Monday, December 14, 2015

ဂီတ အမျိုးအစား

 Photo


 ဂီတ အမျိုးအစား အပြားပြား
 

တေးသီချင်း နားထောင်ခြင်း ကို တော်တော် များများနှစ်သက် ပါတယ်။ သီချင်း တွေဟာ လူ တစ်ယောက်ရဲ့ ခံစားချက် ကိုဖော်ပြဖို့ အကောင်းဆုံး နည်းလမ်းဖြစ်ပြီး အဖော် မဲ့နေချိန်မှာ ကိုယ့်ရဲ့အကောင်းဆုံး အဖော် အဖြစ် ရပ်တည်ပေးပါတယ်။

 တေးဂီတ အမျိုးအစား အများအပြား ရှိတဲ့အနက် မိမိနားထောင်လေ့ ရှိတဲ့ တေးဂီတ ဟာ ဘယ်အမျိုးအစား မှာ ပါဝင်လဲ ဆိုတာကိုတော့ သိပ်ပြီး သတိမထား မိတတ်ကြပါဘူး။ 

ဒီတော့ အခုနောက်ပိုင်း ပိုမိုနားထောင်လေ့ ရှိတဲ့ အနောက်တိုင်းတေးဂီတ အမျိုးအစား တွေ အကြောင်းကို အနည်းငယ်ဖော်ပြပေးချင်ပါတယ်။

ခေါင်းစဉ်ကြီးတွေ အနေနဲ့ ခွဲခြား လိုက်ရင်တော့

(1) Blues , (2) Classical , (3) Country , (4) Electronic, (5) Jazz, (6) Latin, (7) Pop, (8) Metal, (9) Punk,   (10) Rap, (11) Ragges,(12) R&B, (13) Rock       ဆိုပြီး ဂီတ အမျိုးအစား (၁၃)  မျိုး ရှိပါတယ်။ 


ဒီထဲက မှ လူငယ်တွေ ပိုပြီးနားထောင်ဖြစ်တဲ့ Pop, Metal, Punk, Rap, R&B နဲ့ Rock တို့ကို ထပ်မံ အမျိုး အစား ခွဲကြည့်ပါမယ်။

Pop- ပေါ့ပ် တေးဂီတ အမျိုးအစားဟာ ပျော့ပျောင်းတဲ့ စတိုင် ရှိပြီး ပေါ့ပ်သမားတွေ အဆို အရ သူ့မှာ အစစ် မှန်ဆုံး အသွင်အပြင် ရှိပါတယ်တဲ့။ စစ်မှန်တဲ့ပေါ့ပ် ၊ စွမ်းအား ရှိတဲ့ပေါ့ပ် လို့ ခေါ်လေ့ခေါ်ထ ရှိပြီး ထုံးစံ အတိုင်း ဆိုရင်တော့ (၃မိနစ်ခွဲ) ထက် ပိုရှည် တဲ့ သီချင်း မရှိတာ များပါတယ်။ 


စတန်းဒတ် အီလက်ထရစ် ဂစ်တာ၊ ဘေ့စ်၊ ဒရမ်  နဲ့ သီဆိုသူ များ အဓိက ပါဝင်ပြီးတော့ နားဝင်ချို တဲ့ ကောရပ်စ် ပိုဒ် တစ်ပိုဒ် အမြဲ ပါပါတယ်။ 

ဂန္တ၀င် ပေါ့ပ် အဆိုတော်တွေ အနေနဲ့ကတော့ Beatles, Elvis Presley, Frank Sinatra, Bing Crosby, Micheal Jackson တို့ကတော့ ယနေ့တိုင် ထင်ရှားဆဲပါ။



Metal- ဟဲဗီး မက်တယ် ကနေ ဆင်းသက် လာတာပါ။ အမျိုးအစားကွဲတွေ အများကြီး ရှိပေမယ့် အဓိက အမျိုး အစား အချို့ကိုရွေးပြီးဖော်ပြပေးပါမယ်။

(1) Black metal, (2) Celtic Metal, (3) Death Metal, (4) Doom Metal, (5) Gothic Metal, (6) Nu-Metal, (7) Power Metal (8) Avant Garde Metal    တို့ပဲဖြစ်ပါတယ်။ 



မက်တယ် ကို အနည်းငယ် ခံစားကြည့်ချင်တယ် ဆိုရင်တော့ Black Sabbath , Iron Maiden, Metallica စတဲ့ အဖွဲ့တွေ က နာမည်ကြီးပါတယ်။

Punk- ပန့်ခ်ဂီတ ကို အလုံးစုံ နားလည်ချင်တယ် ဆိုရင်တော့ သူ့ရဲ့  အမျိုးအစား ကွဲတွေ အားလုံး ကို သေချာ သိနိုင်မှဖြစ်မှာပါ။ 


ပန့်ခ်ဂီတ အမျိုးကွဲပေါင်း များစွာဟာ လွှမ်းမိုး မှု ပုံစံ မျိုးစုံ ၊ အသံ အမျိုးအစား မျိုးစုံ နဲ့ သီဆိုနေကြပါတယ်။ Anarcho Punk, Celtic Punk, Cowpunk, Gypsy Punk စတာတွေက ပေါ်ပြူလာ ပန့်ခ် အမျိုးကွဲတွေ ပါ။ မြည်း စမ်းကြည့်ချင်တယ် ဆိုရင်တော့ The Clash, MC5, The Ramones , Green day စတာတွေ က လူကြိုက်များ ပါတယ်။

Rap- ကဲ- လက်ရှိ အချိန်မှာ လွှမ်းမိုးမှု အရှိဆုံး ဂီတပါ။ တေးဂီတ သာမက ၀တ်စား ဆင်ယင်မှု ပါ ပေါ်ပြူလာဖြစ်ပြီး ဟစ်ပ်-ဟော့ မြူးဇစ် လို့လဲ ခေါ်ပါတယ်။ 


၁၉၇၀ လောက်ကနေ စပြီး လမ်းဘေး ဂီတ ကနေ လူအများ လက်ခံလာတဲ့ အဆင့် ကို ရောက်လာခဲ့တာ ဒီနေ့ဆိုရင်တော့ အရွယ်ပေါင်းစုံ၊ အလွှာပေါင်းစုံ က လူတွ နှစ်သက် နေကြပါပြီ။ 

တစ်ခြားမြူးဇစ်တော်တော် များများ နဲ့ မတူတဲ့ အချက်ကတော့ ရက်ပ် ဂီတ ဟာ မသီဆို ပါဘူး။ နောက်ခံ ဂီတ နဲ့ဆန့်ကျင် စကားပြောတာဖြစ်ပြီး စည်းချက် တွေ ကိုတော့ soul, funk နဲ့ rock တွေ ဆီကနေ ယူတာဖြစ်ပါ တယ်။ 

ဒီ အသံတွေ ကို စည်းချက် ကျကျ ရောနှောပြီး သူတို့ရဲ့ ဆန်းသစ်မှုတွေ ကို ထပ်ပေါင်း ထည့်ကာ အီလက် ထရောနစ် တူရိယာ တစ်ချို့ ကိုပါ အားဖြည့် ထားတတ်ပါတယ်။ 

Run-D.M.C, 2Pac, Jay-Z, Eminem တို့ကတော့ ဒီက ပရိတ်သတ် အများအပြား လက်ခံထားတဲ့ သူတွေပါ။

R&B- စည်းချက် နဲ့ ဟွန်း အပိုင်း ကို ခွဲလိုက်ပြီး စည်းချက်တွေ ကို ထပ်ခါ ထပ်ခါ ပြန်တီးပါတယ်။ လင်္ကာ စာသားတွေ စာတိုတွေ ကို ထပ်ခါ ထပ်ခါ ဆိုပါတယ်။ တစ်ခါ တရံ မှာ တူရိယာတွေ ကို ရောပြွမ်း သုံးနှုန်းလေ့ ရှိပါတယ်။ 


James Brown, Ray Charles, Whitney Huston, The Temptations တို့တော့ R&B အကျော်အမော် တွေ ပါ။ ပေါ့ပ် ဘုရင် လို့လူသိများ တဲ့ Micheal Jackson ကလဲ R&B လောက မှာ နံပါတ် (၁၃)နေရာ ကို ရယူ ထားပါသေးတယ်။

Rock- ရော့ခ် ဂီတ ကတော့ လူသိ များတဲ့ ဂီတ တစ်ခုဖြစ်ပြီး မူရင်း ကတော့ Rock and roll ကနေ လာတာပါ။ ယူကေ နဲ့ အမေရိကန်ပြည်ဖွား ဂီတ ပါ။ 


အီလက်ထရစ် ဂစ်တာ ကို ဗဟိုပြုပြီး ဘေ့စ် ဂီတာ ၊ ဒရမ် တို့နဲ့အားဖြည့်ပါတယ်။ အချစ် အဓိပ္ပါယ် ကို နူးနူး ညံ့ညံ့ ကြေကြေ ကွဲကွဲ ရေးဖွဲ့တဲ့ စာသားတွေ အဆို များပြီး လူမှုရေးနဲ့ နိုင်ငံရေး ကို အကြိမ်ရေ နည်းနည်း ဆိုပါတယ်။ 

ဂီတ သမားတွေ ထဲမှာတော့ ရော့ခ်ဂီတ ကို အဆင့်မြင့်ဂီတ အဖြစ် အလေးအနက် ထားပါတယ်။ The Beatles, James Brown, Ray Charles   တို့ကို ခံစားကြည့်ပါ။

ဖော်ပြ  ခဲ့တာတွေ ကတော့ ဒီနေ့ခေတ်စားနေတဲ့ ဂီတရေစီးကြောင်း ထဲက နိုင်ငံခြား သီချင်း နှစ်သက် သူ များ ရွေးချယ်စေနိုင်ဖို့ပဲဖြစ်ပါတယ်။ 


သီချင်းတွေ နဲ့ အဖော်ပြုရင်း သာယာ တဲ့ ကမ္ဘာငယ် တစ်ခု ဖန်ဆင်းကြည့်ရအောင်။


 


 Originally shared by Ohn Mar Oo
Ref:Types of music.com

No comments:

Post a Comment