Thursday, March 1, 2018

ဖိုးသမား ရုပ်ရှင် သရုပ်ဆောင်




သူ့ဘဝဟာ အလွန် သနားစရာ ကောင်းပါတယ်။ သူဟာ ၁၉၄၇ ခုနှစ်ဇူလိုင်၂၅ ရက်နေ့မှာ လူလောက ထဲကို ကျော်ဌေး ဆိုတဲ့နာမည်နဲ့ မွေးဖွားလာခဲ့ပါတယ်။ မိခင်ဖြစ်သူဟာ ငယ်စဉ်ကတည်းက ဆင်းဆင်းရဲရဲ သေဆုံးခဲ့ရပြီး ဖခင်ဖြစ်သူဟာ နောက်အိမ်ထောင်နဲ့ တစ်ပင်လဲတစ်ပင်ထူခဲ့ပါသေးတယ်။


ကျောင်းနေစဉ်တစ်လျှောက်လုံး ဖခင်ဆီက မုန့်ဖိုး တစ်ကျပ်တောင်းတိုင်း တစ်မတ်သာ ရခဲ့သူဖြစ်ပြီး " အလကား ကောင် ခွေးဖြစ်မယ့်ကောင် " ရယ်လို့ အမြဲတမ်း နှိမ်ချဆက်ဆံခြင်းကို သူရွံမုန်းနေပါပြီ။

ကိုးတန်းစာမေးပွဲမှာ သူကျရှုံးခဲ့ပြီး အိမ်မပြန်ရဲတာနဲ့ ရေတပ်ထဲမှာ တစ်နှစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။အိမ်ပြေးဘဝနဲ့ ရေတပ်ထဲမှာလည်း မပျော်တဲ့သူဟာ တပ်ကထွက်ပြေးခဲ့ပြီး နတ်တလင်းမှာ ရှိတဲ့ အဒေါ် နဲ့အဆက်အသွယ်ရလို့ ကိုးတန်း စာမေပွဲပြန်ဖြေခိုင်းတာ အောင်သွားပါတယ်။

နောက်ဆုံးဆ ယ်တန်းမတက်တော့ပဲ ရန်ကုန်ကို အဒေါ်ဖြစ်သူမသိအောင် သူငယ်ချင်းနှစ်ယောက်နဲ့အတူ သုံးယောက်သား တက်လာပါတော့တယ် ။  ညအချိန် အိပ်ဖို့နေရာမရှိတဲ့ သူတို့ဟာ လမ်းဘေးမှာရှိတဲ့ ဆိတ်ခြံ တစ်ခြံကို တစ်ညတာ အိပ်စက်ခွင့်တောင်းခံခဲ့ပါတယ်။ ဆိတ်ခြံ ပိုင်ရှင်ကလည်း အိပ်လို့တော့ ရတယ် ဆိတ်ခြံထဲ အိပ်ရမယ် မနက်ဆိတ်ချေးကျုံး ခိုင်းလို့ဆိတ်ချေးကျူံးတဲ့ဘဝနဲ့ စတင်ခဲ့ပါတယ်။

ဒီလိုနဲ့ ငယ်ငယ်ရွယ်ရွယ် အုပ်ထိန်းသူမဲ့နေတဲ့သူဟာ ရန်ကုန်ကြံတောသင်္ချိုင်းမှာ သူတောင်းစားတွေနဲ့ပေါင်း လူဆိုး သူခိုးတွေနဲ့ပေါင်းပြီး ဖဲတွေရိုက် ဘိန်းတွေ ရှုပြီးပျက်စီးချင်တိုင်း ပျက်စီးနေတာပေါ့။
ဒါပေမယ့် စာဖတ်ဝါသနာ နည်းနည်းပါးပါး ရှိတဲ့ သူဟာ တစ်ရက်မှာ မမျှော်လင့်တဲ့သတင်းစာ တစ်စောင် ကိုဖတ်မိလိုက်ပါတယ်။ အဲဒါကတော့ ရုပ်ရှင် သရုပ်ဆောင် သင်တန်းဖြစ်ပါတယ်။ သင်တန်းဟာ အခမဲ့ဖြစ်ပြီး လိုအပ်တဲ့ အချက်အလက်တွေကို တင်ပြပြီးကိုယ်တွေ့စစ်ဆေးခြင်းမှာ သူအောင်မြင်စွာနဲ့ သင်တန်း တက်ခွင့်ရလိုက်ပါတယ်။
 

ရုပ်ရှင်သရုပ်ဆောင် အလွန်ဝါသနာပါလာတဲ့ သူဟာ သင်တန်းဆင်းတော့ ဘယ်သူကများ ကားရိုက်ဖို့လာခေါ်မလဲ စောင့်နေခဲ့တာ ဘယ်သူမှလာမခေါ်ခဲ့ပါဘူး။ နောက်ဆုံးသူ့အဒေါ်ဖြစ်သူရဲ့ အဆက်အသွယ်နဲ့ ရုပ်ရှင်ကားတစ်ကားမှာ ပါဝင်ခွင့်ရပါပြီ။

ဇာတ်လမ်းရိုက်မှာက မန္တလေးမြို့မှာဖြစ်ပြီး လမ်းစရိတ်သူ့မှာ တစ်ပြားတောင်မရှိခဲ့ပါဘူး။ ဒါပေမယ့် ရထား ထွက်ခါနီးမှာ သူ့ကိုရထားပေါ်က လှမ်းခေါ်တဲ့အသံကြားလိုက်ပါတယ်။ အဲဒါကတော့ မန္တလေးမှာရိုက်မယ့် ရုပ်ရှင်ထဲမှာ သူ့အမေနေရာက သရုပ်ဆောင်မယ့်သူပေါ့။

"ဟေ့ကောင်လေး နင်ဘာလုပ်နေတာလဲ ငါတို့ ရုပ်ရှင်ထဲပါမယ့်ကလေးမ ဟုတ်လားလာလေ " ဆိုတော့
" ဗျာ ဟုတ် ကျတော်လမ်းစရိတ်က"
"လာပါ ငါပေးလိုက်မယ် အချိန်မရှိဘူး တက်တက်မြန်မြန်"

မန္တလေးမှာ ဇာတ်လမ်းရိုက်ခါနီးတော့ ဒါရိုက်တာဖြစ်သူက သူ့ကို မင်းသေချာရိုက်နော် မှားရင်ပြန်ရမယ် ဆိုတဲ့အသံလည်းကြားရော သူဟာ လူငယ်ပီပီ ဒေါသထွက်လာခဲ့ပြီး သေချာရိုက်ပြမယ် ဆိုတဲ့စိတ်နဲ့ဇာတ်လမ်းထဲမှာ သူဟာ သူဌေးသား ဆရာဝန်ဖြစ်ပြီး သူ့ချစ်သူကောင်မလေးက ရပ်ကွက်ထဲက ပဲပြုတ် သည်လေးဆိုတော့ မိဘသဘောမတူခိုက်မှာ " မာမီတို့ကလည်းဗျာ လူပဲပုခုံးနှစ်ဘက်ကြားက ခေါင်းပေါက် တာ ------------ " ဆိုတဲ့စကားလုံးတွေဟာ ဒါရိုက်တာကိုသာ မက ပရိတ်သတ်တွေကိုပါ ကြွေစေခဲ့ပါတယ်။
 
ပရိတ်သတ်စတင်လက်ခံခဲ့တဲ့ သူဟာ တတိယမြောက်ဇာတ်ကားရိုက်တော့မယ့် အချိန်မှာ သူအလွန်မက်မောခဲ့ရတဲ့ ငွေတွေ အဆမတန် ဝင်လာခဲ့ပါတယ်။ သူဟာသူ့ရဲ့ငွေတွေကို သုံးပုံပုံခဲ့ပြီး ပထမတစ်ပုံ ကတော့ သူလတ်တလော အဝတ်အစားနဲ့ လိုအပ်တဲ့အရာ ဝယ်မှာဖြစ်ပါတယ်။
ဒုတိယကတော့ သူ့နောင်ရေးအတွက်စုဆောင်းမှာဖြစ်ပြီး တတိယအပုံကတော့ သူအင်မတန်စွဲလန်းနေတဲ့ဘိန်းတွေဝယ်ဖို့ပဲဖြစ်ပါတယ်။ သူဟာ ရုပ်ရှင်ရိုက်ခါနီးမှာ ဟိုလိုလို ဒီလိုလို နဲ့နာရီဝက် သာသာလောက်ပျောက်လေ့ ရှိပါတယ်။ ဒါကိုသတိထားမိတဲ့ မီမီဝင်းရွှေရဲ့ အဖေ ပန်ချီဦးဝင်းဖေ ဟာ သူ ဘိန်းရှုပြီးပြန် လာတော့ ဒိုင်ယာလော့တွေချပြရင်းနဲ့ သူ့ကိုအလကားကောင် ဘိန်းစား ဆိုတဲ့အကြည့်နဲ့ကြည့်နေတာကို သူသတိထားမိပါတယ်။
 
အင်မတန် လေးစားရတဲ့ ဆရာကြီးရဲ့အကြည့်ကို မခံနိုင်တဲ့သူဟာ စိတ်မကောင်းစွာနဲ့အိမ်ကိုပြန်လာပြီး သူစွဲလမ်းနေတဲ့ ဘိန်းတွေကို အားပါးတရ ရှုလိုက်ပါသေးတယ်။ အားရအောင်ရှုပြီးနောက်မှာတော့ ပြတ်ပြီ ဘယ်တော့မှ မလုပ်တော့ဘူးရယ်လို့တွေးပြီး ဘိန်းတွေအားလုံးကိုရေလောင်းအိမ်သာ ထဲကို သွန်ချပြီး ရေလောင်း စွန့်ပစ်ခဲ့ပါတယ်။
 
နောက်နှစ်နာရီကြာမှာတော့ ယင်းတွေ ပြန်ထလာတဲ့သူဟာ ဘိန်းအရသာကို မခံစားရ မနေနိုင်ပဲ နောက်ဆုံးမှာ သူစွန့်ပစ်လိုက်တဲ့ ရေလောင်းအိမ်သာဆီကို ပြန်ရောက်သွားပြီး အိမ်သာခွက်ပေါ်မှာ ကျန်နေတဲ့ တစ်ချို့ဘိန်းတွေကို လက်နဲ့ယူရင်း ပါးစပ်နားရောက်ခါနီးမှာ ဝမ်းနည်းကျေကွဲတဲ့မျက်ရည်တွေ ထွက်ကျလာပါတယ်။
 
ငါ ဒီလိုဘဝကြီးမှာတောင်ရောက်နေပြီလားရှက်စရာကောင်းလိုက်တာ ရအောင်ြဖတ်မယ် ဆိုတဲ့စိတ်နဲ့ဘယ်ဆရာဝန် အကူအညီမှမယူဘယ်သူမှ မသိအောင် ညပေါင်းများစွာ တစ်ယောက်တည်းကြိတ်ခံစား ရင်း ဘိန်းစား ရုပ်ရှင်သရုပ်ဆောင်ဘဝက လွတ်မြောက်ပြီးနောက်ပိုင်းမှာ စိတ်ဓာတ်ပိုင်းဆိုင်ရာ ဇာတ်လမ်း တွေနဲ့ နာမည်ကျော်ခဲ့သူပေါ့။
 

 
သူ့ရဲ့နောက်ဆုံးသော ရုပ်ရှင်ကားကြီးမှာ " ကြိုးတန်း" ဖြစ်ပြီး သူ့အသက်၆၁ နှစ်မှာ သာသနာ့ဘောင်ထဲ ကို ဝင်သွားခဲ့တဲ့ အကယ်ဒမီ ၅ ဆုရှင် ဦးကိတ္ထိသာရ တစ်ဖြင့်လဲ ဦးကျော်ဟိန်းကြီးပေါ့။
 
(သင်ခန်းစာ - ဘယ်လောက်ပဲ အမှားဘက်ကိုရောက်နေပါစေ မိမိသာ အမြင်မှန်ရပါစေ ချက်ချင်း နောက်လှည့်ပြီး မှန်ကန်တဲ့လမ်းကိုလျှောက်ဖို့ ဘယ်တော့မှနောက်မကျတတ်ပါဘူး ။ )
 
ဆရာဇော်ခိုင်ဦး(မန္တလေး)
 

No comments:

Post a Comment