Saturday, April 9, 2016

မြွေဟောက်ကိုက်ပေမယ့် သီချင်းပြီးသည် အထိ ဖျော်ဖြေပြီး အသက် ဆုံးရှုံးသွားသော အဆိုတော်




 
အင်ဒိုနီးရှားနိုင်ငံ အနောက် ဂျာဗား က ဖျော်ဖြေပွဲ တစ်ခုမှာ အမျိုးသမီး အဆိုတော် တစ်ဦး ဟာ ဖျော်ဖြေနေ စဉ် မြွေဟောက် ကိုက်ခံရပေမယ့် သီချင်း ပြီးဆုံးအောင် သီဆိုပြီးနောက် အသက် ဆုံးရှုံးသွားပါတယ်။

ဧပြီ ၃ ရက် က မြွေတွေ နဲ့ ကပြရာ မှာ နာမည်ကြီး တဲ့ အိုင်မာဘူလီ က သီဆိုဖျော်ဖြေဖို့ အဆိပ် မထုတ် ထားတဲ့ မြွေဟောက် ဘုရင် ကို ခေါ်ဆောင်ခဲ့ပါတယ်။

ဖျော်ဖြေနေစဉ် မှာ မြွေ ရဲ့ အမြီး ကို နင်းမိပြီး မြွေ က အိုင်မာ ရဲ့ ပေါင် ကို ကိုက်ခဲ့တယ် လို့ အင်ဒိုနီးရှား သတင်းတွေ က ရေးပါတယ်။



 
 
 
မြွေကိုက် ခံရပြီးတဲ့နောက် မှာတော့ တစ်စုံ တစ်ရာ ကုသ မခံဘဲ ၄၅ မိနစ်ကြာ ဖျော်ဖြေမှု ကို ဆက်လက် လုပ်ဆောင်ခဲ့ပါတယ်။

ဖျော်ဖြေမှု အပြီး ဆေးရုံကို  ရောက်ရှိရာမှာတော့ အိုင်မာ က သေဆုံးသွားတယ် လို့ ဆိုပါတယ်။


 
 
 
DVB
http://www.lwinpyin.com/2016/04/blog-post_54.html
 
 
 


No comments:

Post a Comment