Saturday, July 29, 2017

British Amp အမျိုးအစားများနှင့် High Gain Amp အမျိုးအစားများ



Great Guitar Tone Guide (10)

Amp + Stomp Box 


ဒီ တစ်ခေါက်ပြောပြမယ့် သင်ခန်းစာကတော့ Line 6 Series များ ဖြစ်သည့် Line 6 POD HD 500 , Line 6 POD X3 , Line 6 Spider IV စသည့် မည်သည့် Line 6 Product မဆို လက်တွေ့ အသုံးချ နိုင်မည့် သင်ခန်းစာ တစ်ခု ဖြစ်ပါတယ်။ 


Analog Pedals များနှင့် တီးခတ်သည့် Player များအနေဖြင့်လည်း ဒီ ချိတ်ဆက်မှု Signal Chain ကို အသုံးပြုနိုင်ပါတယ် ။ ဘာကြောင့်လဲ ဆိုတော့ Line 6 ရဲ့ တည်ဆောက်ပုံဟာ Analog နှင့် တူညီတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ 

Amp တွေကို လေ့လာကြည့်ရာ Clean Amp လို့ ခေါ်တဲ့ အသံကြည်လင်ပြတ်သားပြီး Clean Tone ကို အဓိက ထုတ်ပေးတဲ့ Amp အမျိုးအစားများ၊ American , British စသည်ဖြင့် Crush Type Amp များ ၊ Class A Amp အမျိုးအစားများ၊ High Gain Amp အမျိုးအစားများ စသည်ဖြင့် အခြေခံ အားဖြင့် လေးမျိုး ခွဲခြားနိုင် ပါတယ်။ ဒီတော့ သင်ဟာ ဘယ်လို Guitar Tone မျိုး ချိန်ချင်ပါသလဲ ? ဘယ်လို Amp Type ကိုရွေးရမှာလဲ ? ဆိုတာ သိထားရပါမယ်။ 


(၁) Clean Amp 
Clean Amp အမျိုးအစား များစွာရှိပါတယ်။ Line 6 ထဲမှာ ဆိုရင် Amp Model ပေါင်း ရာနဲ့ ချီပြီး ထည့် သွင်းပေးထားပါတယ်။ ဥပမာ အားဖြင့် .....


> 1987 Roland Jazz Clean (or) Roland JC - 120 Transistor Amp 


> Line 6 Super Clean Amp 


> Fender Dulexe Reverb Amp 


> Line 6 Sparkle Clean Amp 


စတာတွေ ဟာ မည်သည့် Line 6 Series မှာ မဆို ပါဝင်ကြပြီး Clean Tone အတွက် ဆိုလျှင် ၎င်း Amp များကို ဦးစားပေး ရွေးချယ်ပါလို့ အကြံပြုလိုက်ပါတယ်။ 


American , British Amp 
သူတို့ကတော့ Crush Series များ ဖြစ်ပါတယ်။ နည်းနည်း Clean ကို Gain ပိုမိုကောင်းပြီး Dirty Clean Color များကို ချိန်ပေးတဲ့ Amp အမျိုးအစား များဖြစ်ပါတယ်။ 



Pick up ကောင်းလျှင် Gain ကောင်းပါသလား




Great Guitar Tone Guide (14)

ဒီတစ်ခါ Guitar Tone တွေကို ချိန်ရာမှာ အရမ်းအရေးကြီးတဲ့ အချက်တစ်ချက် ကိုပြောပြပါမယ်။ 
အဲဒါကတော့ Pick Up ဖြစ်ပါတယ်။ ဘယ်လို Pick Up မျိုး သုံးမလဲ ? ဆိုတာ အရမ်း အရေးကြီးပါတယ်။
နောက်တစ်ချက်ကတော့ လူတိုင်းပြောနေကြတဲ့ Gain ? ပါ ။ Pick up ကောင်းလျှင် Gain ကောင်းပါသလား? ဆိုတာ .... 

Gain ကောင်းတာနဲ့ Pick Up ကောင်းတာ မဆိုင်ပါဘူး။ နာမည်ကြီး Pick up ဖြစ်ပြီး Gain ကောင်းချင်မှ ကောင်းတာပါ။ အဲဒါဟာ ဘာကိုပြောတာလဲ ဆိုတော့ Resolution ကိုပြောတာပါ ။ 

Note တစ်ခုကို Dist ပြင်းပြင်းနဲ့ တီးလိုက်ရင် ထွက်လာတဲ့ အသံ ကို Resolution လို့ခေါ်ပါတယ်။ 
အသံကြည်လင်ပြတ်သားမှု လို့ ပြောလို့ရပါတယ်။ အဲဒီ Resolution ဟာ Pick Up ရဲ့ အဓိက တန်ဖိုး တစ်ခုသာ ဖြစ်ပါတယ်။ Gain ဟာ Pick Up ရဲ့ တန်ဖိုး မဟုတ်ပါဘူး။ 

တစ်ချို့ဂစ်တာတွေ ဆို Amp နဲ့ တပ်လိုက်တာနဲ့ အသံက ဗျဲကနဲ ကိုထွက်လာတာပဲ ... တော်တော်လေးလဲ ကျယ်ပါတယ်။ ဂစ်တာရဲ့ Body သစ်သားကို လက်နဲ့ ထုလဲ အသံမြည်ပါတယ်။ Key ကို Pick လေးနဲ့ ခေါက်ကြည့်လိုက် အသံမြည်လာတာပဲ ... တော်တော်လေးကောင်းတဲ့ Gain ပါပဲ။ 


DI နဲ့ ပတ်သက်ပြီး လေ့လာနိုင်ရန်



DI ? Cabinet Simulator ? Amp Simulator ? Isolation DI ? Passive DI ? 

ဂစ်တာ Tone သင်ခန်းစာလဲ အလုပ်ရှုပ်နေတာ တစ်ကြောင်း ၊ နေသိပ်မကောင်းတာက တစ်ကြောင်း ကြောင့် စာမရေးနိုင် ခဲ့ပါ ။ 


DI နဲ့ ပတ်သက်ပြီး ပြန်ဆက်ရအောင်။ ကျွန်တော် အရင် DI အကြောင်း တင်ထားပါတယ်။ အခု နည်းနည်း အသေးစိတ် ထပ်ရှင်းပြပါမယ်။ 


DI ဆိုတာနဲ့ အားလုံး နားလည်ထားရမှာကတော့ Cabinet Sim လို့ နားလည်ထားလို့ရပါတယ်။ အဓိက လုပ်ဆောင်ချက်ကတော့ Guitar Cabinet မှ ထွက်လာတဲ့ အသံကို မိုက်နဲ့ ပြန်လည်ထောက်ပြီး ဖမ်းယူ ထားတဲ့ အသံမျိုးထုတ်လုပ်ပေးခြင်း ဖြစ်ပါတယ်။ 


ဘာလို့ အဲဒီလို လုပ်ရသလဲ ဆိုတော့ ဂစ်တာ Amp ထဲမှာ ပါတဲ့ Cabinet ၊ လွယ်လွယ်ပြောရရင်တော့ စပီကာ ပေါ့ဗျာ။ အဲဒီနေရာမှာ အခြားသော ကျွန်ေတာ်တို့ သီချင်း နားထောင်နေတဲ့ အိမ်သုံး စပီကာ များ လဲ ထည့် လို့မရပါဘူး။ အဲဒီလို လဲထည့်လိုက်ရင် အသံ ခပ်စူးစူး ညှောင်နာနာ အသံသာ ထွက်လာပါတယ်။ 

ဒီ အိမ်သုံး စပီကာ တွေဟာ ဂစ်တာ စပီကာ လို့ခေါ်တဲ့ Cabinet နဲ့ တည်ဆောက်ပုံ မတူပါဘူး။ လွန်စွာ ကွဲပြားပါတယ်။ ဒါကြောင့် Bass Amp အတွက်ဆို Bass Cabinet , Lead Amp ဆို Lead Cabinet များ သုံးစွဲရခြင်း ဖြစ်ပါတယ်။ 

ဒါကြောင့် Guitar Amp တွေထဲမှာ ထည့်သွင်း တည်ဆောက်ထားတဲ့ စပီကာ Cabinet ဟာ ဂစ်တာ Amp အတွက် သီးသန့် ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့် ဂစ်တာသံကို Cabinet နဲ့ ပဲ နားထောင်ရတာ အဆင်ပြေပါတယ်။ 


ဒီလို Cabinet များနဲ့ ညပိုင်း တီးမယ်ဆိုရင် ဘေးပတ်ဝန်းကျင်ကို အနှောင့်အယှက် ဖြစ်စေပါတယ်။ ဒီအခါမှာ DI ဆိုတာကို သုံးလို့ရပါတယ်။ DI ဟာ Cab အတုပေါ့ဗျာ။ Cabinet မှ ထွက်လာတဲ့ အသံလိုမျိုး ပြောင်းလဲပေးတာ ဖြစ်ပါတယ်။ ဒီလောက်ဆို DI ကို နားလည်သွားပါပြီ။ 

တစ်ခါ ထပ်ဆက်ပါမယ်။ Effect Processor တွေမှာ DI စနစ် ပါဝင်ပါတယ်။ ဆိုလိုတာက Cabinet Simulator လို့ခေါ်တဲ့ စောစောက ပြောသလို Cabinet မှ ထွက်တဲ့အသံ ဖြစ်အောင် ဖန်တီးထားပေးပါ တယ်။ ဒါကြောင့် Effect Processor များကို သာမန် နားကျပ် ၊ စပီကာ များနဲ့ ချိတ် ဆက်နားထောင်လို့ရတာ ဖြစ်ပါတယ်။ 




အကောင်းဆုံး ဂစ်တာ Tone တစ်ခု ရရှိရန် မဖြစ်မနေ လိုက်နာရမည့် အချက်များ



Best Guitar Tone 
အကောင်းဆုံး ဂစ်တာ Tone တစ်ခု ရရှိရန် မဖြစ်မနေ လိုက်နာရမည့် အချက်များ ကိုပြောပြပါမယ်။

(၁) မီးအား 220 အတိ မှ 190 ကြား ရှိရပါမယ်။

(၂) မီးအား လိုင်းအား Ground ချ ထားရန် လိုပါတယ်။

(၃) Guitar Effect များ Noise ထွက်လျှင် ကွန်ပျူတာ UPS ခံသုံးပါ။

(၄) မီး တက်လိုက် ကျလိုက် ဖြစ်နေလျှင် မသုံးပါနှင့် Effect Display များ ထိ တတ်ပါတယ်။

(၅) မီးအားနည်းပါက လေ့သံများ ပါဝင်တတ်သည် ။

(၆) မီးဆောင့်တက်ပါက Effect Adapter လောင်တတ်သည်။

(၇) အသုံးပြုသော Effect များအား ၃ နာရီ ၄ နာရီ ခန့် သုံးပြီးလျှင် တစ်ခါ ဆယ့်ငါး မိနစ် အနားပေးပါ ။ Heat အရမ်း မတက်ပါစေနှင့် ၊


Friday, July 7, 2017

အသံဖမ်း စတူဒီယို တည်ဆောက်ခြင်း { ၂ }





အရင့် အရင်တုန်းကတော့ analog စက်ကြီးတွေ တိတ်ခွေတွေနဲ့ အသံတစ်ခါ ဖမ်းတယ် ဆိုတာ တော်တော့် ကို ဖျက်ရပြင်ရ ခက်တဲ့ အလုပ်တစ်ခုလို့ပြောရင် မမှားခဲ့ပါဘူး ခင်ဗျာ ။

တီးဝိုင်းတစ်ခုလုံးကို တစ်ပြိုင်တည်းတီး  တစ်ခါတည်းဆို တစ်ယောက်မှား၇င် အကုန် အစကပြန်စရတဲ့   ခေတ်တွေ ရှိခဲ့ပါတယ် ။

ဒီဖက်ခေတ်မှာတော့ ကွန်ပြူတာ အခြေခံတဲ့ အသံဖမ်း စနစ်တွေဟာ တိုးတက်ကောင်းမွန်လွန်းနေပါပြီ ။
နုတ်စ် တစ်လုံး မှားရင်တောင် အဲ့ဒီ တစ်လုံးထဲကို ကွက်ပြီး ပြန်တီးမလား မတီးပဲနဲ့ပြင်မလား ဆိုတဲ့ခေတ်ကိုရောက်နေတာပါ ။

အဲ့ဒီ အတွက်လည်း အိမ်တွင်း အသံဖမ်းချင်သူတွေ အတွက် ကွန်ပြူတာတစ်လုံး မိုက်တစ်လုံး ဆောင်းကဒ် တစ်ခုနဲ့ တောင် အလုပ်ဖြစ်အောင် လုပ်ရင် ဖြစ်နေတဲ့ သူတွေ တစ်ပုံကြီးပါ ။





ဟုတ်ပါပြီ အခု အသံဖမ်း စတူဒီယိုတွေအကြောင်းပြောရအောင်ပါ ။
ပထမဆုံးတော့ အသံဖမ်း စတူဒီယို အမျိုးအစားကို ခွဲကြည့်ရင်တော့ ၄ မျိုး ရှိပါမယ် ။


(၁) bedroom studio လို့ခေါ်လို့ရမဲ့ အိပ်ခန်းတွင်းမှာပဲ ကွန်ပြူတာ တစ်လုံး မိုက်တစ်လုံး ဆောင်းကဒ် တစ်ခု တူရိယာ အနည်းငယ် နဲ့ အသံသွင်းလို့ ရအောင် ပြင်ဆင်ထားတဲ့ အိပ်ရာဘေး စတူဒီယိုပေါ့ဗျာ ။


ဒီလို စတူဒီယိုမျိုး ကိုတော့ ကျွန်တော် အရင်ပြောသလို သုံးသိန်းအောက်နဲ့ အဆင်ပြေအောင် တည်ဆောက်လို့ရနိုင်ပါတယ် ။


(၂) dedicated home studio လို့ခေါ်တဲ့ ၀ါသနာအဆင့် ထပ်နည်းနည်း ပိုမယ့်  ရည်ရွယ်ချက် တစ်ခုနဲ့ စတူဒီယိုကို အခန်းသတ်သတ် ဖွဲ့ထားမယ် တူရိယာ အစုံအလင် နဲ့ အသံ လုံအောင် လုပ်ထားမယ် အသံ    စုတ်ဖော့တွေ ကပ်မယ် အသံဖမ်း အသံချိန်တာက အဆင်ပြေအောင် စတူဒီယို မော်နီတာ  စပီကာ ခပ်ကောင်းကောင်းတွေ သုံးနိုင်တဲ့ စတူဒီယိုလိုမျိုးပေါ့ သူကတော့ အနည်းဆုံး ၇ သိန်းကနေ စပြီး ကျသင့်နိုင်ပါတယ် ။


(၃) semi pro studio လို့ခေါ်နိုင်မယ့် စီးပွားမဖြစ် တစ်ဖြစ် စတူဒီယိုပေါ့ဗျာ ။ သူ့ကို ကျတော့ တူရိယာအများအပြား တစ်ပြိုင်တည်း အသံဖမ်းနိုင်မဲ့ စတူဒီယိုလို့ ဆိုကြပါစို့ ။ သူကတော့ သိန်း ၅၀ ကျပ်ကနေ စပြီး ကျ သင့်ပါတော့မယ် ။


(၄) pro studio လို့ခေါ်တဲ့ စတူဒီယိုမျိုး ကိုတော့ လုံးဝ ကို ဓျေးကွက် ဆန်ဆန် ဆရာကျကျ ဖမ်းသမျှ အသံ ထွက်သမျှ အသံ အားလုံးဟာ အဆင့်တန်းမှီမှီ ရှိနေမယ့် စတူဒီယိုမျိုးကို ဆိုလိုချင်တာပါ ။ ဒီလို စတူဒီယိုဆို ရင်တော့ ထည့်ရင် ထည့်သလောက် ကုန်မဲ့ စတူဒီယို ပုံစံမျိုးပါပဲ ။ (ref_ E home recording studio )


အပေါ်က စတူဒီယို အမျိုးအစားတွေ ဘာလို့ပြောနေရတာလဲ ဆိုတော့ စာဖတ်သူဟာ ကိုယ့်ကို ကိုယ်ဘယ်လို စတူဒီယိုမျိုး တည်ဆောက်ချင်တာလဲ ဆိုတာကို ဆုံးဖြတ်နိုင်စေချင်လို့ပါ ။





ဟုတ်ကဲ့ပါ ကွန်ပြူတာ အသံဖမ်း စတူဒီယိုလို့ ဆိုကတည်းက လိုအပ်တာတွေ ကတော့.......

(၁) ကွန်ပြူတာပါ မော်ဒယ်မြင့်လေ ကောင်းလေပါပဲ ။  

Mac/Pc ကြိုက်တာသုံးပါ ဖြစ်နိုင်ရင်တော့ ပန်ကာသံ အရမ်းမဆူညံတဲ့ ကွန်ပြူတာမျိုး RAM 4Gb လောက် အနည်းဆုံးရှိတဲ့ ကွန်ပြူတာမျိုး ဆိုရင် ပိုအဆင်ပြေပါတယ်ခင်ဗျာ ။