Friday, August 11, 2017

မြန်မာ တွေဟာ ဘာလို့ ဇရာ ကို စောစောစီးစီး အရှုံးပေးနေရတာလဲ





ဦးခိုင်ထူး နေမကောင်းတဲ့ သတင်းဖတ်ရတယ် ။ ( ခုတော့ ဆုံးသွားရှာပြီ )
မြန်မာ တွေဟာ ဘာလို့ ဇရာ ကို စောစောစီးစီး အရှုံးပေးနေရတာလဲ .................. ?

ဘောလိဝုဒ် မင်းသား အမီရ်ခန်း (PK) အသက် ၅၀ ကျော်နေပြီ ။ အခုထိ လူငယ် အခန်း ရိုက်ကောင်းနေတုန်း ၊ Gym ဆော့ကောင်းတုန်း ၊ ဗလ ကလဲ လူငယ်တွေနဲ့ ယှဉ်လို့ရတယ် ။

ရှရွတ်ခန်း ဆိုရင် ဒွေးနဲ့ ခေတ်ပြိုင်တောင်မဟုတ်ဘူး ၊ ဒွေးထက် စောတယ် ။ ဒွေး သေလို့ အရိုးဆွေးနေပြီ ရှရွတ်ခန်း က ခုထိ မင်းသားခန်း ရိုက်နေတုန်း ။

ဦးကျော်ဟိန်း နဲ့ ခေတ်ပြိုင် အမီတာဘဂျမ်း တို့ ၊ ဟောလိဝုဒ်က ဘရုဝီလီ တို့ ဆိုရင်လဲ အက်ရှင်ကား တွေ သန်သန် မြန်မြန် သရုပ်ဆောင်နေတုန်းပဲ တို့ဘကြီး ဘုန်းကြီး ကတော့ တော်တော်အိုစာ သွားတယ် ။

ဇရာ ဆိုတာက ငါအိုပြီ ဆိုပြီး သံဝေဂရ နှလုံးသွင်း လိုက်တော့မှ ရောက်လာတာ မျိုးဖြစ်မယ် ။

ခင်မောင်တိုး ၊ ကိုငှက်၊ စိုင်းထီးဆိုင် တို့ရဲ့ သီချင်းအသစ်တွေ နားမထောင်ရတော့ ဘူး ။
သူတို့ နဲ့ သက်တူ ရွယ်တူ လောက်တွေဖြစ်မယ့် အမေရိကန် ကန်းထရီးစတားကြီး တွေ ဘလိတ် ရှယ်တန် ၊ ဂျော့စထွစ်၊ ရန်ဒီထရားဗစ် တို့က တော့ သီချင်း အသစ် တွေ ထွက်တုန်း ။ One man Show တွေ Live Tour တွေ နဲ့ ကဲကောင်းတုန်း ရှိသေးတယ် ။

သူတို့က အသက် ၄၀ မှ ဘဝ စတယ် လို့တွေးတယ် ။
ကိုယ်တွေ ဆီမှာက အသက် ၄၀ ဆိုရင် အဖိုးကြီး ဖြစ်ပြီ တွေးတယ် ။

ကျန်းမာရေး လဲ ဂရုမစိုက်ကြဘူး ၊ လေ့ကျင့်ခန်း လဲ မလုပ်ကြဘူး ၊ အသက် ၃၀ ကျော် အများစု က ဗိုက်ပူ နေပြီ ။ ၃၀ ကျော်ရင် သွေးတိုး၊ နှလုံး၊ ဆီးချို၊ အသည်း ရောဂါ တစ်ခုခု ဝင်ချင် နေပြီ။ အစားအသောက် ၊ ကျန်းမာရေး လေ့ကျင့်ခန်း၊ အရက် ၊ မူးယစ်ဆေးဝါး ၊ ဇရာ အပေါ် ရှု့မြင်ပုံ တွေကွာသွား တာ ဖြစ်မှာပဲ ။

  မြန်မာ အစားအစာ တွေက သိတဲ့ အတိုင်းပဲ ကမ္ဘာကို တင်ပို့လို့ မရဘူး ။ ဓာတ်ခွဲ စစ်လိုက်ရင် တစ်ခုခုတော့ ငြိနေတာပဲ ။ ကျနော် တို့စားနေတာ ၉၀% က အဆိပ်တွေ ။

နေ့တိုင်း ဆော့သင့်တဲ့ Gym ကို သူဌေးတွေ ဇိမ်ခံတာ လိုလို ဘာ လိုလို ထင်နေကြတယ် ။ မန်ဘာကြေး အကုန် မခံနိုင်ရင် ကိုယ့်ဘာကိုယ်လဲ အိမ်မှာ လုပ်လို့ ရတာပဲ ။ YouTube မှာ ၈ မိနစ်လေ့ ကျင့်ခန်း တွေ အများကြီး ရှိတယ် ။ တစ်နေ့ ရှစ်မိနစ် လောက် အပင်ပန်း ခံရုံနဲ့ ယွကျား ဆိုရင် Six pack ဖြစ် မယ် ။ မိန်းခေး ဆိုရင် ကိတ် လာမယ် ။

လေ့ကျင့်ခန်း အမြဲ လုပ်မယ်ဆိုရင် ကြွက်သားသန်မာ မှုကို အနည်းဆုံး အသက်၇၀ လောက်ထိ ထိန်းထားလို့ ရတယ် ။ ကြွက်သားတွေ သန်မာရင် အသက် ၉၀ ထိ ခါး မကိုင်းဘူး ။

အရက် ကတော့ တန်ဆေး လွန်ဘေးပဲ ၊ အများစုက တော့ တစ်ခွက် မူးပြီးရင် မထိန်းနိုင်တော့ ဘူး ဆက်ဆွဲပြီ ။ အရက် တစ်ပက် ကို ချေဖို့ အသည်းက ၄ နာရီ နဲ့ ခြောက်နာရီကြား အလုပ် လုပ်ရတယ် တဲ့ ။ တစ်နေ့ နှစ် ပက်လောက်ပဲ သောက်သင့်တယ် ။

မူးယစ်ဆေး ကတော့ အနုပညာ သမားတွေ အကြိုက်ပဲ ၊ ဖန်တီး မှု ပိုဈာန်ဝင်တယ် ထင်ရတာပေါ့ ။ အမှန်တော့ စိတ်က illusion ဖြစ်တာပါ ။ ဂျော့စတစ် တို့လို အဆိုတော်ကြီးတွေ အဖိုးကြီး ဖြစ်တဲ့ အထိ မူးယစ်ဆေး မသုံးဘဲ သီချင်းကောင်းတွေ ဖန်တီးပြ နေတုန်းပဲ ။

ဇရာ ကို ရှု့မြင်ပုံမှာ မြန်မာတွေဟာ တော်တော် ကဲတယ် ။ အသက် ၁၆ နှစ် ကလေး တွေက သူတို့ကိုယ် သူတို့ လူကြီး ဖြစ်ပြီထင်နေတယ် ။ အသက် ၃၀ ကျော်ကို ဦးလေး အရွယ်ထင်နေတယ် ။ ၄၀ ကျော်ရင်တော့ အဖိုးကြီးပဲ သွားပြီ ။ တရားစခန်းပဲ ဝင်ရတော့ မလိုလို ၊ ဘုန်းကြီးပဲ ဝတ်ရတော့ မလိုလို ။

အမှန်က .... အသက် ၁၆ နှစ်က ၂၅ နှစ် အရွယ်က ချာတိတ် လေးတွေပဲ ရှိသေးတာ ။ ၂၅ နှစ်က ၄၀ အထိက လူငယ် ။ ၄၀ မှ လူ တစ်ယောက် ဘဝ စတာ ၊ ၄၀ မှ လူလတ် ဖြစ်တာ ။ ၄၀ ကနေ ၆၀ အထိ လူလတ် ။ ၆၀ ကနေ ၈၀ အထိ မှ လူကြီး ။ ၈၀ နဲ့ ၉၀ ၊ ၁၀၀ ကြား ကို မှ အဘိုးကြီး အဘွားကြီး ခေါ်တာ ။
တစ်ကယ်တော့ အသက် အရွယ် ဇရာ ဆိုတာလဲ ကိုယ်က အရှုံးပေးမှ ကိုယ့်ဆီ ရောက်လာတာ ။ အသက် ၆၀ မှာ ကာယဗလ ကစားပြီး အသက် ၇၀ မှာ အကောင်းဆုံးကြွက်သား Performance ရတဲ့ ကာယဗလ မောင်တောင် ရှိတယ် ။

မြန်မာ အများစု ရဲ့ Body Building က အစွန်းရောက် နေတယ် ။ ၃၀ ကျော် ယောက်ကျားတွေက ကိုယ်ဝန်သည်လို ဗိုက်ပူရင် ပူ မပူရင် ရှုနာရှိုက်ကုန်း လေထိမခံ ရေထိမခံ ဖြစ်နေတယ် ။ ၃၀ ကျော်မိန်းမ တွေက အိမ်ထောင်ကျပြီးရင် ဝက်လို၊ ရာဝင်အိုးလို၊ တိုင်ကီ လိုဖြစ်လာတယ် ။ သွေးတိုး၊ နှလုံး၊ ဆီးချို ၊ အသည်းခြောက် စသဖြင့် နာတာရှည် ဖြစ်တော့ ဆရာဝန် တွေကို ပိုက်ဆံ ပေးရတာပဲ မဟုတ်လား ။

အဲ့ဒီ ပိုက်ဆံတွေကို ရောဂါမဖြစ်ခင် အစားအစာ ကောင်းကောင်းတွေ ရွေး ချယ်စားသောက်၊ ကျန်းမာရေး အတွက် အားကစား ပစ္စည်းတွေဝယ် ၊ Gym အတွက်သုံး တော့ Body Building အတွက် ပိုမကောင်း ဘူးလား ။ အရက်တွေ၊ ဘီယာတွေ ၊ဆေးလိပ်တွေ လျှော့သောက်တော့ ကလေး ပညာရေး အသုံးစရိတ် ပိုရတာပေါ့ ။ အားလပ်ရက် ခရီးထွက် မယ့် ပိုက်ဆံ ပိုထွက် လာတာပေါ့ ။

နိုင်ဂျံဂါး က အဖိုးကြီးတွေ ရဲ့ သီချင်း အသစ် တွေ ထွက်တိုင်း မနာလို ဘူး ။ ဦးထီး တို့၊ ဦးဌက် တို့၊ ဦးခင်မောင်တိုးတို့ သီချင်းသစ် တွေ နားထောင် ချင်တယ် ။ လွမ်းလဲ လွမ်းတယ် ခင်ဗျား တို့ ကိုယ့်ကျန်းမာရေး ကိုယ် ဘာလို့ ဂရုမစိုက်တာလဲ ဆိုပြီး ကြိမ်နဲ့ လဲ ရိုက်ချင်စိတ် ပေါက်တယ် ။

ကိုယ့် လူမျိုး ကိုယ် အသက်ရှည် စေချင်တယ် ။ ကိုယ့် အနုပညာ ရှင်တွေ ကို အသက် ရှည်စေ ချင်တယ် ။ ကျနော် နားလည်တဲ့ အမျိုးသားရေးက အဲ့ဒီလို ။


(ကာယ ဗလ ဆိုတာ အရွယ် မရွေးဘူး ပုံမှာကြည့် )

Credit OP
Mingalar Par

No comments:

Post a Comment