Sunday, August 28, 2016

Myanmar Idol ပွဲ အတွက် မြန်မာပြည်သိန်းတန် ဘယ်လို ဖက်ရှင်တွေ ရွေးထားလဲ


မြန်မာပြည် သိန်းတန် ဟာ Myamar Idol သီချင်းဆိုပြိုင်ပွဲ ရဲ့ Season 2 မှာ အကဲဖြတ် ဒိုင် အဖြစ် ဆောင်ရွက် မှာ ဖြစ်ပါတယ်။

 ဖျော်ဖြေပွဲတွေမှာ ဝတ်တဲ့ ဝတ်စုံတွေကြောင့် လူပြော သူပြောများတဲ့ မြန်မာပြည်သိန်းတန် ကို ဒိုင် အနေ နဲ့ ဆောင်ရွက်မယ့် ပွဲတွေမှာ ဝတ်မယ့် ဝတ်စုံတွေ နဲ့ ပတ်သက်ပြီး 7Day TV က မေးမြန်း တင်ဆက် ထားတာလေး ဖော်ပြ လိုက် ပါတယ်။






http://www.7daydaily.com/video/73768


Thursday, August 25, 2016

တရားဝင် ကွာရှင်းမှု အပြီးတွင် ဖေ့စ်ဘုတ် ၌ ဇနီး ၏ ရေးသားထားမှုအား ပြန်လည်ဖြေရှင်းလိုက်တဲ့ မိုးမိုး




အဆိုတော် မိုးမိုး နဲ့ တရားဝင် ကွာရှင်းရန် ဇနီးဖြစ်သူ မဖြူသီမျိုးလွင် ရဲ့ တရားရုံး မှာ ဦးတိုက်လျှောက်ထားမှုကို သြဂုတ်လ (၂၃) ရက်နေ့က မဖြူသီမျိုးလွင် အား အနိုင် ဒီဂရီပေးလိုက်ပြီး တရားဝင် ကွာရှင်းခွင့် ရရှိသွားပြီလို့ သိရပါတယ်။ လွန်ခဲ့တဲ့   (၃)နှစ်လောက် ကတည်းက အိမ်ထောင်ရေးပြဿ        နာတွေကြောင့် တရားရုံးမှာ မိုးမိုး ရဲ့ ဇနီးသည် ဟာ ကွာရှင်းခွင့် တောင်းခံခဲ့ပါတယ်။

ကွာရှင်းဖို့ ကိစ္စကို အဆင့်ဆင့် တရားရင်ဆိုင်ခဲ့ပြီးနောက် မနေ့ (သြဂုတ်လ ၂၃ ရက်) က တရားရုံးက ချ  မှတ်တဲ့ အနိုင်ဒီဂရီ ကို မဖြူသီမျိုးလွင် က ရရှိခဲ့ကြောင်း သူမ ရဲ့ဖေ့စ်ဘွတ်ပေါ်မှာ ရေးထားပါတယ်။

"အိမ်ထောင်ရေး ဖောက်ပြန်နေတဲ့ ယောက်ျား ကို ဆက်ပြီး မပေါင်းနိုင်တော့တဲ့ အတွက် လွန်ခဲ့တဲ့ ၃နှစ် က ကွာရှင်းခွင့်တောင်းခဲ့တယ်။ ကွာရှင်းမပေးတဲ့ အတွက် အရှေ့ပိုင်းခရိုင် တရားရုံးချုပ် ကနေ ကွာရှင်းလိုမှု ကို ဦးတိုက်လျှောက်ခဲ့ပြီး တရား ရင်ဆိုင်လာတာ ဒီနေ့တော့ အမှန်တရားအတိုင်း ပြီးဆုံးသွားခဲ့ပြီ" လို့ မဖြူသီမျိုးလွင်က သူမ ရဲ့ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

ထိုကဲ့သို့ရေးသားထားခြင်းအပေါ် တေးသံရှင် မိုးမိုး မှ သူ၏ ဖေ့စ်ဘုတ် အကောင့်တွင် ယခုလိုပဲပြန်          လည်ရေးသား ထားပါတယ် ။

" ဒီနေ့ တရားရုံးက အမိန့်ချမှတ်ပါတယ် ကွာရှင်းခွင့်ပေါ့ ကျွန်တော် ဒီအကြောင်းနဲ့ ပတ်သက်ပြီး တစ်ခါမှ မရေးခဲ့ဖူးပါဘူး သူ့ဘက်က စွဲချက် အကုန် ပယ်ခံရပါတယ်။ စွတ်စွဲချက် တစ်ခုမှ မမြောက် ပါဘူး ။
ဒါပေမယ့် ဆက်ပေါင်းဖို့ လုံးဝ မဖြစ်နိုင်တော့တဲ့ အတွက် လွန်ခဲ့တဲ့ လအနည်းငယ် ကတည်းက
အမှု ကို ရုတ်သိမ်းပြီး လက်မှတ် ထိုးဖို့တောင်းဆိုခဲ့ပါတယ်။


ကလေးတွေကိုတွေ့ခွင့်တောင်းခဲ့ပါတယ်။ (အခုထိတွေ့ခွင့် မပေးပါ) ဘာပြန်ပြောလဲ ဆိုတော့....

၁။ ကလေး တစ်ယောက် အတွက် သိန်း ၁ထောင် နှစ်ယောက် အတွက် သိန်း ၂ထောင် တောင်းပါတယ်။


၂။ ပိုင်ဆိုင်တဲ့ ကားကိုလဲတောင်းပါတယ် (ကား က စုစုပေါင်း မှ ၁ စီး ပဲ ရှိတာပါ ဒါတောင် သူက ယူသွား      ပြီးရောင်းစားပြီး ပါပြီ)


၃။ ပိုင်ဆိုင်တဲ့မြေကွက် တွေ တစ်ဝက်တောင်းပါတယ်။ (အမှန်က သားတွေ အတွက် ဥထားတဲ့ မြေကွက်တစ်ကွက်ပဲ ရှိတာပါ)


စဉ်းစားသာကြည့်ပါ။ တောင်းချက်တွေက..ကျွန်တော့်မှာ ဘယ်လိုလုပ် ရှိမှာလဲ.. သိန်း၂ ထောင်တဲ့၊ ကားကလဲ သူရောင်းစားပြီးပြီ ။ ဆက်ပေါင်းနေရင်လဲ အဆင်မပြေတဲ့ အကြောင်းတွေ ကတော့
ကျွန်တော်က ရှာ မကျွေးဘူး ဆိုပြီး လိုက်ဖွတယ်။ 


အမှန်က ရသမျှ အကုန် အပ်ခဲ့တာပါ ။ စာရင်းစာအုပ် အတိအကျ ရှိပါတယ် ။ သူ့လက်ရေးနဲ့ မှတ်ထားတဲ့ စာအုပ်ပါ တစ်လ ဝင်ငွေ ၁၆ သိန်း မှ သိန်း ၅၀ ခန့် ရှိပါတယ် ။ (တစ်ပြားမှ သူ မစုမိပါ အကုန် သုံးပါတယ် ကလေးနှစ်ယောက် အတွက် နေ့ည နတ်စ်မ ငှါးတာကို က ၂ နှစ် နီးပါးပါ)

အဲဒီ စာအုပ် သက်သေပြန်ဖျက်ပေးဖို့ ,ဖျက် မပေးရင် ကျွန်တော်တို့ မိသားစု အားနည်းချက် ကို ဖြည်ချလိုက်မယ်လို့ ခြိမ်းခြောက် ပါသေးတယ်။ ဒါပေမယ့် မ ဖျက်ပေးခဲ့ပါဘူး ရအောင် တင်ခဲ့ပါတယ်။ ဒါကြောင့်လဲ အဲဒီစွဲချက် ပယ်ခံရပါတယ် ။


ပြီးတော့ ကျွန်တော်ကနှိပ်စက် သတဲ့ သူ ခက်ရင်းနဲ့ ထိုးလိုက်လို့ ကျွန်တော့် မျက်လုံးတစ်ဖက် ထိခိုက်ရတာသာရှိပါတယ်။


သူ့ဒေါသ နဲ့ သူ လက်ကျိုး တာတို့ လက်ချုပ် ရတာကိုလဲ ကျွန်တော့်ကြောင့် လို့ပြောပါတယ်။
ယုတ်စွ အဆုံး အိမ်ထောင် သက်တမ်းတလျှောက် လင်မယားခန်း မှာ သူက လုံးဝ စိတ်မပါခဲ့ပါဘူး ဆိုပြီး  လိုက်ပြောတယ်။



Saturday, August 20, 2016

ချစ်သူ ရှိနေပေမယ့် အချစ်ရေး ဆိုတာ အမြဲ နံပါတ် (၂) နေရာမှာပါ လို့ ပြောလာတဲ့ သင်ဇာဝင်ကျော့်




ကားရိုက်တွေ ဆက်တိုက် ဖြစ်နေပေမယ့် ခန္ဓာကိုယ် အချိုး အစား ပိုမို လှပအောင် မနားမနေ အမြဲကြိုး  စားနေတတ်သူ ကတော့ သင်ဇာဝင်ကျော့် ပါပဲ။ 

ခုနောက်ပိုင်း သူမ ရဲ့ instagram မှာ သူမ ရဲ့ချစ်သူနဲ့အတူ ရိုက်ထားတဲ့ ဓာတ်ပုံလေးတွေ တင်လာ   တာကြောင့် ပရိသတ်တွေ ကတော့ ဘယ်သူလဲ၊ ဘယ်ကလဲ ဆိုပြီး စိတ်ဝင်တစ်စား ပိုရှိလာကြပါတယ်။ ဒါ့ကြောင့် သင်ဇာဝင့်ကျော် နဲ့ တွေ့ဆုံခိုက် သိချင် တာလေးတွေ မေးမြန်းဖြစ်တဲ့အခါ......

- ဒီနေ့ရိုက်တဲ့ ဇာတ်ကားလေး အကြောင်းကို အရင်ဆုံး ပြောပြပေးပါဦး။
သေနတ် တစ်လက် သနပ်ခါး တစ်စက် ဓားတစ်လက် နဲ့တူသော မိန်းမများ ဆိုတဲ့ ဇာတ်ကားပါ။ ကိုခန့် ပါ  မယ်၊ မိုးဟေကို နဲ့ မေမြတ်နိုး ပါမယ်။ ဒါရိုက်တာ ကတော့ ကိုစတီးလ် ပါ။ သင်ဇာ က ဒီကားထဲမှာ ဓား   တစ်လက်  နဲ့တူသော မိန်းမပေါ့နော်။

-ဒီနှစ်ထဲမှာ နောက်ထပ် ဘာကားကြီးတွေ ရိုက်ဖို့ ရှိဦးမလဲ။
ပြောထားတာတွေတော့ ရှိတယ်။ မသေချာသေးဘူး။

-တရားစခန်း လည်း ၀င်လိုက်သေးတယ်နော်။ တရားစခန်းဝင်လိုက်တဲ့ အခါမှာ ဘယ်လို စိတ်ခံစား       ချက်တွေ ဖြစ်မိလဲ။ 
တရားစခန်းဝင်ဖြစ်တာက သင်ဇာ သင်္ကြန် အပြီး အားနေတာလဲ ပါတယ်။ ပူတဲ့ အချိန် ၀င်တာ ဆိုတော့    အရမ်း  ကို ပင်ပန်းတယ်။ ပူတဲ့  အချိန် တရား  အားထုတ်ရတာ တစ်ကယ် ကို မလွယ်တဲ့ ကိစ္စပေါ့နော်။ တရားတော့ ရခဲ့ပါတယ်။ သင်ဇာ တို့က တရား ထိုင်တာ အဓိက ဆိုတော့ ကိုးပါး သီလစောင့်တယ်။ အဲ့ဒီအတွက် ကုသိုလ်ရတာပေါ့။

-ရုံပြိုင် စနစ် မဟုတ်တော့ဘဲ တန်းစီ စနစ်ဖြစ်သွားတဲ့ အပေါ် သင်ဇာ့ အမြင်လေးကို ပြောပြပေးပါဦး။ 
ရုံပြိုင် စနစ်တော့ ဖြစ်စေချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ တန်းစီပြီးစောင့်နေရတဲ့ အခါကျတော့ အခုဟာက ၂၀၁၈ အထိ ပြည့်သွားပြီ ဆိုတော့ အခုနောက်ထပ် တင်မယ့်ကားတွေ အများကြီး စောင့်ရမှာ။ အဲ့ဒီ    အခါကျတော့ အကယ်ဒမီ ပေးရင်လဲ ကားတွေ  အများကြီး ပြုံနေတဲ့ အတွက် ကောင်းတဲ့ ကားတွေ နစ်နာနိုင်တယ်။ ဒီနှစ်မှာ ဆိုရင်လည်း ရသင့်တဲ့ သူတွေ မရခဲ့ဘူး။ ကားတွေ အရမ်းများတဲ့အခါ အဲ့ဒီလို  မျိုးတွေ ဖြစ်လာနိုင်တယ်။

- ကိုယ်ကို တိုင် အတွက် အကယ်ဒမီ ဆိုရင်ရော ...။ 
ကိုယ်တိုင် အတွက်ကျတော့ လုပ်ကွက် ရှိတဲ့ ကားတွေ အများကြီး ထွက်လာမှာပါ။ ဒါပေမယ့်လဲ ကံကြမ္မာဆိုတာပြောလို့ မရဘူးပေါ့နော်။ ကိုယ် ကတော့ အကောင်းဆုံးဖြစ်အောင် ကြိုးစားထားတာပဲ။



Wednesday, August 10, 2016

ကဗျာဘွဲ့မှူးး ကို လိမ်လည်မှုဖြင့် အမှုဖွင့်


 တေးသံရှင် ကဗျာဘွဲ့ မှူးနှင့် ခင်ပွန်း တို့သည် စက်သုံးဆီ လုပ်ငန်း လုပ်ကိုင်နေသည်ဟု အ ကြောင်းပြကာ တစ်ဦးလျှင် ငွေ ကျပ်သိန်း ၁,၃၀၀ စီ လိမ်လည် ယူ ဆောင်သွား သဖြင့် အဆိုတော် ဆုန်သင်းပါရ်နှင့် ဒေါ်စန်းစန်းထွေး တို့က သြဂုတ် ၆ ရက်၌ အမှုဖွင့် တိုင်ကြားခဲ့ကြောင်း သတင်းရရှိသည်။
မရမ်းကုန်းမြို့နယ်နေ တေး သံရှင်ဆုန်သင်းပါရ် သည် YMCA ရှိ HWC ဘုရားကျောင်းတွင် ခရစ်ယာန် ဓမ္မသီချင်း သီဆိုရာမှ အဆိုတော် ကဗျာဘွဲ့မှူး တို့ လင်မယား နှင့်တွေ့ဆုံစဉ် ကဗျာဘွဲ့မှူး က ၎င်းတို့ ZTH စက်သုံးဆီ လုပ်ငန်း လုပ်ကိုင်နေကြောင်း၊ စက်သုံးဆီဆိုင် ချဲ့ထွင်ရန် ဆောင်ရွက်ထား သဖြင့် အစုရှယ်ယာ ပါဝင်နိုင် ကြောင်း စတင်ပြောဆိုခဲ့ကြောင်း ကမာရွတ်မြို့မ ရဲစခန်းမှ သိရ သည်။
 ZTH စက်သုံးဆီလုပ်ငန်း တွင် ပါဝင်ထားသည့် အစုရှယ်ယာများ ကို သက်တမ်းခြောက်လ သာ လက်ခံမည်ဖြစ်ပြီး ခြောက်လ ပြည့်ပါက အမြတ်ငွေနှင့် အရင်း ပါ ပြန်လည်ပေးအပ်မည်ဖြစ် ကြောင်း၊ အစုရှယ်ယာတစ်စုလျှင် ကျပ်သိန်း ၅၁၀ သတ်မှတ် ထား ပြီး လူရင်းများဖြစ်၍ ရှယ်ယာကို လက်ခံခြင်းဖြစ်သည်ဟု ယုံကြည် အောင်ပြောကြားခဲ့ကြောင်း ရဲစခန်း တိုင်ချက်အရသိရသည်။
တေးသံရှင် ဆုန်သင်းပါရ် သည် အစ်ကိုဖြစ်သူနှင့် အတူ ၂၀၁၅ နိုဝင်ဘာနှင့် ဒီဇင်ဘာ အတွင်း တက္ကသိုလ်ရိပ်သာလမ်းရှိ Fuji Coffee House ဆိုင်တွင် တွေ့ဆုံကာ ငွေကျပ်သိန်း ၁,၃၀၀ အား သုံးကြိမ် ခွဲ၍ စာချုပ်ချုပ်ဆိုပေးအပ် ခဲ့ကြောင်း ကမာရွတ် ရဲစခန်းမှ သိရသည်။
ထို့နောက် အဆိုတော် ဆုန် သင်းပါရ်သည် ၂၀၁၆ ဧပြီ ၂၃ ရက်တွင် ကဗျာဘွဲ့မှူးနှင့် ဖုန်း အ ဆက်အသွယ်ရပြီး ရှယ်ယာငွေ ကြေးများ ပြန်လည်ပေးအပ်ရန် ကိစ္စပြောဆိုရာ အစိုးရ အပြောင်း အလဲကာလ ဖြစ်သောကြောင့် လုပ်ငန်းများ ရပ်တန့်နေ၍ ငွေ တစ်ရစ်ပြန်လည်ပေးအပ်မည်ဟု ပြောကြားခဲ့သော်လည်း နောက်ပိုင်း တွင် အဆက်အသွယ်ပြတ် တောက်ခဲ့ကြောင်း သိရသည်။

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ ... Ko Kyaw Gyi {Cover} Finger Style



စိုင်းထီးဆိုင်  သီဆိုထားပြီး  .. စိုင်းခမ်းလိတ်  ရေးထားတဲ့   ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ  သီချင်းလေးကို    Finger Style   သက်သက်ပဲ   တီးခတ်ထားခြင်းပါ ။ 







Monday, August 8, 2016

ဝါဆို .. Ko Kyaw Gyi { Cover }

တေးရေး.. နိုင်မြန်မာ /   တေးဆို...  မိုးသက်တင်   သီဆိုထားတဲ့  ဒီသီချင်းလေးကို  ၁၉၉၀  ၀န်းကျင်နှစ်တွေမှာ  မြန်မာ့ ရုပ်မြင်င်္သကြား  အစီအစဉ် မှာ  မကြာခဏ နားထောင်ရသလို ရိုးရိုးလေးနဲ့  သဘောကျစရာကောင်းခဲ့တဲ့  သီချင်းလေးတစ်ပုဒ်ပါ ။ ကျွန်တော့  Style လေး နဲနဲ ဖြည့်ပြီး  အမှတ်တရ အနေနဲ့  ပြန်လည် ခံစားကြည့်ခြင်းပါ ။

https://www.youtube.com/channel/UCvvTWV009eSzW-jG0WMYKaA
https://soundcloud.com/user-372408978-796828562
https://soundcloud.com/ko-kyaw-lwin
http://goldenfuture999.blogspot.my/p/blog-page.html
ဒီနေ၇ာတွေမှာလဲ သီချင်းလေးတွေ ၀င်ေ၇ာက် နားဆင်နိုင်ပါတယ်...