Monday, March 28, 2016

ကိုရဲလွင် ရဲ့ ခရမ်းပြာ ည

 


မဇ္ဈိမလှိုင်းနှင့် ပန်း ရဲ့လမ်း အဖွဲ့မှ အဆိုတော် ကိုရဲလွင် ၏ ဂီတ သက်တမ်းနှစ် (၅၀)ပြည့် အမှတ်တရ ‘ခရမ်းပြာ ဘ၀  ခရမ်း ပြာ ည’ ဖျော်ဖြေပွဲသို့ ပရိသတ်များ အပါ အ၀င် နိုင်ငံရေး အဖွဲ့အစည်း များ မှ ခေါင်းဆောင်များ တက် ရောက်အားပေးခဲ့ကြသည်။
 
ယင်းဖျော်ဖြေပွဲ ကို မတ်လ ၂၆ ရက် က ပြည်သူ့ ရင်ပြင်ရှိ ဖျော်ဖြေရေး ကွင်း၌ ပြုလုပ်ခဲ့ပြီး ပရိသတ် များက ကွင်းလုံးပြည့် လာရောက် အားပေးခဲ့ကြသည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦး ကိုယ်တိုင် တက်ရောက် အားပေးခဲ့ သကဲ့သို့ နိုင်ငံရေး အဖွဲ့အစည်းများမှ ခေါင်းဆော င်များ လာရောက်အားပေးခဲ့ ကြသည်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေး နှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ကိုမင်းကိုနိုင် က ဖျော်ဖြေပွဲမြင် ကွင်းကို စင်ပေါ်တွင် ထိုင်၍ ပန်းချီ ဆွဲသကဲ့သို့ ကျော်သူ ကလည်း ဦးရဲလွင် အတွက် ဂုဏ်ပြု ကဗျာကို ရွတ်ဆိုပေး ခဲ့သည်။ 

ကဗျာ ရွတ်ဆို ပြီးချိန် တွင် ဦးရဲလွင် အတွက် အမေရိကန်နိုင်ငံ မှ    ပေးလိုက် သည့် လက်ဆောင် ကောင်း ဘွိုင် ဦးထုပ် ကို ကိုမင်းကျော်ခိုင် ဆိုသူ က ပေးအပ်ခဲ့သည်။


 
အဆိုပါဖျော်ဖြေပွဲ တွင် ကိုရဲလွင် က သီချင်းခြောက်ပုဒ် သီဆို ပေးခဲ့ပြီး ဧည့်သည် အဆိုရှင်များ အဖြစ်  စိုးပိုင်၊ ကို နေ၀င်း၊  ဂျေ မောင်မောင်၊ ကိုင်ဇာ၊ မွန်းအောင် တို့ အပါအ၀င် အခြား အဆိုတော် များကလည်း ပါဝင်ဖျော်ဖြေပေးခဲ့ ကြသည်။

အဆိုတော် စိုးပိုင် ၏ ဖျော် ဖြေမှု အစီအစဉ်တွင် အသံဝင်နေ သောကြောင့်ဟု ဆိုကာ ပရိသတ် များအား အကြိမ်ကြိမ် တောင်းပန် စကားပြော၍    ဖျော်ဖြေပေးခဲ့ သည်။    

ယင်းဖျော်ဖြေပွဲတွင် အမှတ်တရ အင်္ကျီများရောင်းချ ခြင်း၊ ပန်းချီကား များရောင်းချ ခြင်းနှင့် အလှူငွေများ လည်း ကောက်ခံ ခဲ့ပြီး ရရှိလာသည့် အ လှူငွေအားလုံး ကို ဒေါ်ဖြူဖြူသင်း ၏ HIV ဂေဟာ အတွက် လှူဒါန်း မည်ဖြစ်သည်။


 http://7daydaily.com/story/61472

No comments:

Post a Comment