Tuesday, March 22, 2016

အနုပညာ အလုပ် ကို ဖြည်းဖြည်း မှန်မှန် နဲ့ လှေကားထစ် လို တက်ခဲ့တယ် ဆိုတဲ့ ကေကေမိုးမြင့်နှင့် တွေ့ဆုံခြင်း

မြ၀တီ's photo.

ပင်လယ်ထက် က နေ၀န်းနီ ရုပ်ရှင် ဇာတ်ကားနှင့် ကြိုးကြာတောင်ပံ ခတ်သံ ရုပ်ရှင်ကား တို့တွင် ပါဝင် သရုပ်ဆောင် ခဲ့သည့် သရုပ်ဆောင် ကေကေမိုးမြင့်နှင့် တွေ့ဆုံခိုက် သူမ ၏ အနုပညာ လှုပ်ရှားမှုနှင့် ပတ်သက်၍ မေးမြန်းဖြစ် ခဲ့ပုံ ကို ဖော်ပြလိုက်ပါသည်။

ညီမ ရဲ့ လတ်တလော အနုပညာ လှုပ်ရှားမှု အကြောင်း ပြောပြပေးပါဦး။
လတ်တလော ဒီရက်ပိုင်း မှာ ရိုက်ထားတဲ့ ကားတွေ တည်းဖြတ်နေတာ ကို သွားကြည့် တာပဲ ရှိပါတယ်။ အသစ် ထပ်ရိုက်နေတာတော့ မရှိသေးပါဘူး။ ဟိုတစ်လော က အိမ်မဲ မှာ ဇာတ်ကားနှစ်ကား ရိုက်ခဲ့တယ်။

အိမ်မဲ မှာ ရိုက်ခဲ့တဲ့ ဇာတ်ကားနှစ်ကား က ဘယ်လို ဇာတ်ကား မျိုးလဲ ဆိုတာ ပြောပြပေးပါဦး။
ကေကေ အဲဒီ ဇာတ်ကား ကို အိမ်မဲ ရွာသစ်ကျေးရွာ မှာ ရိုက်ခဲ့ တာပါ။ ကျောင်းဆရာမလေး အနေ နဲ့ ဇာတ်ကား တစ်ကား၊ အချစ်(ဒရာမာ) ဇာတ်ကား တစ်ကား ပါ။ 

 ကျောင်းဆရာမလေး အနေ နဲ့ ရိုက်ခဲ့တာ က ရွာချစ် ငဘ ဆိုတဲ့ ဇာတ်ကား ပါ။ နောက် တစ်ကား က ရေစက်ချ လို့ ပြီးပါပြီ ဆိုတဲ့ ဇာတ်ကားလေးပါ။

ညီမ ရဲ့ ဒီ အနုပညာ လုပ်ငန်း မှာ ဖြတ်သန်း ခဲ့ရတဲ့ အကြောင်းလေး ပြောပြပေးပါဦး။
ကေကေ ၂ဝဝ၆ ခုနှစ် ရန်ကုန်တိုင်း ဒေသကြီးမှာ ပြိုင်တဲ့ ကာယ အလှမယ် ပြိုင်ပွဲမှာ ပထမဆု ရခဲ့ပါတယ်။ အဲဒီက စပြီး ကာယ အလှမယ် လုပ်တယ်။ ပြီးတော့ Studio-35 ရဲ့ ရုပ်ရှင် သရုပ်ဆောင် ရွေးချယ်ပွဲ မှာ သရုပ်ဆောင် သင်တန်း တက်ခွင့် ရပြီး ပင်လယ်ထက် က နေဝန်းနီ ဆိုတဲ့ ဇာတ်ကားကြီးမှာ ပါဝင် သရုပ်ဆောင် ခွင့် ရခဲ့ပါတယ်။ အဲဒီ ဇာတ်ကားကြီးက အကယ်ဒမီ ငါးဆုရခဲ့တယ်။ အဲဒီကနေ စပြီး အနုပညာ လောကထဲ ဝင်ဖြစ်ခဲ့တာပါ။


ရိုက်ကူး ခဲ့တဲ့ ဗီဒီယို နဲ့ ရုပ်ရှင် ဇာတ်ကားပေါင်း ဘယ်လောက်ရှိပြီလဲ သိပါရစေ။
အခုဆို ကေကေ ရိုက်ခဲ့ရတဲ့ ဗီဒီယို ဇာတ်ကားပေါင်း ၇ဝ ရှိပါပြီ။ ရုပ်ရှင်ဇာတ်ကား က ၂ဝ ရှိပါပြီ။ အဓိက ဇာတ်ဆောင်နေ ရာ ကနေ ပါဝင် သရုပ်ဆောင်တဲ့ ကားတွေ လည်း အများကြီး ရှိပါပြီ။ အဓိက ဇာတ်ပို့နေရာ က သရုပ်ဆောင်ခဲ့တာ က ပင်လယ်ထက် က နေဝန်းနီ နဲ့ ကြိုးကြာတောင်ပံ ခတ်သံတို့ ဖြစ်ပါတယ်။

ညီမ အနေနဲ့ အနုပညာ သက်တမ်း တစ်လျှောက် မှာ အမှတ်တရ ဖြစ်စေမယ့် အကြောင်းအရာတွေ ရှိခဲ့ရင် ပြောပြပေး ပါဦး။
ကေကေ က ရွှေပုပ္ပား ဘဘ ဦးအုန်းခိုင် ရဲ့ အနုပညာ သင်တန်း မှာ သင်တန်းမှူး အနေနဲ့ ပါဝင် ကူညီပေး ခဲ့တယ်။ အဲဒီ ကနေ ဦးမောင် တို့က ကေကေ့ ကို ရွေးချယ်ပြီး ကြိုးကြာတောင်ပံခတ်သံ ဇာတ်ကား မှာ ပါဝင်စေ ခဲ့တယ်။ ပင်လယ် ထက်ကနေဝန်းနီ ရုပ်ရှင်ဇာတ်ကား က အရင်ရိုက်တယ်။ 

ကြိုးကြာတောင်ပံ ခတ်သံ ရုပ်ရှင်ဇာတ်ကား က နောက်မှ ရိုက်ပြီး အရင် ရုံတင် ဖြစ်သွားတယ်။ ဒီ ဇာတ်ကား က ချင်းတောင်တန်း မှာ သွားရိုက်တာ။ ကေကေ က အဲဒီ ဇာတ်ကား  ချင်း သူနာပြု  ဆရာမလေး အဖြစ်နဲ့ သရုပ်ဆောင်တာပါ။ 

ချင်းသံ ဝဲဝဲလေး နဲ့ သရုပ်ဆောင် ရတယ်။ ကေကေ့ အနေနဲ့ ဘာသာ စကား ကို အကောင်းဆုံးဖြစ်အောင်၊ အနီး စပ်ဆုံး တိုင်းရင်းသား အသံဖြစ်အောင် သရုပ် ဆောင်ရတယ်။ 

ခရီးကြမ်းတွေ၊ တောင်ပေါ်တောင်အောက် ဆင်းရ တက်ရတဲ့ ဒီလို ပင်ပင် ပန်းပန်း နဲ့ ရိုက်ခဲ့တဲ့ ချင်းတောင် တန်း ရဲ့ ပြကွက်တွေ မှာ ကိုယ့် ရုပ်ပုံတွေ ပြန်တွေ့ရတော့ ဂုဏ်ယူ စရာလည်း ဖြစ်ခဲ့ပါတယ်။

ဒီနှစ် သင်္ကြန် ဘယ်လို အစီအစဉ် တွေရှိလဲ ပြောပြပေးပါဦး။
ဒီနှစ် သင်္ကြန် ကတော့ တောင်ကြီး ရန်ကုန် တစ်နေရာရာ မှာ ရှိပါမယ်။ သင်္ကြန် ကတော့ ဖျော်ဖြေ ရင်း နဲ့ ဖြတ် သန်းဖြစ်တာ များတယ်။

 ကေကေ က ဂီတ ဘက်မှာရော ဝါသနာပါလား။
ကေကေ က အဆို ဘက်မှာလည်း ဝါသနာပါတယ်။ ကိုယ်ပိုင်တေးစီးရီး ထုတ်နိုင်အောင်လည်း ကြိုးစား ချင် တယ်။ ဆိုဖူးတာ က တေးရေးနောင်နောင် (Sun Flower) ရေးတဲ့ သီချင်း နဲ့ Group ခွေ ထုတ်ဖူးတယ်။ 

ကွယ်လွန်သွားပြီ ဖြစ်တဲ့ ဒါရိုက်တာ ဦးတင်သန်းဦး ရေးပေး ခဲ့တဲ့ သီချင်း သုံးပုဒ် ဆိုဖူးပါတယ်။ ဝမ်းသာ စရာ က မြဝတီ ရုပ်မြင် သံကြားမှာ သွားရိုက် ထားတဲ့ ဝေလင်းထွဋ် (ညမွှေးပန်း) ရေးထား တဲ့ ဒီကမ္ဘာကြီး က လှနေဆဲပါ ဆိုတဲ့ နိုင်ငံ့ အကျိုးပြု သီချင်းလေးပေါ့။ အဲဒီ သီချင်း ကေကေမိုးမြင့် ဆိုတဲ့ အမည်နဲ့ မြန်မာ့အသံ မှာ ဓာတ်ပြား ရသွားပါပြီ။

ညီမ အနေနဲ့ ပရိသတ်တွေ ကို စကား လက်ဆောင် ပြောပေးပါဦး။
ကေကေ့ ကို အားပေးတဲ့ ပရိသတ် အားလုံးကို ကျေးဇူး တင်ပါတယ်။ ကေကေ့ ကို ဆက်ပြီးအားပေးကြပါဦး။ သင်္ကြန် ပြီးရင်လည်း မြစ်ကြီးနား မှာ ရုပ်ရှင် ဇာတ်ကား နဲ့ ဗီဒီယို ရိုက်ဖို့ရှိတယ်။ ကေကေ က အနုပညာ အလုပ် ကို ဖြည်းဖြည်း မှန်မှန် နဲ့ လှေကားထစ် လို တက်ခဲ့တာပါ။ 

ကိုယ်ဖြစ်ချင်တဲ့ အနုပညာ ကို ပန်းတိုင် တစ်ခု ရောက်အောင် လုပ်မယ်။ ကေကေ ဒီ့ထက်ကြိုးစား သွားပါမယ် လို့ ပြောချင်ပါတယ်။ အတွေ့အကြုံတွေ က အများကြီးပါပဲ။



မြ၀တီ

 

No comments:

Post a Comment