Tuesday, March 22, 2016

Instagram စာမျက်နှာ ၌ ကြည့်ရှုသူ အများဆုံး အနုပညာရှင်အဖြစ် ရပ်တည်ခဲ့သည့် ပေါ့ပ်ငွေကြယ်ပွင့် ဆလီနာဂိုးမက်ဇ်

 မြ၀တီ's photo.



လန်ဒန် မတ် ၂ဝ
ပေါ့ပ်ငွေကြယ်ပွင့် ဆလီနာဂိုးမက်ဇ်သည် အောင်မြင်ကျော်ကြားသည့် အနုပညာရှင် အဖြစ် ရပ်တည်နိုင်ရန် ဂီတ အသိုင်း အဝိုင်း များနှင့် လူမှုရေး သတင်း ဝက်ဘ်ဆိုက်များ က မည်သို့ ကူညီပေးခဲ့ကြောင်း ထုတ်ဖော်ပြောကြား ခဲ့သည်။

ဆလီနာသည် အသက် ခုနစ်နှစ် အရွယ် က TV show Barney & Friends အစီအစဉ် တွင် ပထမဆုံး အကြိမ် ပါဝင် ခဲ့ပြီးနောက် အသက် ၁၄ နှစ် အရွယ်တွင် ဒစ္စနေး ရုပ်သံ ၏ Wizards of Waverly Place အစီအစဉ် တွင် ပါဝင် သရုပ်ဆောင်ကာ အဲလက်ရှုဆို အမည်ဖြင့် လူသိများ လာခဲ့သူ တစ်ဦးဖြစ်သည်။

ယင်းနောက် ၎င်းသည် ရုပ်သံက ရိုက်ကူးသည့် ဖက်ရှင် ကဏ္ဍ၊ ဇာတ်လမ်း များနှင့် တေးဂီတ အစီအစဉ် တို့တွင် ဆလီနာဂိုးမက်ဇ် အမည်ဖြင့် ဆက်လက် ပါဝင် ရိုက်ကူး ခဲ့ရာမှ ဂီတလောကနှင့် လူမှု ဝက်ဘ်ဆိုက် များ၌ နာမည် ကျော်လာခဲ့ခြင်း ဖြစ်သည်။


 
ယခု အခါ သူမ သည် Instagram စာမျက်နှာ ၌ လည်း ကြည့်ရှုသူ အများဆုံး အနုပညာ ရှင် အဖြစ် ရပ်တည် ခဲ့ကြောင်း သိရသည်။ 

ဆလီနာ သည် အဆိုပါ ထုတ်ဖော်ပြောကြားချက် ကို လန်ဒန်မြို့ ရှိ BBC Radio 1 အသံလွှင့် အစီအစဉ် တစ်ခု တွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။


 မြ၀တီ

No comments:

Post a Comment