Tuesday, October 31, 2017

အမျိးသမီး ငါးဦးလျှင် လေးဦး က လက်မထပ်ခင် အတွေ့ အကြုံရှိ






လက်ထပ် ထိမ်းမြား ခြင်း မပြုမှီ မှာ ပင် အမျိုး သမီး ငါး ဦး လျှင် သုံး ဦး က သူတို့  ၏ အပျိုစင် ဘ၀ ကို ဘ၀ ကြင် ဖော် မဟုတ် သည့် အခြား တစ်ယောက် နှင့် မျှဝေခဲ့ ကြောင်း နှင့် ငါး ဦး လျှင် လေးဦး က မူ ကြင်ဖော် သို့  မဟုတ် အခြား တစ်ယောက် နှင့် မျှ ဝေခဲ့ ကြောင်း FNG ၏ လေ့လာမှု စစ်တမ်း တစ်ရပ် အရ သိရ သည်။
ရန်ကုန် ၊ မန္တလေး နှင့် နေ ပြည် တော် မြို့  များ တွင် ပြု လုပ် သည့် FNG ၏ ” လက် မထပ် မှီ အပျိုစင် ဘ၀ ထိမ်းသိမ်းနိုင်မှု ” စစ်တမ်း တွင် ရန်ကုန် မြို့  မှ ၂၄ ဦး ၊ မန္တလေး မြို့  မှ ၁၅ ဦး နှင့် နေ ပြည် တော် မှ အမျိုး သမီး ရှစ် ဦး က သူတို့  ၏ အတွေ့ အကြုံ များ ကို မျှ ဝေခဲ့ ကြသည်။
နိုဝင်ဘာလ အတွင်း က လက်ထပ် ထိမ်းမြှား မှု ပြု ခဲ့ သည့် ကွန်ပျုတာ ဆော့ဖ်ဝဲ နည်း ပညာရှင် အသက် ၂၅ နှစ် အရွယ် အမျိုး သမီး တစ်ဦး က ” လက်မထပ် ခင် ရည်းစား ငါး ယောက် ထား ဖူး ပြီး ငါး ယောက် လုံး နဲ့  အတူ လိင် ဆက်ဆံ ခဲ့ ဖူး ကြောင်း FNG ကို ပြောသည်။
စစ်တမ်း တွင် ဖြေ ဆို သည့် အမျိုး သမီး များ ၏ ထက် ၀က် ခန့် မှာ လက်မထပ် ခင် လိင်ကိစ္စ အတွေ့ အကြုံ ရှိ ဖူး ရာ ဉ် နှစ် ယောက် ထက် ပင် ပိုမို သည် ဟု အဖြေပေး ခဲ့ ကြသည်။ ရန်ကုန် မြို့  မှ ဖက်ရှင် နဲ့  အလှ အပ ရေးရာ မဂ္ဂဇင်း မှာ တာဝန် ရှိ သူ တစ်ဦး က မူ ” မိန်း ကလေး တွေ လက်မထပ် ခင် လိင်ကိစ္စ အတွေ့ အကြုံ က သိပ် ပြီး တော့ အဆန်း ကြီး တော့ မဟုတ် တော့ ပါ ဘူး ။


ညစ်ညမ်းပုံတွေ ပျံ့နှံ့ခြင်းနဲ့ ပတ်သက်ပြီး သရုပ်ဆောင် မြတ်ကေသီအောင် ၏ ခင်ပွန်းဟောင်း ရှင်းပြီ




ကျွန်တော့်နာမည် အောင်ဇော်လတ်ပါ ကျွန်တော် ယခု အမေရိကန်နိုင်ငံ နယူးယောက်မှာ နေပါသည် ။
ကျွန်တော် ယခု ဒီ postကို မတင်ချင်ခဲ့ပါဘူး ။ ဒါပေမယ့် ကျွန်တော် အခု ကျွန်တော့် အသိုင်းအဝိုင်း ဆွေးမျိုး အပေါင်း အသင်းကြားမှာ အရှက်တစ်ကွဲ စိတ်မကောင်းခြင်းများစွာနှင့် ရင်ဆိုင်တွေ့ကြုံနေရသောကြောင့် ကျွန်တော် ဒီ post ကို တင်ရခြင်းဖြစ်ပါတယ် ။
ဒါပေမယ့် ကျွန်တော် ရင်ထဲရှိတဲ့ အတိုင်း ပွင့်လင်းစွာပြောရရင်တော့ ဒီပြဿနာကို လွန်ခဲ့သော ဆယ်နှစ်ခန့် ကတည်း ကျွန်တော် ဒီပိုစ် ကို တင်ခဲ့ချင်တာပါ။
ကျွန်တော် အောင်ဇော်လတ် နှင့် မသီတာမြင့် (ခ) သရုပ်ဆောင် မြတ်ကေသီအောင် သည် 2006 ခုနှစ်မှာ လူသိရှင်ကြား တရားဝင် လက်ထပ်ခဲ့ကြပါသည်။ ကျွန်တော်တို့ လက်ထပ်ပြီး မကြာခင်မှာပဲ ကျွန်တော်အမေရိကား ကို ပြန်လာခဲ့တယ် ။
ကျွန်တော် အမေရိကန် ပြန်ရောက်နေစဉ် မြတ်ကေသီအောင်သည် ရုပ်ရှင် ထုတ်လုပ်ရေး ပိုင်ရှင် ဇော်မျိုးအောင်နှင့် အိမ်ထောင်ရေး ဖောက်ပြန်နေတာကို ကျွန်တော် သိခဲ့ရပါတယ် ။ ကျွန်တော့်ရဲ့မိဘ အသိုင်းအဝိုင်း သူငယ်ချင်းများကလည်း ကျွန်တော့်ကို ဒီအကြောင်းကို ထပ်ခါထပ်ခါပြောခဲ့ကြပါတယ်။
ဒါပေမယ့် ကျွန်တော်မယုံခဲ့ဘူး ။ အဲ့ဒါကြောင့် ၂၀၀၈ ခုနှစ် မြန်မာပြည် နာဂစ်ဖြစ်ပြီး နောက်တစ်ရက်မှာပဲ ကျွန်တော်မြန်မာပြည်ကို ပြန်ရောက်ခဲ့တယ် ။ မြန်မာပြည်ရောက်ပြီး နောက်နေ့မှာ ကျွန်တော့်သူငယ်ချင်းဆီ အသွား ရွှေဂုံတိုင် စားသောက်ဆိုင်နား အရောက်မှာ မြတ်ကေသီအောင် စီးတဲ့ကားကို ကျွန်တော် ရုတ်တစ်ရက် တွေ့လိုက်ရတယ် ။
သူ့ရဲ့ ဒရိုက်ဘာ က ကျွန်တော့်လည်းမြင်ရော ဆိုင်ထဲဝင်ပြီး မြတ်ကေသီအောင်ကို သွားပြောပြီး ကားမောင်း ထွက်သွားတယ် ။ ကျွန်တော် ဆိုင်ထဲဝင်သွားတော့ စားပွဲထိုး တစ်ယောက်ကိုမေးတယ် ။ မေးတော့ ပြန်သွားပြီလို့ ကျွန်တော့်ကိုလိမ်တယ်။



Wednesday, October 25, 2017

ပိုလာဘာလီ ..{ ဖြူသီ . မို့မို့ }





Snoop Dogg ..... Neva Left (2017)




Snoop Dogg - Love Around the World (Music Video)




အခွေသစ် ထွက်တော့မယ့် စနူးဒေါ့ဂ်ျ { Snoop Dogg }



 အမေရိကန် ရက်ပါ အဆိုတော် စနူးဒေါ့ဂ်ျ သည် ၎င်း၏ (၁၆) ခွေမြောက် တေးအယ်လ်ဘမ် သစ်ကို ဖြန့် ချိမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
အသက် (၄၆) နှစ် အရွယ် စနူးဒေါ့ဂ်ျ သည် ‘Make America Crip Again’ တေးအယ်လ် ဘမ် ကို အောက်တိုဘာ ၂၇ ရက်တွင် ဖြန့်ချိမည်ဖြစ်သည်။ 

အဆိုပါ တေးအယ်လ်ဘမ် ၏ ခေါင်းစဉ် အမည်ပေးထားသော ‘ Make America Crip Again ’ သီချင်း သည် မကြာမီက စနူးဒေါ့ဂ်ျနှင့်  အမေရိကန် သမ္မတ  ဒေါ်နယ်ထရန့် အကြား အငြင်းပွားဖွယ် အကြောင်းအရာ နှင့်ပတ်သက်၍ တုံ့ပြန် ရည်ညွှန်း သီဆိုထားကြောင်း သိရသည်။


အလင်းရောင် ရိုက်ဖို့ ကြောက်နေတဲ့ ဇာတ်ကား

                                                      ဓါတ်ပုံ- စိုင်းဇော်

 ‘ သမ္မတကြီးထံ ပေးစာ ’ ဟု အမည်ရသော ရုပ်ရှင်ဇာတ် ကားတွင် ဇာတ်ဝင်ခန်း ခြောက်ခန်း မျှသာ ပါဝင်သရုပ်ဆောင်ရ သော်လည်း ကြိုက်နှစ်သက်သည့် ဇာတ်လမ်းဖြစ်နေသည့် အပြင် ဒါရိုက်တာ ဝိုင်း ရိုက်ကူးသော ကြောင့် ပါဝင်ဖြစ်ကြောင်း သရုပ်ဆောင် အလင်းရောင် က ပြော ကြားသည်။

‘‘ ဒီကားမှာ သရုပ်ဆောင်ရ မှာကို ကြောက်တယ်။ ဘာလို့လဲ ဆိုတော့ အစက အခန်းနည်းလို့ တစ်ခြားသူနဲ့ ရိုက်မယ်လို့ ပြောပြီး မှ အခု ကျွန်တော်နဲ့ ပြန်ရိုက်တာ ပေါ့ ။ ဒီကားမှာ ကျွန်တော် သရုပ် ဆောင်ရမယ့် အ ခန်းက ခြောက် ခန်းပဲ ပါပါတယ်။ ဒါပေမဲ့ တစ်ခန်း၊ တစ်ခန်းမှာ လုပ်ရမှာတွေ အရမ်းခက်တယ်။ ဇာတ်က လည်း ကိုယ့် ကြောင့်ပဲဖြစ်တဲ့ ပုံစံမျိုးပါ’’ ဟု ၎င်းက ပြောသည်။
အဆိုပါ ဇာတ်ကား၌ ၎င်း သည် လုံခြုံရေးဝန်ထမ်း အဖြစ် ပါဝင် သရုပ်ဆောင်မည်ဖြစ်ပြီး အရိုင်း၊ ဖွေးဖွေး ၊ ချမ်းမင်းရဲထွဋ် နှင့် မေဆူးမောင်တို့လည်း ပါဝင် မည်ဖြစ်သည်။
‘‘ကျွန်တော် ထောင်ကျတာ တွေလည်း ပါတယ်။ ထောင်ကျတဲ့ အချိန်မှာ ပုံစံတစ်ခု ချိန်းရမယ်ဆို တော့ အဲဒါလေးတွေကို အပြောင်း အလဲဖြစ်အောင် လုပ်သွားမယ်။ ဇာတ်အရ ထောင်က လေးနှစ် ကျော် ကျမှာ  ဆိုတော့ အဲဒီနေရာ မှာ တစ်ချက် ပုံစံပြောင်းရမယ်’’ဟု အလင်းရောင် က ပြောသည်။
သမ္မတကြီးထံ ပေးစာ ရုပ်ရှင် ဇာတ်ကားသည် ဇာတ် ဖတ်လိုက် သည်နှင့် ပုံမှန် မြန်မာ ကားများ တွင် တွေ့ နေကျ ပုံစံမျိုးမဟုတ်ဘဲ ထူးဆန်းပြီး ပရိသတ် အများစု ကြိုက်နှစ်သက်သည့် ဇာတ်လမ်း ပုံစံမျိုးဖြစ်ကြောင်း ၎င်းက ဆို သည်။


Friday, October 20, 2017

Joe Satriani အကြောင်း သိကောင်းစရာများ



Joe Satriani ကို 1956 ခုနှစ် Nwe York မြို့ Westbury မှာမွေးဖွားတာဖြစ်ပါတယ်။ သူဂစ်တာနှင့် အသက်မွေး နေတဲ့ ကာလများ အတွင်းမှာ သူဟာ သီဆိုဖျော်ဖြေရတာထက် စာရင် ဆရာဖြစ်ရန် အထုံပါသူ တစ်ယောက်လဲဖြစ်ပါတယ်။

သူဟာ ဆရာ အဖြစ်ရော နည်းပြပေးသူ အဖြစ်နဲ့ပါ သင်ကြားပေးခဲ့သူ နာ မည်ကျော်များ ဦးရေဟာ ၈၀ မှ ၉၀ ကြားရှိပါတယ် ။ အဲဒီအထဲ မှာ Steve Vai, Metallica က Kirk Hammett, Primus က Larry LaLonde , နှင့် Counting Crows က David Bryson တို့ ဖြစ်ကြပါတယ် ။ သူသင်ပေးခဲ့တဲ့ ဂီတ ပညာရှင် အားလုံးကို အလှုံ့ဆော်နိုင်ဆုံး ကတော့ သူ့ရဲ့ Satch Boogie ဖြစ်ပါတယ် ။

Guitar ဆိုင် တစ်ဆိုင်မှာ Joe Satriani ရဲ့ " Satch Boogie " တီးသွားတာလေးပါ ။
သူငယ်စဉ်က Jimi Hendrix ကို အရမ်းကို ကြည်ညို လေးစား အားပေးခဲ့သူဖြစ်ပါတယ်။ Jimi Hendrix သေဆုံးပြီးသွားတဲ့ နောက်ပိုင်း သူဟာ ဘောလုံး အသင်းက ထွက်လိုက်ပြီး သူကိုယ်သူ ဂစ်တာသမား ဖြစ်အောင်ကြိုးစားဖိုရန် ဘဝကို မြှပ်နှံထားလိုက်တော့တယ်။

သူလေးစားတဲ့ ဂီတပညာရင် တွေက အများကြီးပါ ။ Led Zeppelin နှင့် Black Sabbath တို့လဲ ပါဝင်ပါတယ်။ 1970 ခုနှစ်များ အတွင်း က သူဟာ အခြား အောင်မြင်ကျော်ကြားသော Jazz ဂီတ တစ်ချို့ကိုလေ့လာ လိုက်စားခဲ့ပါသေးတယ်။

အဲဒီ အထဲမှာ စန္ဒယား ပညာရှင်များဖြစ်ကြတဲ့ Lennie Tristano နှင့် Billy Bauer တို့လဲ အပါအဝင်ဖြစ်ပါတယ်။ အထူးသဖြင့် သူဟာ နည်းပညာပိုင်းကို ခရေစေ့တွင့်းကျ လိုက်ပြီးလေ့လာ ခဲ့သူဖြစ်ပါတယ်။

1974 ခုနှစ်များမှာတော့ သူ့ဆီမှာ တပည့်ခံသူ တော်တော် လေးများလာပါပြီ Steve Vai အပါအဝင်ဖြစ်ပါတယ်။ 1978 ခုနှစ် မှာ Joe ဟာ Berkeley California ကိုပြောင်းလာပြီးတော့ သူ့ရဲ့ ဂစ်တာ သမား ဘဝကို စတင် ဘို့မျှော် လင့်ချက်တွေနဲ့ ဖြစ်ပေမယ့် မကြာခင်မှာဘဲ သူဟာ ဂစ်တာတီး သင်တဲ့ အလုပ်ကိုဘဲ ပြန်လည်လုပ်ဆောင်ခဲ့ရပါတယ်။



Thursday, October 19, 2017

Guitar Lesson: Pitch Axis Theory & Modal Harmony





G3 - Joe Satriani - Crystal Planet (Crocus City Hall, Moscow, 05.08.2012)




Joe Satriani - "Time machine" (Live in Paris)





Joe Satriani - Summer Song(from Satriani LIVE!)





Joe Satriani - The Extremist (from Satriani LIVE!)





Joe Satriani - "One Big Rush" (Live in Santiago)






Joe Satriani - Flying In a Blue Dream (from Satriani LIVE!)





Joe ရဲ့ 1987 ခုနှစ် album ဖြစ်တဲ့ Surfing With the Alien




Joe Satriani ရဲ့ ပထမဆုံး Album ဖြစ်တဲ့ Not Of This Earth




Joe Satriani "Satch Boogie" At: Guitar Center