Tuesday, August 28, 2018

ထူးအိမ်သင် မှတ်တမ်း


 
ထူးအိမ်သင် မဖြစ်မီ အမည်ရင်း ကျော်မြင့်လွင်ဘဝနဲ့ ရန်ကုန်ကို သီချ င်းသွင်းဖို့ တက်လာတော့ ဘားလမ်းထိပ် ၊ အနော်ရထာလမ်းပေါ်က အပ်ချုပ်ဆိုင် တစ်ဆိုင်မှာ တီးဝိုင်းကိစ္စ ဝင်မေးတယ် ။ အဲသည် အပ်ချု ပ်ဆိုင်ပိုင်ရှင်က Aces တီးဝိုင်းမန်နေဂျာ ကိုစိုးအောင် အကိုပါ ။
 
ကျော်မြင့်လွင်ကိုကြည့်ပြီး ဘယ်ကလဲလို့ မေးတယ် ၊ ပုသိမ်ကပါ လို့ ဖြေတယ် ။ ပုသိမ်ဖက်က ဆိုရင် မင်းအောင်လို သီချ င်းမျိုးတွေပဲ ဖြစ်မှာပဲ ၊ Aces က ဒါမျိုးမတီးဖူးလို့ ပြောလွှတ်တာ ခံခဲ့ရပါတယ် ။
 
စီးရီးသွင်းပြီးပြန်တော့ ဘားလမ်းထဲကပဲ ဂန္ဓမာတေးသံသွင်းကို သွားပြတယ် ။ စီးရီးရောင်းချ င်လို့ပါပေါ့  ။ အဲသည်မှာ ဆိုင်ဝန်ထမ်း တစ်ယောက်က သီချ င်းတွေ နားထောင်မကြည့်ပဲ ဇာတိမြို့ ကို မေးပြန်တယ် ။ ပုသိမ်ကပါ လို့လည်း ပြောလိုက်ရော ... ဒါဆိုရင် ××× ဆိုင်ကိုသွားပါလို့ ညွှန်းတာ ခံလိုက်ရပြန်ပါတယ် ။
 
 သူညွှန်းတဲ့ဆိုင်က မင်းအောင်တို့ ၊ အနိုင်တို့ ၊ မောင်ဂဠုန်... စသူတို့ရဲ့ တေးအမျိုးအစားတွေကို ဖြန့်ချိ တဲ့ ဆိုင်ပါ ။ မြစ်ဝကျွ န်းပေါ်ဖက်က ဆိုရင် စတီရီယိုလည်း မကျ ၊ မြန်မာသံ စစ်စစ်လည်း မဟုတ်တဲ့ စကော စက country song တွေချ ည်း နေမှာပဲလို့ တစ်ထစ်ချ ယူဆထားကြပုံ ရပါတယ် ။ ( Country song ဆိုတာ စန္ဒယားချ စ်ဆွေ ဆုံးဖြတ်ပေးခဲ့တာပါ ။
 
အင်တာဗျူးတစ်ခုမှာ စန္ဒယားချ စ်ဆွေ ရေးဖွဲ့တဲ့ တေးအမျိုးအစားကို country song ( ကျေး လက်တေး ) လို့ မေးသူက ယူဆတယ် ။ ဦးချ စ်ဆွေက မဟုတ်ဘူး ၊ တို့သီချ င်းတွေက မြန်မာသံစစ်စစ် ၊ မင်းအောင် ၊ အနိုင် ၊ အောင်သူ ၊ မင်းယျာ တို့ တေးတွေကသာ country song လို့ ပြင်ပေးပါတယ် ။ )
 
၁၉၈၅ - ၈၆ တစ်ဝိုက်မှာ ထွက်တဲ့ ကိုယ်ပိုင်သံစဉ် သီချ င်းတွေဟာ တည်တည်ကြီးတွေ ၊ စကားလုံး ပီပီသသ နဲ့ ဒဲ့ကြီးတွေ ဆိုကြတဲ့ကာလ ၊ music အပိုင်းကို သိပ်ပြီး အလေးမထားပဲ ကဗျာ ရွတ်တဲ့ ပုံစံတွေ များနေတဲ့ အချိ န်လို့ မူပိုင် မောင်ဇော်သစ် ( ထူးအိမ်သင် ပွဲဦးထွက် စီးရီးကို ဖြန့်ချိ ပေးသူ ) က သုံးသပ်ပါတယ် ။ ( သူပြောတဲ့ music က တေးသွား melody ကို ဆိုလိုသလား မသိ ) ။ သူက ကျော်မြင့်လွင်ရဲ့ အခွေကြမ်းကို သေချာ နားထောင်ပြီး ကတည်းက သည်တေးတွေဟာ သူချ ဉ်ခြင်းတပ် တောင့်တနေတဲ့ ဂီတ အမျိုးအစားပဲလို့ အခိုင်အမာ ဆုံးဖြတ်လိုက်သူပါ ။
 
  

 

Sunday, July 1, 2018

ယောနိ​သော မနသီကာရ


 

ယောနိ​သော မနသီကာရ ( အသင့်​အတင့်​ နှလုံးသွင်းခြင်း ) .. တဲ့ ။

Myanmar Idol မှာ ခိုင်​ထူး သီချင်း​တွေနဲ့ ယှဉ်​ပြိုင်​​စေ​တော့ ပွဲအပြီး ​ဝေဖန်​သံ​တွေ လျှံထွက်​လာတယ်​ ။ မမီလို့တဲ့ ၊ တစ်ချို့ကလည်း ဒါ​လောက်​ နာမည်​ကြီးတဲ့ အဆို​တော်​ရဲ့မူရင်း မကြားဖူးရ​ကောင်းလား ဆိုတဲ့ ​ဒေါမနဿ တစ်ကယ်​​တော့ ပြိုင်​ပွဲဝင်​ က​လေး​တွေဟာ ဝါသနာရှင်​မျှသာပါ ၊ ​ကြေးစား​တွေ မဟုတ်​ပါ ။

ဝါသနာနဲ့ ပါရမီ အရ သည်​အဆင့်​ထိ တက်​လှမ်းလာတာ ၊ ပြီး​တော့ ခိုင်​ထူး နာမည်​ကြီးတာ ၁၉၈၀ တစ်ဝိုက်​ ... ။ လွန်​ခဲ့တဲ့နှစ်​ ၄၀ ​လောက်​က ပရိသတ်​ အကြိုက်​နဲ့ ဒီ​ခေတ်​လူငယ်​​တွေအကြိုက်​ တူချင်​မှ တူနှိုင်​မယ်​ ။

ကျ​နော်​တို့ အသက်​ ၂၀ အရွယ်​​လောက်​က စိန်​လွင်​ ၊ သန်းနိုင်​ ၊ စိုးပိုင်​ .. ကြိုက်​​နေချိန်​မှာ ပြည်​လှ​ဖေ ၊ ဥသြဘ​သောင်​ ၊ ခင်​​မောင်​ရင့်​ သီချင်း​တွေ လာဖွင့်​ပြရင်​ ကြိုက်​ချင်​မှ ကြိုက်​မိမှာ.. ။ မလွှဲသာလို့ ပြန်​ဆိုပြရရင်​လည်း ပြည်​လှ​ဖေ ၊ ဥသြဘ​သောင်​ ပရိသတ်​က မူရင်း မမီဘူး ၊သီချင်း ပျက်​တယ်​ ၊ လျှာဖျားနဲ့ ဆိုတယ်​ ၊ ရင်​ဘတ်​နဲ့ မဆိုဘူး ... ဘာညာ ​ဝေဖန်​ကြမယ်​ ထင်​တယ်​ ။

ပြီး​တော့ ခိုင်​ထူး သီချင်း​တွေဟာ ခိုင်​ထူး အာ ( ဆိုဟန်​ ) နဲ့ လိုက်​ဖက်​​အောင်​ ​ရေးစပ်​ထားတာမျိုး ဆိုရင်​လည်း ခု​ခေတ်​ လူငယ်​​တွေ အာ ( ​ရေစီး​ကြောင်း ၊ အစားအစာ အာဟာရ ၊ ​သွေး​နှောမှု ) နဲ့ ရာနှုန်းပြည့်​ လိုက်​ဖက်​မှာ မဟုတ်​ဘူး ။ ​ရှေး​တေး​ရေး ဆရာကြီး​တွေဟာ ( စန္ဒယားချစ်​​ဆွေတို့​ ခေတ်​အထိ ) အဆို​တော်​ အာနဲ့ လိုက်​ဖက်​မယ့်​ ​တေးသွားမျိုး ၊ စာသားမျိုး တစ်မင်​ ဖန်​တီး​ရေးဖွဲ့​ပေးတယ်​ ကြားဖူးတယ်​ ။

ဥပမာ ... " သာစည်​က မမြရင်​ " သီချင်း​ရေးတဲ့ ဆရာထာ ဆိုပါစို့ ၊ `` ... ဆရာထာ က သီချင်း​ရေး​ပေး​တော့မယ်​ ဆိုရင်​ သီဆိုမယ့်​ လူရဲ့ ပါးစပ်​ကို ​သေ​သေချာချာ ကြည့်​တာပါ ။

နှုတ်​ခမ်းပါးနဲ့ စကားသွက်​မယ့်​လူလား ၊ နှုတ်​ခမ်း ထူသလား ၊ လျှာ​လေးသလား ၊ အားလုံး ချင့်​ချိန်​ပြီးမှ လိုက်​ဖက်​တဲ့စာသားကို ​ရေး​ပေးတာ ... ´´လို့ လူထု​ဒေါ်အမာ ​ဆောင်းပါး​ရေးဖူးပါတယ်​ ။ ​ရွှေမန်းတင်​​မောင်​နဲ့ စိန်​​အောင်​မင်း တို့ကို သီချင်း​ရေး​ပေးတဲ့အခါ ​ရွှေမန်း အတွက်​ စာသား စိပ်​စိပ်​ ၊ စိန်​​အောင်​မင်း အတွက်​ စာသား ကျဲကျဲ ​ရေး​ပေးရပါသတဲ့ ။

အာစ ၊ လျှာစ ကွာလို့ပါတဲ့ ။ တစ်​ခါ သီချင်း တစ်​ပုဒ်​ထဲကိုပဲ ဝါရင့်​ အဆို​တော်​ကြီး​တွေ ပြန်​ဆိုတာ​တောင်​ မူရင်း မမီတာ​တွေ ရှိတတ်​ပါတယ်​ ။ ဥပမာ ... " မန်းရာပြည့်​ " သီချင်းဟာ မာမာ​အေး အဆိုပထမဆုရ သီချင်း ။ လှ​ကျော်​​နေ ပြန်​လည်​စီစဉ်​တဲ့ စီးရီး တစ်​ခုမှာ ​ဒေါ်မာမာ​အေးပဲ ပြန်​ဆို​တော့ မူရင်း မမီတဲ့အပြင်​ ​ပေါ့ရွှတ်​ရွှတ်​​တောင်​ ဖြစ်​​နေသလိုပါ ။



Sunday, June 3, 2018

အော်စတင် ( Lead )





( ကို ) အော်စတင်ရဲ့ နာမည် အပြည့်အစုံက အော်စတင် ဇေးဗီးယား ( Austin Xavier ) ပါ ။ လောလောဆယ် ပြည်ပ ( Australia ) မှာ အခြေချ နေထိုင်ပါတယ် ။ ကျ န်းမာရေးလည်း ကောင်းလျှ က် ပါ ၊ သွားဆဲ , လာဆဲ , ဂစ်တာတီးမြဲပါပဲ ။

 မြန်မာပြည်က ပလေးဘွို င်သန်းနိုင် ၊ သိန်းတန် ( မြန်မာပြည် ) ၊ ကျော်နိုင် ( Bass ) တို့ နည်းတူ သန်တုန်း ၊ မြန်တုန်းပါ ။ အော် ... သည်ဂီတ ပညာရှင်ကြီးတွေကျ အိုကံ ကောင်းကြပါလားလို့ မုဒိတာ ဖြစ်ရပါတယ် ။

( ကို ) အော်စတင် ဟာ စတီရီယို လမ်းဖောက်သူတွေထဲမှာ ရှေ့ ဆုံးက ပါခဲ့သူလို့တောင် ဆိုနှိုင်ပါတယ် ။ တက္ကသိုလ် ထွန်းနောင် ရဲ့ ' မာမီရယ် ရှာပေးကွယ် ရီးစားလိုချ င်တယ် ' တေးစု တစ်ပြည်လုံး ဟိုးဟိုး
ကျော်သွားတာနဲ့ အတူ ၊ စတီရီယို ဂီတဆိုတဲ့ မြူးကြွ မြို င်ဆိုင်တဲ့ ဂီတ အမျိုးအစား တစ်ခုလည်း မြန်မာပြည်မှာ မွေးဖွားလာပါတယ် ။

သည်တေးစုကို နောက်ခံ တီးခတ်ပေးတဲ့ တီးဝိုင်းက Aces ပါ ။ ကိုအော်စတင် က Aces ရဲ့ lead ဂစ်တာ သမားပါပဲ ။ Aces ကို ထိန်းကျောင်း ပဲ့ကိုင်သူက ဂီတမှူး ဦးသန်းရွှေပေါ့  ။ ဦးသန်းရွှေ ကို ရန်ကုန်စတူဒီယို အသံသွင်း တစ်ခုမှာ မြင်ဖူးလိုက်ပါတယ် ။ အသားဖြူ ဖြူ , ပိန်ပါးပါး ၊ စကားနည်းပုံရတယ် ,ခပ်ကုပ်ကုပ်ပဲ ။

ဦးသန်းရွှေ ပုံစံကို ပြန်လည်မြင်ယောင်ကြည့်ရင်း ၊ ဆရာမြို့ မငြိမ်းတို့ သက်ရှိ ထင်ရှား ရှိစဉ်ကလည်း သည်လိုနေပုံ ထိုင်ပုံမျိုးပဲ ဖြစ်မှာပဲလို့ လွမ်းမောမိရပါတယ် ။

Aces ဟာ စ, တာထွက် ကတည်းက ( Notes ) ဂီတ သင်္ကေတတွေနဲ့ပဲ သီဆို တီးမှုတ်တယ် ၊ စင်မြင့်
ဖျော်ဖြေပွဲတွေမှာလည်း သင်္ကေတ စာရွက်တွေကြည့်ပြီး တီးခတ်ကြတာပါပဲ ။ အတီးသမားတိုင်းရဲ့ရှေ့ မှာ music stand တွေ ချ ပြီး တီးခတ်ကြတဲ့ သူတို့ပုံစံက သိပ်ခန့်ညားတာပဲ ၊ ဣနြေ္ဒလည်း ရကြတယ် ။

တစ်ခြား ခေတ်ပြိုင်ဝိုင်းတွေက သင်္ကေတ ပညာ လေ့လာဆဲ အချိ န်မှာ ၊ Aces အဖွဲ့သားတွေကတော့ သည်ပညာကို အရည်ကြို သောက်နေပါပြီ ။ ဂီတ ဝါသနာပါသူ လူငယ်တွေကြားမှာလည်း Aces အဖွဲ့သားတွေ ( notes ) ကျွ မ်း ( ကျ င် ) တယ်ဆိုတဲ့ သတင်းစကား ပျံ့ နှံ့ မှုနဲ့အတူ ၊ အထင်ကြီး လေးစား စိတ်တွေပါ တစ်ပါတည်း ဖြစ်ခဲ့ကြပါတယ် ။




Wednesday, May 23, 2018

သိန်းတန် ( မြန်မာပြည် )

 


 

 
 အနုပညာသမားတွေရဲ့ အမည်မှာ ပါတဲ့ ဝိသေသတွေနဲ့ ပတ်သက်လို့ ဆရာမောင်သာနိုး ပြောဖူးတာက ၊ မူရင်းအတိုင်း အတိအကျ လိုက်နာသင့်တယ် ဆိုတာပါပဲ ။

ဥပမာ ... ပုသိမ်မောင်စိမ်းသူ ဆိုရင် မောင်စိမ်းသူ ( ပုသိမ် ) လို့ မခေါ်ကောင်းဘူး ၊ မရေးကောင်းဘူး ။ စမ်းစမ်းနွဲ့ ( သာယာဝတီ ) ဆိုရင် သာယာဝတီ စမ်းစမ်းနွဲ့လို့ မခေါ်သင့်ဘူး ။ သည် ဥပမာ အတိုင်းပဲ ၊ သိန်းတန် ( မြန်မာပြည် ) ပဲ ဖြစ်သင့်တယ် ။ မြန်မာပြည်သိန်းတန် ဆိုရင် မူရင်း အမည်ပိုင်ရှင်ကို အသိအမှတ် မပြု ရာ ၊ မလေးစားရာ ကျ တယ်လို့ သြဝါဒ ပေးဖူးပါတယ် ။

× ကျ နော် သိန်းတန် ( မြန်မာပြည် ) ... အခု သီဆိုမယ့် သီချ င်းက ... × လို့. သူ့ကိုယ်သူ ကြေညာဖူးတာ ကို ဆရာမောင်သာနိုး က ထောက်ပြပါတယ် ။

တစ်ကယ်တော့ သိန်းတန် ( မြန်မာပြည် ) ဆိုတာလည်း မင်းမင်းလတ် တို့ပေးခဲ့တဲ့ အမည်လို့ ထင်ပါ တယ် ။ ( မင်းမင်းလတ် ရဲ့ မင်းမင်းလတ် ) စာအုပ်ထဲမှာ ... သူဟာ ပြည်တွင်းမှာ ဂစ်တာ အတီး ပြို င်စံရှား ကောင်းလွန်းလို့ သူ့အမည်နောက်က ( မြန်မာပြည် ) ဝိသေသ ထည့်ပြီး စတီရီယို သမားတွေက ဂုဏ်ပြု လိုက်တာလို့ ဆိုပါတယ် ။ Thein Dan of Burma ပေါ့  ခင်ဗျာ ... ။

ပလေးဘွို င်ကြီး ပြို ကွဲသွားတော့ ( ၁၉၇၉ ) ၊ ကျ နော်တို့မှာ ယူကြုံးမရပေါ့  ။ အဲသည်အချိ န်က အင်းယားလမ်း ၊ ဒါရိုက်တာ စံလွင် ရဲ့ ရန်ကုန်ရုပ်ရှင်ခြံမှာ ကျ နော် ဘော်ဒါ နေပါတယ် ။ အင်းယားလမ်း က church နားက လမ်းသွယ်ထဲမှာ မပုလဲမောင် တိုနီဘတူ နေပါတယ် ။

သူက နီးစပ်သူတွေကို ဆံပင်လည်း ညှပ်ပေးပါတယ် ။ ဟိုတုန်းက ညှပ်ခ ၅ ကျ ပ်ပါ ။ ကျ နော်တို့က တိုနီ့ ဖောက်သည်တွေပေါ့  ။ တစ်နေ့သား ဆံပင်ညှပ်ရင်း ပလေးဘွို င် ဘာလို့ ကွဲတာလဲလို့ မေးကြည့်ပါတယ် ။ သူလည်း သေခြာ မသိသေးဘူးတဲ့ ၊ မေးလိုက်ဦးမယ်တဲ့ .. ။ ကိုတိုနီက စကားနည်းတယ် ခင်ဗျ ၊မေးတစ်ခွန်း ပြောတစ်ခွန်းရယ်ပါ ... ။

မကြာပါဘူး ၊ ရန်ကုန် စတူဒီယိုကို ကိုသိန်းတန် အသံသွင်းဖို့ ရောက်လာပါတယ် ။ ခရစ်ယန် ဓမ္မတေး သွင်းရမှာပါ ၊ အတီးတွေက သွင်းပြီးသား .. ၊ သူ့ အဆို ထပ်ဖို့ပဲ ကျ န်တာ ... ။ သူနဲ့ အတူ အဖေါ် နှစ်ယောက်လည်း ပါလာပါတယ် ။ နှစ်ယောက်စလုံး တုတ်တုတ် ခိုင်ခိုင် ထောင်ထောင်မောင်းမောင်းတွေပါ ။

တစ်ယောက်က စီးကရက်သမား ၊ ဟိုတုန်းက ခေတ်စားတဲ့ Benson & Hedges ရွှေရောင် စီးကရက်ဗူး လက်က မချတမ်း ကိုင်ထားတာ ... ။ ( နောက်ပိုင်းမှ သိရတာက သူတို့က LPJ ဖြစ်မြောက်ရေး ဂေါပက အဖွဲ့တွေလို့ ဆိုပါတယ် ။ တစ်ယောက်က တေးရေးဆရာ ဆိုလားပါပဲ ။ ) အဲသည်မှာ ချ န်ပီယံတင်ညွန့်လည်း ရှိနေပါတယ် ။ ( ချ န်ပီယံတင်ညွန့်က အသံတု ပညာရှင် ။ ) အရက်ခွက် ကိုင်ရင်း သူက ကိုသိန်းတန် ကို မေးပါတယ် ၊

" မင်းတို့ ကွဲသွားပြီဆို ... " တဲ့ ။ သိန်းတန် ( မြန်မာပြည် ) က ဘာမှ မဖြေပါဘူး ၊ ပြုံးရုံသာ ပြုံးနေပါ တယ် ။ အမှန်က ချ န်ပီယံတင်ညွန့်က စကားနှိုက်တာပါ ၊ ကိုသိန်းတန်က စိတ်ကောင်းရှိသူ အနုပညာ သမား ဆိုတော့ တစ်ဖက်သားအပေါ် သိက္ခာ မချ ပါဘူး ၊ ရင် မဖွင့်ပါဘူး ။ သူ သီချ င်း ဆိုပုံကို ကျ နော်လည်း ခုမှ အနီးကပ် မြင်ဖူးတာပါ ၊ သူက နှုတ်ခမ်းတွေကို အားရပါးရ ဖြဲတယ် ၊ တွန့်တယ် ၊ လိမ်တယ် .. ။ သီချ င်းရသပေါ်အောင် တစ်ကယ်ကို လှိုက်လှိုက်လှဲလှဲ ၊ စေတနာပါပါ သီဆိုသူပါ ။

ဒုတိယအကြိမ် အနီးကပ် မြင်ဖူးတာက သူ့အိမ် ( ကြည့်မြင်တိုင် ) မှာ ဂစ်တာ သင်တန်း သွားတက်စဉ်က ပါ ။ ( ၁၉၇၉ ) မှာ ပါပဲ ။ သူငယ်ချ င်းက သင်တန်းတက်ချ င်လို့ အဖေါ်လိုက်ပေးရတဲ့ သဘောပါပဲ ။ ကိုယ်နေတဲ့ အင်းယားလမ်းနဲ့ ခရီးက ဝေးလွန်းတော့ ၂ ခေါက်လားပဲ တက်ဖြစ်ပြီး ၊ နောက်ထပ် မသွား ဖြစ်တော့ပါဘူး ။


Thursday, March 1, 2018

ဖိုးသမား ရုပ်ရှင် သရုပ်ဆောင်




သူ့ဘဝဟာ အလွန် သနားစရာ ကောင်းပါတယ်။ သူဟာ ၁၉၄၇ ခုနှစ်ဇူလိုင်၂၅ ရက်နေ့မှာ လူလောက ထဲကို ကျော်ဌေး ဆိုတဲ့နာမည်နဲ့ မွေးဖွားလာခဲ့ပါတယ်။ မိခင်ဖြစ်သူဟာ ငယ်စဉ်ကတည်းက ဆင်းဆင်းရဲရဲ သေဆုံးခဲ့ရပြီး ဖခင်ဖြစ်သူဟာ နောက်အိမ်ထောင်နဲ့ တစ်ပင်လဲတစ်ပင်ထူခဲ့ပါသေးတယ်။


ကျောင်းနေစဉ်တစ်လျှောက်လုံး ဖခင်ဆီက မုန့်ဖိုး တစ်ကျပ်တောင်းတိုင်း တစ်မတ်သာ ရခဲ့သူဖြစ်ပြီး " အလကား ကောင် ခွေးဖြစ်မယ့်ကောင် " ရယ်လို့ အမြဲတမ်း နှိမ်ချဆက်ဆံခြင်းကို သူရွံမုန်းနေပါပြီ။

ကိုးတန်းစာမေးပွဲမှာ သူကျရှုံးခဲ့ပြီး အိမ်မပြန်ရဲတာနဲ့ ရေတပ်ထဲမှာ တစ်နှစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။အိမ်ပြေးဘဝနဲ့ ရေတပ်ထဲမှာလည်း မပျော်တဲ့သူဟာ တပ်ကထွက်ပြေးခဲ့ပြီး နတ်တလင်းမှာ ရှိတဲ့ အဒေါ် နဲ့အဆက်အသွယ်ရလို့ ကိုးတန်း စာမေပွဲပြန်ဖြေခိုင်းတာ အောင်သွားပါတယ်။

နောက်ဆုံးဆ ယ်တန်းမတက်တော့ပဲ ရန်ကုန်ကို အဒေါ်ဖြစ်သူမသိအောင် သူငယ်ချင်းနှစ်ယောက်နဲ့အတူ သုံးယောက်သား တက်လာပါတော့တယ် ။  ညအချိန် အိပ်ဖို့နေရာမရှိတဲ့ သူတို့ဟာ လမ်းဘေးမှာရှိတဲ့ ဆိတ်ခြံ တစ်ခြံကို တစ်ညတာ အိပ်စက်ခွင့်တောင်းခံခဲ့ပါတယ်။ ဆိတ်ခြံ ပိုင်ရှင်ကလည်း အိပ်လို့တော့ ရတယ် ဆိတ်ခြံထဲ အိပ်ရမယ် မနက်ဆိတ်ချေးကျုံး ခိုင်းလို့ဆိတ်ချေးကျူံးတဲ့ဘဝနဲ့ စတင်ခဲ့ပါတယ်။

ဒီလိုနဲ့ ငယ်ငယ်ရွယ်ရွယ် အုပ်ထိန်းသူမဲ့နေတဲ့သူဟာ ရန်ကုန်ကြံတောသင်္ချိုင်းမှာ သူတောင်းစားတွေနဲ့ပေါင်း လူဆိုး သူခိုးတွေနဲ့ပေါင်းပြီး ဖဲတွေရိုက် ဘိန်းတွေ ရှုပြီးပျက်စီးချင်တိုင်း ပျက်စီးနေတာပေါ့။
ဒါပေမယ့် စာဖတ်ဝါသနာ နည်းနည်းပါးပါး ရှိတဲ့ သူဟာ တစ်ရက်မှာ မမျှော်လင့်တဲ့သတင်းစာ တစ်စောင် ကိုဖတ်မိလိုက်ပါတယ်။ အဲဒါကတော့ ရုပ်ရှင် သရုပ်ဆောင် သင်တန်းဖြစ်ပါတယ်။ သင်တန်းဟာ အခမဲ့ဖြစ်ပြီး လိုအပ်တဲ့ အချက်အလက်တွေကို တင်ပြပြီးကိုယ်တွေ့စစ်ဆေးခြင်းမှာ သူအောင်မြင်စွာနဲ့ သင်တန်း တက်ခွင့်ရလိုက်ပါတယ်။
 

သူငယ်ချင်းရေ (သုမောင်)


Photo


သူငယ်ချင်းရေ ...

ကြောက်ပါနဲ့ကွယ်။ ကြောက်တယ်ဆိုတာ ကြောက်စရာ ကောင်းမှ ကြောက်ရတာပါ။ ငါက ကြောက်စရာ ကောင်းတဲ့ သူမှ မဟုတ်ဘဲ။ အေး ... ချစ်စရာ ကောင်းတဲ့လူ တစ်ယောက် ဆိုတာ ကမ္ဘာပေါ်မှာ မင်း အသိဆုံးပါကွယ်။ ဟေ့ ... ခုတော့ ရှက်မနေပါနဲ့။ ငယ်ကြတော့တာမှ မဟုတ်တာ။

မတွေ့တာ ကြာလို့ မင့်ဗိုက်ခေါက် နည်းနည်း ထူလာတာ၊ ဆံပင် ဖြတ်ထားတာ၊ လက်မောင်း နောက်သားတွေ တွဲကျနေတာ ... အဲဒါတွေကြောင့် နင့်ကို မမှတ်မိတော့ဘူးလို့ မထင်လေနဲ့။ မရဘူး သူငယ်ချင်း။ ငါက မှတ်ချင်ရာကို မှတ်ထားတတ်တဲ့ ကောင်။ မေ့ချင်ရာကို မေ့ထားတတ်တဲ့ အရက်သမား။


ပြောရဦးမယ်။ ငါ့ 'သောက်ကျင့်' က တော်တော် ဆိုးနေပြီ။ တစ်ခြား ချော်မတွေးနဲ့။ သောက်တဲ့ အကျင့်ကို ပြောနေတာ။ ခုဆို ငါဟာ အရက် မသောက်ဘဲ ကားမောင်းလို့ မရတော့ဘူး။ မသောက်ရရင် ခြေတုန် လက်တုန်နဲ့။ ပြီးတော့ စောစောက ပြောသလို မှတ်ချင်ရာကို မှတ်မိနေတတ်တယ်။

ခု နင်ဝတ်ထားတာက လူတစ်ကိုယ်လုံး မြွေကြားတစ်ကောင် ပတ်ထားသလို အပေါ်အောက် ဝမ်းဆက်နဲ့ ... ။ နင့်အင်္ကျီက လည်ပင်း တော်တော် ဟိုက်နေတယ်။ အောက်ခြေ ထဘီအကွဲက ဒူးအထက် ရောက်နေ တယ်။ လမ်းလျှောက်တဲ့အခါ မသိမသာ ဘေးဘက် ကားနေတယ်။ မဟုတ်ပါဘူး ...။ ဒါတွေကို မှတ်မိတာ မဟုတ်ပါဘူး။ မှတ်မိတာကို ပြောပြမယ်။


နင် ငါတို့ ကားရှေ့ကနေ လမ်းလျှောက်လာတော့ ဘာရယ် မဟုတ်ဘဲ ငါ ဖျတ်ခနဲ ကြည့်လိုက်တယ်။ ဒါက ငါတို့ တက္ကစီသမားတွေရဲ့ မျက်လုံး အကျင့်ပဲ။ အလုပ်ကိစ္စအတွက် ကြည့်နေကျကိုး။ ဒီမှာတွင် နင့်ကိုငါ ချက်ချင်း မှတ်မိသွားတယ်။ ဟုတ်တယ်။ လည်ပင်းရဲ့ အောက်ခြေတည့်တည့် ညှပ်ရိုးနှစ်ချောင်း ကြားက ရင်ညွှန့်မှာ လက်သည်းခွံလောက် ရှိတဲ့ မှည့်ကြီး တစ်လုံးလေ။

ဒါဟာ နင့်ရဲ့ ထရိတ်မတ်ပဲ မဟုတ်လား။ ငါ တွေ့ဖူးသမျှ မိန်းမတွေထဲမှာ တော်တော်ရှားတဲ့ အမှတ် လက္ခဏာပေါ့။ (ဒီမှည့်ကြောင့် နင်နဲ့ငါ စပြီး တွေ့ကြတာကိုတော့ ပြန် မပြောချင်တော့ပါဘူး) အေး အဲဒီ မှည့်ကြီး မြင်လိုက်တာနဲ့ နင့်ရုပ်ကို ငါပြန်ဖမ်းမိ သွားတော့တာပဲ။ နင့်ရုပ် တော်တော် ပြောင်းသွားတယ်နော်။ ဒါပေမဲ့ လှတော့ လှတုန်းပဲဟ။ ငယ်ငယ်တုန်း ကလို ဝန်းဝန်း ပြည့်ပြည့်လေး မဟုတ်တော့ပေမယ့် ဝိုင်းဝိုင်း ပြဲပြဲကြီး လှနေတာ။ တစ်ခုတော့ ငါ ချီးကျူးတယ်ဟေ့။ နှာခေါင်းရင်း လောက်ထိ ဆက်လုဆက်ခင် ဖြစ်နေတဲ့ နင့်မျက်ခုံး နှစ်ခုကတော့ ခုထိ မပြောင်းသေးဘူး။ နင်တို့လို လူမျိုးတွေဟာ မျက်ခုံးမွေးတွေ နုတ်ပစ်ရတယ်ဆို။



Thursday, December 14, 2017

နှစ်ချို့ တောင်ကြီးသားများ



ကိုရှိန်း အောင်ငဲ ရန်ပိုင် ညအောင် တောင်ကြီးသား လူငယ်လေးဦးရဲ့ ကိုယ်ပိုင်သံစဉ် ရော့ခ်အယ်လ်ဘမ် တစ်ချပ်ပါ။ The Ants Drummer ကိုအောင်ခန့် ရှိစဉ်တည်းက ဒီ အယ်လ်ဘမ်ကို စတင်ခဲ့ကြတာ။ အတီးသမား အတော်များများက တောင်ကြီး အခြေစိုက်တွေပါပဲ။

စတူဒီယို ကတော့ တောင်ကြီးက Yin Yinနဲ့ PTL ဖြစ်ပြီး mixing & mastering ဆရာချစ် ဖြစ်ပါတယ်။ ကိုရှိန်းက လွဲလို့ ကျန်လူတွေဟာ ကိုယ်တိုင် ရေး/ဆို ထားကြပါတယ်...။ အောင်ငဲ သီဆိုတဲ့ တစ်ပုဒ် ကိုတော့ ဖိုးလုံး က ရေးသားထားကာ ကိုရှိန်း ရဲ့သီချင်းတွေက အယ်ရန်း ရဲ့လက်ရာ သီချင်းတွေပါ ။
သူတို့ဟန် သူတို့ စတိုင်နဲ့ နားဆင်​ရတာ အဆင်ပြေသလို ဆိုတတ် ဆိုနိုင်ကြပါတယ်။ music video လည်း ထုတ်လုပ်ကြဦးမယ် လို့ သတင်းကြားရပါတယ်။ 

တစ်နေ့က တစ်စုံ တစ်ယောက်ရဲ့ ကွန်မန့် တစ်ခု ဖတ်လိုက်ရတယ်။ ရှေ့မှာ မီဂါစတား ရော့ခ်ကာကြီးတွေ ရှိနေတာ ရော့ခ်သီချင်းတွေ ဆိုပြီး ခွေထုတ်နေလည်း အလကားပဲ တဲ့ သူတို့ကို ကျော်နိုင်မှာမှ မဟုတ်တာ တဲ့။ အဲ့ဒီလိုသာ ဆိုရင်တော့ ကျနော်တို့လည်း အသစ်တွေ မြည်းစမ်းခွင့် ကြုံရမှာမဟုတ်တော့ဘူး။


 သီချင်းတွေ ဆိုနေတယ်ဆိုတာ သွေးသားထဲက ဂီတကို ဖောက်ထုတ်ချပြတာပဲ၊ သူတို့ကိုကျော်အောင် ငါဆိုလိုက်မဟဲ့ ဆိုတဲ့စိတ်နဲ့ ဘယ်သူမှ ခွေထုတ်နေတာ မဟုတ်နိုင်ဘူး။ ခုလည်း ဒီလူငယ်လေးဦးဟာ အကောင်းဆုံးပေးဆပ်မှုနဲ့ နှစ်ချို့ကို ထုတ်လုပ်ခဲ့ကြတာပါ။ နားဆင် ဝေဖန် အကဲဖြတ်ပေးရမှာ ကျနော်တို့ပရိသတ်တွေရဲ့ တာဝန်ပါ။

ကျနော်ကတော့ အစဉ်တစ်စိုက် ပြောခဲ့ဖူးသလိုပါပဲ။ အသစ်တွေကို ကြိုဆိုတယ်။ အသစ်တွေလိုအပ်နေတဲ့ အားပေးထောက်ခံမှုကို ကျနော် တတ်နိုင်သလောက် ဖြည့်စွမ်းပေးမယ်။ ဂီတ ချစ်သူ မိတ်ဆွေတို့လည်း ခံစားနားဆင်​ပြီးရင် ဝေဖန်အကဲဖြတ်ပေးကြပါလို့.....

Q. နှစ်ချို့ အယ်လ်ဘမ်မတိုင်ခင်က တစ်ယောက်ချင်းစီရဲ့ ဂီတ လှုပ်ရှားမှု ဘာတွေရှိခဲ့လဲ
A. ကိုရှိန်း - Show ပွဲလေးတွေ လိုက်ဆိုပြီး တစ်ကိုယ်တော်ခွေအတွက် သီချင်းလေးတွေ တောင်ကြီးမှာပဲ လိုက်သွင်းဖြစ်တယ်ဗျ ။

ရန်ပိုင် - တစ်ကိုယ်တော် ခွေကြမ်းတွေ လုပ်ဖြစ်ပါတယ်ဗျာ တောင်ကြီး ပွဲတော်ရက်တွေကျရင် Show ပွဲတွေ လိုက်ဆိုဖြစ်ပါတယ် ။

အောင်ငဲ - Stateကျောင်းကတည်းက သီချင်း​တွေ​ရေးတယ်​...အကြမ်းလေး​တွေသွင်းတယ်​.. show ပွဲ​လေးနည်းနည်း ဆိုဖြစ်​တယ်ဗျ..... အရင်​ကတည်းက စုပီး Album ​လေးလုပ်​ဖို့ အစီအစဉ်​ဆွဲထားတာ အခုမှပဲ ပထဆုံး လုပ်ဖြစ်​တယ်​ဗျ

ညအောင် - တောင်ကြီးမှာ ကိုယ်ပိုင်သံစဉ် သီချင်းပြိုင်ပွဲတွေ ဝင်ပြိုင်ဖြစ်တယ်ဗျ  ။ ခွေကြမ်း လေးတွေ လည်း ၂၀၀၀ ဝန်းကျင်လောက် ကတည်းက လုပ်ဖြစ်တယ်ဗျ ။

Q. ညီလေးတို့လေးယောက် ဘယ်လို စုစည်းမိပြီး အယ်လ်ဘမ်လုပ်ဖြစ်သွားတာလဲ ။
A. အရင်ကတည်းကလည်း သူငယ်ချင်းတွေဖြစ်တယ် ။ ခွေကြမ်းတွေ လုပ်ရင်လည်း ထမင်းတွေ ချက်ပြုတ်ပြီး အတူတူ သွားလုပ်ကြတယ် ။ အဲ့ဒီကတည်းက Group ခွေလေးလုပ်ဖို့  ရည်ရွယ်ထားခဲ့တာပါ
ကျွန်တော်တို့ မှတ်မိသလောက်ပြောရရင်  တိတ်ခွေခေတ်ကတည်းကပေါ့ ။


 အဲ့တုန်းက ငွေရေးကြေးရေး  အခက်အခဲကြောင့် မလုပ်ဖြစ်ခဲ့ပါဘူး ၂၀၁၄ နှစ် စပိုင်းလောက်ရောက်တော့ the ants က drumer ကိုအောင်ခန့် ရဲ့ တိုက်တွန်းမှုကြောင့်  စပြီး အတည်လုပ်ဖြစ်သွားတယ်ဗျ ။

Q. စုစုစည်းစည်းနဲ့ လုပ်ခဲ့တာလား ကိုယ့်အပိုင်း ကိုယ့်ဘာသာတာဝန်ယူပြီး လုပ်ခဲ့ကြတာလား ၊
A. ဟုတ်​....အားလုံးက စုစုစည်းစည်း တိုင်တိုင်​ပင်​ပင်​ လုပ်​ကြပါတယ် ။

Q.နှစ်ချို့အမည်နဲ့ သီချင်း မပါဘူး။ ဘယ်လိုအဓိပ္ပါယ်မျိုးနဲ့ နှစ်ချို့လို့ပေးခဲ့တာလဲ
A. သီချင်းတွေအားလုံးက  ဆယ်စုနှစ်ကတည်းက ရေးထားတဲ့ သီချင်းတွေလည်းဖြစ်တယ် ပြီးတော့ 
ကိုအယ်ရန်း ရဲ့ နွေဦး ဆိုရင်လည်း  ၁၉၉၉ ကတည်းက ဆိုတော့   အဲ့ဒါအားလုံးကို ခြုံငုံပြီး နှစ်ချို့လို့ 
ပေးဖြစ်သွားတာပါ အကို ။

Q. ဒီအယ်လ်ဘမ်မှာ ကိုအောင်ခန့် ရဲ့ အကူအညီတွေ ဘယ်လောက်ပါခဲ့လဲ ။
A. သီချင်းလေးတွေကို သေချာနားထောင် ရွေးချယ်ပေးပါတယ် PTL နဲ့  ရင်းနှီး ပတ်သက်ခဲ့တာလည်း ကိုအောင်ခန့်နဲ့ ကိုဂိဒေါင် တို့ ချိတ်ဆက်ပေးခဲ့လို့ပါ ....

Q. ဒီခွေထဲက သီချင်း ၁၃ ပုဒ်လုံးကို Music Arangement က ဘယ်သူ လုပ်ပေးတာလဲ
A. ဟုတ်ကဲ့ သီချင်း ၁၃ ပုဒ်လုံးကို  ခွေထဲမှာ ဂီတာတီးပေးတဲ့ ကိုအောင်(မြကန်သာ) ကပဲ စိတ်ရှည်လက်ရှည်  rangement လုပ်ပေးပါတယ် Drum အန်းကူလေး (အောင်ခန့်  the ants). bass ဘွိုင်းလေး KB ထင်အောင်လင်း နဲ့ Violin ချမ်းဟိန်းကြွယ် တို့ကလည်း ညီအကိုတွေလို ရင်းနှီးနေကြတော့ စိတ်ရှည်လက်ရှည် တီးခတ် အားဖြည့်ပေးကြပါတယ် ။ 


အဲ့ဒီလိုပဲ ကျနော်တို့ကို ချစ်ခင်ပြီး ဂရုစိုက်အသံဖမ်းပေးကြတဲ့ Yin Yin ကိုဖိုးတီ မိသားစုနဲ့ PTL ဆရာချစ် မိသားစုတို့ကို ဒီနေရာကနေ ထပ်ပြီးကျေးဇူး တင်ရှိကြောင်း ပြောချင်ပါတယ်ဗျ ။

Q. ကိုရှိန်းက လွဲလို့ ကျန်သုံးယောက်က ကိုယ်ဆိုမယ့် သီချင်း ကိုယ်တိုင်ရေးထားတာတွေ့ရတယ်။ တစ်ခြား ဘယ်သူတွေကို ရေးထားပေးကြသေးလဲ ၊
A. ကိုရှိန်းသီချင်း​တွေက အဲ့ဒီတုန်းက Metal လိုင်းမျိုး​တွေ ဆို​တော့ လေး​ယောက်​တိုင်​ပင်​ပြီး
ကိုအယ်​ရန်း သီချင်း​လေး​တွေနဲ့ အဆင်​​ပြေမယ်ထင်​လို့ ​သူ့ owntune ​လေး​တွေ ဖြုတ်​ခဲ့တာပါ...​အောင်​ငဲ သီချင်း (မင်းဆီမှာ) တစ်​ပုဒ်​ က​တော့ သူငယ်​ချင်း ဖိုးလုံး​ ရေးပေးထားပါတယ်​ ။ ကျန်​တာ​တွေက​တော့
ကိုယ်​တိုင်​ပဲ​ရေးကြပါတယ်​ ။

Q. ကိုအယ်ရန်း သီချင်းတွေက အဟောင်းတွေလည်း ပါတယ်နော် ။ ဘယ်လိုကြောင့် ပြန်ဆိုဖြစ်တာလဲ
A. ၁၉၉၉ လောက်မှာ ကိုအယ်ရန်း ရဲ့  လရောင်ဆီသို့လွမ်းဆွတ်ခြင်း  တေးစီးရီး ထွက်ခဲ့ပါတယ် ။အဲ့ဒီကတည်းက တစ်ခွေလုံးကြို ကိုက်ခဲ့ပြီး  နှစ်ချို့ ခွေ လုပ်ဖြစ်တော့ နွေဦး သီချင်းကို ကြွေမိလို့  ပြန်ဆိုဖြစ်ခဲ့တာပါ ။

Q. ဒီ အယ်လ်ဘမ်နောက်မှာ အဖွဲ့လိုက် ထွက်မလား တစ်ယောက်ချင်းပဲ ထွက်ကြတော့မလား အစီအစဉ်​တွေရှိရင်လည်း ပြောပြပါဦး ၊
A. လောလောဆယ်တော့ တစ်ယောက်ချင်းစီ တစ်ကိုယ်တော် ခွေထွက်ဖို့ရှိပါတယ် ။
ရန်ပိုင် နဲ့ ကိုရှိန်း ကတော့ ၂၀၁၈ ထဲလောက် တစ်ကိုယ်တော် ထွက်လာတော့မှာပါ ။
အောင်ငဲနဲ့ ညအောင်ကတော့ သီချင်းတွေလည်းရွေးရင်း Body စတည်နေပါပြီ Group ခွေလုပ်ဖို့ကတော့ ဒီကြားထဲ တိုင်ပင်နေတုန်းပါ ။

Q.နားထောင်ပြီးတဲ့သူတွေက တယောက်ချင်း အပေါ် ဘယ်လိုမှတ်ချက်ပေးကြလဲ
A. လောလောဆယ်တော့ နှစ်ချို့ ခွေလေး ကောင်းတယ် အောင်မြင်ကြပါစေဆိုပြီး အားပေးနေကြပါတယ်

Q. အကိုတို့ ပရိသတ်​ကို အမြည်းပေးနားထောင်ဖို့ တစ်ယောက် တစ်ပုဒ် ပေးမယ်ဆိုပြီး ပြောဆိုထားကြ တယ်။ အဲ့ဒါ ဘယ်သူက ဘယ်အပုဒ်ကို ရွေးချယ်ပေးချင်ပါသလဲ ။
A. ကိုရှိန်း - ဒဏ်ရာစကား
အောင်ငဲ - မင်းဆီမှာ
ရန်ပိုင် - ဟန်ဆောင်ခြင်းနောက်ကွယ်
ညအောင် - စိတ်တစ္ဆေ
အဲ့သီချင်းလေးတွေ ရွေးပေးချင်ပါတယ်ဗျ ။

Q. အားပေးကြမယ့် ပရိသတ်တွေကို ဘာများပြောချင်သေးလဲ ၊
A. ဒီခွေလေးကို နားထောင် ဝေဖန်  အကြံပြုစေချင်ပါတယ် ။
နောက်ထွက်လာမယ့် သီချင်းတွေကိုလည်း ဒီ့ထက်ပိုပြီး ကြိုးစားထားပါတယ် ။
အားပေးကြပါဦးလို့  ပြောချင်ပါတယ်ဗျာ ။
ကျေးဇူးတင်ပါတယ် .... ပြီးတော့ 


 ဂီတအကြောင်း သောင်းပြောင်းထွေလာမှာ ပါဝင်ခွင့်ရတဲ့ အတွက် အကို့ ကိုလည်း ကျွန်တော်တို့  နှစ်ချို့  groupက အထူးပဲ ကျေးဇူးတင်စွာ  ရင်ထဲမှာ အမှတ်တရ ဖြစ်နေမှာပါဗျ ။

ဒဏ်ရာစကား - ကိုရှိန်း
https://my.pcloud.com/publink/show?code=XZnWzJ7Zl5bH8isL027aMCVh8qwT6LpSR2Ry

ဟန်ဆောင်ခြင်းနောက်ကွယ် - ရန်ပိုင် https://my.pcloud.com/publink/show?code=XZIWzJ7Z0bNzIh71yKmfrBRgh0iQCpKw76lX

စိတ်တစ္ဆေ - ညအောင်https://my.pcloud.com/publink/show?code=XZGWzJ7ZPCGsqiWtphLrR4YCYVH7lpCeyjwV

မင်းဆီမှာ - အောင်ငဲhttps://my.pcloud.com/publink/show?code=XZrWzJ7ZL835QMAJjCHvGcNHSaLEPmvvDfpk

နှစ်ချို့ page https://web.facebook.com/နှစ်ချ-ို-့-649885248549878/

ဆရာချစ်ရဲ့ မှတ်ချက်စကားhttps://m.facebook.com/story.php?story_fbid=828620777311648&id=576866155820446

The Sun Music မှတင်ထားသော သီချင်း videohttps://m.facebook.com/story.php?story_fbid=1754318297972986&id=566927630045398

Music Store တွင် ဝယ်ယူနိုင်ရန် လင့်ခ် https://m.facebook.com/story.php?story_fbid=1973672319317433&id=202457779772238

ဒေါင်းယူနားဆင်ပြီးလို့ ကြိုက်နှစ်သက်တယ်ဆို ကြုံကြိုက်တဲ့တစ်နေ့ မူရင်းခွေဝယ်ယူအားပေးလို့ ဂီတလောကကြီးကို ကယ်တင်ကြပါစို့
#ဂီတအာပလာလောက်စပီကာ

 

ထူးအိမ်သင် ရဲ့ ဝေဖန်ရေး အမြင်


 

စာပေ၊ ဂီတ၊ ရုပ်ရှင်၊ သဘင်..အစရှိတဲ့ အနုပညာ ဘာသာရပ်တွေမှာ သူ့လိုင်းနဲ့ သူ ဝေဖန်သုံးသပ်...
နေကြတဲ့ ဝေဖန်ရေး ပဂ္ဂိုလ်များ ရှိနေကြပါတယ်။


မရှိမဖြစ် လိုအပ်တာကတော့ မှန်ပေမယ့် တစ်ဘက်စောင်းနင်းကို အားမနာပ ပြောဆိုတာမျိုး ကိုတော့ ကျွန်တော်တို့ ချန်ရစ်ခဲ့ရမှာ ဖြစ်သလို အဝေဖန်ခံ၊ အသုံးသပ်ခံရတဲ့ အနုပညာရှင်က ဝေဖန်ရေးဆရာများ လုပ်ရပ်မှားများကို ထောက်ပြ လာတဲ့အခါမှာလည်း ကျွန်တော်တို့ အနေနဲ့ သမာ သမတ် ကျစွာ စာမျက် နှာပေးရမှာ ဖြစ်ပါတယ်။


ထိုသို့ ခံယူချက်၊ ယုံကြည်ချက်များဖြင့် ဂီတဝေဖန်ရေး ပုဂ္ဂိုလ်ကြီးများ၏ တစ်ချို့ မှားယွင်းနေသော ဝေါဟာရများ၊ သုံးသပ်ချက်များကို ဂီတပညာရှင် "ထူးအိမ်သင်" နဲ့ ကျွန်တော် ဂီတဝေဖန်ရေး မှားယွင်း ချက်များ.... ပြောခဲ့ကြရာတွင် " ထူးအိမ်သင်" ထောက်ပြ ကိုးကား ထားသည့် စကားလုံးများကို အဖြတ်အတောက် လုံးဝမရှိပဲ မဟေသီ စာမျက်နှာပေါ်မှတစ်ဆင့် စာချစ်သူ ဂီတ ရင်ခုန်သူ အားလုံးကို မိတ္တူ ပွားလိုက်ပါရစေခင်ဗျာ....


ထူးအိမ်သင်
ဝေဖန်ရေးနဲ့ ပတ်သတ်လို့ ပထမဦးဆုံးပြောရမယ်ဆိုရင် ဝေဖန်လို့လဲ ဘာမှမဖြစ်ဘူး။ မဝေဖန်လို့လည်း ဘာမှ မဖြစ်ဘူး ဆိုတာပဲ။

ဘာဖြစ်လို့လဲ ဆိုတော့ ... ကျွန်တော်တို့ဆီက ဂီတ ဝေဖန်ရေး ဆိုတဲ့ ဥစ္စာက " မှန်ကန်ပြီး စနစ်ကျတဲ့
ဝေဖန်ရေး " မဟုတ်လို့ပဲ။

အထူးသဖြင့် သီချင်း တစ်ပုဒ်ကို ချည်းကပ်ပုံ မှားယွင်းနေတယ်လို့ ဆိုရမယ်။ သီချင်းတစ်ပုဒ် မှာ အဆို (Vocal) နဲ့ အတီး (Music) ရယ်လို့ နှစ်ပိုင်း ရှိတဲ့အတွက် အတီး (Music) ပိုင်း ဖွဲ့စည်းပုံမှာ Harmony, Rhythm, Melody တို့ရဲ့ ဖွဲ့စည်းမှု (Composition) တို့ရဲ့ ဖွဲ့စည်းမှုရယ် ပြီးတော့ အဆိုသမားရဲ့ ဒီ သီချင်း ပေါ်မှာဝင်စားမှု Inspiration, Mood, Style စတာတွေကို စနစ်တစ်ကျ မှန်မှန် ကန်ကန် ချည်းကပ်ပြီး သုံးသပ်မှု လုံးဝ အားနည်းနေပါတယ်။



Monday, December 4, 2017

Jangan ada Dusta Di antara Kita


လွန်ခဲ့တဲ့  နှစ်  ၂၀  ကျော်လောက်က  အင်ဒိုနီးရှားမှာ လူကြိုက်များခဲ့ဘူးတဲ့  
Love Song  လေးတစ်ပုဒ်ပါ  ။





Thursday, November 30, 2017

Jimi Hendrix ၏ ဂီတလောက ဖြတ်သန်းမှုများ



Jimi Hendrix ကို နိုဝင်ဘာလ 27 ရက်  1942 မှာ မွေးဖွားပြီး စက်တင်ဘာလ 18 ရက်နေ့ 1970 တွင် သေဆုံးသွားခဲ့သော ဂစ်တာ ပညာရှင်ကောင်း တစ်ယောက်ဖြစ်ပြီး ယနေ့တိုင် သူတို့ နိုင်ငံမှာ ပညာရှင်များ က လေးစား နေကြဆဲ့ ဂစ်တာပညာ ရှင်ကောင်း တစ်ယောက်ဖြစ်သည် ။ 


ကမ္ဘာ့ အဆင့်တစ် နေရာကို လူအတော်များများ က သတ်မှတ်ထားဆဲဖြစ်ပါတယ်။ ထိုခေတ်က နာမည်ကြီး ဂစ်တာပညာရှင်များကတော့ B.B. King , Muddy Waters , Howlin' Wolf, Buddy Holly, နှင့် Robert Johnson  တို့ဖြစ်ကြပါတယ်။


Jimi Hendrix ဟာ 1965 မှာ အိမ်ကို စွန့်ခွာပြိး ဂီတလောကထဲကို ဝင်ေ၇ာက်ခဲ့သူဖြစ်ပါတယ် ။ ၁၉၆၆ မှာတော့ JimiHendrix ဟာ တီးဝိုင်း အသစ်တစ်ခုနှင့် စာချုပ် ချုပ်ဆိုပြီး London ကို ထွက်ခွာ လာခဲ့ပါ တယ်။ 


အဲဒီနှစ်ထဲမှာ ဘဲ Jimi Hendrixဟာ ဂီတလောကမှာ အောင်မြင်လာပါတယ်။ Hey Joe စီးရီးကို 1967 " Purple Haze " " The Wind Cries Mary " " Foxey Lady " " Fire " နှင့် " Are You Experienced" စတဲ့စီးရီးတွေကို အောင်မြင်စွာထုတ်နိုင်ခဲ့ပါတယ်။ 


Bold As Love ကို ၁၉၆၈ မှာ ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ ဒီနှစ်ထဲမှာ ဘဲ Jimi Hendrix ဟာ  America  ကို ပြန်လာပြီး ကိုယ်ပိုင် Studio တစ်ခုကို တည်ထောင်ခဲ့ပါတယ်။ 


1969 ခုနှစ်ထဲမှာ ဘဲ Jimi Hendrix ရဲ့ တီးဝိုင်းဟာ အဖွဲ့ကွဲ သွားပါတယ် ။ သို့သော်လည်း နှစ်သစ်ကူး ပွဲတော် ဖျော်ဖြေမှု အတွက် Band of Gypsy အဖွဲနှင့် December 31, 1969 နှင့် January 1, 1970 မှာ ဖျော်  ဖြေပွဲ ကျင်းပပြုလုပ်ပါတယ်။ 


သူ့ရဲ့ နောက်ဆုံး စီးရီး ကတော့ Band of Gypsy Album  ဖြစ်ပါတယ် ။ သို့သော်လည်း ဒီစီးရီး ထွက်လာတာကိုတော့ သူမြင်မသွားရရှာပါဘူး ။ September 18, 1970 ဟာ ဝမ်းနည်းဘွယ် ကောင်းတဲ့ Jimi Hendrix ရဲ့ နောက်ဆုံးနေ့ရက်ဖြစ်ခဲ့ရပါတယ် ။


သူ့အကြောင်းကို အသေးစိပ် သိလိုသူများ အောက်ပါ ဆိုဒ်သို့ သွားရောက် ကြည့်ရှုကြပါ ။ 

Jimi Hendrix ကို အခြား Website သုံးလေးခုက ကမ္ဘာ့ နံပါတ်တစ် ဂစ်တာပညာရှင် အဖြစ် ရွေးထားတာကိုတွေ့ရသလို သူတို့နိုင်ငံက ဂစ်တာပညာရှင်များ လေးစားသူဖြစ်တာကို တွေ့ရပါတယ်။






Thursday, November 2, 2017

Martin vs Sigma vs Gibson vs Santa Cruz guitars comparison - acoustic blues





Stevie Ray Vaughan Voodoo Child Live In Nashville


ဒီသီချင်း တီးလုံးကို သူ့ကို ဂုဏ်ပြုသောအားဖြင့် ပြန်တီးသူ အတော်များပါတယ်။


Jimi Hendrix - Red House Blues (Acoustic Cover): Martin D15.avi





Jimi Hendrix - Red House - Santa Clara 1969





The Jimi Hendrix Experience - Foxey Lady (Miami Pop 1968)





Jimi Hendrix - Izabella (Jimi Hendrix: Machine Gun: Fillmore East 12/31/1969) [Audio]




Jimi Hendrix - Bleeding Heart


ဒီ Stage စင်ဟာ Jimi ရဲ့ နောက်ဆုံး သီဆို ဖျော်ဖြေရာ အလွမ်းပြေ နေရာလေးပါ ။



Hans Olson Blues - Jimi Hendrix ~ Hear My Train A Comin' ( Acoustic Cover )~ 4 - 14 - 2014





Hear My Train A Comin' (Lyric Video) { Jimi Hendrix }


Jimi Hendrix ဟာ 1965 မှာ အိမ်ကို စွန့်ခွာပြီး ဂီတ လောကထဲကို ဝင်ေ၇ာက်ခဲ့သူဖြစ်ပါတယ် ။ ၁၉၆၆ မှာတော့ Jimi Hendrix ဟာ တီးဝိုင်း အသစ် တစ်ခုနှင့် စာချုပ် ချုပ်ဆိုပြီး London ကိုထွက်ခွာ လာခဲ့ပါ တယ်။ အဲဒီနှစ်ထဲမှာ ဘဲ Jimi Hendrix ဟာ ဂီတ လောကမှာ အောင်မြင်လာပါတယ်။