Monday, March 28, 2016

လုံခြုံရေးကြောင့် ဘရပ်ဆဲလ်ဖျော်ဖြေပွဲ ကို ဖျက်သိမ်းတဲ့ မာရီယာကာရေး

 


မတ်လ ၂၂ ရက် တွင် ဘယ်လ်ဂျီယံနိုင်ငံ မြို့ တော် ဘရပ်ဆဲလ် ၌ လူ ၃၁ ဦးသေ ဆုံးစေ ခဲ့ပြီး ၂၇၀ ခန့် ဒဏ် ရာရ စေခဲ့သော အကြမ်းဖက် တိုက် ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် လုံ ခြုံရေး စိုးရိမ်မှုများရှိနေစဉ် အမေ ရိကန်ပေါ့စ်စတား မာရီယာကာ ရေး က ဘရပ်ဆဲလ်မြို့ဖျော်ဖြေပွဲ ကို ဖျက်သိမ်းကြောင်း ကြေညာ လိုက်သည်။

မာရီယာကာရေး သည် ၎င်း ၏ Sweet Sweet Fantasy ဥရောပဖျော်ဖြေရေး ခရီးစဉ်တစ် စိတ်တစ်ပိုင်းအဖြစ် မတ်လ ၂၇ ရက်တွင် ဘရပ်ဆဲလ်မြို့ ၌ ဖျော် ဖြေရန် စီစဉ်ထားသည်။ သို့ရာ တွင် လက်ရှိ လုံခြုံရေး အခြေ အ နေ များကြောင့် ဖျော်ဖြေပွဲ  ဖျက် သိမ်းကြောင်း မာရီယာကာရေး က တွစ်တာ စာမျက်နှာမှ တစ်ဆင့် ပြော သည်။

‘‘ကျွန်မ ရဲ့ ဘရပ်ဆဲလ် ပရိ သတ်တွေကို ကျွန်မ ချစ်ပါတယ်။ လက်ရှိ အချိန်မှာ ကျွန်မ ရဲ့ ပရိ သတ်တွေ၊ တီးဝိုင်း အဖွဲ့သားတွေ၊ ပွဲ တာဝန်ရှိသူတွေ နဲ့ လူတိုင်းဘေး အန္တရာယ်ကင်းရှင်းစေဖို့ ကျွန်မ ရဲ့ ဖျော်ဖြေပွဲကို ဖျက်သိမ်း ဖို့ အကြံ ပေးခံရပါတယ်။ 



ဘရပ်ဆဲလ် ပရိသတ်တွေ နဲ့ မကြာခင်မှာ ဆုံ တွေ့ဖို့ မျှော်လင့်ပါတယ်။ ပရိသတ်တွေ အားလုံး အတွက် လည်း ဆုတောင်းမေတ္တာ ပို့သပါ တယ်’’ဟု မာရီယာကာရေး က ၎င်း၏ တွစ်တာ စာမျက်နှာမှ တစ် ဆင့် ပြောကြား ခဲ့သည်။
 
မာရီယာကာရေး ၏ ဖျော် ဖြေရေး ခရီးစဉ် သည် မေလ တွင် တောင်အာဖရိကနိုင်ငံ ဂျိုဟန် နက်စ်ဘတ် အရပ် ၌ အဆုံးသတ် မည်ဖြစ်သည်။


-Ref; AAP
http://7daydaily.com/story/61475
 

No comments:

Post a Comment