Sunday, July 1, 2018

ယောနိ​သော မနသီကာရ


 

ယောနိ​သော မနသီကာရ ( အသင့်​အတင့်​ နှလုံးသွင်းခြင်း ) .. တဲ့ ။

Myanmar Idol မှာ ခိုင်​ထူး သီချင်း​တွေနဲ့ ယှဉ်​ပြိုင်​​စေ​တော့ ပွဲအပြီး ​ဝေဖန်​သံ​တွေ လျှံထွက်​လာတယ်​ ။ မမီလို့တဲ့ ၊ တစ်ချို့ကလည်း ဒါ​လောက်​ နာမည်​ကြီးတဲ့ အဆို​တော်​ရဲ့မူရင်း မကြားဖူးရ​ကောင်းလား ဆိုတဲ့ ​ဒေါမနဿ တစ်ကယ်​​တော့ ပြိုင်​ပွဲဝင်​ က​လေး​တွေဟာ ဝါသနာရှင်​မျှသာပါ ၊ ​ကြေးစား​တွေ မဟုတ်​ပါ ။

ဝါသနာနဲ့ ပါရမီ အရ သည်​အဆင့်​ထိ တက်​လှမ်းလာတာ ၊ ပြီး​တော့ ခိုင်​ထူး နာမည်​ကြီးတာ ၁၉၈၀ တစ်ဝိုက်​ ... ။ လွန်​ခဲ့တဲ့နှစ်​ ၄၀ ​လောက်​က ပရိသတ်​ အကြိုက်​နဲ့ ဒီ​ခေတ်​လူငယ်​​တွေအကြိုက်​ တူချင်​မှ တူနှိုင်​မယ်​ ။

ကျ​နော်​တို့ အသက်​ ၂၀ အရွယ်​​လောက်​က စိန်​လွင်​ ၊ သန်းနိုင်​ ၊ စိုးပိုင်​ .. ကြိုက်​​နေချိန်​မှာ ပြည်​လှ​ဖေ ၊ ဥသြဘ​သောင်​ ၊ ခင်​​မောင်​ရင့်​ သီချင်း​တွေ လာဖွင့်​ပြရင်​ ကြိုက်​ချင်​မှ ကြိုက်​မိမှာ.. ။ မလွှဲသာလို့ ပြန်​ဆိုပြရရင်​လည်း ပြည်​လှ​ဖေ ၊ ဥသြဘ​သောင်​ ပရိသတ်​က မူရင်း မမီဘူး ၊သီချင်း ပျက်​တယ်​ ၊ လျှာဖျားနဲ့ ဆိုတယ်​ ၊ ရင်​ဘတ်​နဲ့ မဆိုဘူး ... ဘာညာ ​ဝေဖန်​ကြမယ်​ ထင်​တယ်​ ။

ပြီး​တော့ ခိုင်​ထူး သီချင်း​တွေဟာ ခိုင်​ထူး အာ ( ဆိုဟန်​ ) နဲ့ လိုက်​ဖက်​​အောင်​ ​ရေးစပ်​ထားတာမျိုး ဆိုရင်​လည်း ခု​ခေတ်​ လူငယ်​​တွေ အာ ( ​ရေစီး​ကြောင်း ၊ အစားအစာ အာဟာရ ၊ ​သွေး​နှောမှု ) နဲ့ ရာနှုန်းပြည့်​ လိုက်​ဖက်​မှာ မဟုတ်​ဘူး ။ ​ရှေး​တေး​ရေး ဆရာကြီး​တွေဟာ ( စန္ဒယားချစ်​​ဆွေတို့​ ခေတ်​အထိ ) အဆို​တော်​ အာနဲ့ လိုက်​ဖက်​မယ့်​ ​တေးသွားမျိုး ၊ စာသားမျိုး တစ်မင်​ ဖန်​တီး​ရေးဖွဲ့​ပေးတယ်​ ကြားဖူးတယ်​ ။

ဥပမာ ... " သာစည်​က မမြရင်​ " သီချင်း​ရေးတဲ့ ဆရာထာ ဆိုပါစို့ ၊ `` ... ဆရာထာ က သီချင်း​ရေး​ပေး​တော့မယ်​ ဆိုရင်​ သီဆိုမယ့်​ လူရဲ့ ပါးစပ်​ကို ​သေ​သေချာချာ ကြည့်​တာပါ ။

နှုတ်​ခမ်းပါးနဲ့ စကားသွက်​မယ့်​လူလား ၊ နှုတ်​ခမ်း ထူသလား ၊ လျှာ​လေးသလား ၊ အားလုံး ချင့်​ချိန်​ပြီးမှ လိုက်​ဖက်​တဲ့စာသားကို ​ရေး​ပေးတာ ... ´´လို့ လူထု​ဒေါ်အမာ ​ဆောင်းပါး​ရေးဖူးပါတယ်​ ။ ​ရွှေမန်းတင်​​မောင်​နဲ့ စိန်​​အောင်​မင်း တို့ကို သီချင်း​ရေး​ပေးတဲ့အခါ ​ရွှေမန်း အတွက်​ စာသား စိပ်​စိပ်​ ၊ စိန်​​အောင်​မင်း အတွက်​ စာသား ကျဲကျဲ ​ရေး​ပေးရပါသတဲ့ ။

အာစ ၊ လျှာစ ကွာလို့ပါတဲ့ ။ တစ်​ခါ သီချင်း တစ်​ပုဒ်​ထဲကိုပဲ ဝါရင့်​ အဆို​တော်​ကြီး​တွေ ပြန်​ဆိုတာ​တောင်​ မူရင်း မမီတာ​တွေ ရှိတတ်​ပါတယ်​ ။ ဥပမာ ... " မန်းရာပြည့်​ " သီချင်းဟာ မာမာ​အေး အဆိုပထမဆုရ သီချင်း ။ လှ​ကျော်​​နေ ပြန်​လည်​စီစဉ်​တဲ့ စီးရီး တစ်​ခုမှာ ​ဒေါ်မာမာ​အေးပဲ ပြန်​ဆို​တော့ မူရင်း မမီတဲ့အပြင်​ ​ပေါ့ရွှတ်​ရွှတ်​​တောင်​ ဖြစ်​​နေသလိုပါ ။



~ ​ဆောင်းရယ်​ နှင်းရယ်​ ကိုယ့်​ချစ်​သူရယ်​ ... ၊ မူရင်း တွံ​တေးသိန်းတန်​ ။ ဦးဝင်းဦး ပြန်​ဆို​တော့ တွံ​တေး သိန်းတန်​ ကို မမီဘူးလို့ အများစု ဆုံးဖြတ်​ကြတယ်​ ။ ​တေး​ရေးသူ ဦးလှထွဋ် ကိုယ်​တိုင်​လည်း ပြန်​ဆိုဖူး ပါတယ်​ ။ တွံ​တေး​လောက်​ ရသ မ​မြောက်​သလိုပါ ။

ခင်​​မောင်​ရင်​ရဲ့ " နဂါးနီ " ။ သု​မောင်​ ပြန်​ဆို​တော့ မူရင်း ခင်​​မောင်​ရင်​ နားမ​ထောင်​ဖူးလို့ သု​မောင်​ ဆိုဟန်​က ပို​ကောင်းသလား ၊ မူရင်း မမီဘူးလား မ​ပြောတတ်​​ပေမယ့်​ လူကြိုက်​များခဲ့တာ​တော့ မှန်​ပါတယ်​ ။

တစ်ချို့သီချင်း​တွေ ကျ​တော့လည်း ​နောက်​မျိုးဆက်​​တွေ ပြန်​ဆို​တော့ တစ်မျိုး​ကောင်းပြန်​​ရော ။ အရှိုက်​အငင်​​တွေ သိပ်​မထည့်​တဲ့ ​ခေတ်​​ပေါ်ဆိုနည်း ( rhythm အားပြု ဆိုနည်း ) နဲ့ သီဆို​တော့ ​ခေတ်​လူငယ်​​တွေ ( လူလတ်​ပိုင်း မိမိတို့ အပါအဝင်​ ) နားထဲ ​လျှောခနဲ ဝင်​ပြီး အကြိုက်​​တွေ့ကြတယ်​ ။
( ကိုမင်း​နောင်​ ၊ မာမာ​အေး ၊ တင်​တင်​မြ တို့ ဆိုနည်းက melody အားပြုဆိုနည်း ) ။

ဥပမာ ...
~ စုံ​တောမြိုင်​ ( မြန်​မာပြည်​သိန်းတန်​ ) ၊
~ ချမ်း​မြေ့ပါ​စေ ( မာမာ​အေး ၊ နီနီဝင်း​ရွှေ ၊ စိုးစန္ဒာထွန်း ... ၊ တစ်မျိုးစီ ​ကောင်း ) ၊
~ မုန်းရစ်​​လေဦး ( ကိုမင်း​နောင်​ ၊ စန္ဒယားလှထွတ်​ ၊ လွှမ်းမိုး ... ၊ တစ်မျိုးစီ ​ကောင်း )
~ ပပဝင်း ( ကို​ကျော်​ညွန့်​ ။ ဦးလှထွတ်ဋ် ရေးတဲ့ သီချင်း ၊ သူကိုယ်​တိုင်​ ပြန်​ဆို​တော့ ကို​ကျော်​ညွန့်​ ကို မမီဟုထင်​ ) ၊
~ သူနဲ့​တွေ့ရင်​ ( မူရင်း မာမာ​အေး ၊ ​ဒေါ်ရီရီသန့်​ ပြန်​ဆို​တော့ မာမာ​အေးနဲ့ တစ်မျိုးစီ ​ကောင်း ) ၊
~ ​မေ့ကွက်​ကိုရှာ ( စီးရီးအသစ်​ ထုတ်​ဖူးတယ်​ ။ ​ဒေါ်မာမာ​အေးပဲ ပြန်​ဆိုတာပါ ။ မူရင်းနဲ့ တစ်မျိုးစီ ​ကောင်း ပါတယ်​ )။

စန္ဒယား ဦးချစ်​​ဆွေ မကွယ်​လွန်​မီ သီချင်း အ​တော်​များများ ၊ အမျိုးအစား စုံစုံ သီဆိုသွားပါတယ်​ ။ မူရင်း အဆိုရှင်​ မှီတာလည်း ရှိ ၊ မမှီတာလည်း ရှိ ၊ တစ်မျိုးစီ​ ကောင်း​နေတာလည်း ရှိ ။

ဒါ့​ကြောင့်​ ခိုင်​ထူး သီချင်း​တွေ မျိုးဆက်​သစ်​​တွေ သီဆိုရာမှာ မူရင်း မမှီခဲ့ရင်​ အ​ကြောင်း အမျိုးမျိုး ရှိပါ
လိမ့်​မယ်​ ၊
~ ​ခေတ်​ချင်း ကွာ ၊ အကြိုက်​ချင်း ကွာလို့ ၊
~ ​ရေးဟန်​ ၊ ဆိုဟန်​​တွေ ​ခေတ်​​ပေါ်အာရုံ ခံစားပုံ မဟုတ်​လို့ ၊
~ ကိုယ့်​အာနဲ့ မလိုက်​ဖက်​လို့ ၊
~ စိတ်​လှုပ်​ရှားလွန်း​နေလို့ ၊
~ mood ဈာန်​သွင်း မရလို့ ... စတဲ့ အခက်​အခဲ​တွေ ၊ ဖိအား​တွေ ရှိ​နေနှိုင်​ပါတယ်​ ။

 နောက်​ပြီး သူတို့ဟာ အ​တွေ့အကြုံ နုနယ်​​သေးတဲ့ ဝါသနာရှင်​​တွေပါ ။
အ​ဝေဖန်​ မ​စောကြပဲ ​ယောနိ​သော ၊ မနသီကာရ ... အသင့်​အတင့်​ နှလုံးသွင်းကြရင်း အား​ပေးသင့်​ သလား လို့ပါ ။

ဂီတလုလင်​ ဦးကိုကို ကလည်း ပြန်​ဆို​တေး တစ်​ချို့ဟာ မူရင်း ကို မမီတာ မဟုတ်​ ၊ မတူတာသာဖြစ်​​ကြောင်း မှတ်​ချက်​​ပေးဖူးပါတယ်​ ။ အကျယ်​ ရှင်းပြရရင်​ စာတမ်း တစ်​​စောင်​ ဖြစ်​နှိုင်​ပါသတဲ့ ။

Crd ;  Maung Maung Nee
 
 
 

1 comment:

  1. ခိုင်ထူးမူရင်းသီချင်းတော့ကြားဘူးသင့်ပါတယ်

    ReplyDelete