Thursday, November 30, 2017

Jimi Hendrix ၏ ဂီတလောက ဖြတ်သန်းမှုများ



Jimi Hendrix ကို နိုဝင်ဘာလ 27 ရက်  1942 မှာ မွေးဖွားပြီး စက်တင်ဘာလ 18 ရက်နေ့ 1970 တွင် သေဆုံးသွားခဲ့သော ဂစ်တာ ပညာရှင်ကောင်း တစ်ယောက်ဖြစ်ပြီး ယနေ့တိုင် သူတို့ နိုင်ငံမှာ ပညာရှင်များ က လေးစား နေကြဆဲ့ ဂစ်တာပညာ ရှင်ကောင်း တစ်ယောက်ဖြစ်သည် ။ 


ကမ္ဘာ့ အဆင့်တစ် နေရာကို လူအတော်များများ က သတ်မှတ်ထားဆဲဖြစ်ပါတယ်။ ထိုခေတ်က နာမည်ကြီး ဂစ်တာပညာရှင်များကတော့ B.B. King , Muddy Waters , Howlin' Wolf, Buddy Holly, နှင့် Robert Johnson  တို့ဖြစ်ကြပါတယ်။


Jimi Hendrix ဟာ 1965 မှာ အိမ်ကို စွန့်ခွာပြိး ဂီတလောကထဲကို ဝင်ေ၇ာက်ခဲ့သူဖြစ်ပါတယ် ။ ၁၉၆၆ မှာတော့ JimiHendrix ဟာ တီးဝိုင်း အသစ်တစ်ခုနှင့် စာချုပ် ချုပ်ဆိုပြီး London ကို ထွက်ခွာ လာခဲ့ပါ တယ်။ 


အဲဒီနှစ်ထဲမှာ ဘဲ Jimi Hendrixဟာ ဂီတလောကမှာ အောင်မြင်လာပါတယ်။ Hey Joe စီးရီးကို 1967 " Purple Haze " " The Wind Cries Mary " " Foxey Lady " " Fire " နှင့် " Are You Experienced" စတဲ့စီးရီးတွေကို အောင်မြင်စွာထုတ်နိုင်ခဲ့ပါတယ်။ 


Bold As Love ကို ၁၉၆၈ မှာ ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ ဒီနှစ်ထဲမှာ ဘဲ Jimi Hendrix ဟာ  America  ကို ပြန်လာပြီး ကိုယ်ပိုင် Studio တစ်ခုကို တည်ထောင်ခဲ့ပါတယ်။ 


1969 ခုနှစ်ထဲမှာ ဘဲ Jimi Hendrix ရဲ့ တီးဝိုင်းဟာ အဖွဲ့ကွဲ သွားပါတယ် ။ သို့သော်လည်း နှစ်သစ်ကူး ပွဲတော် ဖျော်ဖြေမှု အတွက် Band of Gypsy အဖွဲနှင့် December 31, 1969 နှင့် January 1, 1970 မှာ ဖျော်  ဖြေပွဲ ကျင်းပပြုလုပ်ပါတယ်။ 


သူ့ရဲ့ နောက်ဆုံး စီးရီး ကတော့ Band of Gypsy Album  ဖြစ်ပါတယ် ။ သို့သော်လည်း ဒီစီးရီး ထွက်လာတာကိုတော့ သူမြင်မသွားရရှာပါဘူး ။ September 18, 1970 ဟာ ဝမ်းနည်းဘွယ် ကောင်းတဲ့ Jimi Hendrix ရဲ့ နောက်ဆုံးနေ့ရက်ဖြစ်ခဲ့ရပါတယ် ။


သူ့အကြောင်းကို အသေးစိပ် သိလိုသူများ အောက်ပါ ဆိုဒ်သို့ သွားရောက် ကြည့်ရှုကြပါ ။ 

Jimi Hendrix ကို အခြား Website သုံးလေးခုက ကမ္ဘာ့ နံပါတ်တစ် ဂစ်တာပညာရှင် အဖြစ် ရွေးထားတာကိုတွေ့ရသလို သူတို့နိုင်ငံက ဂစ်တာပညာရှင်များ လေးစားသူဖြစ်တာကို တွေ့ရပါတယ်။






Thursday, November 2, 2017

Martin vs Sigma vs Gibson vs Santa Cruz guitars comparison - acoustic blues





Stevie Ray Vaughan Voodoo Child Live In Nashville


ဒီသီချင်း တီးလုံးကို သူ့ကို ဂုဏ်ပြုသောအားဖြင့် ပြန်တီးသူ အတော်များပါတယ်။


Jimi Hendrix - Red House Blues (Acoustic Cover): Martin D15.avi





Jimi Hendrix - Red House - Santa Clara 1969





The Jimi Hendrix Experience - Foxey Lady (Miami Pop 1968)





Jimi Hendrix - Izabella (Jimi Hendrix: Machine Gun: Fillmore East 12/31/1969) [Audio]




Jimi Hendrix - Bleeding Heart


ဒီ Stage စင်ဟာ Jimi ရဲ့ နောက်ဆုံး သီဆို ဖျော်ဖြေရာ အလွမ်းပြေ နေရာလေးပါ ။



Hans Olson Blues - Jimi Hendrix ~ Hear My Train A Comin' ( Acoustic Cover )~ 4 - 14 - 2014





Hear My Train A Comin' (Lyric Video) { Jimi Hendrix }


Jimi Hendrix ဟာ 1965 မှာ အိမ်ကို စွန့်ခွာပြီး ဂီတ လောကထဲကို ဝင်ေ၇ာက်ခဲ့သူဖြစ်ပါတယ် ။ ၁၉၆၆ မှာတော့ Jimi Hendrix ဟာ တီးဝိုင်း အသစ် တစ်ခုနှင့် စာချုပ် ချုပ်ဆိုပြီး London ကိုထွက်ခွာ လာခဲ့ပါ တယ်။ အဲဒီနှစ်ထဲမှာ ဘဲ Jimi Hendrix ဟာ ဂီတ လောကမှာ အောင်မြင်လာပါတယ်။




Somewhere Over The Rainbow { Jimi Hendrix }



Jimi Hendrix ကို နိုဝင်ဘာလ 27 ရက် 1942 မှာ မွေးဖွားပြီး စက်တင်ဘာလ 18 ရက်နေ့ 1970 တွင် သေဆုံးသွားခဲ့သော ဂစ်တာပညာရှင်ကောင်း တစ်ယောက်ဖြစ်ပြီး ယနေ့တိုင် သူတို့ နိုင်ငံမှာ ပညာရှင်များက လေးစား နေကြဆဲ ဂစ်တာပညာရှင်ကောင်း တစ်ယောက်ဖြစ်ပြီး ကမ္ဘာ့ အဆင့်တစ် နေရာကို လူ အတော်များများ က သတ်မှတ်ထားဆဲဖြစ်ပါတယ်။






Wednesday, November 1, 2017

အနုပညာ ကျန်​​အောင်​ ကြိုးစားခဲ့သူ { စောဘွဲ့မှူး }





*ဆရာမ မ​အေးကို ချစ်​လို့ပါ  နဲ့ အနီးဆုံးလူ * ကို ထုဆစ်​ခဲ့သူ { သို့မဟုတ်​ } ကျန်​တာ ဘာဖြစ်​ပ​စေ 
အနုပညာ ကျန်​​အောင်​ ကြိုးစားခဲ့သူ ။

 ထူးအိမ်​သင် တက္ကသိုလ်​​ကျောင်းသား ဘဝ ဦးဘွဲ့မှုးရဲ့ ကက်​ဆက်​တိတ်​​ခွေကို နား​ထောင်​ရင်းကို
ကက်​ဆက် ​တိတ်​​ခွေ ထိုင်​ကန်​​တော့မိခဲ့ဖူးတယ် ​တဲ့ ။ သူ့ရဲ့ ပညာ သူ့ ဖန်​တီးမှု စွမ်းအား ဘယ်​​လောက် 

ရိုက် ​ချက်​ပြင်းလဲဗျာ ။ ဒါ​ကြောင့်​ ဒီလို ပုဂ္ဂိုလ်​မျိုးကို တစ်ကူး တစ်က ထပ်​လိုက်​ရှာပြီး ထပ်​ ဂုဏ်​ပြုဖို့ မသင့်​ဘူးလားဗျာ ။
ဆရာစောဘွဲ့မှုး အကောင်းဆုံး ဖန်တီးမှု တစ်ခုကတော့ Iron Cross ခေါင်းဆောင်၊ ချစ်စမ်းမောင် ကို 
သင်ကြား မွေးထုတ် ပေးနိုင်ခြင်းပါပဲ ။ Iron Cross တေးဂီတ အဖွဲ့ဟာ ဘုရားထံ ဦးစွာ ဆုတောင်းပြီးမှ 
စတင်ဖြေဖျော်လေ့ ရှိပါတယ်။ ခရစ်ယာန် မဟုတ်တဲ့ အဖွဲ့သားတွေလည်း လက်ခံကြပါတယ်။ 

ဆရာစောဘွဲ့မှုး မူးယစ်ဆေးဝါး သားကောင် ဘဝမှာ ဆေး-ဘယ်လိုဖြတ်ဖြတ် မရပါဘူး။
နောက်ဆုံး ခဝဲခြံ၊ အင်းစိန်က Y.C Young Crusader သင်းအုပ်ဆရာကြီး ဒေးဗစ်ရိုးမို (ကွယ်လွန်) က ဘုရားထံ အပ်နှံပြီး မူးယစ်ဆေးဖြတ်ပေးနိုင်ခဲ့ပါတယ်။


ဟင်္သာတ ဖက်က ရောက်လာတဲ့၊ ချစ်စမ်းမောင်ကို သူ့ရဲ့ တပည့် အဖြစ်လက်ခံပြီး ဂီတပညာ၊ အစ-အဆုံး အကုန်လုံး ပေးခဲ့ပါတယ်။ ထူးချွန်တဲ့ တပည့်ဖြစ်သူက ဂီတပညာ၊ ဘုရား ကိုးကွယ်ခြင်းတွေ အမွေ ဆက်ခံနိုင် ခဲ့ပါတယ်။ ဂီတ၊ ရုပ်ရှင် ပညာရှင်များဟာ ဘုရား ကိုးကွယ်မှု အားကြီးသူများ ရှားပါးကြပေမယ့်
ဆရာစောဘွဲ့မှုးက အလွန် ဘုရား၊ တရား ကိုင်းရှိုင်းသူဖြစ်ပါတယ်…။
မြန်​မာ့ စတီရီယို ဂီတ လောက မှာ ရှမ်း ဂီတ စာဆို စိုင်းခမ်းလိတ် ဟာ သူ့ရဲ့ များပြားလှတဲ့ သီချင်း ဇာတ်
လမ်း ဖွဲ့မှုတွေနဲ့ နာမည်ကျော်ခဲ့သလို သီချင်းများက တစ်ဆင့် ပုံဝတ္ထု ဇာတ်လမ်းတွေ အများအပြား ပြောပြခဲ့သူ ။

နောက်တစ်​ဦး ကတော့ ကရင် ဂီတပညာရှင် စောဘွဲ့မှူး လို့ ဆိုနိုင်တယ်။ နေ့စဉ် လူမှု ဘဝထဲမှာ သူသူ ငါငါ ကြုံတွေ့ရတတ်တဲ့ လူ့ သဘာဝ ဖြစ်ရပ်လေးတွေ၊ သင်ခန်းစာ ယူစရာ သံဝေဂ ရစရာလေးတွေ အကြောင်းရာစုံကို သူဖွဲ့သွားနိုင်ခဲ့တယ်။

လောက ဇာတ်ထုပ် မျိုးစုံကို လှစ်ဟပြခဲ့တာ ဖြစ်တာကြောင့် သူ့ဖွဲ့သမျှ ဟာ ကိုယ်တွေ့တော့ မဖြစ်နိုင်ပါ။
ဒါပေမယ့် အငှား ခံစား ဖွဲ့သီ ပုံဖော်နိုင်စွမ်းတဲ့ အနုပညာ အားကောင်းတော့ သူ့ရဲ့ သီချင်း ဇာတ်လမ်းတွေ
တိုင်းက ခံစားမှုရသ ကို ပေးနိုင်စွမ်းတယ် ။ အသိတရား အမြင် တွေ့ရှိမှု တစ်ခုခုကိုလမ်းညွှန် နိုင်စွမ်းတယ်။
မပြည့်စုံတဲ့ အစိုးရ ဝန်ထမ်း သားသမီး ဘဝ ခံစားမှု ဇာတ်လမ်း
“ပျော်တာပေါ့ အမေရယ်” ။ လူကြမ်းမင်းသား၊ စတန့်မင်းသား တစ်ယောက် ဘဝ
“သုခုမ ရဲ့ကျေးကျွန်ကြီး”။

တောထဲတောင်ထဲက ဆင်လုပ်သား သစ်ထုတ်ရေးသမားများ အကြောင်း
“ရိုးမရဲ့ညနေ”။

အိမ်ထောင်ရေး အဆင်မပြေတဲ့
မိဘ ရဲ့ သားသမီး ခံစားချက် “ ခရစ္စမတ်ကိုကြောက်တယ်” ။

လူ့လောက နဲ့ အံချော်နေတဲ့ စည်းအပြင်ကလူ ဘဝ ဖော်ကျူး
“ကြက်ခြေခတ်”၊ “မှားတဲ့ဘက်မှာ နေကြည့်မယ်” ။

လမ်းပေါ်က မိဘမဲ့ ကလေးငယ် “ဆိုးပေ”။
တောသားမြို့ရောက် ရဲ့ အချစ် သင်ခန်းစာ “ အေးပုံကို ချစ်တယ် ” ။

မိဘနဲ့ ဆန့်ကျင် လျှောက်လမ်းခဲ့ရတဲ့ ဂစ်တာသမား ဘဝ “ ဂစ်တာ လူ လေး”
(ဒီသီချင်းက မြန်​မာပြည်​သိန်းတန်​ရဲ့ အ​ကြောင်း ​ရေးထားတာလို့ ​ပြောပါတယ်​)။

ဘဝရဲ့ အနိမ့်အမြင့် လောကဓံ “ လေကြောင့် ငွေကြောင့် မလွင့်ပါ ” ။ 
အငှား စိတ်ကူးယဉ် တွေးတော.. အများအတွက် ဖျော်ဖြေ ရေးသားပေးနေရတဲ့ သီချင်းရေး ဆရာ၊
စာရေးဆရာ ရဲ့ ချို့ငဲ့တဲ့ ဘဝ ပုံဖော် “ မောတယ် ”။

မြန်​မာပြည် အခြေအနေ နောက်ခံမှာ ချဲ့ထွင် စဉ်းစားစရာ အများကြီး ပေးနိုင်တဲ့ အတွေးတစ်ခု ကို 
“ ကျားဟာ ကျားလို နေဖူးရဲ့လား ” ဆိုကာ အံမဝင် ခွင်မကျ နေရာမှား အချုပ်နှောင် ခံနေရရှာတဲ့
တိရစ္ဆာန်ရုံ မြင်ကွင်းလေးနဲ့ ပုံဖော်တဲ့...
“တောပန်းချီကား”။

တင်စားဖွဲ့နွဲ့ခံ အမျိုးသမီး နာမည်များ အမျိုးမျိုးနဲ့ အချစ်သီချင်း အမြောက်အမြား အစရှိတဲ့ မဆုံးနိုင်တဲ့ စာ
ရင်းရှည်ကြီး ရပါမယ်။
လူ့လောက အကြောင်း အဖွဲ့ကောင်းခဲ့သူ ပုံပြော ဆရာကြီး စောဘွဲ့မှူး ရဲ့ ဂီတ ဘဝကို ပြန်သုံးသပ်ရင်
အရေး၊ အဆို၊ အတီး၊ ဂီတမှူး စွယ်စုံ ရမှု က သူ့ရဲ့ ထူးခြားတဲ့ ပါရမီလို့ ဆိုရပါမယ်။ သူ လုပ်ခဲ့သမျှ ဂီတ
အလုပ် အားလုံးဟာ အနုပညာ အရ၊ ဂီတ သဘောအရ အောင်မြင် လူလေးစား ခံခဲ့ရတယ်။