Monday, March 28, 2016

မွေးရပ်မြေ ကို လွမ်းနေ တဲ့ ဟန်သီ





နယူးယောက် မှာ ပညာ သင်ယူနေတဲ့ အလှမယ်လေး ဟန်သီ ကတော့ ပညာတွေ သင်ယူ ရင်း မွေးရပ်မြေ ကိုလည်း လွမ်းနေတယ်လို့ ဆိုပါတယ်။ ချစ်တဲ့ ပရိသတ်တွေ မိသားစု ဆွေမျိုး မိတ်ဆွေရှိနေ တဲ့ မြန်မာနိုင်ငံ ကို လွမ်းနေပေမယ့်လည်း ပျော်ရာမှာ မနေ တော်ရာမှာနေရ၏ ဆိုတဲ့ ဆိုရိုး အတိုင်း ဟိုမှာဘဲ ကြိုးစားပြီး ပညာ သင်ယူနေတယ် လို့ သူမ က ပြောပါတယ်။

 

"လူမျိုးခြား ဆရာ ဆရာမတွေ အတန်းဖော် သူငယ်ချင်းတွေ ကိုယ့် အတွက်ကြောင့် ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး နာမည် မပျက်အောင် အစစ အရာရာ သတိထားပြီးနေရမယ် လို့ မေမေက လည်း အမြဲဆုံးမ သတိပေးပါ တယ်။

 ကျောင်း အတွက် ကြောငြာ ရိုက်ပြီး ကတည်းက တစ်ကျောင်းလုံး က  ဟန်သီ ကို ပို သတိပြုမိလာကြတယ်။ အခုမေမေ က Visa ပြည့်လို့ ပြန်သွားတော့ ဟန်သီ ကိုယ်တိုင် ချက်ပြုတ် လျှော်ဖွပ် သန့်ရှင်းရေးလုပ်ရတော့ ကိုယ့်ကို ကိုယ် လူကြီး တစ်ယောက်လို ခံစားရတယ်။ 

သွားလာတဲ့ အခါလည်း ပိုပြီး သတိထားပါတယ်။ ဟန်သီ အမြဲတမ်း သကြားလုံး မုန့်ဆောင် ထားပြီး တွေ့တဲ့ သူတွေ ကို နှုတ်ဆက်ပြီး ကျွေးလို့ ချစ်စရာကောင်းလို့ ဟန်သီ ကို Candy girl လို့ခေါ်ကြတယ်။ "လို့ သူမ က ဆိုပါတယ်။





မြန်မာနိုင်ငံ အလှမယ် ဟန်သီ ကို ဝါရှင်တန်ဒီစီ က DVB အသံလွှင့် ဌာန ကလည်း အင်တာဗျူးတွေမေးပြီး ထုတ်လွှင့်ပေး သလို အမေရိက က ထုတ်ဝေတဲ့ မြန်မာသတင်းစာ ကလည်း ဟန်သီ ကို ဂုဏ်ပြုတဲ့ သတင်းလေးတွေ ထည့်ပေးနေတာကိုလည်း တွေ့ရပါတယ်။ 

တစ်နှစ် မှာ တစ်ခါ ကျရောက်တဲ့ မြန်မာ့ ရိုးရာ သင်္ကြန်ပွဲ ကို ပြန်လာချင်ပေမယ့်လည်း အရေးကြီးတဲ့ အတန်းတွေ နဲ့ ရူတင်တွေ ရှိနေတာကြောင့်  မြန်မာနိုင်ငံ ကို ပြန်မလာဖြစ်တော့ဘူးလို့ သိရပါတယ်။

 http://www.duwun.com.mm/entertainment/-id4853672.html





No comments:

Post a Comment