Wednesday, March 9, 2016

Toronto K-Pop Con 2106 တွင် ဖျော်ဖြေသွားမည် ဟု GFRIEND ကတိပြုပြော

 


 တောင်ကိုရီးယား အမျိုးသမီး အဆိုတော် အဖွဲ့  GFRIEND အဖွဲ့သည်  Toronto K-Pop Con 2016  တွင် ပါဝင်ဖြေဖျော်သွားမည် ဟု ကတိပြုပြောကြား ခဲ့သည်။

GFRIEND အဖွဲ့သည်  Metro Toronto ကွန်ဗင်ရှင်း စင်တာတွင် မေ ၂၁ ရက် ညနေ ၄ နာရီ အချိန် တွင် ဖျော်ဖြေ သွားမည်ဖြစ်ကြောင်း ပွဲ စီစဉ်သူ  Poo! Goes The World! က ပြောကြားသည်။

ယင်းဖျော်ဖြေမှု သည်  မြောက်အမေရိက တွင်  GFRIEND ၏ ပထမဆုံး အကြိမ် ဖျော်ဖြေပွဲ ဖြစ်လာ မည်ဖြစ် သည်။ GFRIEND အဖွဲ့သည် ပြီးခဲ့သည့်နှစ် က “ Me Gustas Tu” တေးသီချင်းဖြင့် ကျော်ကြားမှု ရရှိ လာပြီးနောက် ပိုင်း ခိုင်မာတောင့်တင်း သည့် အမျိုးသမီး အဆိုတော် အဖွဲ့ဖြစ်လာခဲ့သည် ။ 

မကြာသေးမီ က တေးဂီတ ဇယားတွင် ထိပ်ဆုံးမှ ရပ်တည်ခဲ့သော  “ Rough” တေးသီချင်း ဖြင့် ဆု  ၁၅ ဆု ဆွတ်ခူးနိုင်ခဲ့သည့် အပြင် ခိုင်မာသောနိုင်ငံတကာ ပရိတ်သတ်တွေက ဆွဲဆောင်နိုင်ခဲ့သည်။




လက်မှတ် နှင့် စပ်လျဉ်း ၍ အသေးစိတ် အချက်အလက် များကို မတ်လ ၇ ရက်တွင် ထုတ်လွှင့်သွား မည်ဖြစ်ပြီး Pop! Goes The World အဖွဲ့ဝင်များ အတွက် လက်မှတ် များကို မတ် ၁၁ ရက် အရှေ့ပိုင်း စံတော်ချိန် ညနေ ၅ နာရီ အချိန်တွင် စတင်ရောင်းချပေးသွားမည်။ 

 အများပြည်သူများ အတွက် လက်မှတ် များကို မတ်၁၂ ရက် အရှေ့ပိုင်း စံတော်ချန် ညနေ ၅ နာရီ အချိန်တွင် စတင်ရောင်းချပေးသွားမည်ဖြစ်သည်။ 


ဆိုးလ်၊ မတ် ၅ 
http://mizzimaburmese.com/article/11980
  

No comments:

Post a Comment