Sunday, January 24, 2016

Adele - Hello

အဒဲလ် ရဲ့ Hello သီချင်း အကြိမ်ရေ သန်း တစ်ထောင် ကြည့်ရှု ခံရပြီး စံချိန်ချိုး

 


 အချိန် အမြန်ဆုံး နဲ့ Youtube မှာ အကြိမ်ရေ သန်း တစ်ထောင် ကြည့်ရှု ခံခဲ့ရတာ ဖြစ်ပါတယ်။
အဆိုတော် အဒဲလ် ရဲ့ “Hello” သီချင်း ဟာ စတင်ဖြန့်ချိပြီး ၈၇ ရက် အတွင်းမှာပဲ Youtube မှာ ကြည့်ရှုတဲ့ အကြိမ်ရေ သန်း တစ်ထောင် ပြည့်သွား ခဲ့တဲ့ အတွက် စံချိန်ချိုးသွားပါတယ်။ 
Youtube မှာ ကြည့်ရှုတဲ့ အကြိမ်ရေ အမြန်ဆုံး သန်း တစ်ထောင်ပြည့်တဲ့ သီချင်းဖြစ်လာပါတယ်။
ကြည့်ရှုသူ အများဆုံး စံချိန် တင်ထားတဲ့ Psy ရဲ့ သီချင်းတောင်မှ သန်း တစ်ထောင်ပြည့် ဖို့ ၁၅၈ ရက်ကြာမြင့် ခဲ့ပါတယ်။ 

ခဏလေး အတွင်းမှာ တင် ကြည့်ရှုသူ သန်း တစ်ထောင်ပြည့်သွားတဲ့ အဒဲလ် ရဲ့ Hello သီချင်းဟာ PSY ရဲ့ Gannang Style သီချင်း ကို ကျော်ဖြတ်ပြီး ကြည့်ရှုသူ အများဆုံး ဖြစ်လာ ဖို့ အလား အလာ ကောင်းနေတယ်လို့ ခန့်မှန်းကြပါတယ်။


ပူစူး ရဲ့ ရင်ခုန်ဖော် ရင်ခုန်ဖက် အသစ်

 
အနုပညာ လောက ထဲမှာ ငြိမ်သက်နေခဲ့တဲ့ ပူစူး က တစ်ကိုယ်တော် အယ်လ်ဘမ် အသစ် နဲ့ ပြန်လည် လှုပ်ရှားလာပါပြီ။

ဒုတိယမြောက် တစ်ကိုယ်တော် အယ်လ်ဘမ် ကို ရက်ပိုင်းအတွင်း မှာ ဖြန့်ချိတော့မှာပါ။

 ရင်ခုန်ဖော် ရင်ခုန်ဘက် လို့ အမည်ပေးထား တဲ့ ဒီ အယ်လ်ဘမ် အတွက် ၃ နှစ်ကျော် အချိန်ယူပြင်ဆင် ခဲ့တယ် လို့ ပူစူး က ပြောပါတယ်။ 

 ပူစူးရဲ့ အယ်လ်ဘမ် အသစ်ကို လာမယ့် ၂၈ ရက်နေ့ မှာ ဖြန့်ချိ သွားမှာပါ။

 

ယောက္ခမဖြစ်သူ ဒိုင်ယာနာ ရဲ့ ခြေရာနင်းမယ့် ကိတ်

မင်းသား ဟယ်ရီ ရဲ့ဇနီး ကိတ် ဟာ ပရဟိတ အလုပ်တွေ ကို ကြိုးပမ်း လုပ်ကိုင်ရင်း မင်းသမီး ဒိုင်ယာနာ နောက်တစ်ဦး ဖြစ်လာ ပါတော့မယ်။


ဟယ်ရီ ရဲ့မိခင် မင်းသမီး ဒိုင်ယာနာ ဟာ အေအိုင်ဒီအက်စ် နဲ့ မြေမြှုပ်မိုင်း အပါအဝင် လူသိပ် လက်မခံ တဲ့ ပြဿ        နာများ   အတွက် ပရဟိတ အလုပ် ကို ဇွဲနဘဲ ကြီးကြီး နဲ့ လုပ်ခဲ့တဲ့ အတွက် နာမည်ကြီးခဲ့သူပါ။

၁၉၉၇ ခုနှစ်မှာ လန်ဒန် ရှိ ဒုက္ခသည် ကလေးငယ်များ စခန်းကို သွားရောက် လည်ပတ် ခဲ့တဲ့ ဒိုင်ယာနာ

ကိတ်မစ်ဒယ်တန် ကလည်း ကလေးများ ရဲ့ စိတ် ကျန်းမာရေး ဆိုတဲ့ ရှုပ်ထွေး လှတဲ့ ပြဿ          နာကို တွယ်ဖက်ရင်း ဒိုင်ယာနာ သွားတဲ့ လမ်းကြောင်း အတိုင်း လိုက်ဖို့ ပြင်ဆင်နေပါတယ်။


Saturday, January 16, 2016

ချစ်သူ့ အလွမ်း ....... ကိုကျော်ကြီး { Cover }




ကို ခင်မောင်တိုး  ၇ဲ့  သီချင်းကောင်းလေး တစ်ပုဒ်ပါ...

https://www.youtube.com/channel/UCvvTWV009eSzW-jG0WMYKaA

https://soundcloud.com/user-372408978-796828562

https://soundcloud.com/ko-kyaw-lwin

 လမ်းသစ် { Facebook Page }


သီချင်း  ချစ်သူများ  အထက်ပါ  Link  များမှာလဲ  သီချင်း လေးတွေ  ၀င်ေ၇ာက်  နားဆင်နိုင်ပါတယ် ...

                                                                                                ***    ကိုကျော်ကြီး  .......



Tuesday, January 5, 2016

ယခုနှစ် ခြောက်လ အတွင်း ပြန်လည် လှုပ်ရှားမယ့် AOA အဖွဲ့

 တောင်ကိုရီးယား မိန်းကလေး အဆိုရှင်များ အဖွဲ့ AOA သည် ၂၀၁၆ တွင် အနုပညာ လှုပ်ရှားမှုများ ပြန်လည်စတင် မည်ဟု  ၎င်းတို့၏အေဂျင်စီ ကပြောသည်။

‘‘AOA အဖွဲ့ဝင်တွေ အားလုံး အရမ်း အလုပ်များနေပါတယ်။ ဒါပေမဲ့ သူတို့တွေ အချိန်ရတိုင်း တေး အယ်လ်ဘမ် သစ်အတွက် အသံ သွင်းတာတွေ လုပ်ပါတယ်။

သီချင်းတွေ အသံသွင်း တာနဲ့ အကလေ့ကျင့်တာတွေ လုပ်ပြီး ၂၀၁၆ ပထမနှစ်ဝက် မှာ အနုပညာခြေ လှမ်း ပြန်လည်စဖို့ ပြင်ဆင်နေပါ တယ်’’ဟု အေဂျင်စီ တာဝန်ရှိသူ တစ်ဦးက Star News သတင်း အားပြောသည်။

အွန်လိုင်း မှာ အသရေပျက်အောင် စော်ကားသူတွေကို အရေးယူမယ်ကြေညာ တဲ့ စိုးမြတ်နန္ဒာ

 ရုပ်ရှင် သရုပ်ဆောင် စိုးမြတ်နန္ဒာ က လူမှုကွန်ရက် အပါ အဝင် အင်တာနက် စာမျက်နှာ များ ပေါ်တွင် အသရေ ပျက်စေရန် စော်ကား ပုတ်ခတ်ရေးသားသူ များကို ဆက်သွယ်ရေး ပုဒ်မ အရ တိုင်ကြား အရေး ယူမည်ဖြစ် ကြောင်း ၎င်း ၏ ရှေ့နေမှ တစ်ဆင့် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

သရုပ်ဆောင်စိုးမြတ်နန္ဒာ နှင့်ပ တ်သက်၍ အင်တာနက် စာ မျက်နှာများပေါ်တွင် မဟုတ်မမှန် ရေးသား သူများကို ဆ ၆၆ (ဃ) အရ တိုင်ကြား အရေးယူမည်ဖြစ် ကြောင်း ၎င်း၏ ရှေ့နေ ဦးနေလ က ဒီဇင်ဘာ ၂၄ ရက်တွင် နိုင်ငံ ပိုင် သတင်းစာမှ တစ်ဆင့် ကြေ ညာခဲ့ခြင်းဖြစ်သည်။

‘‘ရုပ်ရှင် သရုပ်ဆောင် စိုး မြတ်နန္ဒာ အနေဖြင့် မိမိ အနုပညာ လုပ်ငန်းနှင့် အနုပညာ ချစ်မြတ်နိုး သူ ပရိသတ် တို့အပေါ် တစ်စုံတစ် ရာ အနှောင့်အယှက်မပေးလို သဖြင့် နှုတ်မတုံ့ပြန်ဘဲ သည်းခံခဲ့ သည်။

သို့ရာတွင် ယင်း ကိစ္စကို ပြန်လည်တုံ့ပြန်မှု မပြုခဲ့ပါလျှင် ပိုမိုကြီးမားသော ပြဿနာ များ ပေါ်ပေါက် လာနိုင်မည်ဟု ထင် မြင်သည့် အတွက်    ယခုကဲ့သို့ ဥပဒေ ပညာရှင်နှင့် တိုင်ပင်ဆွေး နွေးသည့် အဆင့် သို့ ရောက်ရှိခဲ့ရ သည်’’ဟု ရှေ့နေဦးနေလ က ထုတ်ပြန်ထားခြင်းဖြစ်သည်။