Tuesday, April 25, 2017

မင်းဘယ်မှာလဲ....{ကျော်ဟိန်း}




မေ့ ပါနိုင်... {ကျော်ဟိန်း}




ညမွှေးပန်း - {ကျော်ဟိန်း}




စိမ်းတယ်လို့ မှတ်မှာလား { ကျော်ဟိန်း }



ဆုံးဖြတ်ချက်သုညနံပါတ် - {ကျော်ဟိန်း}




ထစ်ချုန်းမိုး - ကျော်ဟိန်း




လူတိုင်း မသိသေးတဲ့ အကယ်ဒမီ စူပါစတား ကြီး ဦးကျော်ဟိန်း အကြောင်း


ကျော်ဟိန်း သည် ၁၉၄၇-ခုနှစ်၊ ဇူလိုင်လ(၁၄)ရက်၊ တနင်္လာနေ့တွင် ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ ကျောင်းကုန်းလမ်း ၌ အငြိမ်းစား ခရိုင် ရဲဝန် အဖ ဦးဂျွန်မောင်စိန် နှင့် အမိ ဒေါ်ချိုချို တို့မှ မွေးဖွားခဲ့သည်။ 

ကရကဋ် ရာသီဖွားဖြစ်ပြီး ငယ်နာမည် ကျော်ကြီး ။ အမည်ရင်းမှာ ကျော်ဌေး ဖြစ် သည်။ သားသမီး ခြောက်ယောက်မှာ နံပါတ် လေးယောက်မြောက်ဖြစ်သည်။ 

၁၉၅၂ ခုနှစ် – ရန်ကုန်မြို့၊ ကြည့်မြင်တိုင်၊ ABM ကျောင်းမှာ ပထမတန်း ကနေ စတုတ္ထတန်း အထိ ကျောင်းစာ သင်ကြားခဲ့သည်။ (စတုတ္ထတန်း စာမေးပွဲမှာ အောင်မှတ် မပြည့်လို့ နွေရာသီကျောင်းပိတ်ရက် နှစ်လ မှာ စာကျက်ပြီး စာမေးပွဲ ပြန်ဖြေရတယ်။) 

၁၉၅၆ ခုနှစ် – အလုံမြို့နယ်၊ ဟုမ်းလမ်း ဘူတာရုံနားက ယူနစ်ကရင်ကျောင်းမှာ ပဉ္စမတန်း ကို တက်ရောက်သင်ကြား။ 

၁၉၅၇ ခုနှစ် -အလုံမြို့နယ်၊ ကူရှင်ကျောင်းမှာ ဆဋ္ဌမတန်း၊ သတ္တမတန်း (နှစ်ကြိမ်)၊ အဋ္ဌမတန်း၊ နဝမတန်း (နှစ်ခါ ကျလို့ ကျောင်းထွက်လိုက်ရ) 

၁၉၆၄ ခုနှစ် -ရန်ကုန်မြို့၊ မြို့နယ် အသီးသီးရှိ အလွတ် ပညာသင်ကျောင်း (ညကျောင်း အပါအဝင်)၊ (၂၃) ကျောင်း ပြောင်းရွှေ့သင်ကြား၊ နောက်ပိုင်း ကျောင်း မနေဖြစ်တော့ဘဲ အိမ်က ၁၆ ကြိမ်ဆင်း။ အိမ်ပြေး ဘဝနဲ့ လမ်းပေါ်မှာ လေလွင့်။ 

၁၉၆၅ ခုနှစ် – ကမာရွတ်မြို့နယ်၊ ဒေါ်သာထက် ကျောင်းမှာ နဝမတန်း (သုံးကြိမ်မြောက်) သင်ကြားအောင်မြင် ။

၁၉၆၆ ခုနှစ် – ဒဂုံမြို့နယ်၊ ဒေါ်နုနုခင် အလွတ် ပညာသင်ကျောင်းမှာ ဒသမတန်းသင်ကြား၊ သုံးလလောက် တက်ပြီးရေတပ်ထဲဝင် (ကိုယ်ပိုင် နံပါတ် ၁၂၂၀၅) ၁၉၆၇ ခုနှစ် – ရေတပ်ထဲကထွက်၊ ဒသမတန်း ပြန်ဖြေ၊ ဆယ်တန်း(ခ)နှင့်အောင် (တက္ကသိုလ်ဝင်တန်း) အထိ ပညာ သင်ကြားခဲ့သည်။ ငယ်စဉ်က စိန်ဂေါ်လီ ဂိုဏ်း ဝင် တစ်ဦးဖြစ်သည်။ ရုပ်ရှင်လောကထဲရောက်။

၁၉၇၀-ပြည့်နှစ်မှ စ၍ ရုပ်ရှင် မင်းသမီး စန္ဒာနှင့် အတူ ဖူးစာလမ်းစုံ ဇာတ်ကားဖြင့် ရုပ်ရှင်လောကထဲသို့ ဝင်ရောက်ခဲ့သည်။ ရုပ်ရှင် သရုပ်ဆောင် အဖြစ် `အကာက အချစ် အနှစ်ကမေတ္တာ´၊ `မွန်းတည့်ချိန်တွင် နေဝင်သည်´၊ `ပန်းမြိုင်လယ်က ဥယျာဉ်မှူး´၊ `ဝေလည်းမွှေး ကြွလေည်းမွှေး´ဇာတ်ကားများဖြင့် အကယ်ဒမီ လေးကြိမ် ရရှိခဲ့သည်။ 

`မွန်းတည့်ချိန်တွင် နေဝင်သည်´ဇာတ်ကားကို ကိုယ်တိုင် ဒါရိုက်တာ အဖြစ် ရိုက်ကူးခဲ့သည်။ ၁၉၇၀-ခုနှစ်တွင် ပထမဆုံး ဒါရိုက်တာလုပ်၍ သရုပ်ဆောင် ရိုက်ကူးခဲ့သော ဇာတ်ကားမှာ စိန် သို့မဟုတ် စိန် ဖြစ်သည်။ ထို ဇာတ်ကား၏ ကြော်ငြာ ဒီဇိုင်း၊ ပိုစတာများ အားလုံးကို သူကိုယ်တိုင် နေမင်းထိပ်ခေါင် အမည်ဖြင့် ရေးဆွဲခဲ့ပေသည်။

 ဝတ္ထုတို၊ ဝတ္ထုရှည် အချို့ ရေးသားခဲ့ပြီး တေးစီးရီး အချို့ကိုလည်း သီဆို ထုတ်လုပ်ခဲ့သည်။ ရုပ်သံကြော်ငြာများတွင်လည်း သရုပ်ဆောင်ကြေး အများဆုံးရသူဖြစ်သည်။ 

၂၀ဝ၈-ခုနှစ်၊ နိုဝင်ဘာ (၄) ရက်နေ့မှ စ၍ ဦးကျော်ဟိန်း သည် ရုပ်ရှင်လောကမှ အနားယူကာ ရဟန်း ဝတ်ခဲ့လေသည်။ ဘွဲ့တော်မှာ ဦးကိတ္တိသာရ ဖြစ်သည်။ 


Friday, April 21, 2017

တေးသီချင်းခွေကို ဖန်တီး အသံဖမ်းယူတဲ့အခါ ..



အသံဖမ်း စတူဒီယိုမှာ အသံဖမ်းခြင်းဆိုတဲ့ အတွေအ့ကြုံ မရှိသေးတဲ့ ဂီတ အနုပညာရှင် အဆိုတော် များနှင့် အတီးသမားတွေ အားလုံး ကိုယ်ရဲ့ ပထမဆုံးသော တေးသီချင်းခွေကို ဖန်တီး အသံဖမ်းယူတဲ့ အခါမှာ ကုန်ကျစားရိတ် နည်းပြီး အဆင်ပြေ ထိရောက်အောင် အကြံပေး လမ်းညွန်လေးကို နည်းနည်း မျှဝေပေးလိုက်ပါတယ်။ 

အနုပညာရှင် ဂီတသမား အများစုဟာ ငွေအထုတ်လိုက် ပိုက်ပြီး တေးသီချင်းခွေ ထုတ်ဖို့ အခြေနေမျိုး မရှိကြပါဘူး။ အသံဖမ်း စတူဒီယို ငှားရမ်းခ ဆိုတဲ့ ကုန်ကျစရိတ်ဟာ အခွေ တစ်ခွေလုံး အတွက် ငှားမယ် ဆိုရင် တော်တော်ပေးရပါတယ်။ 


ဒါကြောင့် အားလုံးကို မကုန်သင့်တာတွေ မကုန်အောင် တေးသီချင်းခွေ ဖန်တီးတဲ့ အခါမှာလည်း အဆင်အပြင် ချောမွေ့အောင် ဒီ post လေးကိုရေးပြီး မျှဝေပေးလိုက်ပါတယ်။ ပြီးတော့လည်း အတွေ့ကြုံ မရှိသေးတဲ့ ဂီတ အနုပညာရှင်များကိုလည်း စတူဒီယို မသွားခင် မငှားခင် ကြိုတင်ပြီး လုပ်ရမယ့် အရေးကြီးသော အချက်လေးတွေကို မျှဝေပေးလိုက်ပါတယ်။
အသံဖမ်း စတူဒီယို မငှားခင် (သို့) မသွားခင် လုပ်ရမယ့် အရေးကြီးဆုံး အချက်က အသံဖမ်းတဲ့ အခါမှာ လုပ်ရမယ့်ဖြစ်စဉ်တွေကို ကြိုတင်ပြီး အစီအစဉ် ရေးဆွဲထားသင့်တယ်။ ပြီးတော့ကိုယ်နှင့် အတူ အလုပ်လုပ်မယ့် အင်ဂျင်နီယာ (သို့) Producer ကို ကြိုတင်တွေ့ဆုံပြီး လုပ်မယ့် အကြောင်းအရာ အားလုံးကို တိုင်ပင် သင့်တယ်။

ဘယ်သီချင်းကို ဘယ်လို တီးမယ် ဆိုမယ်၊ ဘယ်လို ဖန်တီးမယ် စသည်ဖြင့် ကြိုတင် တိုင်ပင်ထားမယ်ဆိုရင် စတူဒီယိုမှာ ဒါတွေ လုပ်စရာမလိုတဲ့ အတွက်ကြောင့် လျင်မြန် ထိရောက်ပြီး အချိန် အများကြီး သက်သာစေနိုင်တယ်။

အသံဖမ်းချင်တဲ့ သီချင်းများကိုလည်း အသင့်ဖြစ်အောင် ကြိုတင်ပြင်ဆင်သင့်တယ်။ ဒီလိုကြိုတင်ပြီး လုပ်ထား တဲ့ အတွက်ကြောင့် စတူဒီယိုမှာ အထပ်ထပ် အခါခါ အသံ ဖမ်းစရာမလိုတဲ့အတွက် အချိန်တို အတွင်း ပြီးမြောက်စေနိုင်တယ်။ 





Vocal သမားတွေ ကိုယ့်ရဲ့ အဆိုသံကို ဖမ်းတဲ့အခါမှာ သတိထားရမယ့် အချက်များ


အဆိုတော်ကြီးတွေ အိမ်မှာ ကိုယ်တိုင် အဆိုသံကို ဖမ်းတဲ့ အခါမှာ အောက်က အချက်လေးတွေကိုတော့ သတိထားစေချင်တယ်။
***** Sibilance - (S နှင့် F အသံထွက်တဲ့ စကားလုံးတွေ၊ မြန်မာလို ကတော့ ကိုယ်တိုင်တွေးကြည့်လိုရပါတယ်။ ဒီ အသံထွက်တွေဟာ High Frequency တွေကို စူးရှစွာမြည်စေတဲ့ အတွက်ကြောင့် သတိထား သင့်သော အသံတွေဖြစ်တယ်။ ဒီလိုပြဿနာကြုံရင် de-esser plug in ကိုသုံးပြီး ရှင်းလို့လည်းရပါတယ်။)
***** Popping – (P နှင့် B စကားလုံးဖြင့် အသံထွက်တဲ့အခါ သို့မဟုတ် အဲဒီ စကားလုံးနှင့် ဆုံးသော အသံတွေဟာ ရုတ်တစ်ရက် စူးရှ ကျယ်လောင်စွာ မြည်တတ်တဲ့ အတွက် low frequency အသံဖြစ်တဲ့ popping အသံတွေကို ဖန်တီးတတ်တယ်။ ဖြေရှင်းနည်း ကတော့ pop filters တွေကိုသုံးရင်ရပါတယ်။)
***** Controlling Breath Sounds – (ဒါကတော့ အဆိုတော်တိုင်း သိတဲ့ အချက်ပါပဲ။ အသက်ရှူသံကိုထိန်းသိမ်းတာပါ။ ဘယ်အချိန်မှာ အသက်ရှူသင့် မရှူသင့် ဆိုတာကို ထိန်းချုပ် ဆုံးဖြတ်ခြင်းဖြစ်ပါတယ်။ 
တစ်ကယ် သီချင်းဆိုတတ်တဲ့ သူတွေဟာ ဒီအချက်ကို သိပ်ရှင်းပြစရာမလိုပါဘူး။)
***** Controlling Volume with Distance – (အသံ တိုးကျယ် ပမာဏာကို မိုက်ခွက်နှင့် ပါးစပ်ကြား အကွာဝေးဖြင့် ထိန်းချုပ်ခြင်းဖြစ်ပါတယ်။ ဒါကို အရင်က post တစ်ခုမှာ ရှင်းပြပြီးပါပြီ။ မရှင်းရင်ပြန်ရှာပြီး 
ဖတ်ကြည့်ပါ။)
***** Proximity Effect – (Audio engineer တစ်ယောက်လုပ်မှာ မဟုတ်တဲ့ အတွက်ကြောင့် ဒီအချက်ကို အသေးစိတ် သိစရာမလိုပါ။ အသံလာတဲ့ နေရာဟာ မိုက်ခွက်နှင့် နီးလေလေ low end ပိုပြီး များလေလေ။ ဥပမာ - low tone ကိုကြိုက်တယ် များချင်တယ် ဆိုရင် မိုက်ခွက်နှင့် ကပ်ပြီးဆို၊ low tone လျော့ချင် တယ် ဆိုရင် မိုက်ခွက်နှင့် ကွာပြီး ဆို။ အဆိုတော် တစ်ယောက်အတွက်တော့ ဒီလောက်သိရင် လုံလောက်ပါတယ်။)




Thursday, April 20, 2017

အသံဖမ်း ဦးဘသိန်း နဲ့ တက္ကသိုလ်အေးမောင် တို့ တူဝရီး ရဲ့ ဂီတ သမိုင်းမှတ်တိုင်



သူ့ကို လူအေးလေးမို့ ချစ်စနိုးနဲ့ “ဘိုအေး” လို့ မိသားစုဆွေမျိုး သားချင်းတွေက ခေါ်ကြပါတယ်။ ဖေဖေ ရဲ့ တစ်ဦးတည်းသော အမကြီး၊ ကျွန်မတို့ကြီးတော် ဒေါ်မြခင် နဲ့ ဘကြီး ဦးဘဦး တို့ရဲ့သားသမီး ၇ ဦး အနက် ၆ ယောက်မြောက် သားထွေးဖြစ်ပြီး အမည်ရင်း ကတော့ “အေးမောင်” ဖြစ်ပါတယ်။

မောင်နှမတွေထဲမှာ အကြီးဆုံးဖြစ်သူ ကိုစောလှိုင် က ဆယ်ကျော်သက် အရွယ်၊ ရှင်ပြုခါနီး ဆဲဆဲ၊ ခြံထဲမှာကစားရင်း သစ်ပင်ပေါ်ကပြုတ်ကျပြီး ဆုံးပါးခဲ့ရပေမဲ့ ကျန်တဲ့ အကိုတွေဖြစ်တဲ့ - (ကျောင်းသွားဖေါ် သီချင်း သီဆို သူနဲ့ တစ်ပွင့် မာလာ သီချင်းရေးစပ်သီဆိုသူ) ကိုမြင့်လွင် (ခ) ကိုမြဦး၊ (ဘဝသခင် သီချင်း သီဆိုသူ) 

ကိုတင်ထွန်း (ခ) ကိုတင်ထွဋ်၊ (ဖေဖေပြောသောပုံပြင်) သီချင်း နဲ့ ဂီတလောကထဲ ဝင်ရောက်လာသူ ကိုတင်ဝင်း (ခ) ကိုတင်အောင်မိုး တို့ကို အားကျ အတုယူရင်း … ၁၉၆၈-၆၉ ခုနှစ် ၁၀ တန်းကျောင်းသား အရွယ်မှာ အထက်တန်းကျောင်းသုံးမြန်မာစာ ကဗျာတစ်ပုဒ်ဖြစ်တဲ့ ကဗျာဆရာ မျိုးမြင့်ဆွေ ရဲ့ “ဂျိန်းဖေါပွဲတော်” ကဗျာကို သံစဉ် သွင်းပြီး စာကျက်ခဲ့ရာက အစပြုလို့ ... မြန်မာ့ စတီရီယိုတေးဂီတလောကထဲကို စတင်ဝင်ရောက်လာခဲ့သူဖြစ်ပါတယ်။

ကိုအေးမောင် ဟာ ဆယ်ကျော်သက် အရွယ် ကတည်းကစပြီး ဂစ်တာ ကို လေ့ကျင့် တီးခတ်ခဲ့တဲ့ အပြင် ဘီတီ ဘရားသား ဒုတိယ မျိုးဆက် ညီအကိုတွေ စုဖွဲ့ထားတဲ့ “Dream Makers” အဖွဲ့ရဲ့ အမာခံ ဂစ်တာ သမား အဖြစ်နဲ့ ဝါသနာပါရာ ဂီတ အနုပညာကို ပုံဖေါ်ခဲ့သူဖြစ်ပါတယ်။

ဂျိန်းဖေါပွဲတော် သီချင်း ကို ပထမဦးဆုံး သီဆိုသူက ကိုတင်အောင်မိုး (lead vocal) ဖြစ်ပြီး ကိုအေးမောင် က နောက်ခံ အသံ (second vocal) နဲ့ အားဖြည့် ကူညီရင်း ညီအကိုနှစ်ယောက်ရဲ့ ဟန်ချက် ညီညီ သီဆိုမှုကို ဦးလေးဖြစ်သူ ကျွန်မဖေဖေ ဦးဘသိန်း က “Ampex” Stereophonic tape recorder နဲ့ ၁၉၆၉ ခုနှစ်မှာ အသံဖမ်းပေးခဲ့ပါတယ်။ 

ဂျိန်းဖေါပွဲတော် အပါအဝင် တေးသီချင်း ၈ ပုဒ် ကို ဦးဘသိန်း က စတီရီယို စနစ်နဲ့ အသံ ဖမ်းပေး ခဲ့လို့ မြန်မာပြည် စတီရီယို လောကရဲ့ ပထမဆုံး စတီရီယို သီချင်းများ အဖြစ် မှတ်တမ်းတင်ရမှာဖြစ်ပါတယ်။
(ဒီသီချင်းတွေထက် စောတဲ့ Stereo စနစ် နဲ့ ဦးဘသိန်း အသံဖမ်းပေးခဲ့တဲ့ သီချင်းတွေ ကတော့ ဦးအံ့ကြီး သီဆို ခဲ့တဲ့ ကျေးရွာဝါဒ ၊ မြိုင်ဟေမဝန်မြိုင်ထ ၊ ရန်ကုန်သူ စတဲ့ သီချင်းတွေ ဖြစ်ပါတယ်။ 

၁၉၆၃ ခုနှစ် နှောင်း ပိုင်း “Ampex” recorder လက်ဝယ်သို့ ရောက်ရှိလာချိန်မှာ ပွဲဦးထွက် အသံ သွင်းခဲ့ လို့ မြန်မာပြည်မှာ စတီရီယို စနစ်နဲ့ အသံဖမ်းယူခြင်းကို ကျွန်မတို့ဖေဖေ ဦးဘသိန်း က စတင်ခဲ့ကြောင်း မိသားစု မှတ်တမ်းများရှိပါတယ်။)

လူငယ်တွေ ဆံပင်ရှည်ထား၊ ခေါင်းလောင်းဘောင်းဘီဝတ်၊ ဂစ်တာ ကိုင်ရင် လမ်းသရဲ လို့ သိမ်းကျုံး သမုတ် ကြတဲ့ခေတ် … လူငယ်ထု ကြားမှာ ဆေးခြောက်၊ ဘိန်းဖြူ၊ နံပါတ်ဖိုး တို့ အရမ်းခေတ်စားတဲ့ ကာလ … ဒီလို အချိန်မှာ ဖေဖေ က သူရဲ့ တူတွေ တူမတွေ လမ်းမှားပေါ် မရောက်အောင် ထိန်းကျောင်းပေးရင်း၊ သူတို့ ဝါသနာပါတဲ့ ဂီတ အလုပ်ကိုလည်း ကျောင်းတက်ရင်း တစ်ဖက်နဲ့ လုပ်နိုင်ကြအောင်၊ ဖေဖေ ကိုယ်တိုင်လဲ ဂီတ နဲ့ အသံဖမ်းခြင်းကို ဝါသနာကြီးလေတော့ အားလုံးကို အိမ်မှာ စုဝေးစေပြီး တီးကြ ဆိုကြဖို့ ခွင့်ပြုပေးခဲ့သူဖြစ်ပြီး ဥယျာဉ်မှုးကြီးလို မြေတောင်မြှောက်ပေးခဲ့တဲ့ အထဲမှာ ပထမဦးဆုံး ကတော့ သူ့တူလေး မောင်အေးမောင် ဘဲ ဖြစ်ပါတယ်။

ကိုအေးမောင် က နေ့ခင်း ဆိုရင် ရန်ကုန် စီးပွားရေး တက္ကသိုလ်မှာ ကျောင်းတက်၊ ကျောင်းချိန်ပြီးတဲ့ ညနေဆိုရင် ကျွန်မတို့ အိမ်ကို ရောက်လာပြီး သူရေးထားတဲ့ သီချင်းတွေကို ဆိုပြတတ်ပါတယ်။ သူလာရင် ရယ်စရာတွေပြော၊ အရွှန်းအဖေါက် ရောက်တတ်ရာရာ စာသားတွေကို သူ့ဟာသူ သံစဉ်ထည့်၊ ဂစ်တာ တီးပြီး ဆိုပြ တတ်တော့ ကျွန်မတို့မောင်နှမတွေကလည်း သူဆိုပြတဲ့ သီချင်းတွေကို အောက်မေးပြုတ် ငေးမောရင်း နားထောင်ကြတာပေါ့။

(အဲဒီအချိန်က နာမည်ကြီး နိုင်ငံခြား တီးဝိုင်းတွေဖြစ်တဲ့ The Shadows, The Ventures တို့ရဲ့ သီချင်းတွေကို ကိုအေးမောင် က ဆိုပြ တီးပြလေ့ ရှိတော့ အဲဒီ သီချင်းတွေကို မှတ်ထားပြီး ကျွန်မ တို့ ငယ်ငယ် က တံမျက် စည်းကို ဂစ်တာလုပ်၊ ပါးစပ်က ဂီတာသံ ထွက်လို့ သီချင်း ဆိုတမ်း ကစားခဲ့ကြတာကို ငယ်ဘ၀ အမှတ်တစ်ရ တစ်ခု အဖြစ်နဲ့ ပြန်လည် မြင်ယောင်မိပါတယ်။)

တနေ့မှာတော့ ကျွန်မတို့ အိမ်ကို အလည်ရောက်နေတဲ့ ဘကြီးသိန်း (ဂီတစာဆို မန္တလေး-ဦးဘသိန်း) နဲ့ ကိုအေးမောင် တို့ စကားရည်လုကြပါတယ်။ ကိုအေးမောင် က သူရေးထားတဲ့ ကော်ပီ သံစဉ်သီချင်းတွေဖြစ်တဲ့ မာယာချစ်သည်း (Lodi – CCR) နဲ့ ချောနှမ မာယာ (Di Tong Jun Ka Tang – Indonesian song) တို့ကို ဆိုပြရင်း … ”ဘကြီးသိန်း က ဦးလေးအံ့ကြီး ဆိုဖို့ own tune သီချင်းတွေဘဲ ရေးပေးတယ်၊ ကျွန်တော့် အတွက် ကော်ပီ သီချင်း ရေးတတ်ရင် ရေးပေးပါဗျာ” လို့ စကားနာ ထိုးပါလေရော။