Thursday, March 30, 2017

မြန်မာပြည် မှ Rock ဂီတ



မင်းမင်းလတ် ၊ ပလေးဘွိုင်သန်းနိုင် ၊ ဇော်ဝင်းထွဋ် ၊ လေးဖြူ  တို့ကို Rock ဘုရင်ကြီးများ အဖြစ် ပရိသတ် က ယေဘုယျ သတ်မှတ်ပါတယ် ။ Rock သီချ င်းတွေနဲ့ လျှ မ်းလျှ မ်းတောက်ခဲ့ကြသူတွေပေါ့ ။ ဒါပေမယ့် ဒါကို ဦးသန်းနိုင် က သိပ် လက်မခံချ င်ဘူး ။ သူ့ကို Rock ဂုရုလေးပါးထဲ ထည့်ပေးတာတောင် ပီတိ မဖြစ်ပါဘူး ။ ဒီလိုပဲ ၊ အားလုံးဟာ ခေတ်ပြို င်တွေ ၊ ကြိုးစားနေကြသူတွေချ ည်းပါပဲ လို့ ရိုးရိုးလေး ပဲ သုံးသပ်ပါ တယ် ။

ထောင့်ကိုးရာ ငါးဆယ့်ရှစ် လောက်မှာ Win Brothers ဆိုတာ ရန်ကုန်မှာ ရော့ခ် ဂီတကို စတင် တီးခတ်နေပါပြီ ။ ထောင့်ကိုးရာခြောက်ဆယ် လွန်နှစ်တွေမှာ တဲလ်စတား ၊ ဘေ့ဘယား တီးဝိုင်းတွေ ပေါ်လာတယ် ။  
( တဲလ်စတား က အော်စတင်ဇေးဗီးယား Austin Xavier ရဲ့ တီးဝိုင်းပါ ။ )

ခြောက်ဆယ့်လေး ၊ ခြောက်ဆယ့်ငါး မှာ ရော့ခ်ဂီတ ဟာ ကုက္ကို င်း ရေကူးကန် club ကို ရောက်လာပါ တယ် ။ ကုက္ကို င်းရေကူးကန် ဟာ ဟိုတုန်းက မျ က်နှာဖြူ တွေပဲ သီးသန့် ရေကူးကြတဲ့ ကန်ပါ ။ ဘိုကန်ပေါ့ ။ မြန်မာတွေ အနား မသီနှိုင်ပါဘူး ။ ခြွင်းချ က် အနေနဲ့ BT ဘရားသား သူဋ္ဌေး ဦးဘတူ ကိုတော့ ကလပ် အဖွဲ့ဝင်အနေနဲ့ အသိအမှတ်ပြု တယ် ။

 မြန်မာ ဆိုလို့ ဦးဘတူ တစ်ယောက်ပဲ ရေကူးခွင့် ရခဲ့တာ ... ။ ဒါကလည်း သူဋ္ဌေးဦးဘတူ က မေမြို့ မှာ ရေကူးကန်ဆောက်ပြီး မြန်မာတွေကို ရေကူးစေလို့ ၊ ရေကူးတဲ့ ယဉ်ကျေးမှု ထွန်းကားအောင် ပျိုးထောင် လမ်းပြပေးလို့ မျ က်နှာဖြူ တွေက လေးစားတာကြောင့်ပါ ။ ဦးဘတူနဲ့ ဆက်နွှယ်ပြီးတော့မှ ဦးဘဖြူ  ( ကိုသန်းနိုင့် ဖခင် ) ၊ ဦးအံ့ကြီး ( အဆိုကျော် ) ... ညီအစ်ကိုတွေ ကုက္ကို င်းရေကူးကန် အသင်းဝင်တွေ ဖြစ်လာတယ် ၊ ဟိုခေတ် မြန်မာ လူချ မ်းသာတွေပေါ့ ။

ကုက္ကို င်း ရေကူးကန် ကလပ်မှာ ခေတ်မီတဲ့ လူငယ်တွေ ရော့ခ်မြူးဇစ် ကို တီးခတ်ကြတယ် ။ ကမ္ဘာကျော် ဂစ် တာသမား Jimi Hendrex လက်သံမျိုး တုပ တီးကြတာပါ ။ အိတ်စပီးဒင့် ( ---------- ) တီးဝိုင်း က အဲသည် ကလပ်မှာ တီးပါတယ် ။ 

ရစ်ကီလတ် ( Ricky Latt ) အရမ်းကောင်းတယ်လို့ ဆိုပါတယ် ။ ( ခု ဂျာမနီမှာပါ ။ ) ရစ်ကီလတ် တို့ဝိုင်းမှာ ... lead ဖိုးချား ၊ ဘေ့စ် ဒဲရစ် ၊ ဂျေ မောင်မောင် ( အချ စ်ရေ့ဂျေ ကြီး မဟုတ် ) ၊ ဒရမ် .... မမှတ်မိ တို့ လက်စွမ်းပြကြပါတယ် ။ သည်အချိ န်မှာ ဝိုင်းထောင်စ ပလေးဘွို င် က Shadow သီချ င်းတွေ ကလပ်မှာ တီးဖြစ်ပါတယ် ။

မြန်မာ့ အသံ Local talent အစီအစဉ် မှာတော့ ပလေးဘွို င် အလောင်း အလျှာတွေ ၊ ဘိုဘိုဟန် အလောင်း အလျှာ Tony Hendley ) ၊ ရီတာစိုးဝင်း အလောင်းအလျှာ ၊ အော်စတင် အလောင်းအလျှာ ၊ နွဲ့ယဉ်ဝင်းအလောင်းအလျှာ ( Joyce ) တို့ အရှိန်ယူစ ၊ အစွမ်းအစပြစ ပြု နေကြပါပြီ ။

ခြောက်ဆယ်ခြောက်ခုနှစ်လောက်က စပြီး Rock ဂီတကို တီးခတ်နေတဲ့ အဖွဲ့တစ်ဖွဲ့ က Mr . Wong ဆိုတဲ့ တရုတ် ဂီတပညာရှင်ကြီး ရဲ့တီးဝိုင်းပါ ။ သူတို့က ပန်းသာ ရုပ်ရှင် စတူဒီယိုမှာ အသံသွင်းလေ့ ရှိပါတယ် ။
မေမြို့ တင်ကို ဆိုတဲ့ ပုဂ္ဂို လ်တစ်ယောက်လည်း မြန်မာပြည်ရဲ့ Rock ဂီတ လမ်းဖောက်သူတွေထဲမှာ ပါပါ တယ် ။ သူ့ အလှည့် ရုပ်ရှင် ရဲ့ဇာတ်ဝင်တေးဟာ ၁ဝဝ % ရော့ခ် အမျိုးအစားပါ ။





သမန်းကျားကိုမြင့်လည်း ... ဟိုးရှေ့ နားက တဲကုတ် × ဆက်းရဲ မရွှေတုတ် .... ဆိုတဲ့ ပဲပြု တ် သီချ င်း နဲ့ Rock ရေစီးကြောင်းထဲ အစောပိုင်း ကာလ ကတည်းက မျောပါ ခဲ့ဖူးပါတယ် ။ ပလေးဘွို င် ထက်တောင် စော ပါတယ် ။ 

အကော်ဒီယံ အုန်းကျော် ရဲ့ ကော်ပီ သီချ င်းတစ်ချို့ ပေါ်လာတယ် ။ မရှေး မနှောင်း တက္ကသိုလ် ထွန်းနောင်ရဲ့ မာမီရယ် ရှာပေးကွယ် ၊ လှည်းဘီး မျ က်မှန် သီချ င်းတွေ ခေတ်စားလာတယ် ။ ရောခ့် အမျိုးအစား အဖြစ် သတ်မှတ်လို့ ရပါတယ် ။

ခုနှစ်ဆယ် ခုနှစ်မှာပဲ လားရှိုးသိန်းအောင် ပေါ်လာတယ် ။ ဒါပေမယ့် သူ့ သီချ င်းတွေက pop အမျိုး အစားတွေ.... ။ ( လားရှိုး သိန်းအောင် သီချ င်းတွေကို ပလေးဘွို င် တီးပေးတယ် ထင်တယ် ၊ Lead သိန်း တန်တောင် မဟုတ်သေး ၊ ကိုကျော်မင်း lead တီးနေစဉ် ကတဲ့ ။ ) 



လားရှိုး သိန်းအောင် နဲ့ ၂လ ၊ ၃လ အကွာမှာ တက္ကသိုလ်အေးမောင် က တေးစု တစ်ခု ထုတ်တယ် ။ ရာနှုန်းပြည့် ရော့ခ် စစ်စစ်တွေ .... ။ မရှေး မနှောင်း မင်းမင်းလတ် က အပေါ်ထပ်နဲ့အောက်ထပ် ဇာတ်လမ်း သွင်း တယ် ။ သူ့ကျ တော့ Heavy Metal ပုံစံဖြစ်သွားပြီ ။ Rock ထက်တောင် ခေတ်လွန် သွားတယ် ။ မင်း မင်း လတ် နဲ့ တစ်ချိ န်တည်းလောက်မှာပဲ ပလေးဘွို င်သန်းနိုင် တို့က ညမွှေးပန်းတေးစု ကြိုးစားနေပါပြီ ၊ ရော့ခ် အမျိုးအစား စစ်စစ်တွေပါ ။

ခေတ်ဦး ရော့ခ် ဂီတ စတင်ခဲ့သူတွေထဲမှာ ဘိုဘိုဟန် လည်း ပါပါတယ် ။ ပလေးဘွို င် ထက်တောင် စော ပါတယ် ။ ခြောက်ဆယ့်ကိုး ၊ ရဝ လောက်မှာ မဂိုလမ်း ( မောင်ထော်လေးလမ်း ) ထဲက တေးသံသွင်း ဆိုင် တစ် ဆိုင်မှာ တေးရေး ကိုလေးလွင် နဲ့ ကိုသန်းနိုင် မမျှော်လင့်ပဲတွေ့တယ် ၊ ကိုလေးလွင် က ကိုဇော့် အတွက် ရေးလာတဲ့သီချ င်း စာသားတွေပြတယ် ။ 

ကိုသန်းနိုင် ဖတ်ကြည့်ပြီး ကြို က်သွားတယ် ။ သူ့ အတွက် လည်း ရေးပေးဖို့ အလုပ် အပ်တယ် ။ အဲသည်မှာတင် " ဒီလို ဒီလိုပါကွယ် " သီချ င်း ရေးဖြစ်သွားတယ် ။ ရေးခ ၁၅ ကျ ပ် ချီးမြှင့်ရပါတယ် ။

သည်အချိ န်မှာ ပလေးဘွို င် အတီးသမားတွေက lead သိန်းတန် ၊ Bass တော်မီ ၊ ရစ်သမ် ဘရက်တီပက်ဒီ ... ဖြစ်နေပါပြီ ။

အဲသည် အချိ န်က Rock အမျိုးအစားနဲ့ လူကြို က်များသွားသူ က မင်းမင်းလတ် ၊ သူပြီးတော့ တက္က သိုလ်အေးမောင် ၊ ပြီးမှ ပလေးဘွို င် အဖွဲ့ ...... ။
ကိုယ်စီ ကိုယ်စီ ကြိုးစား အားထုတ် ခဲ့ကြသူတွေမို့ ခေတ်ပြို င်တွေ ပါပဲလို့ ဦးသန်းနိုင်က မှတ်ချ က်ချ ပါ တယ် ။


စာညွှန်း ။ ။ နံနက်ခင်းဂျာနယ်
( ပလေးဘွို င် သန်းနိုင် အင်တာဗျူး )


1 comment:

  1. ဖတ်ရတာ ၇၀ ခုကိုပြန်ရောက်သွားပါတယ်။ အဲဒီအချိန်ကအင်းယားလိပ်မှာနာမယ်တက်နေခဲ့တာဒိုမီနိုမူစာရှိပါသေးတယ်။ ဂီတာကိုကျောမှာပြောင်းပြန်လွယ်တီးနိုင်တဲ့လူပါ။ ကိုမင်းမင်းလတ်က 'ဂီတာတီးနည်း' နဲ့ 'လမ်းပေါ်မှဝေါဟာရများ' ဆိုတဲ့စာအုပ်ကိုရေးခဲ့ပါသေးတယ်။ သူအဆိုတော်မဖြစ်ခင်ကလည်းအင်္ဂလိပ်သီချင်းအသစ်တွေကိုစာအုပ်တွေထုတ်ခဲ့ပါသေးတယ်။ နောက်ပြီး Local Talents မှာခေတ်စားနေသူတစ်ဦးက The Saints က (ကို)ရစ်ချတ်ခင်ပါဘဲ။ ကို Victor ခင်ညိုအဲဒီတုန်းက Molly သီချင်းတစ်ပုဒ်ထဲနဲ့ထိန်းထားနိုင်တဲ့ခေတ်ပါ။ ပလေးဘွိုင်းတွေတက္ကသိုလ်ရွှေရတုသဘင်မှာသီချင်းတစ်ပုဒ်တစ်မတ်နဲ့စတက်ခဲ့ကြတာပါ။ အဲဒီတုန်းကလက်ဘက်ရည်တစ်ခွက်တစ်မတ်ပါ။ အဲဒီအချိန်တွေပျော်စရာလည်းကောင်းပါတယ်။ ဂီတာဆိုင်ဆိုလို့ကျင်မောင်နဲ့ကျင်စုဘဲရှိပါတယ်။ တော်တော်ကိုကောင်းတဲ့ဂီတာတွေပါ။ အဲဒီတုန်းကမစ္စတာဝေါင်းကလွစ္စလမ်းအောက်ပိုင်းမှာ Music ကျောင်းဖွင့်နေပြီထင်ပါတယ်။

    ReplyDelete