Thursday, August 10, 2017

How To Learn a Link in 6 Steps (ဂစ်တာ လေ့ကျင့်နည်း စနစ် ၆ မျိုး )



ဂစ်တာသမား အချို့ဟာ အချိန်အတော်ကြာ တီးခတ်လေ့ကျင့် ပေမယ့်လည်း မိမိ ရရှိလိုသည့် အနှေးအမြန်၊ Melodic Phrase များကို မတီးခတ်နိုင်တာ မျိုးကြုံတွေ့ရလေ့ရှိပါတယ်။ 

ဥပမာ...... အချိန် အတော်ကြာ လေ့ ကျင့်ပေမယ့် သင် တီးခတ်လိုတဲ့ သီချင်း ၊ Solo တစ်ခုကို မတီးနိုင်သေးတဲ့ အခြေအနေမျိုး လူတိုင်း နီးပါး ကြုံတွေ့ကြရမှာ ဖြစ်ပါတယ်။ ဒီလို ခက်ခဲတဲ့ တေးသွားတွေ အတွက် အောက်ဖော်ပြပါ အဆင့် (၆) ဆင့်ကို ကျင့်သုံးပြီး ပြောင်းလဲ တီးခတ်လိုက်လျှင် မကြာမီ သင်လိုချင်တဲ့ အနေ အထား တစ်ခုအထိ ရရှိလာမှာ ဖြစ်ပါတယ်။


Step(1) Start From Zero 


Link တစ်ခုကို စတင် လေ့လာရာမှာ နံပတ် (၁) အချက် အနေဖြင့် ပထမဆုံး Link တစ်ခု ရဲ့ အစ မှ စတင်လေ့ လာကြရပါတယ်။ အကယ်၍ သင် စတင်လေ့လာသော Link ဟာ ...........


ဥပမာ .....   || 12 34 56 71 || ဆိုပါစို့ ။ ဒါဆိုရင် Link ရဲ့ အစ ဟာ Do Note ဖြစ်ပါတယ်။ ဒီအတွက် Chord ဟာလည်း Do Major Chord နဲ့ စတင်ပါတယ်။ ဒါဟာ Link များကို သဲသဲကွဲကွဲ သိရှိအောင် ပထမဆုံး ကြိုး စားလိုက်ခြင်း ဖြစ်ပါတယ်။ ဒီအဆင့်မှာ သင် တီးခတ်လိုတဲ့ Link ရဲ့ တည်ဆောက်ပုံ Note အသွားအလာကို အရင် သဲသဲကွဲကွဲ သိရှိအောင် ပြုလုပ်ရခြင်း ဖြစ်ပါတယ်။


Step (2) Bar များ ချိတ်ဆက်လေ့လာပါ။ 


သင် တီးခတ်လိုတဲ့ Link တစ်ခုရဲ့ တည်ဆောက်ပုံ အတိုင်း ပထမ Bar , ဒုတိယ Bar စသည်ဖြင့် Bar တစ်ခုနှင့် တစ်ခု ချိတ်ဆက် လေ့လာကြည့်ပါ။ 


ဥပမာ ...  တစ်ဘား စာ ကိုပဲ လေ့ကျင့်နေမည့် အစား ဒီ Link တစ်ခုရဲ့ အစ နဲ့ အဆုံး Bar အရေ အတွက် အလိုက် Bar များ ချိတ်ဆက် လေ့လာရာမှာ Melody , Link ကို ပိုမို ပေါ်လွင် ထင်ရှားလာစေပါတယ်။


Step (3) Limit The Time 


Link များကို လေ့လာရာမှာ အချိန် အကန့်အသတ် တစ်ခု ထားပြီး လေ့လာပါ။ 


ဥပမာ........  မိနစ် ၃၀ ခန့် လေ့လာမှု ပြုပြီးနောက် ခဏ အနားယူပါ။ ဘာမှ မတီးပါနဲ့ ။ အဲဒီ အချိန်မှာ သင်လေ့လာ နေတဲ့ Link ကို ဦးနှောက်နဲ့ ပြန်စဉ်းစားကြည့်ပါ ။ ဘယ်လို တည်ဆောက်ထားလို့ ခက်နေတာပါလဲ ? ဘာကြောင့် မတီးနိုင်တာပါလဲ ? အဖြေပြန်ထုတ်ပါ။ သင် တီးခတ်နိုင်စေရန် နည်းလမ်း တွေ့လာပါ လိမ့် မယ်။ 


Step (4) Use Your Brain 

ဂစ်တာကို လက်နဲ့ တီးခတ်ခြင်း အပြင် Note များကို ပါးစပ်ဖြင့် ရွတ်ဆိုခြင်း ဟာလည်း Link တစ်ခု ကို ကျွမ်း ကျင်လာစေဖို့ များစွာ အထောက်အကူပြုပါတယ်။ Link တစ်ခုကို Analyze လုပ်ပါ။ စဉ်းစားပါ။ ဒီလို ပြုလုပ်ခြင်းအားဖြင့် သင့်ရဲ့ လက်ချောင်း Position ကို ပိုမို မှန်ကန်လာစေပါမယ်။ 


ထို့အပြင် ဘယ် Note ကို လက်ညှိုး၊ လက်ခလယ် ၊ လက်သူကြွယ် စသည်ဖြင့် ပြောင်းတီး လိုက်ရင် အ ဆင်ပြေနိုင်မလဲ ?   မည်သည့် Fret Position မှာ တီးရင် ပိုလွယ်သွားမလဲ    ? Down Stroke , Up Stroke ဘယ်လို ခတ်လျှင် ပိုမို ချော့မွှေ့လာစေမလဲ   ? ဆိုတဲ့ အချက်တွေကို တွေ့ရှိအောင်ုလုပ်ပါ။


Step (5) Slow And Steady 


အနှေးဆုံးမှ စတင် တီးခတ်ပါ။ လက်သားကျလာပြီ ဆိုရင် mectronome ကို အသုံးပြုပြီး Timing ထဲမှာ ၀င်နေအောင် တီးခတ်ပါ။ ထိုမှ တစ်ဆင့် အနှေး အမြန်ကို Adjust လုပ်ပြီး အလိုရှိသလို ပြောင်းလဲ တီးခတ်ပါ။

Step (6) Repeat 


ထပ်ခါ ထပ်ခါ လေ့ကျင့်ပါ၊ သင်နဲ့ Link လုံးဝ ရင်းနီးသွားတဲ့ အထိ လေ့ကျင့်ပါ။ ထိုမှ တစ်ဆင့် သင့်ကိုယ်ပိုင် ဟန် ထဲမှာ ဒီ Link ကို ပေါင်းစပ် တီးခတ်ပါ။ Vinnie Moore ရဲ့ အကြံပြုချက် တစ်ခုမှာတော့ Link တစ်ခုကို Key အားလုံးနဲ့ သော်လည်းကောင်း Guitar Position အားလုံးနဲ့သော်လည်းကောင်း ကြိုး အားလုံးပေါ် မှာ သော်လည်းကောင်း တီးခတ်ပါလို့ ဆိုထားပါတယ်။ 


ဒီလို အကြံ ပြုချက်တွေကို သာ လိုက်နာနိုင်မယ် ဆိုရင်တော့ သင်လည်း မကြာခင် Professional Guitarist တစ်ယောက် ဖြစ်လာမှာ သေချာပါတယ်။



Sanay Oo

No comments:

Post a Comment