Thursday, March 21, 2019

ဆွဲဆောင်မှုရှိလွန်းတဲ့ အလှပုံရိပ်တွေကို မျှဝေပေးလိုက်တဲ့ ပတ်ထရစ်ရှာ








နာမည်ကျော် မော်ဒယ် မင်းသမီးတစ်ယောက်ဖြစ်တဲ့ ပတ်ထရစ်ရှာ ကတော့ အနုပညာအလုပ်တွေကို အမြဲကြိုးစားနေတဲ့သူတစ်ယောက်ဖြစ်ပြီး ရုပ်ရှင် ဇာတ်ကားတွေကိုလည်း ဆက်တိုက်ရိုက်နေရတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ 

ပတ်ထရစ်ရှာ ကတော့ ဖေစ်ဘုတ်ပေါ်မှာလည်း ပရိသတ်တွေနဲ့ တစ်ရင်း တစ်နှီး နေတတ်တဲ့သူ တစ်ယောက်ဖြစ်လို့ ပရိသတ်တွေ အချစ်ပိုရတဲ့သူ တစ်ယောက်ဖြစ်ပါတယ်။


Saturday, March 16, 2019

ကိုယ်ထူကိုယ်ထ မူလတန်းကျောင်းလေး ကို တိုက်ဆောက်ပေးဖို့ ကြိုးစားနေတဲ့ ထူးအယ်လင်း



ပရဟိတ အလုပ်တွေကို တစ်စိုက်မတ်မတ် လုပ်ဆောင်နေတဲ့ ထူးအယ်လင်း က ဆိုင်ကယ် ချစ်သူများ အဖွဲ့ နဲ့ အတူ ကိုယ်ထူ ကိုယ်ထ မူလတန်းကျောင်းလေးကို တိုက်ဆောက်ပေးဖို့အတွက် ကြိုးစားပေးနေတာ တွေ့ရပါတယ်။

ကျုံပျော်မြို့နယ် နှဲဘိုကြိုးကျေးရွာ မှာ ရှိတဲ့ ကိုယ့်အား ကိုယ်ကိုး အခြေခံပညာ မူလတန်းေ ကျာင်းလေး ကို တိုက်ကျောင်းဆောက် ဖို့အတွက် ဒီနေ့ (မတ်လ ၁၄ရက်) မှာသွားရောက်လေ့လာခဲ့ပါတယ်။

ကျောင်းကို သွားရောက်လေ့လာတဲ့ အချိန်မှာလည်း ထူးအယ်လင်း က သူ့ဖေ့စ်ဘွတ် အကောင့်ကနေ အလှူရှင်တွေတွေ့မြင်နိုင်ဖို့ Live လွှင့်ပြီး ကျောင်းရဲ့ အခြေအနေလေးကိုပြောပြခဲ့ပါတယ်။

“ ကလေးတွေ အတွက် ပညာသင်ကျောင်း ဆောက်ပေးဖို့ ကျွန်တော် တို့ ရောက်နေတာပါ တွဲဖက် မူလတန်းကျောင်းလေးပါ ဒီနေ့က ကျောင်း အခြေအနေလေး လာကြည့်တာပါ။

ကျွန်တော်နဲ့ အတူ ဆိုင်ကယ်ချစ် ညီအကိုတွေလည်း ပါသလို အဆိုတော် ထိုက်ထိုက် တို့ အဖွဲ့လည်း ပါတယ် ။ တစ်ကယ်လိုအပ် တဲ့ နေရာလေးတွေမှာ လိုက်လှူနေတာပါ ။ အလှူရှင်တွေ သိရအောင် အခုလိုမျိုး Live လွှင့်ပြီး ပြောတာပါ” လို့ ထူးအယ်လင်း က ဆိုပါတယ်။

အဆိုတော် ထူးအယ်လင်း ဟာ တစ်ကယ် လိုအပ်တဲ့ နေရာ ဒေသတွေမှာ မကြာခဏ ဆိုသလို သွားရောက် လှူဒါန်းမှုတွေ ပြုလုပ်လေ့ရှိပါတယ်။