Saturday, April 23, 2016

ဒဏ္ဍာရီ { ကိုကျော်ကြီး } Cover



*** ချစ်သူ့ နှုတ်ခမ်း လွမ်း၍ နမ်းသော် နမ်း၇ာမထင် လွမ်း၇ာထင်လို့ ၇င်မှာညိပြီ " ဒဏ္ဍာ၇ီ "

{ မောင်စိန်ဝင်း ပုတီးကုန်း }

 

ဒဏ္ဍာရီ   သီချင်း ကို  သီဆိုခဲ့သော  ကို ခင်မောင်တိုး  ....  ရေးသားခဲ့သော  ကိုမောင်မောင်  နှင့်တစ်ကွ  မစ္ဖျိမလှိုင်း  အဖွဲ့သားများ  .....

 ဒဏ္ဍာရီ  ရုပ်၇ှင်ကားကြီး ပြသချိန်တွင်  အမှတ်တရ  ၇င်ထဲကို ရိုက်ခတ် စေခဲ့သော  မောင်စိန်ဝင်း (ပုတီးကုန်း) ၏ ကဗျာလေးကိုလဲ မှတ်တမ်း တင်အပ်ပါတယ် ..။


                                                                                 ကိုကျော်ကြီး ........







လက်တွဲထားလဲ စိတ်မချနိုင်ဘူး { Finger Style } ကိုကျော်ကြီး { Cover }






လွန်ခဲ့သော နေ့ { Ko Kyaw Gyi } Cover






ကို ခင်မောင်တိုး  သီဆိုခဲ့တဲ့  သီချင်းကောင်း တစ်ပုဒ်ပါ ...

Thursday, April 14, 2016

ဘောလုံး ပရိသတ်တွေ အကြွေကြီး ကြွေနေတဲ့ မန်ယူ အသင်း ပရိသတ် ရေချယ်ရီလေး


 

ဗြိတိန် ရဲ့ နာမည်ကျော် ရုပ်သံ စတား ရေချယ်ရီလေး တစ်ယောက် ဘောလုံးပွဲ အကြောင်း ဆွေးနွေးတဲ့ Soccer AM အစီအစဉ် မှာ ပါဝင် ခဲ့ပြီးနောက် ဘောလုံး ပရိသတ်တွေ ရဲ့ တစ်ခဲနက် အားပေးမှုကို ရရှိ လျှက် ရှိပါတယ်။





ရေချယ် က ဒီ အစီအစဉ် မှာ မပါခင် ကတည်းက နာမည်ကျော် ထားပြီးသား သူတစ်ယောက် ဖြစ်ပါတယ်။ မန်ချက်စတာ ယူနိုက်တက် ကို အသည်းစွဲ အားပေးသူ အဖြစ် လူသိများပါတယ်။ 

Soccer AM အစီအစဉ် မှာ ရေချယ် တစ်ယောက် ပါဝင်ဆွေးနွေးခဲ့ပြီးနောက် ဘောလုံး ပရိသတ်တွေက တွစ်တာ မှာ ချီးကျူး မဆုံး ဖြစ်နေပါတယ်။


ငပလီ မှာ ပျော်နေတဲ့ ပိုင်ဖြိုးသု



တစ်ဖြည်းဖြည်း နဲ့အရွယ်ရောက်လာတော့ သင်္ကြန် ကို မလည်ချင်တော့ဘူးလို့ ပြောထားတဲ့ ပိုင်ဖြိုးသု ကတော့ ငပလီ မှာတော့ ကလေး တစ်ယောက်လို ပျော်ရွှင်လို့နေပါတယ်။




ငပလီ စရောက်ရောက်ချင်း မှာဘဲ ဖျားနေတာကြောင့် မနက် တစ်ခေါက် ည တစ်ခေါက် ရေဆင်းကူးပြီး ဓာတ်ကြမ်း နည်းနဲ့ တိုက်လိုက်တယ် လို့ သူမ ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာပေါ်မှာ ရေးထားပါတယ်။


မလုံ့တစ်လုံ အဝတ်အစားတွေ နဲ့ Fifth Harmony အဖွဲ့



London က G-A-Y ဘား ရဲ့ စတိတ်စင်ပေါ်မှာ Fifth Harmony အဖွဲ့က အလန်းစားဖျော်ဖြေခဲ့ကြတာပါ။
အဖွဲ့ဝင် ၅ ဦး စလုံးဟာ သူတို့ ရဲ့ မိန်းမသား ပီသတဲ့ အလှတရားတွေ ကို ထုတ်ဖော်ပြသဖို့ ရှက်ရွံ့ခြင်း အလျဉ်း မရှိခဲ့ပါဘူး။





အသက် ၁၈ နှစ်သာ ရှိသေးတဲ့ ဒီနာဟာ ဆိုရင် သူရဲ့ရွှေရောင် အတွင်းခံလေး ကို လှစ်ဟပြရင်း တင်ပါးကို လှုပ်ခါ ကာ ကပြသွားခဲ့ပါတယ်။


လင်ဆေးလိုဟန် ရုရှား သူဌေးသား နဲ့ စေ့စပ်

 



လီလို လို့ ချစ်စနိုးခေါ်ကြတဲ့ လင်ဆေးလိုဟန် က သူမ ရဲ့ချစ်သူ အသက် ၂၂ အရွယ် ရုရှား သူဌေး သားလေး အီဂေါ် တာရာဘာဆော့ဗ် နဲ့ စေ့စပ်လိုက်ပါတယ်။ 

သူတို့နှစ်ယောက် ချစ်သူတွေဖြစ်နေတယ် ဆိုတာလည်း လူတွေ သိအောင် ထုတ်ပြောလိုက်တာ တစ်လလောက် ပဲ ရှိပါသေးတယ်။ 

ခုတော့ လီလို ရဲ့ လက်သန်းကြွယ် မှာ စေ့စပ်လက်စွပ် တစ်ကွင်း ကို တွေ့နေရပါပြီ။

လီလို နဲ့ ရင်းနှီးတဲ့ သူငယ်ချင်း တစ်ဦး ရဲ့ အဆို အရတော့ သူမ ဟာ အီဂေါ် နဲ့ တွဲနေတာ လေးလလောက် ရှိပြီဖြစ်ပြီး ခရစ္စမတ် ကာလ တုန်းကလည်း နယူးယောက်ခ် မှာ အတူရှိနေခဲ့ကြပါသတဲ့။ 


အိမ်မှာပဲ သင်္ကြန်ကျနေတဲ့ ဖွေးဖွေး



ဒီနှစ် သင်္ကြန် ကိုတော့ ဖွေးဖွေး က အိမ်မှာပဲ ဖြတ်သန်းမယ့် ပုံပါ။ အိမ်တွင်းပုန်း လုပ်နေပေမဲ့ ပျင်းစရာတော့ မကောင်းပါဘူး။ ဖွေးဖွေး အတွက်တော့ သင်္ကြန် ဆိုတာ အိမ်တွင်းမှာလည်း ရေကစားလို့ ရတဲ့ ပွဲတော် တစ်ခု ဖြစ်သွားပါတယ်။ 

သင်္ကြန် အကျနေ့ မှာ သူငယ်ချင်းတွေနဲ့ အတူ ခြံထဲမှာပဲ ပျော်ပျော် ပါးပါး ရေကစားခဲ့တာ တွေ့ရပါတယ်။

 ဒါ့ပြင် သူမ ရဲ့ မိခင် ကိုလည်း သူငယ်ချင်းတွေနဲ့ အတူ ခေါင်းလျှော်ပေးနေပုံကိုလည်း ဖေ့စ်ဘွတ်ပေါ်မှာ တင်ထား ပါသေးတယ်။ 

အိမ်မှာနေရင်း တီရှပ်လေး တစ်ထည် ဘောင်းဘီ ရိုးရိုးလေး နဲ့ ပျော်နေ တဲ့ ဖွေးဖွေး က ပြင်ဆင်ခြယ်သ မှုတွေ လည်း မပြုလုပ်ထား ပါဘူး။ ဖွေးဖွေး ကတော့ သူမ ရဲ့ အိမ်တွင်း သင်္ကြန်မှာ ပြုံးပျော်နေတော့တာပါပဲ။



Saturday, April 9, 2016

မြွေဟောက်ကိုက်ပေမယ့် သီချင်းပြီးသည် အထိ ဖျော်ဖြေပြီး အသက် ဆုံးရှုံးသွားသော အဆိုတော်




 
အင်ဒိုနီးရှားနိုင်ငံ အနောက် ဂျာဗား က ဖျော်ဖြေပွဲ တစ်ခုမှာ အမျိုးသမီး အဆိုတော် တစ်ဦး ဟာ ဖျော်ဖြေနေ စဉ် မြွေဟောက် ကိုက်ခံရပေမယ့် သီချင်း ပြီးဆုံးအောင် သီဆိုပြီးနောက် အသက် ဆုံးရှုံးသွားပါတယ်။

ဧပြီ ၃ ရက် က မြွေတွေ နဲ့ ကပြရာ မှာ နာမည်ကြီး တဲ့ အိုင်မာဘူလီ က သီဆိုဖျော်ဖြေဖို့ အဆိပ် မထုတ် ထားတဲ့ မြွေဟောက် ဘုရင် ကို ခေါ်ဆောင်ခဲ့ပါတယ်။

ဖျော်ဖြေနေစဉ် မှာ မြွေ ရဲ့ အမြီး ကို နင်းမိပြီး မြွေ က အိုင်မာ ရဲ့ ပေါင် ကို ကိုက်ခဲ့တယ် လို့ အင်ဒိုနီးရှား သတင်းတွေ က ရေးပါတယ်။