်းကုန်တယ်။ အဓိက က အဆိုတော်ဖြစ်တဲ့ အတွက် အမ်တီဗီ ရိုက်ဖို့ အတွက် ကိုပဲ အချိန် တစ်နှစ်လောက်ပေးလိုက်ရတဲ့ အခါ သီချင်းသစ် ထွက်ဖို့အတွက် ပရိသတ် နဲ့ အချိန် တစ်နှစ်၊ တစ်နှစ်ခွဲလောက်ပြတ်နေတာမျိုး ရှိတယ်။ 

အခုခေတ် က ခိုးကူးခေတ် မဟုတ်တော့ဘူး။ Download link ခေတ်ဖြစ်တဲ့ အတွက် အမ်တီဗီ တစ်ပုဒ် တစ်ပုဒ် က ဘယ်လိုနည်းနဲ့ မှ စရိတ်ချုံ့ပြီးလဲ ရိုက်လို့မရဘူး။ စရိတ်ချုံ့ ပြီး ရိုက်လို့ရတဲ့ခေတ် မဟုတ်တော့မှန်းလဲ ပရိသတ်က သိတယ်။ အဲ့ဒီတော့ ပရိသတ် ကို ကောင်းကောင်း ကန်းကန်းလေး လဲ ရိုက်ပြချင်တဲ့ အတွက် ဖြစ် သလိုပေါ့ ပါရင်ပြီးရော ဆိုပြီးလဲ မရိုက်ပြချင်ဘူး။ ကွာလတီလျော့တယ်လေ။ 

 လက်ရှိဈေးကွက်ကို ပုံစံ တစ်မျိုးပြောင်းပြီး လုပ်ချင်တဲ့ အတွက် အမ်တီဗီ ကို သီချင်း ကုန် မရိုက်တော့ ဘူးပေါ့။ အရမ်းပေါက်တဲ့ သီချင်းတွေ ကိုပဲ အကြီးအကျယ် ရိုက်တော့မယ်။ ပရိုမို အနေနဲ့ အလကားပေး ရင်ပေး လိုက်မယ်။ နောက်ပိုင်း ဟာတွေဆို အပုဒ်တွေ အများကြီးမရိုက်တော့ဘူး။ 

အနုပညာရှင်တစ်ယောက်ဆိုပေမယ့် ပုန်းလျှိုး ကွယ်လျှိုး နေရတာမျိုး မကြိုက်တဲ့ အကြောင်း ဖွင့်ဟလာတဲ့ အောင်ထက်


သီချင်းဆိုပြိုင်ပွဲ အစီအစဉ်တွေ ဖြစ်တဲ့ ဆိုကြမယ် ပျော်ကြမယ်၊ ဂီတ တံခါးလေး ဖွင့်ပါဦး ၊ သံစဉ် လမ်းက လင်းလက်ကြယ်၊ ဆိုလိုက်ကြစို့၊ Myanmar Super Star အပြင် အိပ်မက် ဆုံရာ ရာသက်ပန် အစီအစဉ် မှာပါ ပါဝင် ယှဉ်ပြိုင်ရင်း ဆုတွေ အရယူခဲ့သူ ကတော့ အောင်ထက်ပါ။

 အောင်ထက် ဟာ ဟေး မိတ်ဆွေ ဆိုတဲ့ တစ်ကိုယ်တော်တေးအယ်လ်ဘမ် ကို မတ်လ မှာ ထွက်ရှိထားပြီး လက်ရှိ မှာတော့ အမ်တီဗီ ရိုက်ကူး ဖို့ပြင်ဆင်နေတယ်  လို့သိရပါတယ်။ ဒါ့အပြင် သူငယ်ချင်းတွေ နဲ့လဲ အုပ်စုလိုက် အခွေ ၂ ခွေပြင်ဆင်နေပြီး နယ်ရှိုးတွေပြည်ပ ရှိုးတွေ ရန်ကုန် ရှိုးတွေနဲ့ မအားမလပ်ဖြစ်နေ တဲ့ အောင်ထက် ကို ဂီတရေးရာ အကြောင်းများကို မေးမြန်းဖြစ်တဲ့အခါ.........................

-လက်ရှိ ဂီတ လှုပ်ရှားမှု အနေနဲ့ ဘာတွေ လုပ်ဖြစ်နေလဲ။
လက်ရှိတော့ ဟေး မိတ်ဆက် အခွေ ကို လဲ အမ်တီဗီ ရိုက်ဖို့အတွက် စပြီးပြင်ဆင်နေပြီ။ ပြီးတော့ သူငယ်ချင်းတွေ နဲ့အတူတူ ထွက်မဲ့ အခွေ ၂ အခွေ အတွက်လဲ သီချင်းတွေပြင်ဆင်နေတယ်။ 

ပြီးတော့ မြူးဇစ် နဲ့ပတ်သက်တဲ့ သင်တန်းတွေလဲ တက်နေတယ်။ ကြော်ငြာ သီချင်းလေးတွေ ဆိုပေးဖြစ် တယ်။ ကြိုးစားဆဲ လူငယ်တွေနဲ့ဝင်ကူဆိုပေးနေတာမျိုးလေးတွေလဲ လုပ်နေတယ်။ တခြားရှိုးတွေလဲ လက်ခံ ထားတာရှိပါတယ်။

-ဟေး မိတ်ဆွေ အခွေရဲ့ ပရိသတ် အားပေးမှု အခြေအနေက ဘယ်လိုမျိုးရှိလဲ။
ဟုတ်ကဲ့။ အသိအမှတ်ပြုမှု ကို ခံရပါတယ်။ သူတို့ရဲ့ အကြံပေးမှုက လွဲလို့ နောက် တစ်ခွေကျ ရင် နောက် တစ်မျိုးလေး လုပ်ပါလား ဆိုတာက လွဲလို့ တစ်ခြား ဘာမှ မရှိပါဘူး။ အခွေ အတွက် စိတ်ကျေနပ် စရာကောင်း တယ် လို့ပြောရမှာပေါ့။ အားပေးမှုရတယ်ပေါ့။

-ဟေး မိတ်ဆွေ  အခွေထဲမှာ ပရိသတ် အားပေးခဲ့တဲ့ သီချင်းတွေ ကရော ဘယ် သီချင်းတွေဖြစ်မလဲ။
တစ်ယောက် တစ်မျိုး စီပေါ့။ သီချင်း တစ်ပုဒ်စီ မှာလဲ ခံစားမှု တစ်မျိုးစီ ပါတယ်။ ဟေး  မိတ်ဆွေ၊ ကိုယ့်ချစ်သူ၊ အချစ်တေး ကဗျာ၊ ရွက်ကျပင်၊ မနေနိုင်ဘူး။ အများကြီး ပဲပေါ့။ အချစ်သီချင်း နဲ့အလွမ်း အဆွေး သီချင်းလေးတွေ ပိုကြိုက်ကြတယ်။


လက်ရှိ အချစ်ရေးက လွန်ခဲ့တဲ့ ၇နှစ် ကို ပြန်ရောက်သွားပြီိ လို့ ဖွင့်ဟလာတဲ့ ဘန်နီဖြိုး



ချစ်သူ သက်တမ်း ၇ နှစ် နီးပါးဖြတ်သန်းလာခဲ့ သလို ဖေ့စ်ဘုတ် လူမှုကွန်ယက်ပေါ် မှာ ပရိသတ် အားကျခဲ့တဲ့ စုံတွဲ တစ်တွဲ အဖြစ် လူသိများခဲ့သူကတော့ အဆိုတော် ဘန်နီဖြိုး နဲ့Make Up Artist တစ်ယောက် အဖြစ် ရပ်တည်နေတဲ့ Hanna Yuri တို့ပဲဖြစ်ပါတယ်။ 

သူမ ဟာ မကြာသေးခင်ကမှ လူမှုကွန်ယက်ပေါ်မှာ Forever Young ဆိုတဲ့ အလှကုန် ပစ္စည်း ရောင်းချ မှုကြောင့် ပြသနာပေါင်းများစွာ ဖြေရှင်း ခဲ့ရသူဖြစ်ပြီး လူပေါင်းများစွာ ရဲ့ ဝေဖန်မှု နဲ့ကဲ့ရဲ့မှုကို ခံခဲ့ရသူပါ။ 

အခုဆိုရင် ၇ နှစ် နီးပါး တည်ဆောက်ထားတဲ့ သူတို့နှစ်ယောက်ရဲ့ အချစ်ရေး ဟာလည်း ပြီးဆုံး သွားပြီဖြစ် တဲ့ အကြောင်း အဆိုတော် ဘန်နီဖြိုး ဖက်မှ ဖွင့်ဟလာပါတယ်။ 

-အခု လက်ရှိ ဂီတ လှုပ်ရှားမှု အကြောင်းလေးကို ပြောပြပေးပါဦး။
အခုလက်ရှိ က ကျွန်တော့်ရဲ့ One men show DVD ထွက်မယ်။ ထွက်မယ်။ နဲ့ အရမ်းကြာနေတဲ့ အတွက် အဲ့ဒါလေး ထွက်ဖို့ရှိပါတယ်။ ပြီးရင်တော့ ကျွန်တော့် တတိယအခွေ ထွက်ပါမယ်။ ဘာလို့လဲ ဆိုတော့ ကျွန်တော် က သီချင်း အသစ်ပဲ လုပ်ချင်တာဖြစ်တဲ့ အတွက်ကြောင့် တတိယ အခွေကိုပဲ အချိန်ပေးဖြစ်နေ တယ်ခင်ဗျ။ အဲ့ဒါကြောင့် ကျွန်တော့် ရဲ့ One Men Show DVD ကကြာနေတာပါ။

-One Men Show DVD က လုပ်နေတာ ဘယ်လောက်ကြာပြီလဲ။
၂၀၁၄ ထဲက ပါ။ ၂ နှစ်ကျော်လောက် ရှိပြီပေါ့။ ဒီထဲ မှာတော့ ထွက်နိုင်အောင်ကြိုးစားနေတယ်။ အရမ်း ကြာနေ တဲ့ အတွက် ရအောင်လဲ ထွက်မှာပါ။

-Let’s Go ပရိုဂရမ် နဲ့လဲ နိုင်ငံခြား ခရီးစဉ်တွေ ရှိတယ်လို့သိရတယ်။ အဲ့ဒါလေးနဲ့ပတ်သက် ပြီးတော့လဲ သိချင်ပါတယ်။ ဘယ်နိုင်ငံတွေဖြစ်မလဲ။
ပြင်သစ်၊ နယ်သာလန်၊ ဘယ်လ်ဂျီရမ် ၊ ဆွစ်စလန်၊ အီတလီ နဲ့စပိန် ပါ။ Feeling Exicted ပေါ့ဗျာ။ Let’s Go နဲ့ က ကျွန်တော်တို့သုံးနှစ်တောင် ရှိသွားပြီ။ ဘာရယ် မဟုတ်ဘူး။ ကျွန်တော်တို့သူငယ်ချင်း ခြောက်ယောက် ခရီးသွားတဲ့ ပရိုဂရမ်လေး ရိုက်ကြမယ် ဆိုပြီး စရိုက်ဖြစ်ခဲ့တာကနေစတာပေါ့။ 

ငပလီကနေ စပြီး အခုဆို ယူရုပ် ထိတောင်ရောက်သွားပြီ ဆိုတော့ပျော်ဖို့အရမ်းကောင်းပါတယ်။ ရင်လဲ ခုန်ပါတယ်။ မရောက်ဖူးသေးတဲ့ ဒေသအသစ်တစ်ခုကို သွားရမှာဖြစ်တဲ့အတွက် နောက်ထပ် အတွေ့အကြုံ သစ်တွေ၊ အမြင်သစ်တွေ အများကြီးရမယ်လို့မျှော်လင့်ပါတယ်။

-အဲ့ဒီ ခရီးစဉ် အတွက်ရော ဘယ်လိုမျိုးလေးပြင်ဆင်ထားလဲ။
အဓိက က အနွေးထည်တွေပေါ့။ သူတို့ဆီမှာ က နွေရာသီ ဆိုပေမဲ့ သူတို့ရဲ့ အပူဆုံး က နှစ် ဆယ်လောက် ပဲဖြစ်တဲ့ အတွက်ကြောင့် ဂျက်ကတ်တွေ ထည့်လာဖို့ အတွက် ဟိုက လူတွေကမှာကြပါတယ်။ 

အဲ့ဒီတော့ အင်္ကျီ ထည့်ဖို့တွေ၊ နောက်သွားမဲ့ နေရာတွေ ကို ကြိုပြီးလေ့လာရတာ မျိုးတွေရှိတယ်။ အဲ့ဒီနေ့ မှာ အဲ့ဒီနေရာ ရဲ့ သမိုင်းကြောင်း အနည်းအကျဉ်းကို လေ့လာသင့် သလောက်တော့ လေ့လာထားပါတယ်။

-တတိယ အခွေကရော ဘယ်လောက်ပြီးနေပြီလဲ။
တော်တော် များများတော့ပြီးနေပါပြီ။ ဒါပေမဲ့ ကျွန်တော် ကတော့ ထုံးစံ အတိုင်းပဲ အနားနီးမှကြေညာပါ့မယ်။ Featuring တွေ ကတော့ ကျွန်တော်နဲ့အတူတူ လက်တွဲ လုပ်နေကြဖြစ်တဲ့ Frenzo က သူငယ်ချင်းတွေ ပါ ပါမယ်။