Saturday, December 29, 2018

စာ ဘာ့ကြောင့်ရေး



1948 မှာ ဆရာသော်တာဆွေတို့ ပဒေသာမဂ္ဂဇင်း ထုတ်ဖူးတယ် ။ ရှုမဝ မဂ္ဂဇင်းနဲ့အပြိုင် သဘောမျိုး ထုတ် တာပါ ။ ဦးစီး ဦးကိုင်က ဆရာတင့်တယ် ။ ဆရာသော်တာဆွေက မဂ္ဂဇင်းကိစ္စအဝဝ အောက်ခြေသိမ်း တစ်ကိုယ်တော် လုပ်ရတယ် ။ ( ဆရာတင့်တယ်က ရုံးသမားမို့ ညွှန်ကြားရုံသာ တတ်နှိုင်ပါတယ် ) ။ 

သရုပ်ဖေါ်ပုံ အတွက် ကာတွန်း ဦးဗဂျမ်းဆီ မကြာမကြာ ရောက်တယ် ။ ခေါင်းရင်းခန်းမှာ ကတုံးဆံတောက်နဲ့ အဖိုးကြီး တစ်ယောက် စာထိုင်ရေးနေတာ အမြဲတမ်းလို တွေ့နေတော့ အဲဒါ ဘယ်သူလဲလို့ ဦးဗဂျမ်းကို မေး တယ် ၊ " သဘင်ဝန် ဦးနု ဆိုတာ သူပေါ့ " တဲ့ ။ ဒါနဲ့ သူ့ဆီ စာမူတောင်းရင် ရမလားမေးတော့ " ကိုရင် တောင်းကြည့်ပေါ့ " တဲ့ ။ 

သဘင်ဝန် ဦးနု စာရေးစားပွဲနား သော်တာဆွေ ရောက်သွားတယ် ။
" ဆရာကြီး ၊ ဘာတွေရေးနေပါသလဲ " 
" စာတွေ ရေးနေတာပေါ့ကွ " 
" ဘယ်မဂ္ဂဇင်းမှ မပို့ဘူးလား " 
" မင်းတို့ မဂ္ဂဇင်းတွေရှိမှ ငါက စာရေးရမှာလား " 
" ဒါဖြင့် ဘာလို့ ဆရာကြီး စာရေးနေလဲ " 
" ဟ - မရေးရ မနေနှိုင်လို့ ရေးတာပေါ့ကွ " တဲ့ ။ 

သဘင်ဝန် ဦးနု ရဲ့အဖြေဟာ အဲသလို ဘုဂလန့်ချည့်ပါပဲ ။ သော်တာဆွေကိုမှ မဟုတ် ၊ ဦးဗဂျမ်းဆီ လာတဲ့ စာအုပ်ထုတ်ဝေသူ မှန်သမျှ သူ့ဆီ စာမူတောင်းရင် အဲလို ဘုဂလန့်ချည်း ပြောလွှတ်တာမို့ သော်တာဆွေ ခပ်ကုတ်ကုတ် တပ်ဆုတ်လာတော့ ဦးဗဂျမ်း က ရယ်ပါတယ် ။ ဟိုပုဂ္ဂိုလ်ကြီးကတော့ အမြဲတမ်း ရေးမြဲ ရေးလျှက်သာ... ။

Sunday, December 9, 2018

သင့်ဘဝ အောင်မြင်ရေး




ဆရာ တင်မောင်သန်းကို ပြောတာ မဟုတ် ။ ( သူက သင့်ဘဝမဂ္ဂဇင်း ထုတ်ခဲ့ဖူးလို့ ) ။
လွန်ခဲ့တဲ့ ၅ နှစ် ၊ fb သုံးကာစက ဆရာ ဆူးငှက်နဲ့ cb မှာ စကားစမြည် ပြောဖူးပါတယ် ။ သိချင်တာလေးတွေ မေးတာပါ ။ ဆရာသမားကလည်း စိတ်ရှည်လက်ရှည် ဖြေပေးပါတယ် ။

မေးဖြစ်တာတွေ တော်တော်များပါတယ် ။ စာပေ ၊ ဂီတ နဲ့ ပတ်သက်တဲ့ points တွေချည်းပါ ။ အချက် အလက်တွေ တော်တော်များများ စုမိလာလို့ စာတစ်ပုဒ်ရေးဖို့တောင် ပြင်ဆင်နေတုန်းမှာ အချက် အလက်တွေ ကူးယူထားတဲ့ စာအုပ်လည်း ပျောက် ၊ ဖုန်းအစုတ်လည်း ပျက်... ။
 
လူထုဦးလှ ၊ လူထုဒေါ်အမာတို့ ကွန်မြူနစ်တွေလား လို့လည်း မေးတဲ့အထဲ ပါပါတယ် ။ မန်းသင်္ကြန်မှာ ဝင်းဦးနေရာ ဘယ်သူမှ အစားမဝင်နှိုင်တာ ဘာ့ကြောင့်လဲလို့လည်း မေးတာပါပဲ ။

လူထုမောင်နှံ ကွန်မြူနစ် မဟုတ်ပါဘူး ၊ အဖိနှိပ်ခံ ပြည်သူ့ ဘက်တော်သားပါလို့ ဖြေတာ မှတ်မိပါတယ် ။ ဝင်းဦးနေရာ အစားမဝင်နှိုင်တဲ့ ကိစ္စတော့ သူဘယ်လိုဖြေသလဲ မမှတ်မိတော့ပါ ။ ဒါပေမယ့် ဆရာဆူးငှက် အဖြေကိုတော့ သိပ် ဘဝင်မကျခဲ့တာ မှတ်မိနေပါတယ် ။
 
မကြာသေးခင်က ဝင်းဦး ရဲ့ ဆယ်စုနှစ် တစ်နှစ်စွန်း မန်းသင်္ကြန် မမျှော်လင့်ပဲ ပြန်ဖတ်မိပါတယ် ။
အမှန် ကတော့ မန်းတောင်ရိပ်ခို သီချင်းနဲ့ ပတ်သက်တဲ့ ဝင်းဦး ရဲ့အယူအဆ ရှာကြည့်တာပါ ။

ဒါပေမယ့် ဦးဝင်းဦး ရဲ့ အရေးအသားနဲ့ အကြောင်းအရာက ဆွဲခေါ်သွားလို့ စဆုံး နီးပါး ပြန်ဖတ်ဖြစ်မိလိုက် ပါတယ် ။



Tuesday, August 28, 2018

ထူးအိမ်သင် မှတ်တမ်း


 
ထူးအိမ်သင် မဖြစ်မီ အမည်ရင်း ကျော်မြင့်လွင်ဘဝနဲ့ ရန်ကုန်ကို သီချ င်းသွင်းဖို့ တက်လာတော့ ဘားလမ်းထိပ် ၊ အနော်ရထာလမ်းပေါ်က အပ်ချုပ်ဆိုင် တစ်ဆိုင်မှာ တီးဝိုင်းကိစ္စ ဝင်မေးတယ် ။ အဲသည် အပ်ချု ပ်ဆိုင်ပိုင်ရှင်က Aces တီးဝိုင်းမန်နေဂျာ ကိုစိုးအောင် အကိုပါ ။
 
ကျော်မြင့်လွင်ကိုကြည့်ပြီး ဘယ်ကလဲလို့ မေးတယ် ၊ ပုသိမ်ကပါ လို့ ဖြေတယ် ။ ပုသိမ်ဖက်က ဆိုရင် မင်းအောင်လို သီချ င်းမျိုးတွေပဲ ဖြစ်မှာပဲ ၊ Aces က ဒါမျိုးမတီးဖူးလို့ ပြောလွှတ်တာ ခံခဲ့ရပါတယ် ။
 
စီးရီးသွင်းပြီးပြန်တော့ ဘားလမ်းထဲကပဲ ဂန္ဓမာတေးသံသွင်းကို သွားပြတယ် ။ စီးရီးရောင်းချ င်လို့ပါပေါ့  ။ အဲသည်မှာ ဆိုင်ဝန်ထမ်း တစ်ယောက်က သီချ င်းတွေ နားထောင်မကြည့်ပဲ ဇာတိမြို့ ကို မေးပြန်တယ် ။ ပုသိမ်ကပါ လို့လည်း ပြောလိုက်ရော ... ဒါဆိုရင် ××× ဆိုင်ကိုသွားပါလို့ ညွှန်းတာ ခံလိုက်ရပြန်ပါတယ် ။
 
 သူညွှန်းတဲ့ဆိုင်က မင်းအောင်တို့ ၊ အနိုင်တို့ ၊ မောင်ဂဠုန်... စသူတို့ရဲ့ တေးအမျိုးအစားတွေကို ဖြန့်ချိ တဲ့ ဆိုင်ပါ ။ မြစ်ဝကျွ န်းပေါ်ဖက်က ဆိုရင် စတီရီယိုလည်း မကျ ၊ မြန်မာသံ စစ်စစ်လည်း မဟုတ်တဲ့ စကော စက country song တွေချ ည်း နေမှာပဲလို့ တစ်ထစ်ချ ယူဆထားကြပုံ ရပါတယ် ။ ( Country song ဆိုတာ စန္ဒယားချ စ်ဆွေ ဆုံးဖြတ်ပေးခဲ့တာပါ ။
 
အင်တာဗျူးတစ်ခုမှာ စန္ဒယားချ စ်ဆွေ ရေးဖွဲ့တဲ့ တေးအမျိုးအစားကို country song ( ကျေး လက်တေး ) လို့ မေးသူက ယူဆတယ် ။ ဦးချ စ်ဆွေက မဟုတ်ဘူး ၊ တို့သီချ င်းတွေက မြန်မာသံစစ်စစ် ၊ မင်းအောင် ၊ အနိုင် ၊ အောင်သူ ၊ မင်းယျာ တို့ တေးတွေကသာ country song လို့ ပြင်ပေးပါတယ် ။ )
 
၁၉၈၅ - ၈၆ တစ်ဝိုက်မှာ ထွက်တဲ့ ကိုယ်ပိုင်သံစဉ် သီချ င်းတွေဟာ တည်တည်ကြီးတွေ ၊ စကားလုံး ပီပီသသ နဲ့ ဒဲ့ကြီးတွေ ဆိုကြတဲ့ကာလ ၊ music အပိုင်းကို သိပ်ပြီး အလေးမထားပဲ ကဗျာ ရွတ်တဲ့ ပုံစံတွေ များနေတဲ့ အချိ န်လို့ မူပိုင် မောင်ဇော်သစ် ( ထူးအိမ်သင် ပွဲဦးထွက် စီးရီးကို ဖြန့်ချိ ပေးသူ ) က သုံးသပ်ပါတယ် ။ ( သူပြောတဲ့ music က တေးသွား melody ကို ဆိုလိုသလား မသိ ) ။ သူက ကျော်မြင့်လွင်ရဲ့ အခွေကြမ်းကို သေချာ နားထောင်ပြီး ကတည်းက သည်တေးတွေဟာ သူချ ဉ်ခြင်းတပ် တောင့်တနေတဲ့ ဂီတ အမျိုးအစားပဲလို့ အခိုင်အမာ ဆုံးဖြတ်လိုက်သူပါ ။
 
  

 

Sunday, July 1, 2018

ယောနိ​သော မနသီကာရ


 

ယောနိ​သော မနသီကာရ ( အသင့်​အတင့်​ နှလုံးသွင်းခြင်း ) .. တဲ့ ။

Myanmar Idol မှာ ခိုင်​ထူး သီချင်း​တွေနဲ့ ယှဉ်​ပြိုင်​​စေ​တော့ ပွဲအပြီး ​ဝေဖန်​သံ​တွေ လျှံထွက်​လာတယ်​ ။ မမီလို့တဲ့ ၊ တစ်ချို့ကလည်း ဒါ​လောက်​ နာမည်​ကြီးတဲ့ အဆို​တော်​ရဲ့မူရင်း မကြားဖူးရ​ကောင်းလား ဆိုတဲ့ ​ဒေါမနဿ တစ်ကယ်​​တော့ ပြိုင်​ပွဲဝင်​ က​လေး​တွေဟာ ဝါသနာရှင်​မျှသာပါ ၊ ​ကြေးစား​တွေ မဟုတ်​ပါ ။

ဝါသနာနဲ့ ပါရမီ အရ သည်​အဆင့်​ထိ တက်​လှမ်းလာတာ ၊ ပြီး​တော့ ခိုင်​ထူး နာမည်​ကြီးတာ ၁၉၈၀ တစ်ဝိုက်​ ... ။ လွန်​ခဲ့တဲ့နှစ်​ ၄၀ ​လောက်​က ပရိသတ်​ အကြိုက်​နဲ့ ဒီ​ခေတ်​လူငယ်​​တွေအကြိုက်​ တူချင်​မှ တူနှိုင်​မယ်​ ။

ကျ​နော်​တို့ အသက်​ ၂၀ အရွယ်​​လောက်​က စိန်​လွင်​ ၊ သန်းနိုင်​ ၊ စိုးပိုင်​ .. ကြိုက်​​နေချိန်​မှာ ပြည်​လှ​ဖေ ၊ ဥသြဘ​သောင်​ ၊ ခင်​​မောင်​ရင့်​ သီချင်း​တွေ လာဖွင့်​ပြရင်​ ကြိုက်​ချင်​မှ ကြိုက်​မိမှာ.. ။ မလွှဲသာလို့ ပြန်​ဆိုပြရရင်​လည်း ပြည်​လှ​ဖေ ၊ ဥသြဘ​သောင်​ ပရိသတ်​က မူရင်း မမီဘူး ၊သီချင်း ပျက်​တယ်​ ၊ လျှာဖျားနဲ့ ဆိုတယ်​ ၊ ရင်​ဘတ်​နဲ့ မဆိုဘူး ... ဘာညာ ​ဝေဖန်​ကြမယ်​ ထင်​တယ်​ ။

ပြီး​တော့ ခိုင်​ထူး သီချင်း​တွေဟာ ခိုင်​ထူး အာ ( ဆိုဟန်​ ) နဲ့ လိုက်​ဖက်​​အောင်​ ​ရေးစပ်​ထားတာမျိုး ဆိုရင်​လည်း ခု​ခေတ်​ လူငယ်​​တွေ အာ ( ​ရေစီး​ကြောင်း ၊ အစားအစာ အာဟာရ ၊ ​သွေး​နှောမှု ) နဲ့ ရာနှုန်းပြည့်​ လိုက်​ဖက်​မှာ မဟုတ်​ဘူး ။ ​ရှေး​တေး​ရေး ဆရာကြီး​တွေဟာ ( စန္ဒယားချစ်​​ဆွေတို့​ ခေတ်​အထိ ) အဆို​တော်​ အာနဲ့ လိုက်​ဖက်​မယ့်​ ​တေးသွားမျိုး ၊ စာသားမျိုး တစ်မင်​ ဖန်​တီး​ရေးဖွဲ့​ပေးတယ်​ ကြားဖူးတယ်​ ။

ဥပမာ ... " သာစည်​က မမြရင်​ " သီချင်း​ရေးတဲ့ ဆရာထာ ဆိုပါစို့ ၊ `` ... ဆရာထာ က သီချင်း​ရေး​ပေး​တော့မယ်​ ဆိုရင်​ သီဆိုမယ့်​ လူရဲ့ ပါးစပ်​ကို ​သေ​သေချာချာ ကြည့်​တာပါ ။

နှုတ်​ခမ်းပါးနဲ့ စကားသွက်​မယ့်​လူလား ၊ နှုတ်​ခမ်း ထူသလား ၊ လျှာ​လေးသလား ၊ အားလုံး ချင့်​ချိန်​ပြီးမှ လိုက်​ဖက်​တဲ့စာသားကို ​ရေး​ပေးတာ ... ´´လို့ လူထု​ဒေါ်အမာ ​ဆောင်းပါး​ရေးဖူးပါတယ်​ ။ ​ရွှေမန်းတင်​​မောင်​နဲ့ စိန်​​အောင်​မင်း တို့ကို သီချင်း​ရေး​ပေးတဲ့အခါ ​ရွှေမန်း အတွက်​ စာသား စိပ်​စိပ်​ ၊ စိန်​​အောင်​မင်း အတွက်​ စာသား ကျဲကျဲ ​ရေး​ပေးရပါသတဲ့ ။

အာစ ၊ လျှာစ ကွာလို့ပါတဲ့ ။ တစ်​ခါ သီချင်း တစ်​ပုဒ်​ထဲကိုပဲ ဝါရင့်​ အဆို​တော်​ကြီး​တွေ ပြန်​ဆိုတာ​တောင်​ မူရင်း မမီတာ​တွေ ရှိတတ်​ပါတယ်​ ။ ဥပမာ ... " မန်းရာပြည့်​ " သီချင်းဟာ မာမာ​အေး အဆိုပထမဆုရ သီချင်း ။ လှ​ကျော်​​နေ ပြန်​လည်​စီစဉ်​တဲ့ စီးရီး တစ်​ခုမှာ ​ဒေါ်မာမာ​အေးပဲ ပြန်​ဆို​တော့ မူရင်း မမီတဲ့အပြင်​ ​ပေါ့ရွှတ်​ရွှတ်​​တောင်​ ဖြစ်​​နေသလိုပါ ။



Sunday, June 3, 2018

အော်စတင် ( Lead )





( ကို ) အော်စတင်ရဲ့ နာမည် အပြည့်အစုံက အော်စတင် ဇေးဗီးယား ( Austin Xavier ) ပါ ။ လောလောဆယ် ပြည်ပ ( Australia ) မှာ အခြေချ နေထိုင်ပါတယ် ။ ကျ န်းမာရေးလည်း ကောင်းလျှ က် ပါ ၊ သွားဆဲ , လာဆဲ , ဂစ်တာတီးမြဲပါပဲ ။

 မြန်မာပြည်က ပလေးဘွို င်သန်းနိုင် ၊ သိန်းတန် ( မြန်မာပြည် ) ၊ ကျော်နိုင် ( Bass ) တို့ နည်းတူ သန်တုန်း ၊ မြန်တုန်းပါ ။ အော် ... သည်ဂီတ ပညာရှင်ကြီးတွေကျ အိုကံ ကောင်းကြပါလားလို့ မုဒိတာ ဖြစ်ရပါတယ် ။

( ကို ) အော်စတင် ဟာ စတီရီယို လမ်းဖောက်သူတွေထဲမှာ ရှေ့ ဆုံးက ပါခဲ့သူလို့တောင် ဆိုနှိုင်ပါတယ် ။ တက္ကသိုလ် ထွန်းနောင် ရဲ့ ' မာမီရယ် ရှာပေးကွယ် ရီးစားလိုချ င်တယ် ' တေးစု တစ်ပြည်လုံး ဟိုးဟိုး
ကျော်သွားတာနဲ့ အတူ ၊ စတီရီယို ဂီတဆိုတဲ့ မြူးကြွ မြို င်ဆိုင်တဲ့ ဂီတ အမျိုးအစား တစ်ခုလည်း မြန်မာပြည်မှာ မွေးဖွားလာပါတယ် ။

သည်တေးစုကို နောက်ခံ တီးခတ်ပေးတဲ့ တီးဝိုင်းက Aces ပါ ။ ကိုအော်စတင် က Aces ရဲ့ lead ဂစ်တာ သမားပါပဲ ။ Aces ကို ထိန်းကျောင်း ပဲ့ကိုင်သူက ဂီတမှူး ဦးသန်းရွှေပေါ့  ။ ဦးသန်းရွှေ ကို ရန်ကုန်စတူဒီယို အသံသွင်း တစ်ခုမှာ မြင်ဖူးလိုက်ပါတယ် ။ အသားဖြူ ဖြူ , ပိန်ပါးပါး ၊ စကားနည်းပုံရတယ် ,ခပ်ကုပ်ကုပ်ပဲ ။

ဦးသန်းရွှေ ပုံစံကို ပြန်လည်မြင်ယောင်ကြည့်ရင်း ၊ ဆရာမြို့ မငြိမ်းတို့ သက်ရှိ ထင်ရှား ရှိစဉ်ကလည်း သည်လိုနေပုံ ထိုင်ပုံမျိုးပဲ ဖြစ်မှာပဲလို့ လွမ်းမောမိရပါတယ် ။

Aces ဟာ စ, တာထွက် ကတည်းက ( Notes ) ဂီတ သင်္ကေတတွေနဲ့ပဲ သီဆို တီးမှုတ်တယ် ၊ စင်မြင့်
ဖျော်ဖြေပွဲတွေမှာလည်း သင်္ကေတ စာရွက်တွေကြည့်ပြီး တီးခတ်ကြတာပါပဲ ။ အတီးသမားတိုင်းရဲ့ရှေ့ မှာ music stand တွေ ချ ပြီး တီးခတ်ကြတဲ့ သူတို့ပုံစံက သိပ်ခန့်ညားတာပဲ ၊ ဣနြေ္ဒလည်း ရကြတယ် ။

တစ်ခြား ခေတ်ပြိုင်ဝိုင်းတွေက သင်္ကေတ ပညာ လေ့လာဆဲ အချိ န်မှာ ၊ Aces အဖွဲ့သားတွေကတော့ သည်ပညာကို အရည်ကြို သောက်နေပါပြီ ။ ဂီတ ဝါသနာပါသူ လူငယ်တွေကြားမှာလည်း Aces အဖွဲ့သားတွေ ( notes ) ကျွ မ်း ( ကျ င် ) တယ်ဆိုတဲ့ သတင်းစကား ပျံ့ နှံ့ မှုနဲ့အတူ ၊ အထင်ကြီး လေးစား စိတ်တွေပါ တစ်ပါတည်း ဖြစ်ခဲ့ကြပါတယ် ။




Wednesday, May 23, 2018

သိန်းတန် ( မြန်မာပြည် )

 


 

 
 အနုပညာသမားတွေရဲ့ အမည်မှာ ပါတဲ့ ဝိသေသတွေနဲ့ ပတ်သက်လို့ ဆရာမောင်သာနိုး ပြောဖူးတာက ၊ မူရင်းအတိုင်း အတိအကျ လိုက်နာသင့်တယ် ဆိုတာပါပဲ ။

ဥပမာ ... ပုသိမ်မောင်စိမ်းသူ ဆိုရင် မောင်စိမ်းသူ ( ပုသိမ် ) လို့ မခေါ်ကောင်းဘူး ၊ မရေးကောင်းဘူး ။ စမ်းစမ်းနွဲ့ ( သာယာဝတီ ) ဆိုရင် သာယာဝတီ စမ်းစမ်းနွဲ့လို့ မခေါ်သင့်ဘူး ။ သည် ဥပမာ အတိုင်းပဲ ၊ သိန်းတန် ( မြန်မာပြည် ) ပဲ ဖြစ်သင့်တယ် ။ မြန်မာပြည်သိန်းတန် ဆိုရင် မူရင်း အမည်ပိုင်ရှင်ကို အသိအမှတ် မပြု ရာ ၊ မလေးစားရာ ကျ တယ်လို့ သြဝါဒ ပေးဖူးပါတယ် ။

× ကျ နော် သိန်းတန် ( မြန်မာပြည် ) ... အခု သီဆိုမယ့် သီချ င်းက ... × လို့. သူ့ကိုယ်သူ ကြေညာဖူးတာ ကို ဆရာမောင်သာနိုး က ထောက်ပြပါတယ် ။

တစ်ကယ်တော့ သိန်းတန် ( မြန်မာပြည် ) ဆိုတာလည်း မင်းမင်းလတ် တို့ပေးခဲ့တဲ့ အမည်လို့ ထင်ပါ တယ် ။ ( မင်းမင်းလတ် ရဲ့ မင်းမင်းလတ် ) စာအုပ်ထဲမှာ ... သူဟာ ပြည်တွင်းမှာ ဂစ်တာ အတီး ပြို င်စံရှား ကောင်းလွန်းလို့ သူ့အမည်နောက်က ( မြန်မာပြည် ) ဝိသေသ ထည့်ပြီး စတီရီယို သမားတွေက ဂုဏ်ပြု လိုက်တာလို့ ဆိုပါတယ် ။ Thein Dan of Burma ပေါ့  ခင်ဗျာ ... ။

ပလေးဘွို င်ကြီး ပြို ကွဲသွားတော့ ( ၁၉၇၉ ) ၊ ကျ နော်တို့မှာ ယူကြုံးမရပေါ့  ။ အဲသည်အချိ န်က အင်းယားလမ်း ၊ ဒါရိုက်တာ စံလွင် ရဲ့ ရန်ကုန်ရုပ်ရှင်ခြံမှာ ကျ နော် ဘော်ဒါ နေပါတယ် ။ အင်းယားလမ်း က church နားက လမ်းသွယ်ထဲမှာ မပုလဲမောင် တိုနီဘတူ နေပါတယ် ။

သူက နီးစပ်သူတွေကို ဆံပင်လည်း ညှပ်ပေးပါတယ် ။ ဟိုတုန်းက ညှပ်ခ ၅ ကျ ပ်ပါ ။ ကျ နော်တို့က တိုနီ့ ဖောက်သည်တွေပေါ့  ။ တစ်နေ့သား ဆံပင်ညှပ်ရင်း ပလေးဘွို င် ဘာလို့ ကွဲတာလဲလို့ မေးကြည့်ပါတယ် ။ သူလည်း သေခြာ မသိသေးဘူးတဲ့ ၊ မေးလိုက်ဦးမယ်တဲ့ .. ။ ကိုတိုနီက စကားနည်းတယ် ခင်ဗျ ၊မေးတစ်ခွန်း ပြောတစ်ခွန်းရယ်ပါ ... ။

မကြာပါဘူး ၊ ရန်ကုန် စတူဒီယိုကို ကိုသိန်းတန် အသံသွင်းဖို့ ရောက်လာပါတယ် ။ ခရစ်ယန် ဓမ္မတေး သွင်းရမှာပါ ၊ အတီးတွေက သွင်းပြီးသား .. ၊ သူ့ အဆို ထပ်ဖို့ပဲ ကျ န်တာ ... ။ သူနဲ့ အတူ အဖေါ် နှစ်ယောက်လည်း ပါလာပါတယ် ။ နှစ်ယောက်စလုံး တုတ်တုတ် ခိုင်ခိုင် ထောင်ထောင်မောင်းမောင်းတွေပါ ။

တစ်ယောက်က စီးကရက်သမား ၊ ဟိုတုန်းက ခေတ်စားတဲ့ Benson & Hedges ရွှေရောင် စီးကရက်ဗူး လက်က မချတမ်း ကိုင်ထားတာ ... ။ ( နောက်ပိုင်းမှ သိရတာက သူတို့က LPJ ဖြစ်မြောက်ရေး ဂေါပက အဖွဲ့တွေလို့ ဆိုပါတယ် ။ တစ်ယောက်က တေးရေးဆရာ ဆိုလားပါပဲ ။ ) အဲသည်မှာ ချ န်ပီယံတင်ညွန့်လည်း ရှိနေပါတယ် ။ ( ချ န်ပီယံတင်ညွန့်က အသံတု ပညာရှင် ။ ) အရက်ခွက် ကိုင်ရင်း သူက ကိုသိန်းတန် ကို မေးပါတယ် ၊

" မင်းတို့ ကွဲသွားပြီဆို ... " တဲ့ ။ သိန်းတန် ( မြန်မာပြည် ) က ဘာမှ မဖြေပါဘူး ၊ ပြုံးရုံသာ ပြုံးနေပါ တယ် ။ အမှန်က ချ န်ပီယံတင်ညွန့်က စကားနှိုက်တာပါ ၊ ကိုသိန်းတန်က စိတ်ကောင်းရှိသူ အနုပညာ သမား ဆိုတော့ တစ်ဖက်သားအပေါ် သိက္ခာ မချ ပါဘူး ၊ ရင် မဖွင့်ပါဘူး ။ သူ သီချ င်း ဆိုပုံကို ကျ နော်လည်း ခုမှ အနီးကပ် မြင်ဖူးတာပါ ၊ သူက နှုတ်ခမ်းတွေကို အားရပါးရ ဖြဲတယ် ၊ တွန့်တယ် ၊ လိမ်တယ် .. ။ သီချ င်းရသပေါ်အောင် တစ်ကယ်ကို လှိုက်လှိုက်လှဲလှဲ ၊ စေတနာပါပါ သီဆိုသူပါ ။

ဒုတိယအကြိမ် အနီးကပ် မြင်ဖူးတာက သူ့အိမ် ( ကြည့်မြင်တိုင် ) မှာ ဂစ်တာ သင်တန်း သွားတက်စဉ်က ပါ ။ ( ၁၉၇၉ ) မှာ ပါပဲ ။ သူငယ်ချ င်းက သင်တန်းတက်ချ င်လို့ အဖေါ်လိုက်ပေးရတဲ့ သဘောပါပဲ ။ ကိုယ်နေတဲ့ အင်းယားလမ်းနဲ့ ခရီးက ဝေးလွန်းတော့ ၂ ခေါက်လားပဲ တက်ဖြစ်ပြီး ၊ နောက်ထပ် မသွား ဖြစ်တော့ပါဘူး ။


Thursday, March 1, 2018

ဖိုးသမား ရုပ်ရှင် သရုပ်ဆောင်




သူ့ဘဝဟာ အလွန် သနားစရာ ကောင်းပါတယ်။ သူဟာ ၁၉၄၇ ခုနှစ်ဇူလိုင်၂၅ ရက်နေ့မှာ လူလောက ထဲကို ကျော်ဌေး ဆိုတဲ့နာမည်နဲ့ မွေးဖွားလာခဲ့ပါတယ်။ မိခင်ဖြစ်သူဟာ ငယ်စဉ်ကတည်းက ဆင်းဆင်းရဲရဲ သေဆုံးခဲ့ရပြီး ဖခင်ဖြစ်သူဟာ နောက်အိမ်ထောင်နဲ့ တစ်ပင်လဲတစ်ပင်ထူခဲ့ပါသေးတယ်။


ကျောင်းနေစဉ်တစ်လျှောက်လုံး ဖခင်ဆီက မုန့်ဖိုး တစ်ကျပ်တောင်းတိုင်း တစ်မတ်သာ ရခဲ့သူဖြစ်ပြီး " အလကား ကောင် ခွေးဖြစ်မယ့်ကောင် " ရယ်လို့ အမြဲတမ်း နှိမ်ချဆက်ဆံခြင်းကို သူရွံမုန်းနေပါပြီ။

ကိုးတန်းစာမေးပွဲမှာ သူကျရှုံးခဲ့ပြီး အိမ်မပြန်ရဲတာနဲ့ ရေတပ်ထဲမှာ တစ်နှစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။အိမ်ပြေးဘဝနဲ့ ရေတပ်ထဲမှာလည်း မပျော်တဲ့သူဟာ တပ်ကထွက်ပြေးခဲ့ပြီး နတ်တလင်းမှာ ရှိတဲ့ အဒေါ် နဲ့အဆက်အသွယ်ရလို့ ကိုးတန်း စာမေပွဲပြန်ဖြေခိုင်းတာ အောင်သွားပါတယ်။

နောက်ဆုံးဆ ယ်တန်းမတက်တော့ပဲ ရန်ကုန်ကို အဒေါ်ဖြစ်သူမသိအောင် သူငယ်ချင်းနှစ်ယောက်နဲ့အတူ သုံးယောက်သား တက်လာပါတော့တယ် ။  ညအချိန် အိပ်ဖို့နေရာမရှိတဲ့ သူတို့ဟာ လမ်းဘေးမှာရှိတဲ့ ဆိတ်ခြံ တစ်ခြံကို တစ်ညတာ အိပ်စက်ခွင့်တောင်းခံခဲ့ပါတယ်။ ဆိတ်ခြံ ပိုင်ရှင်ကလည်း အိပ်လို့တော့ ရတယ် ဆိတ်ခြံထဲ အိပ်ရမယ် မနက်ဆိတ်ချေးကျုံး ခိုင်းလို့ဆိတ်ချေးကျူံးတဲ့ဘဝနဲ့ စတင်ခဲ့ပါတယ်။

ဒီလိုနဲ့ ငယ်ငယ်ရွယ်ရွယ် အုပ်ထိန်းသူမဲ့နေတဲ့သူဟာ ရန်ကုန်ကြံတောသင်္ချိုင်းမှာ သူတောင်းစားတွေနဲ့ပေါင်း လူဆိုး သူခိုးတွေနဲ့ပေါင်းပြီး ဖဲတွေရိုက် ဘိန်းတွေ ရှုပြီးပျက်စီးချင်တိုင်း ပျက်စီးနေတာပေါ့။
ဒါပေမယ့် စာဖတ်ဝါသနာ နည်းနည်းပါးပါး ရှိတဲ့ သူဟာ တစ်ရက်မှာ မမျှော်လင့်တဲ့သတင်းစာ တစ်စောင် ကိုဖတ်မိလိုက်ပါတယ်။ အဲဒါကတော့ ရုပ်ရှင် သရုပ်ဆောင် သင်တန်းဖြစ်ပါတယ်။ သင်တန်းဟာ အခမဲ့ဖြစ်ပြီး လိုအပ်တဲ့ အချက်အလက်တွေကို တင်ပြပြီးကိုယ်တွေ့စစ်ဆေးခြင်းမှာ သူအောင်မြင်စွာနဲ့ သင်တန်း တက်ခွင့်ရလိုက်ပါတယ်။
 

သူငယ်ချင်းရေ (သုမောင်)


Photo


သူငယ်ချင်းရေ ...

ကြောက်ပါနဲ့ကွယ်။ ကြောက်တယ်ဆိုတာ ကြောက်စရာ ကောင်းမှ ကြောက်ရတာပါ။ ငါက ကြောက်စရာ ကောင်းတဲ့ သူမှ မဟုတ်ဘဲ။ အေး ... ချစ်စရာ ကောင်းတဲ့လူ တစ်ယောက် ဆိုတာ ကမ္ဘာပေါ်မှာ မင်း အသိဆုံးပါကွယ်။ ဟေ့ ... ခုတော့ ရှက်မနေပါနဲ့။ ငယ်ကြတော့တာမှ မဟုတ်တာ။

မတွေ့တာ ကြာလို့ မင့်ဗိုက်ခေါက် နည်းနည်း ထူလာတာ၊ ဆံပင် ဖြတ်ထားတာ၊ လက်မောင်း နောက်သားတွေ တွဲကျနေတာ ... အဲဒါတွေကြောင့် နင့်ကို မမှတ်မိတော့ဘူးလို့ မထင်လေနဲ့။ မရဘူး သူငယ်ချင်း။ ငါက မှတ်ချင်ရာကို မှတ်ထားတတ်တဲ့ ကောင်။ မေ့ချင်ရာကို မေ့ထားတတ်တဲ့ အရက်သမား။


ပြောရဦးမယ်။ ငါ့ 'သောက်ကျင့်' က တော်တော် ဆိုးနေပြီ။ တစ်ခြား ချော်မတွေးနဲ့။ သောက်တဲ့ အကျင့်ကို ပြောနေတာ။ ခုဆို ငါဟာ အရက် မသောက်ဘဲ ကားမောင်းလို့ မရတော့ဘူး။ မသောက်ရရင် ခြေတုန် လက်တုန်နဲ့။ ပြီးတော့ စောစောက ပြောသလို မှတ်ချင်ရာကို မှတ်မိနေတတ်တယ်။

ခု နင်ဝတ်ထားတာက လူတစ်ကိုယ်လုံး မြွေကြားတစ်ကောင် ပတ်ထားသလို အပေါ်အောက် ဝမ်းဆက်နဲ့ ... ။ နင့်အင်္ကျီက လည်ပင်း တော်တော် ဟိုက်နေတယ်။ အောက်ခြေ ထဘီအကွဲက ဒူးအထက် ရောက်နေ တယ်။ လမ်းလျှောက်တဲ့အခါ မသိမသာ ဘေးဘက် ကားနေတယ်။ မဟုတ်ပါဘူး ...။ ဒါတွေကို မှတ်မိတာ မဟုတ်ပါဘူး။ မှတ်မိတာကို ပြောပြမယ်။


နင် ငါတို့ ကားရှေ့ကနေ လမ်းလျှောက်လာတော့ ဘာရယ် မဟုတ်ဘဲ ငါ ဖျတ်ခနဲ ကြည့်လိုက်တယ်။ ဒါက ငါတို့ တက္ကစီသမားတွေရဲ့ မျက်လုံး အကျင့်ပဲ။ အလုပ်ကိစ္စအတွက် ကြည့်နေကျကိုး။ ဒီမှာတွင် နင့်ကိုငါ ချက်ချင်း မှတ်မိသွားတယ်။ ဟုတ်တယ်။ လည်ပင်းရဲ့ အောက်ခြေတည့်တည့် ညှပ်ရိုးနှစ်ချောင်း ကြားက ရင်ညွှန့်မှာ လက်သည်းခွံလောက် ရှိတဲ့ မှည့်ကြီး တစ်လုံးလေ။

ဒါဟာ နင့်ရဲ့ ထရိတ်မတ်ပဲ မဟုတ်လား။ ငါ တွေ့ဖူးသမျှ မိန်းမတွေထဲမှာ တော်တော်ရှားတဲ့ အမှတ် လက္ခဏာပေါ့။ (ဒီမှည့်ကြောင့် နင်နဲ့ငါ စပြီး တွေ့ကြတာကိုတော့ ပြန် မပြောချင်တော့ပါဘူး) အေး အဲဒီ မှည့်ကြီး မြင်လိုက်တာနဲ့ နင့်ရုပ်ကို ငါပြန်ဖမ်းမိ သွားတော့တာပဲ။ နင့်ရုပ် တော်တော် ပြောင်းသွားတယ်နော်။ ဒါပေမဲ့ လှတော့ လှတုန်းပဲဟ။ ငယ်ငယ်တုန်း ကလို ဝန်းဝန်း ပြည့်ပြည့်လေး မဟုတ်တော့ပေမယ့် ဝိုင်းဝိုင်း ပြဲပြဲကြီး လှနေတာ။ တစ်ခုတော့ ငါ ချီးကျူးတယ်ဟေ့။ နှာခေါင်းရင်း လောက်ထိ ဆက်လုဆက်ခင် ဖြစ်နေတဲ့ နင့်မျက်ခုံး နှစ်ခုကတော့ ခုထိ မပြောင်းသေးဘူး။ နင်တို့လို လူမျိုးတွေဟာ မျက်ခုံးမွေးတွေ နုတ်ပစ်ရတယ်ဆို။