Thursday, March 30, 2017

ဇာလျှ န်း ကောက်ကြောင်း





နာမည်ကျော် Aces တီးဝိုင်း ရဲ့နာမည်ကျော် Bass သမား ဇာလျှ န်း ( ခေါ် ) ကို ဗစ်တာ ကို ဂီတမြတ်နိုးသူတိုင်း သိကြပါတယ် ။ Bass အရာမှာ သိဒ္ဓိပေါက်သူ လို့ သတ်မှတ်ခံရသူပါ ။ ဇာလျှ န်း အကြောင်း ဖတ်မိ မှတ်မိသမျှ တွေထဲက ထူးခြားတာလေးတွေ ပြန်လည်မျှ ဝေချ င်ပါတယ် ။

ထူးအိမ်သင် စီးရီး သွင်းနေစဉ်က ( သည်တုန်းက lead ပက်ထရစ် ဖြစ်နေပါပြီ ။ ဦးအော်စတင် က Rays တီးဝိုင်း သပ်သပ် ထူထောင်လိုက်ပါပြီ ။ ) အတီးပိုဒ်တွေ တီးပြီးလို့ စတူဒီယိုခန်းထဲက အထွက် ၊ ထူးအိမ် သင်က အဝင် ၊ တံခါးဝမှာ ဆုံကြတော့ ထူးအိမ်သင် က " ကျ နော် ဝင်ငိုလိုက်ဦးမယ် " လို့ ဝင်္ကဝုတ္တိ နှုတ်ဆက်တယ် ။ ဇာလျှ န်းက ပြုံးပြုံးပဲ ... " နင်မငိုခင် ငါ အရင် Bass နဲ့ ငိုပြီး သွားပြီ " လို့ တုန့်ပြန်ပါတယ် ။ အလင်္ကာတွေနဲ့ ပဋိသန္ဓာရ နှုတ်ဆက်ကြတဲ့ ဂီတ ပဂေးကြီးတွေပေါ့ ။

ဆရာ ကိုစိုင်း ဆိုတာ ဂစ်တာနည်းပြ ဆရာ ... ။ ကိုဇာလျှ န်းက ကိုစိုင်းဆီ အလည်အပတ် သွားတော့ ဟိုက ဝမ်းသာ အားရပဲ ပန်းသီးတွေ ခွဲကျွေးပြီး ဧည့်ခံတယ် ။ ပြီးတော့ ဂီတ သဘောတရားတွေ အားပါးတစ် ရ ဆွေးနွေးကြတယ် ။ 

စကားပြောလို့ အားရတော့ ဇာလျှ န်းပြန်မယ်လည်း ဆိုရော ၊ ဆရာ ကိုစိုင်းဟာ ဇာလျှ န်းနဲ့ ပါလာတဲ့ အဖေါ်ကို ငွေ ၁ဝဝဝဝ /- လက်သိပ်ထိုး ထည့်ပေးပါတယ် ။ ကိုဇာလျှ န်း စားချ င်တာ စားဖို့ပါ ။ သည်ပိုက်ဆံနဲ့ သူတို့နှစ်ယောက် ဒန်ပေါက်ဆိုင် ဝင်သွားကြတယ် ။ 

ဇာလျှ န်းက ပဲကုလားဟင်း တစ်မျိုးတည်း ကိုပဲ မှာစားတယ် ။ အဖေါ် ကိုတော့ ဒန်ပေါက် စားစေတယ် ။ စားသောက်ပြီးတော့ ပိုတဲ့ ပိုက်ဆံထဲက လိုင်းကားခလောက်ပဲ ယူပြီး ကျ န်တာ အဖေါ်ဖြစ်သူလက်ထဲ ထိုးထည့်ကာ ဘတ်စကားပေါ် တက်သွားပါတော့တယ် ။ အသပြာ မမက်တဲ့ အနုပညာသမား .. ။

ဦးကျော်ဟိန်း နဲ့ စီးရီးတွေ သွင်းတော့ ဦးကျော်ဟိန်း က ဇာလျှ န်းကို သူ့ကား နဲ့ အိမ် လိုက်ပို့တယ် ။ ဇာလျှ န်းနေတာ ဆင်းရဲသား ရပ်ကွက်မို့ လမ်းထိပ်မှာပဲ တော်ပြီ ၊ ရပြီ ဆင်းမယ်ပြောတယ် ။ မင်းသားကြီးက အိမ်အရောက် ဒုတ်ဒုတ်ထိ လိုက်ပို့ချ င်တယ် ။ အိမ် အရောက် မပို့စေချ င်တဲ့ ဇာလျှ န်း က ကားကို ၃ ချ က်လောက် ဆောင့်ကန် ပစ်ခဲ့ပါသတဲ့ ။

ဇာလျှ န်း ဟာ အရွယ်ကောင်းစဉ်က ယမကာ အတော်ကြို က်ခဲ့တယ် ။ စွဲစွဲလန်းလန်း ကို ကြို က်ခဲ့ပုံ ရပါ တယ် ။ အလုပ် ရှိတဲ့နေ့ ၊ အသံသွင်း ရှိတဲ့နေ့တွေလည်း သတိမထားမိပဲ သောက်ချ င်စိတ် ရှိရင် စိတ်လွတ်ကိုယ်လွတ် သောက်ပစ်တတ်သူပါ ။

ကျော်ဟိန်း ရဲ့ ထာဝရ ရှင်သန်နေမယ် စီးရီးကို မေ စတူဒီယိုမှာ သွင်းတယ် ။ ကိုဇာလျှ န်း က စောစောစီးစီး သောက်ထားမိပြီ ။ လာကြို တဲ့ ကားနဲ့ စတူဒီယိုရောက်တော့ ယမကာ အရှိန်ကြောင့် သူမဟန်နှိုင်တော့ဘူး ၊ ကြမ်းပြင်ပေါ် ခြေကားယား ၊ လက်ကားယား လှဲချ လိုက်တယ် ။ 

ဖလက်ပြနေတဲ့ Bass သမားကြီးကိုကြည့်ပြီး ဦးကျော်ဟိန်း လည်း စိတ္ပ် က္ပ် က် နဲ့ အပြင် ထွက်သွား တယ် ။ ဝိုင်းမန်နေဂျာ ၊ အကြီးအကဲ ကိုစိုးအောင် လည်း ဘာလုပ်လို့ လုပ်ရမှန်း မသိတော့ဘူး ။

ဒရမ်မာ အော်စကာ သန်းတင် က ရေနွေးခွက် ကိုင်ရင်း အခန်းထဲ ဝင်လာကာ ... " ဗစ်တာ ၊ မင်း တီးမှာလား ... " ၊ 

ဇာလျှ န်းက .. " မင်း .. တီးစေ့ချ င်လား " ၊
 အော်စကာ " မင်း ... တီးမှာလား " ၊ 
ဇာလျှ န်း ... " မင်း ... တီးစေ့ချ င်လား ... " ×××××××××

ကြားထဲက မန်နေဂျာ ကိုစိုးအောင် က မျ က်ရည် တစ်စမ်းစမ်း ၊ အဆိုကျော် ဦးကျော်ဟိန်း က ဖီလင်တွေ ခန်း .... ။
ဇာလျှ န်း က ကျားကျား လျှားလျှား ၊ ရွတ်တွတ်တွတ်ပါ ။
ဘောင်းဘီတွေလျှော်ထားတာ မခြောက်သေးလို့ ဆိုပြီး ပုဆိုး နဲ့ ဝေါ့ကင်းရှူး နဲ့ပဲ အင်းလျှားလိတ် ရဲ့ စတိတ်ပေါ် တက်ချ င်တက်တာ ...







အံ့မခန်းတဲ့ သူ့ Bass ပညာ အကြောင်းတော့ ပရိသတ်အားလုံး သိကြပါတယ် ။ ထူးအိမ်သင် ရဲ့ အမေ့အိမ်သီချ င်းမှာ သူ့ရဲ့ Bass အပို့ အကြို ၊ အခု အခံ ၊ အလူး အလှိမ့်တွေကြောင့်လည်း သီချ င်း က ပိုပြီး ကြွရွ ပီပြင် လာခဲ့တယ်လို့ ယူဆရပါတယ် ။

ခု ဖေါ်ပြခဲ့တာတွေ ကတော့ အရွယ်ကောင်းစဉ်က သူ့ တစ်ဇွတ်ထိုး အမူအကျ င့်လေးတွေပေါ့ ။
ခုတော့ ဦးဇာလျှ န်း လည်း ယမကာ နဲ့ ကင်းဝေးလောက်ပြီ ထင်ပါတယ် ။ 

သူ့ရောင်းရင်းတွေဖြစ်တဲ့ ပက်ထရစ် ၊ အော်စကာ ၊ KB ကျော်စိုးနိုင်တို့ တစ်တွေတော့ ကျ န်းမာ လန်းဖြာစွာနဲ့ ဂီတ အလုပ်တွေ လုပ်နေဆဲ ဖြစ်ပါကြောင်း .... ။


စာညွှန်း ။ ။ (၁) အလင်္ကာ ဂျာနယ်
(၂) သိမ်းတင်သား ( အရှင်လတ်လတ် တွေ့ခဲ့ဖူးသူများ )
2ဝ13, Sept



No comments:

Post a Comment