Thursday, August 10, 2017

Orange Crush 35 RT Combo Amp (Review)



Orange Amp အမျိုးအစားများကို ကျွန်တော် ကိုယ်တိုင် ယနေ့ထက် အထိ အသုံးပြုနေဆဲ ဖြစ်ပါတယ်။ Orange Amp များဟာ Clean , Crush Tone အလွန်ကောင်းတဲ့ Amp အမျိုးအစားများ ဖြစ်ကြပါတယ် ။ 

ယခုဖော်ပြလိုက်တဲ့ Crush 35 RT ဟာ Home Studio များ အတွက် အသုံးပြုရန် သင့်တော်တဲ့ အမျိုးအစား ဖြစ်ပြီး ဈေးနှုန်း အားဖြင့် (၃၀၀ ၀၀၀ ) ကျပ် ၀န်းကျင် မှာသာ ရှိပါတယ်။

အားသာချက် 
(၁) Overdrive Effect ပါဝင်ပြီး တီးခတ်သည့် Touching အလိုက် အပြင်း အပျော့ Dynamic ဖြစ်ခြင်း ၊
(၂) Cabinet အရည်အသွေး ကောင်းမွန်ပြီး အသံ Tone လှခြင်း ၊
(၃) Tuner ပါဝင်တာကြောင့် အလွယ်တစ်ကူ ကြိုးညှိနိုင်ခြင်း ၊






(၄) Reverb Effect အပြင် အခြားသော Effect (16) မျိုးခန့် ထည့်သွင်းပေးထားခြင်း ၊
(၅) Aux In ပါဝင် တာကြောင့် Backing Track များ ထည့်သွင်း ဖွင့်လှစ်နိုင်ခြင်း ၊
(၆) နှစ်သက်ရာ Analog Pedals များနှင့် ချိတ်ဆက်ရာမှာ အသံ အရည်အသွေးကောင်းမွန်ခြင်း ၊
(၇) အခြား နှစ်သက်ရာ Cabinet များနှင့် ချိတ်ဆက် အသုံးပြုနိုင်သည့် Line Out ပါဝင်ခြင်း ၊



အားနည်းချက် 

(၁) CabSim Output ပါဝင်သော်လည်း Cabinet သံ ပျောက်နေခြင်း  ၊
(၂) Line Out မှ ထုတ်ယူ အသံဖမ်းရာမှာ အသံ အရည်အသွေး ကျဆင်းခြင်း ၊
(၃) Sure SM 57 နှင့်သာ မိုက်ထောက် ဖမ်းယူနိုင်ခြင်း ၊
(၄) Effect များ ပါဝင်သော်လည်း တစ်ကြိမ်တွင် တစ်မျိုးသာ အသုံးပြုနိုင်ခြင်း ၊
(၅) Distortion Tone သိပ်မကောင်းခြင်း Overdrive အဆင့်သာ ရရှိခြင်း ၊
စတဲ့ အားနည်းချက် ၊ အားသာချက်များ ဖတွ့ရပါတယ်။


Sanay Oo



No comments:

Post a Comment