Friday, December 4, 2015

Eric Clapton { World of Famous Guitarist }


  


Eric Patrick Clapton ကို 30 March 1945 ခုနှစ် သူ့ ရဲ့ အဖိုး အဖွားများနေထိုင်ရာ  1 The Green, Ripley,  Surrey, England. မှာ မွေးဖွား သူဖြစ်ပါတယ်၊ သူ့ ဖခင်က  Canadian လူမျိုး Edward Walter Fryer ဖြစ်ပြီးသူ့ မိခင် ကတော့ Patricia Molly Clapton တို့ဖြစ်ကြပါတယ်။ 

 ၂၀၀၄ ခုနှစ် မှာ Rolling Stone magazines ရဲ့ အကောင်းဆုံး ရာဇဝင် တွင် မဲ့ ဂစ်တာ သမား ၁၀၀ တွင် စတုတ္ထ အဆင့် သတ်မှတ်ပေးခြင်း ခံရသူဖြစ်ပါတယ်။  Eric ဟာ ဂီတဝါသနာရှင် မိသားစု မှာ ကြီးပြင်းခဲ့ ရ သူဖြစ်ပါတယ် ။ 
သူ့ရဲ့  ဖွားအေ က စန္ဒယား အတီး ပညာရှင် တစ်ယောက်ဖြစ်ပါတယ် ။ သူ အသက် ၁၆ နှစ်ရောက် လို့ 1961 မှာ Kingston College မှာ အနုပညာ ကို တစ်နှစ် စာချုပ်ဖြစ်စတင် သင်ယူခဲ့ပါတယ်။ 
 
 1962 ခုနှစ်လောက် မှာ Freddie King, B.B. King, Muddy Waters, Buddy Guy, နှင့် အခြားသော Blue ဂီတ ပညာရှင်များ ရဲ့ တီးခတ် ထားတာ ကိုကြိုက်နှစ်သက် သွားပြီး သူဟာ သူ့ အဖွား ကို ပေါင် ၁၀၀ တန် Gibson ES-335 Clone လျှပ်စစ် ဂစ်တာ ဝယ်ပေး ဘို့ ပူဆာပါတယ် ။ သူဟာ အစပိုင်း မှာ Richmond နဲ့ Kingston  မှာ လမ်းဘေး မှာ ငွေကြေးကောက် ခံပြီး တီးပြဖြော်ဖြေသူ အဖြစ် လှည့်လည် ခဲ့ပါသေးတယ် ။

ဒီလို လှည့်လည် တီးခဲ့ တာဟာ အင်္ဂလန်  အနောက်ပိုင်း ထိရောက်အောင် သွားရောက်ခဲ့ ပါတယ်။ 1963 နှစ် ဦးပိုင်း သူ့ အသက် 17 နှစ်လောက် မှာ သူရဲ့ ပထမဆုံး The Roosters တီးဝိုင်း တစ်ခုထဲကို ဝင်ရောက် ခဲ့ပါ တယ်။  သို့သော်လည်း ဒီဝိုင်း ဟာ 1963 August လထဲလောက်မှာ ပျက်သွား ခဲ့ပါတယ် ။



  1963 October လလောက် မှာတော့ Keith Relf နှင့် Paul Samwell-Smith တို့ က သူ့ ကို သူတို့ရဲ့ The Yardbirds အဖွဲထဲ ဝင် ဘို့စည်းရုံး လာပါတယ်။ 

ဒီ အဖွဲ့ ကိုရောက်ပြိး 18 လ အကြာ မှာတော့  Slowhand ဆို တဲ့ အမည် နဲ့ သူ့ရဲ့ ပထမ Album ထုတ်ခဲ့ ပါတယ် ။ အောက်က Video File လေးကိုနားဆင်ကြည့်ပါ၊
 


Eric "slowhand" Clapton - The best Instrumental Guitar Ever


 
 
 

The Yardbirds အဖွဲ့က “For Your Love” သီချင်းကို ထုတ်ဝေစဉ် မှာတော့ သူဟာ အဖွဲ့ မှထွက်ပြီး သူရဲ့ လမ်းဖြစ် တဲ့ Blue ဂီတ ကို စတင်ပါတော့တယ်။  1965 မှာ John Mayall ဟာ သူ့ကို  သူတို့အဖွဲ့  Bluesbreakers မှာ ပါဝင် ဖို့ခေါ်ခဲ့ပါတယ် ။

 ဒီအဖွဲ့နှင့် သူဟာ သူ့ရဲ့ ဒုတိယ စီးရီးဖြစ်တဲ့ "God" ကို ဂုဏ် သတင်းကြီးအောင် လုပ်ဆောင် ခဲ့ပါတယ်၊ ဒီ စီးရီး ထွက်ခဲ့ တာကြောင့် London မှာ “Clapton is God” ဆိုပြိး ရဲရဲ ရင့်ရင့် ပေါ်ထွက် လာခဲ့ပါတယ်၊ Michael Angelo Batio က သူ့ကို ဂုဏ်ပြုသော အား ဖြစ် “Clapton is God” သီချင်း ကို သီဆို ခဲ့ပါတယ်


Michael Angelo Batio - Clapton is God 
 

ဒီနောက် သူ ဟာ အဖွဲ့မှခေတ္တ အနားယူပြီး Greece ကို အလည်အပတ် သွားရောက်ခဲ့ပါတယ် ။ ထိုမှ အပြန် တွင်တော့ Eric ဟာ Bluesbreakers အဖွဲ့ထဲ ကို ဝင်ရောက်ခဲ့ပါတယ်။  

ဒီ အဖွဲနှင့် “The Powerhouse” စီရီး ကို ထုတ် ဖြစ်ခဲ့ ပါတယ် ။ ဒီအဖွဲ့ မှာ ပါဝင် သူတွေ ကတော့  John Paul Jones, Steve Winwood နှင့် Jack Bruce တို့ဖြစ်ကြပါတယ်။ ထို့နောက်  Bluesbreakers မှ ထွက်ပြီး 1966 ခုနှစ် မှာ Cream အဖွဲ့ က Jack Bruce နှင့် Ginger Baker တို့နဲ့ တွဲပြီး Album ၃ခု ထုတ် ဖြစ်ခဲ့ပါတယ် ။ 

 Fresh Cream, Disraeli Gears, နှင့် Wheels of Fire တို့ ဖြစ်ပါတယ်။ ဒီ Album ၃ခု ဟာ ကမ္ဘာက ဂုဏ်ပြုရတဲ့ အထိအောင် မြင်သွားခဲ့ ပါတယ်၊ သူ Cream အဖွဲ့ဝင်ဖြစ်နေစဉ် မှာဘဲ သူ့ရဲ့ ဂုဏ်သတင်း ဟာ ပထမဦး ဆုံးသော Rock ဂစ်တာ သမား အဖြစ် အခိုင်အမာ အသိမှတ်ပြုခြင်း ခံရပြီး အဆင့်မြင့် စူပါတန်းဝင်ဖြစ်လာ ခဲ့ပါတယ်။ 

သူဟာ ဒီ အဖွဲ့နဲ့ ၂ နှစ်သာ လက်တွဲ ခဲသော်လည်းအောင်မြင်မှု  ကတော့အတော် ကို ထိရောက်လှပါတယ်။ Clapton ဟာ တမူ ထူခြားသော ဂစ်တာသမား တစ်ယောက်ဖြစ်ပါတယ် ။ သူဟာ လွယ်လင့်တကူ ပုံတူကူးယူ တုပ လုပ်ဆောင်တတ်သူ တစ်ယောက် မဟုတ်ပါဘူး သူ့ရဲ့ Blue Style တီးခတ်မှုတွေကိုသေချာ စိစစ် နားထောင်ပြီးကြိုးစား တီးခတ်ခဲ့တာဖြစ်ပါတယ်။ 

Cream အဖွဲ့ ဟာ အဖွဲ့သားများ ရဲ့ မာနထောင်လွှားမှုအောက် မှာ တစ်စစပြိုလဲ သွားခဲ့ရပါတယ်။  သူတို့ အဖွဲ့ ကို ၁၉၆၈ ခုနှစ် နိုဝင်ဘာလ ၂၆ ရက် London မှာ ရှိတဲ့ Royal Albert Hall မှာဖျော်ဖြေပွဲပြီး တဲ့ နောက် ဖျက် သိမ်း လိုက်ပါတော့တယ်။ 

Cream အဖွဲ့ ကို ဖျက်သိမ်းပြီးနောက် Eric Clapton ဟာ Blind Faith အဖွဲ့ကို တည်ထောင်ခဲ့ပါတယ်။ ဒီ အဖွဲ့မှာ Steve Winwood, Ginger Baker, နှင့် Rick Grech တို့ ပါဝင် ဖွဲစည်းခဲ့ပါတယ်။ သို့သော်လဲ စီးရီး တစ်ခုသာ ထုတ် ဖြစ်ခဲ့ပြိး ထိုအဖွဲလည်း ဖျက်သိမ်းလိုက်ပါတယ် ။ 

အဲဒီနောက် သူဟာ ခရီးထွက်သွား ခဲ့ပြန်ပါတယ်။ ဒီ ခရီးကို Delaney & Bonnie နှင့် Friends အဖွဲ့ရဲ့ ဧည့်သည် အဖြစ် လိုက်ပါ သွားခဲ့တာဖြစ်ပါတယ် ။ ဒီ အဖွဲနှင့် အတူ Eric ဟာ အားမန်တွေ တက်ကြွလာပြီး Delaney & Bonnie အဖွဲ့ နဲ့ Album ထုတ်ဖို့ အထိစာချုပ် ချုပ်ဖြစ်သားခဲ့ပါတယ်။ 

ဒီမှာတင် သူဟာ သီချင်း စတင်ရေးတဲ့ အထိဖြစ်သွားခဲ့ပါတယ်.။  ဒီ Album ကို 1970 ခုနှစ် မှာဖြန့်ချီ ခဲ့ ထုတ် ဝေ ခဲ့ တာဖြစ်ပါတယ်။ Eric ဟာ Derek and the Dominos ဆိုတဲ့ ဝိုင်း ကို 1970 နွေရာသီလောက်မှာ Delaney & Bonnie’s အဖွဲ့သားများဖြစ်ကြတဲ့ Jim Gordon, Carl Radle နှင့် Bobby တို့နဲ့ တည်ထောင်ပြန် ပါတယ်။ 

သူဟာ The Dominos အဖွဲ့ နဲ့ ဆန်းသစ်ပြီး အလားအလာကောင်းမဲ့  Layla အပါ အဝင် အခြား Assorted Love Songs သီ ချင်း Album တွေကို ဆက်လက် အသံသွင်းခဲ့ ပါတယ်၊  သူ့ရဲ့ Layla ကို နားထောင်ကြည့်ပါ။
 
Eric Clapton - Layla

George Harrison ရဲ့ ဇနီး Patti ကို ရည်ညွှန်း ပြီး "တစ်ဖက်သတ် အချစ် = Unrequited love" ဆိုတဲ့ သီချင်းကို Album ရဲ့ Theme အဖြစ် သုံးခဲ့ပါတယ် ။ ဒီနောက် အမေရီကန် ကို ခရီးထွက် ခဲ့ပြန် ပါတယ် ။ အဲဒီက အပြန် မှာတော့ သူ့ရဲ့ နောက်ထပ် Album တွေ ကို ထပ် မထုပ်ဖြစ်တော့ဘဲ သူ့ရဲ့ The Dominos ပါပျက်စီး သွားပါ တယ်  ။

သူရဲ့ Unrequited love သီချင်း ဟာ စီးပွားရေး အရ တွက်ရင် မအောင်မြင်ခဲ့ပါဘူး ။ အဲဒိနောက် သူဟာ ဘိန်းဖြူ ရဲ့ သားကောင်အဖြစ် 3 နှစ်လောက် နစ်မွန်း သွားခဲ့ရတယ်။ 1973 ခုနှစ်လောက် မှာ သူဟာဆေးဖြတ်ပြီး သူ့ရဲ့ အနုပညာ အလုပ် ကို  London’s Rainbow Theater မှာ သူ့ သူငယ်ချင်းဖြစ်သူ Pete Townshend (The Who) နှင့် ပြန်လည် စတင်လုပ်ဆောင်ပြန်ပါတယ် ။၊ 

ဒါဟာ သူ့ဘဝရဲ့ အလှည့်ပြောင်း တစ်ခုလဲဖြစ်ပါ တယ်။ 1974 ခုမှာသူ့ရဲ့ စတိုင်သစ် သီချင်း များနဲ့ 461 Ocean Boulevard Album  ကိုပြန် လည် စတင်ခဲ့ပါတယ် ။ 

461 Ocean Boulevard ပြီးတဲ့နောက်ပိုင်း အဆိုတော် တေးရေး ဆရာ ဂစ်တာ သူရဲ   ကောင်း ဘဝ ကိုရောက် ရှိ လာပါတယ်။  ဒီ့နောက် သူဟာ 1970 မှ 1980 နှစ်များတိုင် အောင်နှစ်စဉ် သူ့ရဲ့ ဂစ်တာ ပညာ ကို ပြန်လည် ဆန်းသစ်စေခဲ့တယ်။ 
 

Eric Clapton 461 Ocean Boulevard 1974
1985 ခုနှစ်ထဲ မှာတော့ Eric ဟာ သူ့ရဲ့ ပရိပ်သတ် အသစ် ကို ကမ္ဘာ့အနှံ့သို့ လှူတန်းရန် ရံပုံငွေ အတွက်ပြု လုပ် တဲ့ဖျော်ဖြေပွဲများ မှာ ပြန်လည် တည်ထောင်ခဲ့ပါတယ်။   Live Aid ကဲ့သို့ သော ကမ္ဘာ့ရန်ပုံငွေဖျော်ဖြေပွဲ များ Royal Albert Hall ကနှစ်ပတ်လည်ဖျော်ဖြေပွဲများ မှာ August  နှင့် Journeyman တို့လို သူကို အများပြည်သူ တို့ရဲ့ စိတ်ထဲ စွဲသွားစေမဲ့ ဖျော်ဖြေ တီးခတ်မှုမျိုး  လုပ်ဆောင်သွားခဲ့ရာမှာ သူရဲ့ ဒုတိယ အသက်မွေး ဝမ်းကြောင်း မှု သဘောမျိုး နဲ့ သီချင်းရေး သားခြင်း တို့ပါ လုပ်ဆောင်ခဲ့ပါတယ်။  

1992 များနောက်ပိုင်း မှာတော့  “Tears In Heaven” ကဲ့သို့သော Unplugged ပွဲများ လုပ်ဆောင်ပြီး စီးရီးများ ဖြန့်ဝေခဲ့ ပါတယ်။
 

“Tears In Heaven.”

1994 မှာ Eric ဟာ From The Cradle ဆိုတဲ့ စီးရီး ကို ဖြန့်ဝေဖို့ သူရဲ့ မူရင်း ဝါသနာဖြစ်တဲ့ Blue ဂီတ ကို အစပြန်ကောက် တီးခတ် သွားတာဖြစ်ပါတယ်။
 

From The Cradle - Eric clapton - 1994


1997 ခုနှစ် မှာ သူဟာ သူ့ရဲ့ TDF (Totally Dysfunctional Family) ဝိုင်း နဲ့ Retail Therapy ဆိုတဲ့ CD ကိုဖြန့်ချီ ခဲ့ပါ တယ် ။ ဒီ အဖွဲမှာ သူဟာ သူ့ကိုယ်သူ X-Sample အဖြစ် နဲ့ လှုပ်ရှား ခဲ့တာ ဖြစ်ပါတယ် ။ ဒီဝိုင်း မှာ Simon Climie (keyboards / synthesizer / producer) ဖြစ်ပြီး Paul Waller (drum programming) ဖြစ်ပါတယ် ။ 

Tony Rich provided က အဆိုသမား  B.B. King က သီချင်း တစ်ပုဒ်ကို ဝင်ရောက် သီဆိုပေးထား ပါသေး တယ်။ 1998 မှာတော့ သူဟာ Pilgrim ကိုဖြန့်ချီပါတယ် ။ ဒီခွေ မှာ တော့ ၉ နှစ် အတွင်း သူရဲ့ တူရိယာ အား လုံး ကို အသစ် များဖြစ် သာ သုံးစွဲ သွားတာဖြစ်ပါတယ်။ 2000 မှာတော့ American blues ဂီတ ပညာရှင် B.B. King နှင့် သူရဲ့ Blue ဂိတ ကို Album တစ်ခု အဖြစ်တွဲဖက် တင်ဆက် သွားခဲ့ပါတယ်။ 

ဒီ Album ဟာ ၃ ပတ်အတွင်း မှာ ရွှေဖြစ်လာ ပါတယ် ။ Riding With The King ဟာပေါက်တဲ့ အတွက် သူဟာ အချိန်တို အတွင်း နောက်ထပ် Album အတွက်ပြင်ဆင်တော့တာ ပါဘဲ။
 

Riding With The King

Reptile ကိုတော့ 2001 March မှာဖြန့်ချီပြီး 2002 နှောင်းပိုင်းလောက်မျာ နောက် Album အတွက်ပြန် လည်ပြင် ဆင် ခဲ့ပါတယ်  
သူဟာ 2001, 2002 နဲ့ 2003 မှာ တစ်နှစ် ကို Album တစ်ခုနှုံးနှင့် ထုပ်သွားခဲ့ပါတယ် ။ သို့သော် လဲ 2003 မှာ Robert Johnson ရဲ့ သီချင်းများ အတွက် တီးပေးထား ပါသေးတယ်။ Me and Mr. Johnson ကို 2004 မှာဖြန့်ချီ ပါတယ်။ Back Home ကို 2005 မှာ ထုတ်ဝခဲ့ပါတယ်


Eric Clapton - Me & Mr Johnson 2004 Album

Eric Clapton Back Home 2005 Album

Eric ရယ် Ginger Baker နှင့် Jack Bruce တို့ဟာ Cream အဖွဲ့ကိုပြန်လည် ဖွဲ့စည်းပြန်ပါတယ် ။ သူတို့ရဲ့ပြန် လည် ညီညွတ် ရေးပွဲလေး ကို London မှာ ရှိတဲ့ Royal Albert Hall မှာ ကျင်းပခဲ့ ပါတယ်။ ဒီပွဲကို လွန်ခဲ့တဲ့ 37 နှစ် က 1968 ခုနှစ် က နှုတ်ဆက်ပွဲ လုပ်ခဲ့တဲ့နေရာ မှာဘဲ ပြန်လည် ကျင်းပ တာဖြစ်ပါတယ်။ 

2005 October လ မှာ New York က Madison Square Garden မှာဖျော်ဖြေပွဲ ကျင်းပပြုလုပ်ပါသေးတယ်။ London မှာ ပြုလုပ် ခဲ့တဲ့ ပွဲ ကို CD နှင့် DVD ခွေ အဖြစ် 2005 နှစ်ကုန်ပိုင်းလောက် မှာ ဖြန့်ချီခဲ့ပါတယ်။ J.J. Cale အတွက် “Tulsa Sound” ကို Eric ဟာ အနုပညာ ရဲ့ ဗိသုကာ ပညာရှင်ကြီးဖြစ်ခဲ့ပါတော့တယ်။
 
JJ Cale နှင့် Eric Clapton တို့ ရဲ့ Tulsa Sound
 

“Tulsa Sound” Album ကို J.J. Cale အတွက် သူရဲ့နောက်ထပ် ဂီတ ပညာကို အစွမ်းပြခဲ့ ပါ တယ်၊ J.J. Cale ကို သူဟာ ဟိုး ယ္ခင်ထဲကလေးစားခဲ့သူ လဲဖြစ်ပါတယ်။  “After Midnight” “Cocaine” နှင့် “Travelin’ Light”  သီချင်း များဟာ ဒီအခွေ ရဲ့ အသားပေး သီချင်း များဖြစ်ခဲ့ပါတယ်။ 2006 November 7 မှာ The Road To Escondido ကိုဖြန့်ဝေခဲ့ပါတယ်။

Eric Clapton နှင့် J.J. Cale. The Road to Escondido 2006

ဒီခွေဟာ အလွန်ကိုအောင်မြင် သွားပါတယ်၊ အဆိုရော အတီး မှာပါ Best Contemporary  Blues Album ခေါ် ခေတ်ပေါ် အကောင်းဆုံ Blue Album အဖြစ် Grammy ကပေးတဲ့ ဆု ကို  Los Angeles မြို့မှာ 2008 ခုနှစ် 10 February တွင် ကျင်းပပြုလုပ်သွားခဲ့ပါတယ်။ 

အကြိမ် 50 မြောက် Annual Awards Ceremony ပွဲ လဲဖြစ်ပါတယ်။ Eric Clapton ဟာသူ့ရဲ့ အနှစ် ၄၀ အနုပညာ ခရီး အတွင်း မှာ ဆုပေါင်းမြောက်များ စွာ ကို ရရှိခဲ့ သူလဲဖြစ်ပါတယ်။ သူဟာ Yardbirds နှင့် Cream အဖွဲ့နှစ်ခု လုံးမှာ ရော အနုပညာရှင် အနေနဲ့ရော ဆု သုံးဆု ကို Rock & Roll Hall Of Fame ခန်းမဆောင်မှာ အပ်နှင်းခြင်း ခံရတာဖြစ်ပါတယ်။ 

သူဟာ ကမ္ဘာ့ အနှံ အပြား မှာ  ထောင်ပေါင်း များစွာသော ဖျော်ဖြေပွဲ များကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ 2001, 2004 နှင့် 2006 / 2007 နဲ့  2008 ခုနွေရာသီ များမှာ အမေရီကန် အရှေ့ပိုင်း နဲ့ Canada နိုင်ငံ အပါဝင် Europe မှာပါ သူ့ရဲ့ ဂီတ ကိုဖျော်ဖြေခဲ့တာဖြစ်ပါတယ်.။ 

 2008 ခုနှစ် February မှာ သူ့နဲ့နှစ်ပေါင်း များစွာ တွဲလာခဲ့တဲ့ မိတ်ဆွေကြီး Steve Winwood နဲ့ New York’s Madison Square Garden မှာဖျော်ဖြေပွဲ ကို သုံးကြိမ် တိုင်တိုင် ဆင်နွဲ ခဲ့တာဖြစ်ပါတယ်။  

2009 ခုနှစ်မှာ သူ၏ အဖွဲနှင့် Japan, New Zealand နှင့် Australia ကိုလယ်ပါတ်သွားရင်း ဖျော်ဖြေခဲ့ ပါသေး တယ်။  2004, 4, 5 နှင့် 6 June မှာတော့ Texas ပြည်နယ် Dallas မြို့မှာ ကျင်းပပြုလုပ်တဲ့ First Crossroads Guitar Festival ပွဲ ကို အစီအစဉ်မှူး အဖြစ်ဆောက်ရွက်ခဲ့ပါတယ်။ 

ဒီ ပွဲစဉ် ရဲ့ DVD ခွေ နဲ့ ရုပ်ရှင် ကား အဖြစ် 2004 June 24 မှာထုတ်လုပ် ခဲ့ရာ ထင်ထားသည်ထက် ဒေါ်လာ ၆သန်းကျော် အမြတ် ထွက်ခဲ့ပါတယ်။  The Second Crossroads Guitar Festival ကို 2007 ခု 28 July လတွင် Chicago မှာ ကျင်းပပြုလုပ် ရာတွင်လည်း အမြတ်အစွန်းများ ထပ်မံ ရရှိခဲ့ပါတယ်။  

Eric ရဲ့ ဇနီး က ရုပ်ရှင် မင်းသမီး Lori del Santo ၊ Eric  ရဲ့ သမီးကြီး ကတော့ Ruth (b. January 1985) ဖြစ်ပြီး သား က Conor (b. August 1986) သို့သော်လည်း သားငယ် ဟာ ငယ်စဉ် ကဘဲ တိုက်ပေါ်က ကျပြီး ဆုံးပါး သွားပါတယ်။  

Eric ရဲ့ ဇနီး Melia မှာ သမီး သုံးယောက် ပါခဲ့ ပါတယ်၊  Julie Rose (b. June 2001) Ella Mae (b. January 2003) နှင့် Sophie (b. February 2005) တို့ဖြစ်ပြီး  2002 January  1 မှာ လက်ထပ် ခဲ့ကြတာဖြစ်ပါတယ်။ Eric ရဲ့ ပထမ ဇနီး Pattie Boyd Harrison ဖြစ်ပြီး 1979 ခု March 27 မှာ လက်ထပ် ခဲ့ကြပြီး သားသမီး မထွန်းကား ခဲ့ကြပါဘူး။

http://www.ericclapton.com/  Rric Clapton ရဲ့ မူရင်း Website ဖြစ်ပါတယ် ။ သွားရောက် လည်ကြ ပါနော်၊ ဆိုဒ် အရမ်း လေးမှာ ကြောက် တာကြောင့်သီချင်းတွေ ကိုတော့ Youtube မှာသာ ရှာကြပါ။  


(မှတ်ချက်။   ။သူအကြောင်း ကို ခုလိုပြန်ဆိုေ၇းသား ရာမှာ English စာ အသုံးနှုံးတွေ ဟာ  ကျနော်ခေါင်းကို မီးခိုး အူနေ အောင်ထွက်စေပါတယ် ။ Dictionary တွေဟာ အားကိုးလို့ မ ရလောက်အောင်ဖြစ်ရပါတယ် ။ သို့သော်လဲ  ကျနော် မသိတဲ့ စကလုံးတွေ ကို Google ကို ပါးနပ်စွာ အသုံးချပြီး ရှာဖွေ သွားတာဖြစ်ပါတယ်)


 http://the100guitarists.blogspot.my/p/blog-page_8995.html

No comments:

Post a Comment