Saturday, July 20, 2019

ကျွန်တော့ သူငယ်ချင်း ကိုခင်ဝမ်း



ကိုခင်​ဝမ်းနဲ့ စပြီး ခင်​တာက​တော့ ကျွန်​​တော်​ ၉ တန်း​ကျောင်းသား ဘဝမှာပါ ။ သူက ပြည်​က​နေ ရန်​ကုန်​ကို ​ကျောင်းလာတက်​တယ်​ ။ အလုံမှာ ရှိတဲ့ ( U.C.H.S ) ​ကျောင်းမှာ ​ကျောင်းအိပ်​ ၊ ​ကျောင်းစား ( ​ဟော်​စတယ်​ ) လာ​နေပါတယ်​ ။ အခု အလုံ အမှတ်​ ၄ ​ကျောင်းပါ ။ ကျွန်​​တော်​ကလည်း အဲဒီ​ကျောင်းကို ၉ တန်းနှစ်​မှာ စ​ရောက်​တယ်​ ။


ကိုခင်​ဝမ်းနဲ့ အတန်းသားချင်း ခင်​တဲ့သ​ဘောပါ ။ ဒီ​လောက်​ကြီး မတွဲမိကြ​သေးဘူး ။ ​ကျောင်း စာက​တော့ အဓိက​ပေါ ။ ကျွန်​​တော်​က အင်းစိန်​မှာ ​နေတယ်​ ။ အင်းစိန်​က​နေ ​ကျောင်းတက်​ရ​တော့ ​ကျောင်းချိန်​မှာ ကိုခင်​ဝမ်းနဲ့ သိသွားတယ်​ ။ ကျွန်​​တော်​က အဲဒီအချိန်​မှာ ဂစ်​တာ စတီး​နေပြီ ။ အခု မင်းသားဖြစ်​​နေတဲ့​ကျော်​ဟိန်း ( ​ကျော်​​ဋ္ဌေး ) နဲ့ စတွဲမိတယ်​ ။ ​ကျောင်းမှာ ၁ ပတ်​ တစ်​ခါလုပ်​တဲ့ Assembly ရှိတယ်​ ။ ကိုယ့်​အတန်း အလှည့်​ကျချိန်​မှာ ​ကျော်​ဟိန်း က သီချင်း ဆိုတယ်​ ။ ကျွန်​​တော်​က ဂစ်​တာတီး​ပေးတယ်​ ။


ကျွန်​​တော်​ အဲဒီ​ကျောင်းမှာ ၆ လပဲ ​နေခဲ့တယ်​ ။ ပထမပိုင်း ၆လ ​ပေါ့ ။ အဲဒီအချိန်​မှာ ကိုခင်​ဝမ်းနဲ့ သူငယ်​ချင်း ဖြစ်​တာ​လောက်​ပဲ ရှိ​တယ်​ ။ ​နောက်​​တော့ မ​တွေ့ဖြစ်​ကြ​တော့ပါဘူး ။ သူက ပြည်​ကပါ ။ တက္ကသိုလ်​တက်​​တော့ ရန်​ကုန်​တက္ကသိုလ်​ကို ​ရောက်​လာတယ်​ ။ အဲဒီအချိန်​မှာ ကျွန်​​တော်​က ဂစ်​တာလှည့်​တီး​နေပြီး ​ကျောင်းထဲက သူငယ်​ချင်း​တွေနဲ့လည်း တွဲမိ​နေပြီ ။ 
ရန်​ကုန်​ မိန်း ထဲမှာ ခင်​ဝမ်းနဲ့ ပြန်​​တွေ့တယ်​ ။ အဲဒါနဲ့ ကျွန်​​တော်​က ကိုယ့့်သူငယ်​ချင်း ခင်​ဝမ်း ဆိုပြီး နှုတ်​ဆက်​လိုက်​တယ်​ ။


နောက်​​တော့ ကျွန်​​တော်​အပြင်​မှာ ဂစ်​တာတီးပြီး သီချင်း​တွေ သွင်း​နေချိန်​မှာ ကိုခင်​ဝမ်း အ​ခွေ တစ်​​ခွေ ထုတ်​တယ်​ ။ ဟာ ... ခင်​ဝမ်း တဲ့ ။ ကျွန်​​တော့်​သူငယ်​ချင်းပဲ ဖြစ်​မှာပဲလို့ ထင်​မိတယ်​ ။ အဲဒီအချိန်​တုန်းက သူဟာ ပန်းချီဆွဲတယ်​ ။ ပန်းချီဆရာတစ်​​ယောက်​ အ​နေနဲ့ နာမည်​ပိုထွက်​တယ်​ ။ ပန်းချီဆရာ ခင်​ဝမ်း​ပေါ့ ။ 







နောက်​ ကျွန်​​တော်​တို့ ပြန်​​တွေ့ကြတယ်​ ။ သူကလည်း မှတ်​မိတယ်​ ။ ကျွန်​​တော်​ကလည်း မှတ်​မိတယ်​ ။ တစ်ရင်း တစ်နှီးပါပဲ ။ ဖက်​လှဲတစ်ကင်း တစ်ရင်း တစ်နှီး​တော့ မဟုတ်​ဘူး ။ ခပ်​တည်​တည်​ တစ်ရင်း တစ်နှီးပါပဲ ။ ​ခွေထွက်​ပြီးမှ ထပ်​​တွေ့ကြတယ်​ ။ အဲဒီ​နောက်​ ` ပြည်​မှာ​ဆောင်း ´ ထွက်​လာတယ်​ ။ သူက ပြည်​သားပဲ ။ ကိုခင်​ဝမ်းဟာ ဂီတလည်း လုပ်​နှိုင်​သားပဲလို့ ကျွန်​​တော်​​တွေးမိတယ်​ ။


ကျွန်​​တော်​ ဂစ်​တာ တီးတာကို သူသိတယ်​ ။ ကျွန်​​တော်​က အဲဒီအချိန်​မှာ E.Machine ဝိုင်းမှာ တီးတယ်​ ။ ကိုနေဝင်း ၊ ကို​မောင်​​မောင်​ ၊ ခင်​​မောင်​တိုး တို့နဲ့လည်း တွဲမိ​နေပြီ ။ တီးဝိုင်းနာမည်​က လစ္စဝီ ပါ ။ ကိုခင်​ဝမ်းကို ကျွန်​​တော်​တို့ အဖွဲ့​တွေနဲ့ ဒါ သူငယ်​ချင်း ခင်​ဝမ်းဆိုပြီး မိတ်​ဆက်​​ပေး တယ်​ ။ အ​ဆောင်​​​ရှေ့​တွေမှာ ​တွေ့ကြတာပါ ။ ကိုခင်​ဝမ်းက သူ့အုပ်​စုနဲ့ သူ ၊ သူ့စတိုင်​နဲ့ သူ​ပေါ့ ။ ကျွန်​​တော်​တို့အုပ်​စုနဲ့ မတွဲဖြစ်​​သေးဘူး ။


ကိုခင်​ဝမ်းဟာ ပန်းခရမ်းပြာ အ​ခွေက စပြီး မဇ္ဈိမလှိုင်း အဖွဲ့နဲ့ လက်​တွဲဖြစ်​သွားတယ်​ ။ သူအရင်​က အ​ခွေသွင်းကြတဲ့ သူငယ်​ချင်း​တွေ နယ်​မှာ တစ်​​ယောက်​တစ်ကွဲနဲ့ ပါမလာကြ​တော့ဘူး ။ တစ်​​နေ့မှာ​တော့ ရဲကြီး မင်းသီချင်း​တွေ ငါဆိုချင်​တယ်​လို့ သူက​ပြောတယ်​ ။ ကျွန်​​တော်​က အဲဒီ အချိန်​မှာ ခရမ်းပြာ အ​ဆောင်​မှာ ​နေတယ်​ ။ သူ ခရမ်းပြာကို လာခဲ့မယ်​​ပြောတယ်​ ။ လာခဲ့​ပေါ့ ။ မင်းသီချင်း​တွေ ငါဆိုချင်​တယ်​ ၊ ဆို​ပေါ့ ။ ကျွန်​​တော်​နဲ့ သူနဲ့ ​ငွေ​ကြေးကိစ္စ​တွေ ဘာ​တွေ မ​ပြော ဘူး ။ အဲဒီအချိန်​မှာ သူ့ကို ညိုညို​တေးသံသွင်းက ထုတ်​​ပေး​နေပြီ ။


သူလည်း တစ်ခြား သွားမ​နေ​တော့ဘူး ။ ခရမ်းပြာ အ​ဆောင်​ကိုပဲ လာ​နေ​တော့တယ်​ ။ သီချင်း​တွေ practice လုပ်​ကြတယ်​ ။ သူ့ကို သီချင်း​တွေ ဆိုပြတယ်​ ။ တစ်တွဲတွဲ ဖြစ်​သွားတယ်​ ။ အဲဒီ တုန်းက ခရမ်းပြာ မှာ ကို​နေဝင်း ရှိတယ်​ ။ ကို​မောင်​​မောင်​ ၊ ခင်​​မောင်​တိုး လည်း ရှိတယ်​ ။


ခရမ်းပြာမှာ ကျွန်​​တော်​က အဓိက ငှား​နေသူ​ပေါ့ ။ ကျွန်​​တော့်​ဆီ လာစုကြ ၊ ဆုံကြတဲ့ သ​ဘော ပါပဲ ။ အ​ဆောင်​က အခန်းကြီး တစ်​ခန်း ​ပေးထားတယ်​ ။ ကို​နေဝင်း ၊ ကို​မောင်​​မောင်​တို့က နာမည်​ ရ​နေကြပြီ ။


ခရမ်းပြာ ဆိုတာ တစ်ကယ်​​တော့ အ​ဆောင်​နာမည်​ မဟုတ်​ဘူး ။ အ​ဆောင်​နာမည်​က တစ်​ခု ။ နယ်​က​နေ ​ကျောင်းလာတက်​တဲ့ လူငယ်​ တစ်​​ယောက်​က လဘက်​ရည်​ဆိုင်​​လေး လာဖွင့်​တယ်​ ။ ခရမ်းပြာ ဆိုပြီး နာမည်​​ပေးလိုက်​တယ်​ ။ လူငယ်​​တွေ ပါးစပ်​ဖျားမှာ ခရမ်းပြာ ကို သွားမယ်​ဆိုပြီး နာမည်​တွင်​သွားတယ်​ ။ အ​ဆောင်​ကလည်း ခရမ်းပြာ ဆိုတဲ့နာမည်​ ဖြစ်​လာတယ်​ ။ လဘက်​ရည်​ဆိုင်​ ကို ခဏ​လေးပဲ ဖွင့်​လိုက်​ရတယ်​ ။ ဝိုင်းလုပ်​ ဝိုင်းစားလုပ်​ရင်းနဲ့ ဆိုင်​က ပြုတ်​သွားတယ်​ ။ ဒါ​ပေမယ့်​ ခရမ်းပြာ ဆိုတဲ့ နာမည်​က​တော့ ကျန်​ရစ်​တယ်​ ။


အဲဒီအချိန်​က ကျွန်​​တော်​တို့ဟာ သီချင်း​တွေ ​ရေး​နေကြပြီ ။ ကိုယ့်​ဖာသာကိုယ်​ ​ရေးတာလည်း ရှိ ၊ တွဲပြီး ​ရေးတာလည်း ရှိတယ်​ ။ " ပန်းခရမ်းပြာ " သီချင်းက​တော့ အ​ဆောင်​နဲ့ ပတ်​သက်​တဲ့ ခံစားမှု​လေးပါ ။ နာမည်​ ကလည်း ပန်းခရမ်းပြာ ။ သူ့ရဲ့သဘာဝ အတိုင်း​လေးပါပဲ ။ အ​ဆောင်​မှာ ​နေဝင်​တဲ့ အချိန်​​လေးကို ကြည့်​ရင်းနဲ့ ​ရေးဖြစ်​သွားတာပါ ။ သီချင်းမှာ ​ဗေဒါ ဆိုတာ ပါတယ်​ ။ ဆရာ​ဇော်​ဂျီရဲ့ ​ဗေဒါကိုလည်း ခံစားခဲ့​တော့ ခရမ်းပြာဆိုတဲ့ ​ဗေဒါ ကိုပဲ ခံစား​ရေးဖွဲ့လိုက်​တာပါ ။ဒီမြင်​ကွင်း​လေးက​တော့ ကိုယ့်​စိတ်​ကူးနဲ့ ဖန်​တီးလိုက်​တာလည်း ပါတာ​ပေါ့​လေ ။


ကို​အောင်​ဝင်းတို့ အဖွဲ့​တွေလည်း အ​ဆောင်​ကို လာ​နေကြတယ်​ ။ ကျွန်​​တော်​တို့နဲ့ ရင်းနှီး သွား တယ်​ ။ ကို​အောင်​ဝင်း က ​ကျောက်​ပန်း​တောင်းသား ပါ ။ သူတို့ထဲက လူငယ်​​လေးတစ်​​ယောက်​ကို ဂစ်​တာသင်​​ပေးဖို့ ​ပြောတယ်​ ။ အ​ဆောင်​မှာ ​ကျောက်​ပန်း​တောင်းသား​တွေ များတယ်​ ။ ကျွန်​​တော့်​အခန်းက​တော့ စုရပ်​လို ဖြစ်​​နေတယ်​ ။ အခန်းက သီချင်းသံကြားရင်​ သူတို့ တက်​လာကြ တယ်​ ။ အိပ်​ချိန်​​ရောက်​မှ ကိုယ့်​ အခန်းကိုယ်​ ပြန်​အိပ်​ကြတယ်​ ။


ကိုခင်​ဝမ်း အသံက ကျွန်​​တော်​တို့ကြိုက်​တဲ့ အသံပါ ။ သူ့အသံက sweet ဖြစ်​တယ်​ ။ သူက 
စိုင်းထီးဆိုင်​ နာမည်​ကြီးချိန်​ ​ပေါ်လာတာပါ ။ ထီးဆိုင် ရဲ့ flow မျိုးနဲ့ သွားဆိုရင်​ သူ​အောင်​မြင်​မှာ မဟုတ်​ပါဘူး ။ ထီးဆိုင်​ ​အောင်​မြင်​​နေချိန်​ သူဖြစ်​လာတာဟာ ဘာပဲဖြစ်​ဖြစ်​ သူ့မှာ ကိုယ်​ပိုင်​ဟန်​ ရှိလို့ပါ ။


သူ့သီချင်း​တွေကို ကျွန်​​တော်​တို့က ကဗျာ လို့ပဲ မြင်​တယ်​ ။ အင်​မတန်​ လှတဲ့ ကဗျာ​လေး​တွေပါ ။ ပြည်​မှာ​ဆောင်း ၊ ဧရာဝတီ တို့ကို ကြိုက်​တယ်​ ။ ကျွန်​​တော်​တို့ type နဲ့လည်း ကိုက်​တယ်​ ။ ကျွန်​​တော်​တို့ သီချင်း​တွေကလည်း သဘာဝ ကို ဖွဲ့တာများတယ်​ ။ဒါ့​ကြောင့်​လည်း ကိုခင်​ဝမ်းနဲ့ ပိုပြီး တွဲဖြစ်​သွားတာပါ ။


ကိုရဲလွင်​ ( မဇ္ဈိမလှိုင်း )
ref: မြန်​မာသစ်​ ရသစုံမဂ္ဂဇင်း ၊ Feb , 2010 


မှတ်​ချက်​ ။ ။ ကိုရဲလွင်​ရဲ့ စာမူ တစ်​ပုဒ်​​တွေ့လို့ ကူးယူ​ဖေါ်ပြလိုက်​ပါတယ်​ ။ 
ကိုခင်​ဝမ်း အ​ကြောင်းပါ ။ 

နာမည်​​ကျော်​ ခရမ်းပြာအ​ဆောင်​ အ​ကြောင်းလည်း ပါ​နေတာမို့ ​ရှေးဖြစ်​​ဟောင်း ​အောက်​​မေ့ဖွယ်​ပါ ။ ပြီးတော့ သူတို့အဖွဲ့မှာ ဦးစီးဦးဆောင်သူ ဘယ်သူဆိုတာလည်း ဒီဆောင်းပါးအရ ရိပ်စား မိနှိုင် ပါတယ် ။  

စာပိုဒ်​ နည်းနည်း ကျန်​​သေးတယ်​ ။ ဘက်​ထရီ အားနည်းလာလို့ ။ သည်းခံကြပါ ။

မဇ္ဈိမလှိုင်းမှာ ဂီတ arrangement လုပ်သူတွေဟာ ကိုမောင်မောင် ၊ ဇော်မျိုးထွဋ် တို့ပေမယ့် အဖွဲ့သားအားလုံးရဲ့ အကိုကြီး သဖွယ် လေးစား အားထားခံရသူဟာ ကိုရဲလွင် ပါ ။
...

Crd .. . Maung Maung Nee
14.7.2018

No comments:

Post a Comment