Friday, November 29, 2019

ကိုင်ဇာ ( ရန်ကုန်တက္ကသိုလ် ရာပြည့်အကြို )



ထီလာဒေသကောလိပ်မှာ ပထမနှစ် တက်ပါတယ် ။ ဒုတိယနှစ် ကိုတော့ ရန်ကုန် RC 2 မှာ တက်ပါတယ် ။ ခက်ခက်ခဲခဲ ပြောင်းယူရတာပါ ။ အဖေါ်ကောင်းလို့လည်း တစ်ကြောင်းပါ ။
ရန်ကုန်ကို မသွားခင် Eco နဲ့ကျောင်းပြီးခဲ့တဲ့ အစ်မက မှာပါတယ် .. ၊ " ရန်ကုန်တက္ကသိုလ် ဆိုတာ လူအများကြီး ၊ ကိုယ်က တစ်ဖက်ဖက်မှာ ထူးချွန်မှ ထင်ပေါ်တာ ... ၊ အချိ န်မဖြု န်းနဲ့ " တဲ့ ။
1980 တစ်ဝိုက် ရန်ကုန်တက္ကသိုလ်မှာ ထင်ပေါ်ကျော်ကြားသူက ခိုင်ထူးပါ ။ 
ခိုင်ထူးကို မြင်ဖူးချ င် ပေမယ့် ဆရာသမားက လူလုံးပြသူ မဟုတ်ပါဘူး ။ တက္ကသိုလ်ရေကူးကန် မှာ နည်းပြလုပ်တယ်ကြားဖူးလို့ ရေကူးကန်နား မယောင်မလည် သွားကြည့်ဖူးပါတယ် ။ တံခါး ပိတ် ထားတာကြောင့် အဲသည်နားတစ်ဝိုက် ဟိုဟိုသည်သည်လျှောက်ကြည့်ရင်း ခေါင်းကုတ် ပြန် လာခဲ့ရပါတယ် ။ ကိုယ်က အင်းယားလမ်းမှာနေသူမို့ ခိုင်ထူး တို့နေတဲ့ စစ်ကိုင်းလမ်းရှေ့  ကတော့ နေ့တိုင်း ဖြတ်နေရတာပါပဲ ။ ဒါပေမယ့် အရိပ်အယောင်တောင် မမြင်ခဲ့ရပါဘူး ။
ကျ နော်တို့ ဖိုင်နယ်လောက်ရောက်မှ ရန်ကုန်တက္ကသိုလ်ကို ကိုင်ဇာ ရောက်လာတယ် ထင် ပါ တယ် ။ သည်တော့ သူက နာမည်ကြီးနေပါပြီ ။
တစ်နေ့သား RC ထဲက ဖြတ်သွားခိုက် ကိုင်ဇာ နဲ့ မျ က်နှာချ င်းဆိုင် ဆုံမိပါတယ် ။ ကျောင်းသူ လေးတစ်သိုက် သူ့ကို ဝိုင်းနှုတ်ဆက်နေကြတာကို မလှမ်းမကမ်းက ရပ်ကြည့်မိပါတယ် ။ ကိုင်ဇာ က အရပ် ခပ္ပ် ပ္ပ် ပ္ပါ ။ အဝတ်အစားကလည်း ရိုးရိုးပါပဲ ။ ကိုယ်ရောင်ကိုယ်ဝါ သိပ်မတောက်ပသေးပါဘူး ။ဒါပေမယ့် လူသိများ ထင်ရှားနေပါပြီ ... ။
ကျ နော်တို့က ပလေးဘွို င် သီချ င်းတွေ ၊ စိုးပိုင် ၊ ထီးဆိုင် သီချ င်းတွေနဲ့ ကြီးပြင်းလာသူမို့ ကိုင်ဇာ တို့ သီချ င်းတွေကျ တော့ သိပ် ခံစားလို့ မရချ င်တော့ပါဘူး ။ ကိုယ်ကသာ သူ့ဂီတ အပေါ် သွေးအေးပေမယ့် ကိုယ့်ထက် ၂ နှစ်လောက် ငယ်တဲ့ နောက်မျိုးဆက်တွေကတော့ အရူးအမူးပဲ ။ 




သည်တုန်းက ' အနမ်းပန်း ' စီးရီး ခေတ်စားတယ် ထင်တယ် ။ မေဆွိ နဲ့ နှစ်ယောက်တွဲ စီးရီး ... ။ မိန်းထဲမှာ သူက နာမည်ကြီးစပြု လာပေမယ့် ကြုံ ခဲ့ဖူးတဲ့ အဆောင်ပွဲ ၂ ပွဲ ၊ ၃ ပွဲမှာတော့ သူ့ကို မမြင်ဖူးခဲ့ပါဘူး ။ မှတ်မိသလောက် စိုးလွင်လွင် နဲ့ ဖိုးချို ( ပိုင်စိုးမှု ဧကရီ ) ကို ကျောင်းသူလေး တွေ သဘောကျ ကြတယ် ။ ( လွှမ်းမိုး ကတော့ စတားပေါ့  ၊ ဒါပေမယ့် သူက ကျောင်းသား မဟုတ်ရှာဘူး ။ )

စိုးလွင်လွင်က လူချော .. ၊ အရပ်အမောင်း အနေတော် ။ စင်ပေါ်မှာ ဆလိုက်မီးနဲ့ ပနံစားတယ် ။ တော်တော်ကြည့်ကောင်းပါတယ် ။

ဖိုးချို ကိုတော့ စင်ပေါ်မှာ မမြင်ဖူးဘူး ။ အဲ ... ကျ နော်တို့ စတည်းချ တဲ့ ပန်းချီ ခန်းမထဲမှာတော့ သူ သီချ င်းတိုက်ဖူးလို့ အနီးကပ် မြင်ဖူးပါတယ် ။ သူတို့အုပ်စုက ဆေးပေါ့လိပ် သမားတွေမို့ ဆေးလိပ် မသောက်တဲ့ကျ နော်က အနားကပ်လို့ မရပါဘူး ။ ပြီးတော့ စိမ်းရွှေရွှေ အနံ့လည်း ရသလိုလို ရှိလို့ပါ ။
ကျော်သူလည်း သည်တုန်းက မထင်မရှားပဲ ။ စင်ရော်မောင်မောင် ကို အရပ်ကြီးကလန်ကလား နဲ့ အီကိုကန်တင်း နားမှာ မြင်ဖူးလိုက်ပါတယ် ။ လူရွှင်တော် အရိုင်းက ကျောင်းကပွဲမှာ ထင်ရှား စပြု ပြီ ။ သူက စင်ပေါ်မှာ လုံးဝကို အကြောက်အလန့် မရှိသူပါ ။

ကိုင်ဇာ စီးရီးတွေမှာ lead တီးပေးသူက စောဘွဲ့မှူး လို့ ဆိုတယ် ။ စောဘွဲ့မှူး ကတော့ သွှအောင် စီးရီးတွေမှာ တီးပေးနေကတည်းက ကျ နော်တို့ ဟီးရိုးပါ ။ သူက ဂစ်တာကြိုးသေးတွေ အသုံးများပြီး ခပ်စိပ်စိပ် ၊ ခပ်သွက်သွက် တီးလေ့ရှိပါတယ် ။ ဒါ့ ကြောင့် သူ့လက်သံက ဟိုတုန်းက ထင်ပေါ်သင့်သလောက် မထင်ပေါ်ခဲ့တာပါ ။ Phoenix က မိုးကျော်ကျ တော့ လေးလေးပင်ပင် ၊ မိမိရရ တီးလေ့ရှိသူမို့ သည်တုန်းက သူက စောဘွဲ့မှူးထက် ပေါ်ပြူ လာဖြစ်ပါတယ် ။

ကိုင်ဇာ ရဲ့ " နောက်တစ်ခေါက် ထပ်ပြော " စီးရီးထွက်တော့ ကျ နော်တို့ ကျောင်းပြီးသွားပြီ ထင်ပါတယ် ။ အဲသည် အခွေတော့ တစ်ခွေလုံး ကြို က်ပါတယ် ။ သီချ င်းအားလုံး ပစ်ရက်စရာ မရှိအောင် အကောင်းတွေချ ည်းပါ ။ 

' လူတွေသိလေ ပိုကောင်းလေ ' သီချ င်းကို အကြို က်ဆုံး ၊ အားအရဆုံးပါပဲ ။ ဂစ်တာနဲ့လည်း မကြာမကြာ တီး ၊ ဆိုလေ့ ရှိပါတယ် ။ရေး ၊ ဆို ၊ တီး ... ဘက်စုံကောင်းတဲ့ တေးတစ်ပုဒ်ပေါ့ ။မပြို ကွဲသေးတဲ့ Aces ရဲ့ လက်သံကလည်း ထုံးစံအတိုင်း ၊ အပိုအလိုမရှိ ကွက်တိပါပဲ ... ။

သည်စာကို post တစ်ခု ဖတ်ရင်း အရေးပေါ် ရေးဖြစ်သွားပါတယ် ။
( ကိုင်ဇာ ကင်ဆာဝေဒနာ ခံစားနေရပြီ ) ... ဆိုတဲ့အကြောင်းပါ ။
ကိုင်ဇာ ပရိသတ်များ ဆုတောင်းပေးကြပါဦး .... ။
27.11.2016 က ရေးတဲ့ post ပါ ။ 
ခုတော့ ပျောက်​ကင်းသွားပြီ ၊ ကျန်းမာနေပြီ ကြားပါတယ်​ ။ 27.11.2018

Crd ... Maung Maung Nee


No comments:

Post a Comment