Wednesday, June 22, 2016

Sunday, June 12, 2016

ကျွန်တော် အသည်း ကွဲတာ လူ မသိခဲ့ဘူး ( ထွန်းထွန်း )


tun tun copy


သူ့ရဲ့ပရိသတ်တွေ နဲ့ တိုက်ရိုက် ထိတွေ့ဖို့ ဖေ့စ် ဘုတ် လူမှုကွန်ရက် ကို ကိုယ်တိုင် အသုံးပြု သူတစ်ဦး ကတော့ ထွန်းထွန်း(Examplez) ပဲဖြစ်ပါတယ်။ လတ် တလောမှာတော့ ဖေ့စ်ဘုတ် မှာ လူငယ်တော်တော်များ များက အသည်းကွဲနေတဲ့ ခံစားချက်တွေရေးကြတာ   ကြောင့် ထွန်းထွန်း က သူ့ ကိုယ်တွေ့နဲ့ယှဉ်ပြီး အားပေး စကား ပြော ခဲ့ပါတယ်။

“လက်ရှိ အသက် အရွယ် မှာ ကျွန်တော်ဖြစ်တဲ့ ခံစားချက်၊ ကျွန်တော် သိတဲ့ အသိ တစ်ခုပေါ့။ ကျွန် တော်တို့ အရွယ် တုန်း ကလည်း အသည်းကွဲ ခဲ့တယ်။ ကျွန်တော်တို့ အသည်းကွဲ တာ ကျွန်တော်တို့ခေတ် အရ လူ မသိဘူး။ 

ဒီခေတ် က လူတိုင်း သိအောင် အသည်း ကွဲတတ်ကြတယ်။ လူတိုင်း သိအောင် ကိုယ့် အရှက်ကို ကိုယ့်ပေါင် ကိုယ်လှန် ထောင်းနေကြ တယ်။ ခေတ်ကို က အဲဒီခေတ်ဖြစ်နေ တယ်။ ကျွန်တော် လည်း အသက် ၁၄၊ ၁၅ နှစ် တုန်းက သူတို့ နီးပါးပဲ ဆိုးရင် ဆိုးခဲ့မယ်။ ကိုယ့် ပေါင်ကိုယ်လှန်ထောင်း ခဲ့မယ်။ ဒါပေမဲ့ အဲဒါ ကိုယ့်
မိသားစု နဲ့ ကိုယ့် အသိုင်းအဝိုင်းပဲသိတာ။ 

အခုက တစ် ကမ္ဘာလုံး သိအောင် လုပ်နေကြတဲ့ခေတ်ဖြစ်နေတယ်။ အဲဒီ မှာ တစ်ကယ်တမ်း က အရေးကြီး တာ ဘာလဲ ဆိုတာ ကျွန်တော် သွားမြင်တယ်။ လောကကြီး မှာ တစ်ကယ် ဒုက္ခ ရောက်လာရင် ကိုယ့် အနားမှာ ရှိနေတာ ကိုယ့်မိ သားစု က လွဲပြီး ဘယ်သူမှ မရှိပါဘူး။ 

ကိုယ့်ရဲ့အချိန်တွေက တစ်အား တန်ဖိုး ရှိပါတယ်။ ကျွန်တော် ဘာဖြစ်လို့ ဒီလို ပြောလဲ ဆိုရင် ကျွန်ေ တာ် လည်း အချိန်ကုန် ခဲ့ဖူးလို့ပေါ့” လို့ သူ ကိုယ်တိုင်ဖြတ်သန်း လာခဲ့ရတဲ့ အတွေ့ အကြုံအရ သူ့ရဲ့ ရင်တွင်း ခံစားချက်တွေ ဝေမျှဖြစ်ခဲ့ ပုံ  အကြောင်း ကို ပြောပြပါတယ်။

သရုပ်ဆောင်လောက မှ ခဏ အနားယူမယ့် သက်မွန်မြင့်

သက်မွန်မြင့်
သက်မွန်မြင့် နဲ့ သားဦးလေး အားချစ် (ဓာတ်ပုံ- သက်မွန်မြင့် ဖေ့စ်ဘုတ် မှ)


ပျော်ရွင်စရာ မိသားစု ဘဝလေး ကနေ ပျော်ရွင်စရာ မိသားစုကြီး အဖြစ်ပြောင်းလဲပြီး ကလေးနှစ်ယောက် တို့ ရဲ့ မေမေ ဖြစ်လာတော့မယ့် အကယ်ဒမီ ဆုရှင် သရုပ်ဆောင် သက်မွန်မြင့် က ဒုတိယ ကလေးလေး အတွက် အတိုင်း မသိ ဝမ်းသာနေပါတယ် လို့ ဆိုပါတယ်။


“အစ ကတည်းက သက်မွန် က သားလေး ကို တစ်ယောက်တည်း မဖြစ်စေချင်ဘူး။ သက်မွန် ကိုယ်တိုင် က တစ်ယောက်တည်း နေရတာ များတော့ အထီးကျန်တယ် လို့ ခံစားရတယ်။ အဲ့ဒီလို ခံစားမှုမျိုးကို မကြိုက်ဘူး။ အဲ့ဒီ အတွက် ကိုယ့်ကလေးကိုလည်း အဲ့ဒီလို မဖြစ်ချင်ဘူးပေါ့နော်။ 

ကိုယ်ကိုတိုင် ကလည်း လိုချင် ခဲ့တဲ့ အနေအထား မှာ အခုလို ရလာတော့ ဘုရား ကပေးတဲ့ ဆုလို့ပဲ သတ် မှတ် ပါတယ်၊ အတိုင်းမသိ လဲ ဝမ်းသာ နေပါတယ်” လို့ သက်မွန်မြင့် က ဧရာဝတီကိုပြောပါတယ်။

ဒုတိယ ကလေး နဲ့ ၂ နှစ်ကျော် သာ ကွာမယ့် သက်မွန် ရဲ့သားလေး “အားချစ်” ကတော့ သူမ အတွက် အရမ်း ကံကောင်တဲ့ သားလေးဖြစ်ပြီး ကလေး အတွက် စိတ်ပူနေရတာမျိုး မရှိပဲ သူမ အတွက် အားအင်တွေ ပဲပေးပြီး စိတ်ချမ်းသာစေတဲ့ ကလေး တစ်ယောက်ပါ လို့လည်း သူကဆိုပါတယ်။

“သားလေး က အခုဆို လမ်းကောင်းကောင်းလျှောက်နေပြီ။ ဟိုသွား ဒီသွားနဲ့ လည်း ကစားနေပြီ။ အရမ်း လည်း အစားကြီးတယ်။ သူကတော့ မွေးကတည်းက လူတွေ အများကြီး ရဲ့ ချစ်ခြင်း ကို ခံရတယ် ဆိုတော့ မိခင် တစ်ယောက်အနေနဲ့တော့ အရမ်း ဝမ်းသာပါတယ်” လို့ မိခင် တစ်ယောက်ရဲ့ ခံစားချက်ကို လည်း ပြောပြ ခဲ့ ပါတယ်။


 သက်မွန်မြင့်
 သက်မွန်မြင့် နဲ့ သူ့ရဲ့ခင်ပွန်း (ဓာတ်ပုံ- သက်မွန်မြင့် ဖေ့စ်ဘုတ် မှ)