Thursday, March 1, 2018

ဖိုးသမား ရုပ်ရှင် သရုပ်ဆောင်




သူ့ဘဝဟာ အလွန် သနားစရာ ကောင်းပါတယ်။ သူဟာ ၁၉၄၇ ခုနှစ်ဇူလိုင်၂၅ ရက်နေ့မှာ လူလောက ထဲကို ကျော်ဌေး ဆိုတဲ့နာမည်နဲ့ မွေးဖွားလာခဲ့ပါတယ်။ မိခင်ဖြစ်သူဟာ ငယ်စဉ်ကတည်းက ဆင်းဆင်းရဲရဲ သေဆုံးခဲ့ရပြီး ဖခင်ဖြစ်သူဟာ နောက်အိမ်ထောင်နဲ့ တစ်ပင်လဲတစ်ပင်ထူခဲ့ပါသေးတယ်။


ကျောင်းနေစဉ်တစ်လျှောက်လုံး ဖခင်ဆီက မုန့်ဖိုး တစ်ကျပ်တောင်းတိုင်း တစ်မတ်သာ ရခဲ့သူဖြစ်ပြီး " အလကား ကောင် ခွေးဖြစ်မယ့်ကောင် " ရယ်လို့ အမြဲတမ်း နှိမ်ချဆက်ဆံခြင်းကို သူရွံမုန်းနေပါပြီ။

ကိုးတန်းစာမေးပွဲမှာ သူကျရှုံးခဲ့ပြီး အိမ်မပြန်ရဲတာနဲ့ ရေတပ်ထဲမှာ တစ်နှစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။အိမ်ပြေးဘဝနဲ့ ရေတပ်ထဲမှာလည်း မပျော်တဲ့သူဟာ တပ်ကထွက်ပြေးခဲ့ပြီး နတ်တလင်းမှာ ရှိတဲ့ အဒေါ် နဲ့အဆက်အသွယ်ရလို့ ကိုးတန်း စာမေပွဲပြန်ဖြေခိုင်းတာ အောင်သွားပါတယ်။

နောက်ဆုံးဆ ယ်တန်းမတက်တော့ပဲ ရန်ကုန်ကို အဒေါ်ဖြစ်သူမသိအောင် သူငယ်ချင်းနှစ်ယောက်နဲ့အတူ သုံးယောက်သား တက်လာပါတော့တယ် ။  ညအချိန် အိပ်ဖို့နေရာမရှိတဲ့ သူတို့ဟာ လမ်းဘေးမှာရှိတဲ့ ဆိတ်ခြံ တစ်ခြံကို တစ်ညတာ အိပ်စက်ခွင့်တောင်းခံခဲ့ပါတယ်။ ဆိတ်ခြံ ပိုင်ရှင်ကလည်း အိပ်လို့တော့ ရတယ် ဆိတ်ခြံထဲ အိပ်ရမယ် မနက်ဆိတ်ချေးကျုံး ခိုင်းလို့ဆိတ်ချေးကျူံးတဲ့ဘဝနဲ့ စတင်ခဲ့ပါတယ်။

ဒီလိုနဲ့ ငယ်ငယ်ရွယ်ရွယ် အုပ်ထိန်းသူမဲ့နေတဲ့သူဟာ ရန်ကုန်ကြံတောသင်္ချိုင်းမှာ သူတောင်းစားတွေနဲ့ပေါင်း လူဆိုး သူခိုးတွေနဲ့ပေါင်းပြီး ဖဲတွေရိုက် ဘိန်းတွေ ရှုပြီးပျက်စီးချင်တိုင်း ပျက်စီးနေတာပေါ့။
ဒါပေမယ့် စာဖတ်ဝါသနာ နည်းနည်းပါးပါး ရှိတဲ့ သူဟာ တစ်ရက်မှာ မမျှော်လင့်တဲ့သတင်းစာ တစ်စောင် ကိုဖတ်မိလိုက်ပါတယ်။ အဲဒါကတော့ ရုပ်ရှင် သရုပ်ဆောင် သင်တန်းဖြစ်ပါတယ်။ သင်တန်းဟာ အခမဲ့ဖြစ်ပြီး လိုအပ်တဲ့ အချက်အလက်တွေကို တင်ပြပြီးကိုယ်တွေ့စစ်ဆေးခြင်းမှာ သူအောင်မြင်စွာနဲ့ သင်တန်း တက်ခွင့်ရလိုက်ပါတယ်။
 

သူငယ်ချင်းရေ (သုမောင်)


Photo


သူငယ်ချင်းရေ ...

ကြောက်ပါနဲ့ကွယ်။ ကြောက်တယ်ဆိုတာ ကြောက်စရာ ကောင်းမှ ကြောက်ရတာပါ။ ငါက ကြောက်စရာ ကောင်းတဲ့ သူမှ မဟုတ်ဘဲ။ အေး ... ချစ်စရာ ကောင်းတဲ့လူ တစ်ယောက် ဆိုတာ ကမ္ဘာပေါ်မှာ မင်း အသိဆုံးပါကွယ်။ ဟေ့ ... ခုတော့ ရှက်မနေပါနဲ့။ ငယ်ကြတော့တာမှ မဟုတ်တာ။

မတွေ့တာ ကြာလို့ မင့်ဗိုက်ခေါက် နည်းနည်း ထူလာတာ၊ ဆံပင် ဖြတ်ထားတာ၊ လက်မောင်း နောက်သားတွေ တွဲကျနေတာ ... အဲဒါတွေကြောင့် နင့်ကို မမှတ်မိတော့ဘူးလို့ မထင်လေနဲ့။ မရဘူး သူငယ်ချင်း။ ငါက မှတ်ချင်ရာကို မှတ်ထားတတ်တဲ့ ကောင်။ မေ့ချင်ရာကို မေ့ထားတတ်တဲ့ အရက်သမား။


ပြောရဦးမယ်။ ငါ့ 'သောက်ကျင့်' က တော်တော် ဆိုးနေပြီ။ တစ်ခြား ချော်မတွေးနဲ့။ သောက်တဲ့ အကျင့်ကို ပြောနေတာ။ ခုဆို ငါဟာ အရက် မသောက်ဘဲ ကားမောင်းလို့ မရတော့ဘူး။ မသောက်ရရင် ခြေတုန် လက်တုန်နဲ့။ ပြီးတော့ စောစောက ပြောသလို မှတ်ချင်ရာကို မှတ်မိနေတတ်တယ်။

ခု နင်ဝတ်ထားတာက လူတစ်ကိုယ်လုံး မြွေကြားတစ်ကောင် ပတ်ထားသလို အပေါ်အောက် ဝမ်းဆက်နဲ့ ... ။ နင့်အင်္ကျီက လည်ပင်း တော်တော် ဟိုက်နေတယ်။ အောက်ခြေ ထဘီအကွဲက ဒူးအထက် ရောက်နေ တယ်။ လမ်းလျှောက်တဲ့အခါ မသိမသာ ဘေးဘက် ကားနေတယ်။ မဟုတ်ပါဘူး ...။ ဒါတွေကို မှတ်မိတာ မဟုတ်ပါဘူး။ မှတ်မိတာကို ပြောပြမယ်။


နင် ငါတို့ ကားရှေ့ကနေ လမ်းလျှောက်လာတော့ ဘာရယ် မဟုတ်ဘဲ ငါ ဖျတ်ခနဲ ကြည့်လိုက်တယ်။ ဒါက ငါတို့ တက္ကစီသမားတွေရဲ့ မျက်လုံး အကျင့်ပဲ။ အလုပ်ကိစ္စအတွက် ကြည့်နေကျကိုး။ ဒီမှာတွင် နင့်ကိုငါ ချက်ချင်း မှတ်မိသွားတယ်။ ဟုတ်တယ်။ လည်ပင်းရဲ့ အောက်ခြေတည့်တည့် ညှပ်ရိုးနှစ်ချောင်း ကြားက ရင်ညွှန့်မှာ လက်သည်းခွံလောက် ရှိတဲ့ မှည့်ကြီး တစ်လုံးလေ။

ဒါဟာ နင့်ရဲ့ ထရိတ်မတ်ပဲ မဟုတ်လား။ ငါ တွေ့ဖူးသမျှ မိန်းမတွေထဲမှာ တော်တော်ရှားတဲ့ အမှတ် လက္ခဏာပေါ့။ (ဒီမှည့်ကြောင့် နင်နဲ့ငါ စပြီး တွေ့ကြတာကိုတော့ ပြန် မပြောချင်တော့ပါဘူး) အေး အဲဒီ မှည့်ကြီး မြင်လိုက်တာနဲ့ နင့်ရုပ်ကို ငါပြန်ဖမ်းမိ သွားတော့တာပဲ။ နင့်ရုပ် တော်တော် ပြောင်းသွားတယ်နော်။ ဒါပေမဲ့ လှတော့ လှတုန်းပဲဟ။ ငယ်ငယ်တုန်း ကလို ဝန်းဝန်း ပြည့်ပြည့်လေး မဟုတ်တော့ပေမယ့် ဝိုင်းဝိုင်း ပြဲပြဲကြီး လှနေတာ။ တစ်ခုတော့ ငါ ချီးကျူးတယ်ဟေ့။ နှာခေါင်းရင်း လောက်ထိ ဆက်လုဆက်ခင် ဖြစ်နေတဲ့ နင့်မျက်ခုံး နှစ်ခုကတော့ ခုထိ မပြောင်းသေးဘူး။ နင်တို့လို လူမျိုးတွေဟာ မျက်ခုံးမွေးတွေ နုတ်ပစ်ရတယ်ဆို။