Monday, March 28, 2016

ဘန်အက်ဖလက် ရဲ့ တက်တူး ကို ကြွေသွား တဲ့ ဂျနီဖာလိုပက်





ရည်းစားဟောင်း ရဲ့ ကျောပြင်က တက်တူး ကို ဂျနီဖာလိုပက် တစ်ယောက် ခိုက်သွားပါတယ်။ လင်းနို့ လူသား ဇာတ်လိုက်ကျော် မင်းသား ဘန်အက်ဖလက် ရဲ့ ကျောပြင် မှာ လှပပြီး အရောင် စုံတဲ့ ဇာမဏီ ငှက်ပုံ တက်တူးရေးထိုး ထားတာဖြစ်ပါတယ်။



ဘန် ရဲ့ တက်တူး နဲ့ ပတ်သက်ပြီး "အဲ့ဒါ အရမ်းလန်းတာပဲ၊ သူ့ရဲ့တက်တူးတွေ မှာ အမြဲတမ်း လိုလို အရောင်တွေ စုံအောင်ခြယ်ထားလေ့ ရှိတယ်။ ဒါကတော့ အရောင်စုံတာ မဟုတ်ဘဲ အရမ်းမိုက်တာပါ" လို့ Watch What Happens Live အစီအစဉ် မှာ ပြောသွားခဲ့တာပါ။ 






ဂျေလို နဲ့ ဘန် တို့ဟာ ၂၀၀၂ ခုနှစ် က Gigli ဇာတ်ကား မှာ ဆုံတွေ့ပြီးနောက် ချစ်ကြိုက် ခဲ့ရာ ကနေ လက်ထပ် ဖို့ အထိ စီစဉ်ခဲ့ကြပေမယ့် ၂၀၀၃ ခုနှစ် နှစ်ကုန်ပိုင်း မှာ လမ်းခွဲ ခဲ့ကြသူတွေ ဖြစ်ပါတယ်။


Source : Extra
 http://www.duwun.com.mm/entertainment/-id4750982.html

No comments:

Post a Comment