Friday, March 10, 2017

ဂျပ်စတင်ဘီဘာ အယောင်ဆောင်ပြီး ကလေးငယ် ၉၀၀ ကျော်ကို လိင်ပိုင်း ကျူးလွန်ခဲ့သူ ဥပဒေပါမောက္ခ ဖမ်းဆီးခံရ




သြစတြေးလျနိုင်ငံမှာ အွန်လိုင်းပေါ်မှ တစ်ဆင့် အဆိုတော် ဂျပ်စတင်ဘီဘာ အယောင်ဆောင်ပြီး ကလေး ငယ် ၉၀၀ ကျော်ကို လိင်ပိုင်းဆိုင်ရာပြစ်မှုတွေ ကျူးးလွန် ခဲ့တဲ့ ဥပဒေပါမောက္ခ တစ်ဦးကို ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။
အသက် ၄၂ နှစ် အရွယ် အဲဒီ အမျိုးသားဟာ သြစတေးလျ တက္ကသိုလ် တစ်ခုမှ ဥပဒေပါမောက္ခတစ်ဦးဖြစ်  ပြီး အဆိုတော် အယောင်ဆောင်ကာ ကလေးငယ်တွေရဲ့ ပုံတွေကို ရယူပြီး ပြည့်တန်ဆာ အဖြစ် အသုံးချဖို့ ရည်ရွယ်ခဲ့တာလို့ ကွင်းစလန်ပြည်နယ် ရဲတွေက ပြောပါတယ်။
အဲဒီ အမျိုးသားဟာ ကလေးငယ် ၃ ဦးကို မုဒိမ်းမှု အပါအဝင် ပြစ်မှုပေါင်း ၉၃၁ မှုကို ဆယ်စုနှစ် တစ်စုနီးပါး ကျူးလွန်ခဲ့တာဖြစ်တယ်လို့ ဘီဘီစီ သတင်းတစ်ပုဒ်မှာ ဒီကနေ့ ဖော်ပြပါတယ်။
စုံစမ်း စစ်ဆေးရေး အရာရှိ ဂျွန်ရောက်စ် ကတော့ ခုလို ကျူးလွန်မှုဟာ ဆိုးဝါးဗြောင်ကျတဲ့ ပြစ်မှု ကျူးလွန်မှုတစ်ခု ဖြစ်တယ်လို့ ပြောလိုက်ပြီး ဂျပ်စတင်ဘီဘာ ရဲ့ ပရိသတ် ကလေးငယ်တွေ နဲ့ မိဘတွေကို နိုးနိုးကြား ကြားနေကြဖို့ သတိပေးလိုက်ပါတယ်။

လက်ရှိမှာတော့ ရဲတွေဟာ သူ့ကို စုံစမ်း စစ်ဆေးနေပြီး သူဟာ ၂၀၀၇ ခုနှစ်က စပြီး ပြစ်မှုတွေ ကျူးလွန်နေခဲ့တာလို့ ဆိုပါတယ်။



သူဟာ အင်တာနက် လူမှုကွန်ရက် ပလက်ဖောင်းတွေဖြစ်တဲ့ ဖေ့စ်ဘွတ်ခ် နဲ့ တွစ်တာ တို့ကို အသုံးပြုခဲ့တာပါ။
ကျူးလွန် ခံခဲ့ရတဲ့ ကလေးတွေရဲ့ နာမည်တွေ ကိုတော့ ရဲတွေက အသေးစိတ် ထုတ်ဖော်မပြောခဲ့ပါဘူး။
ရောက်စ် ကတော့ မိဘတွေ အနေနဲ့ သူတို့ ကလေးငယ်တွေ အွန်လိုင်း အသုံးပြုရာမှာ အန္တရာယ်ကင်းကင်းနဲ့ အသုံးပြုနိုင်စေဖို့ စောင့်ကြပ် ကူညီကြဖို့ သတိပေးလိုက်ပါတယ်။
ဒီအမှုကို ဘရစ္စဘိန်းပြည်နယ် တရားရုံးက လာမယ့် ဧပြီ ၆ ရက်နေ့မှာ စီရင်ချက် ချမှတ်သွားမှာ ဖြစ်ပါ တယ်။

No comments:

Post a Comment