Sunday, June 3, 2018

အော်စတင် ( Lead )





( ကို ) အော်စတင်ရဲ့ နာမည် အပြည့်အစုံက အော်စတင် ဇေးဗီးယား ( Austin Xavier ) ပါ ။ လောလောဆယ် ပြည်ပ ( Australia ) မှာ အခြေချ နေထိုင်ပါတယ် ။ ကျ န်းမာရေးလည်း ကောင်းလျှ က် ပါ ၊ သွားဆဲ , လာဆဲ , ဂစ်တာတီးမြဲပါပဲ ။

 မြန်မာပြည်က ပလေးဘွို င်သန်းနိုင် ၊ သိန်းတန် ( မြန်မာပြည် ) ၊ ကျော်နိုင် ( Bass ) တို့ နည်းတူ သန်တုန်း ၊ မြန်တုန်းပါ ။ အော် ... သည်ဂီတ ပညာရှင်ကြီးတွေကျ အိုကံ ကောင်းကြပါလားလို့ မုဒိတာ ဖြစ်ရပါတယ် ။

( ကို ) အော်စတင် ဟာ စတီရီယို လမ်းဖောက်သူတွေထဲမှာ ရှေ့ ဆုံးက ပါခဲ့သူလို့တောင် ဆိုနှိုင်ပါတယ် ။ တက္ကသိုလ် ထွန်းနောင် ရဲ့ ' မာမီရယ် ရှာပေးကွယ် ရီးစားလိုချ င်တယ် ' တေးစု တစ်ပြည်လုံး ဟိုးဟိုး
ကျော်သွားတာနဲ့ အတူ ၊ စတီရီယို ဂီတဆိုတဲ့ မြူးကြွ မြို င်ဆိုင်တဲ့ ဂီတ အမျိုးအစား တစ်ခုလည်း မြန်မာပြည်မှာ မွေးဖွားလာပါတယ် ။

သည်တေးစုကို နောက်ခံ တီးခတ်ပေးတဲ့ တီးဝိုင်းက Aces ပါ ။ ကိုအော်စတင် က Aces ရဲ့ lead ဂစ်တာ သမားပါပဲ ။ Aces ကို ထိန်းကျောင်း ပဲ့ကိုင်သူက ဂီတမှူး ဦးသန်းရွှေပေါ့  ။ ဦးသန်းရွှေ ကို ရန်ကုန်စတူဒီယို အသံသွင်း တစ်ခုမှာ မြင်ဖူးလိုက်ပါတယ် ။ အသားဖြူ ဖြူ , ပိန်ပါးပါး ၊ စကားနည်းပုံရတယ် ,ခပ်ကုပ်ကုပ်ပဲ ။

ဦးသန်းရွှေ ပုံစံကို ပြန်လည်မြင်ယောင်ကြည့်ရင်း ၊ ဆရာမြို့ မငြိမ်းတို့ သက်ရှိ ထင်ရှား ရှိစဉ်ကလည်း သည်လိုနေပုံ ထိုင်ပုံမျိုးပဲ ဖြစ်မှာပဲလို့ လွမ်းမောမိရပါတယ် ။

Aces ဟာ စ, တာထွက် ကတည်းက ( Notes ) ဂီတ သင်္ကေတတွေနဲ့ပဲ သီဆို တီးမှုတ်တယ် ၊ စင်မြင့်
ဖျော်ဖြေပွဲတွေမှာလည်း သင်္ကေတ စာရွက်တွေကြည့်ပြီး တီးခတ်ကြတာပါပဲ ။ အတီးသမားတိုင်းရဲ့ရှေ့ မှာ music stand တွေ ချ ပြီး တီးခတ်ကြတဲ့ သူတို့ပုံစံက သိပ်ခန့်ညားတာပဲ ၊ ဣနြေ္ဒလည်း ရကြတယ် ။

တစ်ခြား ခေတ်ပြိုင်ဝိုင်းတွေက သင်္ကေတ ပညာ လေ့လာဆဲ အချိ န်မှာ ၊ Aces အဖွဲ့သားတွေကတော့ သည်ပညာကို အရည်ကြို သောက်နေပါပြီ ။ ဂီတ ဝါသနာပါသူ လူငယ်တွေကြားမှာလည်း Aces အဖွဲ့သားတွေ ( notes ) ကျွ မ်း ( ကျ င် ) တယ်ဆိုတဲ့ သတင်းစကား ပျံ့ နှံ့ မှုနဲ့အတူ ၊ အထင်ကြီး လေးစား စိတ်တွေပါ တစ်ပါတည်း ဖြစ်ခဲ့ကြပါတယ် ။







Aces တွေ ရေးတဲ့ ဖတ်တဲ့ notes ကို တီထွင်သူကလည်း ဂီတမှူး ဦးသန်းရွှေ လို့ သိရပါတယ် ။ အခု မြန်မာပြည်က တီးဝိုင်း အများစု အသုံးပြု နေတဲ့ 1234 သင်္ကေတတွေဟာ ဦးသန်းရွှေ အားထုတ်ခဲ့ မှုတွေ လို့ ယူဆရပါတယ် ။ ( Play boys တီးဝိုင်း မှာတော့ စန္ဒယား တင်ဝင်းလှိုင်က ပြန်လည်ပို့ချ တယ်လို့ ဆိုပါတယ် ။ )

ပြည်လမ်း အရှေ့ ဖက်က လိပ်ခုံး ဝင်းထဲမှာ ညပိုင်း Aces ဖျော်ဖြေတော့ ထုံးစံအတိုင်း note stand ( သင်္ကေတစာရွက် တင်တဲ့ သံတိုင် ) တွေနဲ့ပေါ့  ခင်ဗျာ ... ။ နွဲ့ယဉ်ဝင်း တို့လို နာမည်ကြီး အဆိုကျော်တွေ ပါဝင်သလို ၊ ဇိမ်ဇမန် တို့လို အားယူဆဲ ကျောင်းသား ဝါသနာရှင်တွေလည်း ပါဝင်ပါတယ် ။

ဇိမ်ဇမန် က သူဆိုမယ့် သီချ င်းရဲ့ ဂီတသင်္ကေတတွေကို အတီးသမားတွေရဲ့ရှေ့ က music stand မှာ တစ်ရွက်ချ င်း လိုက်တင်တယ် ။ ပထမ တစ်ပုဒ်တော့ အဆို ၊ အတီး ချောလို့ပဲ ခင်ဗျ ၊ ဒုတိယ တစ်ပုဒ်မှာ intro အတောဝင်တော့ ကိုအော်စတင် မျ က်မှောင်ကျုံ့ တယ် ၊ရှေ့ ကို နည်းနည်းကိုင်းပြီး note ကို သေ
ချာကြည့်တီးတယ် ။

အဆိုပိုဒ် မဝင်မှီမှာပဲ သူခေါင်းရမ်းပြီးတော့ တီးလက်စကို ရပ်လိုက်ပါတယ် ။ နောက် စာရွက် တစ်ရွက်ကို လှန်ပါတယ် ။ ( စဉ်းစားကြည့်ရတာ notes တွေ မှားနေလို့ ထင်ပါတယ် ။ Aces လို သင်္ကေတကျွ မ်းကျ င် သူတွေအဖို့ မတီးတတ်စရာတော့ မရှိပါဘူး ။ )

Aces ဆိုတာနဲ့ အော်စတင် ၊ အော်စကာ သန်းတင် ( ဒရမ် ) ၊ ဇာလျ န်း ( Bass ) ... ၃ ယောက်တွဲကို ပြေးမြင်မိကြပေမယ့် ၊ တစ်ကယ်တမ်း Aces စတင် ဖွဲ့စည်းစဉ်က ကိုအော်စကာ နဲ့ ကိုဇာလျ န်း တို့ မပါဝင်သေးဘူး ။ သူတို့က ဒုတိယ မျိုးဆက် ... ။ ပထမ မျိုးဆက်က အတီးသမားတွေထဲမှာလည်း ကိုအော်စတင်က လွဲလို့ ဂီတမှူး ဦးသန်းရွှေ ၊ ကိုစိုးအောင် ( ဆက္ကဆိုဖုန်း ) အပါအဝင် အားလုံး ကွယ်လွန်သွားကြပါပြီ ။

ကိုစိုးအောင်ကိုလည်း မြင်ဖူးလိုက်ပါတယ် ၊ အရပ် မနိမ့် မမြင့် , ခပ်ဖိုင့်ဖိုင့် လို့ ထင်ပါတယ် ။ အကြောင်း တစ်ခုကြောင့် Aces နဲ့ ကိုအော်စတင် လမ်းခွဲတယ် ။ The Rays အဖွဲ့ကို ထူထောင်တယ် ။ စောဘွဲ့မှူး လို လက်သံပြောင်မြောက်သူတွေနဲ့ အားဖြည့်တယ် ။ မေဆွိရဲ့ စီးရီးတစ်ခု သူတို့ ဖန်တီးပေးကြတယ် ၊ အဲသည် စီးရီးလည်း အောင်မြင်တာပါပဲ ။

ပရင့်စ် ဘသော် ရဲ့ စီးရီးလည်း လူပြောသူပြော များခဲ့ပါတယ် ။ နောက်ထပ် ကျ နော် မမှတ်မိတဲ့ စီးရီးပေါင်း မြောက်များစွာလည်း The Rays နဲ့ အတူ ကိုအော်စတင် ဦးဆောင် တီးခတ်ခဲ့ပါတယ် ။ ကိုအော်စတင် က အဆိုလည်း ဝါသနာပါတယ် ။ ငယ်နုစဉ်က မြန်မာ့အသံ Local Talent ( ပြည်တွင်း ပါရမီရှင်များ ) ကဏ္ဍမှာ ဝင်နွှဲဖူးတယ် ။

သည်တုန်းက Toney Hendley ( နောင် .. ဘိုဘိုဟန် ) ၊ Victor ခင်ညို ၊ တို့နဲ့အတူ ကိုအော်စတင်လည်း ဗိုလ်သီချ င်းတွေ ဟဲခဲ့ပါတယ် ။ သူတို့နောက်မှာ Joyce ( နောင် ... နွဲ့ယဉ်ဝင်း ) ၊ Marie Connway ( တင်မိုးခိုင် ) ... စသူတို့ မရှေးမနှောင်း အစွမ်းပြကြတာပါ ။

ရှင်ဘုရင်ဖြစ်မယ့်သူဟာ သျှောင်ကလေးနဲ့ ဆိုသလို ၊ ကိုအော်စတင် အပါအဝင် စတီရီယို လမ်းဖောက်ခဲ့ကြသူတွေဟာ အသွေးထဲ ၊ အသားထဲက တစ်ကယ်ကို ဂီတသစ်ကို ချ စ်မြတ်နိုးလို့ ၊ ငယ်နုစဉ် ကတည်းက ကိုယ့်ကိုယ်ကို လေ့ကျ င့်ပျိုးထောင် ခဲ့ကြသူတွေပါ ။

ဂီတဝမ်းစာပြည့်လို့လည်း သူတို့ အနုပညာကို ပရိသတ်က တန်ဖိုးထား နှစ်သက်ကြတာပါ ။ ( မင်းမင်းလတ် ရဲ့ ခွေးဖြူ မ သီချ င်းမှာ ကိုအော်စတင်ရဲ့ ဂစ်တာလက်သံက ရိုးရိုး ရှင်းရှင်းနဲ့ ဆွဲဆောင်မှုရှိခဲ့တာကို ခုထက်ထိ မှတ်မိနေပါတယ် ။ ) ကိုအော်စတင် အပါအဝင် စတီရီယို လမ်းဖောက်သူကြီးတွေဟာ သူတို့ရဲ့ စိတ်ရင်း စေတနာအလျှောက် ခုချိ န်မှာ ကျ န်းကျ န်းမာမာ ၊ ချ မ်းချ မ်းသာသာ ... ။



 




 



 

_______________________________


ACES ( မူလ လူဟောင်းများ )

ဦးသန်းရွှေ ။ ။ ( ဂီတမှူး ) Trumpet 
ကိုစိုးအောင် ။ ။ Saxophone
ကိုဘေဘီး ။ ။ Bass ( Aces အမည်ပေးသူ ၊ )
ကိုစိန်စိန်း ။ ။ ရစ်သမ်ဂစ်တာ
ကိုအော်စတင် ။ ။ Lead
Frank Lwin ။ ။ Drums
( Aces အမည်က ဖဲချ ပ်က spade တစ် ပုံကို ယူတာလို့ ဆိုပါတယ် ။ )


-------------------

ဒုတိယ ACES

ဦးသန်းရွှေ
ကိုစိုးအောင်
ကိုအော်စတင် ။ ။ Lead
အော်စကာသန်းတင် ။ ။ ဒရမ်
ဇာလျ န်း ( Victor Raj ) ။ ။ Bass
ဂျ င်မီတေး > စိုးတင့်သောင်း ။ ။ Organ 
ကျော်မြင့် ။ ။ Percussion
________________________

THE RAYS

အော်စတင် ။ ။ Lead
စောဘွဲ့မှူး ။ ။ 2 nd Lead
ဇော်ဝင်းရှိန် ။ ။ ဒရမ်
မောင်မောင်လွင် ။ ။ KB
ပီတာဇုန် ။ ။ Bass

--------------

The Rays ( ဒုတိယ )

အော်စတင် ။ ။ Lead
Elvis KoKo ။ ။ ?
သိန်းလွင် ။ ။ ?
ဇန်မရ ။ ။ ?
ကိုလူဝိုင်း ။ ။ ဒရမ


--------------------


The Rays ( တတိယ )

အော်စတင် ။ ။ Lead
ကိုကျော်မင်း ။ ။ ?
ကိုကျော်နိုင် ။ ။ Bass
လက်စလီ စိန်ဒွေး ။ ။ KB ( ? )
ကိုလူဝိုင်း ။ ။ ဒရမ် Julu , 2016


Crd; Maung Maung Nee
 

No comments:

Post a Comment