Sunday, September 4, 2016

ဂီတ အစည်းအရုံး နဲ့ FM တွေကို တရားစွဲတော့မယ့် ဂျက်မြသောင်း



တေးသံရှင် ဂျက်မြ သောင်း က ၎င်း၏ တေးသီချင်း များ ကို ခွင့်ပြုချက် တောင်းခံခြင်း မရှိဘဲ အသုံးပြုမှု များနှင့် ပတ် သက်၍ ဂီတ အစည်းအရုံးနှင့် FM များ အားလုံးကို တရားစွဲဆိုမည် ဖြစ်ကြောင်း သတင်းရရှိသည်။


‘‘ ဂီတ အစည်းအရုံး က ကျွန် တော့် ရဲ့ ခွင့်ပြုချက် မပါဘဲ ကျွန် တော့်ရဲ့သီချင်းတွေ ကို ရောင်းပါ တယ်။ သီချင်းတွေ ရောင်းထား တဲ့ ဂီတ အစည်းအရုံး ဥက္ကဋ္ဌ ရဲ့ လက်မှတ်လည်း ကျွန်တော့်မှာ ရှိ တယ်။ အဲဒီ အတွက် ကျွန်တော့် ရဲ့ လုပ်ပိုင်ခွင့်ဘောင်အတွင်းကနေ အကောင်းဆုံးဖြစ်အောင် တိုင်ပင် ပြီး လုပ်သွားပါမယ်’’ဟု တေးသံရှင်ဂျက်မြသောင်း က ပြောကြားသည်။
ဂျက်မြသောင်း သည် ၎င်း ၏ တေးသီချင်းများ ကို ခွင့်ပြုချက် မပါ ရှိဘဲ အသုံးပြုခဲ့သော ဂီတ အ စည်းအရုံး၊ FM အသံလွှင့် ရုံးများ၊ Ringtune အသုံးပြုသည့် ကုမ္ပဏီ နှင့် သီချင်းဆိုပြိုင်ပွဲပြုလုပ်သော ကုမ္ပဏီများ အားလုံး ကို စက်တင် ဘာ အတွင်း မူပိုင်ခွင့် ဥပဒေအရ တရားစွဲဆိုမည် ဟု ပြောသည်။
‘‘ကျွန်တော် အဓိက တရားစွဲ ဆိုရတဲ့ အကြောင်းရင်းက ကျွန် တော့် သီချင်းတွေကို အသုံးပြုချင် ရင် ကျွန်တော့်ဆီ ကို ကိုယ်တိုင် လာတောင်းပါ။ ကျွန်တော် အခ ကြေးငွေ မယူဘဲ မေတ္တာ နဲ့ အလကားပေးမှာပါ။ အခုလို လုပ်ရ တာက ကျွန်တော့် သီချင်းကို လေးစားမှု ရှိစေချင်တာပါ’’ဟု ဂျက်မြ သောင်းက ပြောသည်။
တေးသီချင်း စုစုပေါင်း ၁၀ ပုဒ်ကျော် ကို အသိမပေးဘဲ အ ကြိမ်ရေ ၄,၅၀၀ ကျော် အသုံးပြု ခဲ့ သဖြင့် ဂျက်မြသောင်း က နိုင်ငံ တော် အဆင့် အထိ စာတင် အ ကြောင်းကြားခဲ့ပြီး နောက်ဆုံး အ ကြောင်းကြားစာ တင် ခဲ့သော စာ မှာ ၂၀၁၆ ဇွန်လ ၁၅ ရက် က ဖြစ်ကြောင်း သိရသည်။
 ‘‘ကျွန်တော်တို့ က သူ့ရဲ့ နစ် နာမှု အပေါ် မူတည်ပြီးတော့ တိုင် ချက်ရေးဖွင့်နိုင်အောင် ဥပဒေ အရ ဆောင်ရွက်ပေးရမှာ ဖြစ်ပါ တယ်။ လက်တွေ့ ကျတော့ ကိုယ်က ဒီလို ဖွင့်ပေမယ့် တစ်ဖက် က လည်း လုပ်ငန်း အဆင့်ဆင့် ရှိ တော့ ဆုံးဖြတ်ချက် က တရားရုံး က ဆုံးဖြတ်ရမှာပါ။ 
အဓိက က တော့ တေးသံရှင် ဂျက်မြသောင်း ရဲ့ မူပိုင်ခွင့် ကို ကာကွယ်စောင့် ရှောက်ဖို့ တစ်ဖက်လူ လေးစား လာအောင် နည်းလမ်းမျိုးစုံ သုံး တယ် လို့ပဲ သဘောထားစေချင် တယ်’’ဟု အဆိုပါ ကိစ္စကို တရား စွဲဆိုရန် ဆောင်ရွက်ပေးမည့် တရားလွှတ်တော်ရှေ့နေ ဦးဌေး က ပြောကြားသည်။
ဂျက်မြသောင်း က တရားစွဲဆိုရန် ပါရှိသည့် တေးသီချင်းများ မှာ ၎င်းအောင်မြင်ကျော်ကြားခဲ့ သော ‘ကြိုးပုခက် ၌ ငြိတွယ်ခြင်း’၊ ‘နှလုံးသွေးများ ရပ်တန့်သွားပါစေ ချစ်နေမယ်’၊ ‘ပြန်လာပါတော့’၊ ‘ချစ်သူ့လမ်းညွှန်’၊ ‘တကယ်ပြောတာပါ’ စသည့် သီချင်း များဖြစ် ကြောင်း သိရသည်။
‘‘သူ့ ခံစားချက်ကို ကျွန်တော် တို့ သီချင်းရေးတဲ့ သူ တစ်ယောက် အနေနဲ့ အပြည့်အဝ နားလည်လို့ရ တယ်။ ကိုယ် ပိုင်ဆိုင်တဲ့ ပစ္စည်း တစ်ခုကို ကိုယ့်ကို အသိမပေးဘဲ နဲ့ သုံးစွဲတာကို ဘယ်သူမှကြိုက် မှာ မဟုတ်ပါဘူး။ 
ကျွန်တော်တို့ လည်း ဒီလိုမျိုး ကိစ္စတွေ အများ ကြီးကြုံတွေ့ရပါတယ်။ ကျွန် တော်တို့ ဆိုရင် Myanmar PRO ဆိုပြီး အဖွဲ့တစ်ခု ထောင်ထားပါ တယ်။ အဲဒီ အထဲမှာ တေးရေး ဆရာ ၃၉ ယောက်ပါတယ်။ ကျွန် တော် တို့ သီချင်းတွေ ရဲ့ မူပိုင်ခွင့် ဒါကို ကာကွယ်စောင့်ရှောက်နေ ကြပါတယ်။ ဒီ အဖွဲ့ကို အပ်နှံ ထား တဲ့ လူတွေ ရဲ့ သီချင်းတွေ ကို ဖြေ ရှင်းပေးသွားမယ်’’ဟု တေးရေး ညီညီသွင် က ပြောသည်။