Thursday, March 30, 2017

ပလေးဘွို င်ကြီး ပြို ကွဲစဉ်က



၁၉၇၉ မှာ ထင်တယ် ၊ သည်တုန်းက အင်းယားလမ်း ရန်ကုန် ရုပ်ရှင်ခြံမှာ ဘော်ဒါနေပါတယ် ။ အဲသည်မှာ အသံဖမ်း စတူဒီယို လည်း ရှိပါတယ် ။ တစ်နေ့သား ကိုသိန်းတန် ( မြန်မာပြည် ) သီချ င်း လာသွင်းပါတယ် ။ အဆို သက်သက်ပါ ၊ အတီးပိုင်း က သွင်းပြီးသားမို့ အဆို လာထပ်တာပါ ။ ခရစ်ယာန်ဓမ္မတေး ထင်ပါတယ် ။ သူ့နောက်မှာ အမျိုးသားကြီး ၂ ယောက်လည်း အဖေါ်ပါပါတယ် ။ 

သီချ င်းဆိုပြီးလို့ စက်ခန်း ထဲမှာ ပြန်နားထောင်ကြတော့ တိပ်ခွေ ဇာတ်လမ်းသွင်းဖို့ ရောက်နေတဲ့ ချ န်ပီယံတင်ညွန့် က ... မင်းတို့ ကွဲသွားကြပြီဆို လို့ ကိုသိန်းတန် ကို မေးပါတယ် ။ ဟိုက ဘာမှ မဖြေပါဘူး ၊ ပြုံးနေပါတယ် ။

ကျ နော်တို့က ပလေးဘွို င် ပရိသတ်မို့ ရင်ထုမနာပါ ။ အလွန် လက်သံပြောင်တဲ့ ၊ အလွန် အတွဲညီတဲ့ ပါရမီရှင် ဂီတ သမားတွေ ကွဲကြ ၊ ပြဲကြ အစည်းပြေကြမှာကို မကြားလို မမြင်လိုပါဘူး ။ အင်းယားလမ်းထဲမှာပဲ တိုနီဘတူ ဆိုတာ ရှိပါတယ် ။ သူက အဆိုတော် မပုလဲမောင် ၊ ကိုသန်းနိုင့် ယောက်ဖ ။ အပျော်တမ်း ဆံပင်ညှပ်သူပါ ။ ကျ နော်တို့က သူ့ဆီမှာ အားပေးတယ် ။ နီးလည်း နီးနေလို့ပါ ။ 

သူ့ဆီ ဆံပင်ညှပ်ရင်း ပလေးဘွို င် အကြောင်း စနည်းနာ မိတယ် ၊ အကွဲ အပြဲဖြစ်စဉ် ကိုပေါ့ ။ တိုနီ က ဆံ ပင် ညှပ်ရင်း လေအေးလေးနဲ့ပဲ " မိန်းမတွေပေါ့ " တဲ့ ။ ဒါပဲပြောပါတယ် ။ ရှေ့ ဆက်မေးလို့ မရတော့ပါဘူး ။ သူ ပြောချ င်ဟန် မတူပါဘူး ။

စန္ဒယား တင်ဝင်းလှိုင် နဲ့ အင်တာဗျူး တစ်ခုမှာ ပလေးဘွို င် ကွဲကြစဉ်က အကြောင်းကို ထည့်ပြောဖူးပါ တယ် ။ ( ပန်းသီး ဖီလင် ) စီးရီး သွင်းနေစဉ်က လို့ ဆိုပါတယ် ။ ကိုတင်ဝင်းလှိုင် က သည်တုန်း က ပလေးဘွို င် မှာ KB တီးပါတယ် ။ 

သီချ င်း သွင်းကြတော့ ဦးသန်းနိုင် ၊ ဦးသိန်းတန် က သူ့တစ်ဖက် တစ်ချ က် မှာ နေရာယူကြပါတယ် ။ အသံသွင်းနေရင်း ဘယ်ချ က် ထ , သတ်ကြမလဲလို့ သူ့မှာ တစ်ထိတ်ထိတ် နဲ့ စိုးရိမ်နေရပါသတဲ့ ။ 

ဒါပေမယ့် ဘာပြဿ        နာ မှ မဖြစ်ပဲ လျှောလျှောရှု ရှု ပဲ စီးရီး အပြီးသတ်နှိုင်ခဲ့ပါတယ် ။ ပန်းသီးဖီလင် ကို အသံဖမ်း ဦးဘသိန်း က ထုတ်ပေးတာပါ ။ ဦးဘသိန်း ဟာ ကိုသန်းနိုင် ရဲ့ ဦးလေး တော်စပ်ပါတယ် ။ စီးရီးသွင်းအပြီးမှာ ပလေးဘွို င်ကြီးလည်း ကွဲသွားတာပါပဲ ။

                                                          ဦးဘသိန်း

အသံတု ကြယ်တစ်လုံး ဟာ ဟိုစဉ်က တီးဝိုင်းကြီးတွေ ရဲ့ လက်စွဲပေါ့ ။ သူကလည်း ပလေးဘွို င် ကွဲတယ်   ကြားတော့ စိတ်မကောင်းဘူး ။ ဒါပေမယ့် သေခြာအောင် ဦးဘသိန်း စတူဒီယို ကို သွားကြည့်တယ် ။ ဟိုမှာ " လမ်းဆက်လျှောက်မယ် " စီးရီး သွင်းနေတယ်လို့ ဆိုပါတယ် ။
( ဦးတင်ဝင်းလိုင် က ပန်းသီးဖီ လင်တဲ့ ၊ ကြယ်တစ်လုံး က လမ်းဆက်လျှောက်မယ် .. တဲ့ ။ တစ်ယောက်ယောက် အမှတ်မှားပြီ ထင်ပါတယ် ။ ။ စကားချ ပ် )

ဝိုင်းကွဲပြီလည်းပြောသေး ၊ စီးရီးလည်း အေးအေး ဆေးဆေး သွင်းနေကြတယ် ဆိုတော့ ကြယ်ကြီးလည်း ဘာယုံရမှန်းမသိ ၊ ကြောင်အမ်းအမ်း ဖြစ်နေပါသတဲ့ ။ အားလုံးနဲ့တော့ အလိုက် အထိုက် သူနှုတ်ဆက်ပါ တယ် ။ အဲ ... ထမင်းစားချိ န်ရောက်တော့ မိသားစု ပုံစံ ဝိုင်းဖွဲ့ မစားကြတော့ဘူးတဲ့ ၊ ပလေယာတွေ လူခွဲပြီး စားကြသတဲ့ ။

ကိုသိန်းတန် က သပ်သပ် စားပါတယ် ။ မယောင်မလည် အကဲခတ်နေတဲ့ ကြယ်တစ်လုံး ကို ... ` ထ မင်း စား ´ လို့ စကားလုံး ၃ လုံး နဲ့ ခပ်အေးအေးပဲ နှုတ်ဆက်ပါသတဲ့ ။




                                        မောင်အေးမောင် . မောင်စိန်လွင် . မောင်သန်းနိုင်


တိုနီဘတူ ပြောသလိုပါပဲ ။ မိန်းမတွေက စလိုက်တဲ့ ( လက်ဆုပ်လက်ကိုင် လည်း မပြနှိုင်တဲ့ ) စကား တစ် ခွန်းကြောင့် မဖြစ်သင့်တာတွေ ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ် ။ ဘာစကားလဲတော့ မသိပါ ။

သည့်နောက်တော့ ကိုသိန်းတန် က L.P.J အဖွဲ့ ထောင်ပါတယ် ။ ( Love , Peace & Joy ပါ ။ 
ဆီလျှော်တဲ့မြန်မာ အမည် စဉ်းစားပေးကြဖို့ ဖိတ်ခေါ်ပေမယ့် L.P.J ပဲ တွင်သွားပါတယ် ။ )

ကိုသန်းနိုင် က ပလေးဘွို င် အဖွဲ့ကြီး ကို ဦးဆောင်ကာ ဆက်လက်ချီ တက်ပါတယ် ။
နှစ်ဖွဲ့ စလုံး လျှ မ်းလျှ မ်းတောက် အောင်မြင်ခဲ့ကြပါတယ် ။ စတီရီယို ဂီတ သမိုင်းမှာ ကမ္ပည်းထိုးနှိုင်ခဲ့ကြပါတယ် ။ ။




No comments:

Post a Comment