Wednesday, January 25, 2017

Full Richie Sambora + Orianthi Concert at NAMM 2017






Richie Sambora - I'll Be There For You






Richie Sambora-Father Time






Richie Sambora - One Light Burning






Richie Sambora - Ballad Of Youth





Richard Stephen "Richie" Sambora



Richard Stephen "Richie" Sambora ကို 1959 ခုနှစ်July 11, မှာမွေးဖွားသူဖြစ်ပါတယ်။ သူဟာအမေရိကန် က အဆိုတော်၊ တေးရေးဆရာ၊ ထုပ်လုပ်သူ၊ ဂစ်တာ အတီးသမား ဂီတ ပညာရှင်ဖြစ်ပါတယ်။ သူဟာ Bon Jovi ရဲ့ ဝိုင်းအတွက် ဂစ်တာ တီးပေးလာခဲ့တာ ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ သူနဲ့ Jon Bon Jovi တို့က ဒီဝိုင်းရဲ့ ခေါင်းဆောင်တွေလဲဖြစ်ပါတယ်။ သူကိုယ်တိုင်လဲ ကိုယ်ပိုင် အယ်ဘမ် သုံးခု ထုတ်ဝေပြီးခဲ့ပါပြီ။

Stranger in This Town ကို 1991 မှာထုတ်လုပ်ဖြန့်ဝေခဲ့ပါတယ်၊ Undiscovered Soul ကို 1998 ခုနှစ်မှာဖြန့်ဝေတာဖြစ်ပြီး သူ့ရဲ့ တတိယ အယ်ဘမ်ဖြစ်တဲ့ Aftermath of the Lowdown ကို 2012 မှာဖြန့်ဝေတာဖြစ်ပါ တယ်။

Richie Sambora at the 2009 Tribeca Film Festival.jpgSambora ကို Perth Amboy, New Jersey, မှာမွေးဖွားခဲ့တာဖြစ်ပါတယ်။ သူ၏ မိခင်က Joan (née Sienila) ဖြစ်ပြီး သူ၏ ဖခင် ကတော့ Adam C. Sambora, ဖြစ်ပါတယ်။

သူဟာ Polish ဖြစ်ပြီး Catholic ဘာသာဝင်ဖြစ်ပါတယ်။ သူဟာ New Jersey က Woodbridge မြို့နယ် ကဖြစ်ပါတယ်၊ Woodbridge High School မှာကျောင်းတက်ခဲ့သူဖြစ်ပြီး 1977 မှာ ဘွဲယူခဲ့တာဖြစ်ပါတယ်။
သူဟာ အသက် 12 သား ထဲက ဂစ်တာ စတီးခဲ့တာဖြစ်ပါတယ်။ ကွယ်လွန်သွားသူ ဂစ်တာ အကျော်အမော် ဖြစ်တဲ့ Jimi Hendrix ရဲ့ နည်းနာ ယူသူလဲဖြစ်ပါ တယ်။

သူလေးစား နှစ်သက် ခဲ့တဲ့ အခြား နာမည်ကျော် ပုဂ္ဂိုလ်များ ကတော့ Eric Clapton, Jimi Hendrix, Jeff Beck, Stevie Ray Vaughan, Johnny Winter, Jimmy Page, Joe Perry, George Harrison, နှင့် Joe Kmiecik တို့ဖြစ်ပါတယ်။ သူဟာ Spanish classical ဂီတ ကိုလည်း နှစ်သက်သူဖြစ်ပါတယ်။ Janis Joplin ကတော့ သူအနှစ်သက်ဆုံး အဆိုတော် တစ်ယောက်ဖြစ်ပါတယ်။

သူဟာ Message တီးဝိုင်း က ဂစ်တာ သမားဖြစ်ပါတယ်။ ဒီ တီးဝိုင်းမှာ ယခင်က တီးခဲ့တဲ့ Dave Sabo နေရာမှာ Bon Jovi က Sambora ကို အစားထိုးခဲ့တာဖြစ်ပါတယ်။ Sambora ဟာ Bon Jovi ရဲ့ သီချင်း အတော်များများကို ဂစ်တာ တီးရင်း ဟာမိုနီ အဖြစ်လည်း သီဆိုပေးပါတယ်။

အထူး သဖြင့် "I'll Be There for You" နှင့် "These Days" သီချင်းများ ရယ် "Lay Your Hands on Me" နှင့် "Homebound Train" "Stranger in This Town" သီချင်းများ လဲပါဝင်ပါတယ်။

"Stranger in This Town" CD ကို 1994 တုန်းက ထုတ်လုပ်ဖြန့်ဝေခဲ့တာဖြစ်ပါတယ်။ LL Cool J ရဲ့ 2008 Album ဖြစ်တဲ့ "Baby Rock Remix" Sambora ကို အသားပေး တီးခတ်စေခဲ့ပါတယ်။

1991 မှာ သူဟာ Solo အတီးပြိုင်ပွဲကို Stranger in This Town သီချင်းဖြင့် စတင် ဝင်ရောက် တီးခတ်ယှဉ်ပြိုင်ခဲ့ပါတယ် ဒီသီချင်း ပါဝင်တဲ့ Album ဟာ Blue ဂီတကို အသားပေးထားတဲ့ ခွေဖြစ်ပါတယ်။ Mr Bluesman သီချင်းမှာ Eric Clapton က Lead ဂစ်တာ တီးပေးထားပြီး Sambora က acoustic guitars ဖြင့်နောက်ခံ အားဖြည့် တီးပေးထားတာဖြစ်ပါတယ်။

US မှာဖျော်ဖြေ ခဲ့တဲ့ ပွဲတွေကို အယ်ဘမ် အဖြစ်ဖြန့်ချီရာတွင် လိုက်ပါ တီးပေးခဲ့သူများ ကတော့ Tony Levin (bass), Dave Amato (guitar), Crystal Taliefero (percussion) and Bon Jovi ရဲ့ ဝိုင်းတော်သား Tico Torres (drums) နှင့် Dave Bryan (keyboards). တို့ဖြစ်ကြပါတယ်။ 1991 နှစ်နွေရာသီမှာ "Ballad of Youth" အယ်ဘမ်ကို ထုတ်ဝေပါတယ် ။

ပြီးနောက် BBC Radio 1 ရဲ့ The Friday Rock Show မှာ ထပ်ခါ ထပ်ခါ ကြော်ငြာ ခဲ့စေကာမူ အဆင့် 75 အထိသာ တက်နိုင်ခဲ့ပါတယ်။ "Ballad of Youth" ဟာ Sambora ရဲ့ ပထမ Solo Album ဖြစ်ပါတယ် ။ 

1998 မှာ ဖြန့်ဝေခဲ့တဲ့ Sambora ရဲ့ Undiscovered Soul ဟာ သူရဲ့ ဒုတိယခွေဖြစ်သလို Solo Album လဲ တစ်ခုလည်းဖြစ်ပါတယ် ။ ဒီ အယ်ဘမ် ရဲ့ ထုတ် လုပ် သူ ကတော့ Don Was ဖြစ်ပါတယ် ။ ဒီနှစ်ထဲမှာ သူဟာ Japan, Australia နှင့် Europe တို့မှာ လှည့်လည်ဖြော်ဖြေခဲ့ပါတယ်။

ဒီ ပွဲစဉ်မှာ ဝိုင်းတော်သားများ အဖြစ် Richie Supa (guitar), Ron Wikso (drums), Kasim Sulton (bass), Tommy Mandel (keyboards), Everett Bradley (percussion;), Gioia Bruno (percussion; ) နှင့် Crystal Taliefero (percussion; Europe only) တို့ဖြစ်ကြပါတယ် ။

Everett Bradley ကတော့ Japan ပွဲစဉ် တစ်ခုမှာဘဲ ပါဝင်သူဖြစ်ပြီး အခြားပွဲ စဉ်များမှာ မပါဝင်ပါဘူး ။ Gioia Bruno ကလဲ Australia တစ်ခုထဲ မှာသာ တီးပေးဖြစ်ခဲ့သူပါ။ Crystal Taliefero ကလဲ Europe ပွဲမှာသာ ပါဝင်သူဖြစ်ပါတယ်။




LL Cool J - Exit 13 - 8 - baby*rock remix*






LL Cool J ရဲ့ 2008 Album ဖြစ်တဲ့ "Baby Rock Remix" Sambora ကို အသားပေး တီးခတ်စေခဲ့ပါတယ်။





Richie Sambora - Fallen From Graceland






Richie Sambora - Stranger In This Town






Saturday, January 14, 2017

FOREVER YOUNG - Rod Stewart and daughter Ruby DUET






ROD STEWART - SAILING (Bell Center, Montreal, 2013) HD






Rod Stewart - What A Wonderful World






Rod Stewart - Have You Ever Seen The Rain (Official Video)






Eric Clapton - Wonderful Tonight (Official Live Video)






The Eagles . Hotel Califonia . Fingerstyle Guitar





သား အတွက် ရည်ရွယ်ပြီး သီချင်းတစ်ပုဒ် ရေးနေတဲ့ ဝေလ



သားအတွက် ရည်ရွယ် ၍ မိဘမေတ္တာ ကို ပုံဖော်ထား သည့် သီချင်းတစ်ပုဒ် ရေးသားနေ ကြောင်း တစ် ကိုယ်တော် အခွေ သစ် စီစဉ်နေသည့် ဝေလ က ပြောသည်။
‘‘အဓိက ကတော့ သားလေး အတွက် မိဘမေတ္တာ ပုံစံလေးရေး နေပါတယ်။ အခွေသစ်မှာ ပါ၊ မပါတော့ တရားသေပြောလို့ မရ ဘူး’’ဟု ၎င်းက ပြောသည်။

လတ်တလောတွင် ငါးခွေ မြောက် တစ်ကိုယ်တော်အခွေ အ တွက် သီချင်းများ သွင်းနေသကဲ့ သို့ အဓိပတိဖွား အမ်တီဗီ လည်း ရိုက်ကူးနေကြောင်း ၎င်းက ပြော သည်။
‘‘ဒီ အခွေကိုလည်း ဒါရိုက် တာတွေ တော်တော် များများ ကို အပ်ထားတယ်။ အကောင်းဆုံး ဖြစ်အောင်တော့ ကြိုးစားထားပါ တယ်။ တစ်ဝက်လောက်တော့ ပြီးနေပါပြီ’’ဟု ပြီးခဲ့သည့်နှစ်က ထွက်ရှိ ထားသည့် ၎င်း ၏ တစ်ကိုယ်တော် စီးရီး ‘အဓိပတိဖွား’ ဒီဗီဒီ ရိုက်ကူးရေးနှင့် ပတ်သက်၍ ၎င်းက ပြောသည်။
ထို့အပြင် ယခုနှစ် အတွင်း၌ ပထမဆုံး တစ်ကိုယ်တော် ဖျော် ဖြေပွဲကိုလည်း ပြုလုပ်ရန် အစီ အစဉ်ရှိပြီး ရက်ကို မူ မသတ်မှတ်ရသေးကြောင်း ၎င်းက ဆိုသည်။