Monday, December 7, 2015

ဆယ်နှစ်ကြာ မှ အတူ လက်တွဲ ရုပ်ရှင်ပြန်ရိုက်ကြမယ့် စင်ရော်မောင်မောင် နဲ့ မေသန်းနု




 မေသန်းနုနှင့် ရုပ်ရှင် မရိုက်ဖြစ်သည် မှာ ဆယ်နှစ်ခန့် ရှိ ပြီဖြစ်သည့် ဒါရိုက်တာ စင်ရော် မောင်မောင် က သားဖြစ်သူ မင်း သန့်မောင်မောင် ၏ တောင်းဆိုမှု ဖြင့် ဒေါက်တာ ခင်မောင်ဝင်း ၏ ‘‘အမေ’’၀တ္ထု ကို မေသန်းနုနှင့် ရိုက်ကူးမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

‘‘နိုဝင်ဘာလ ထဲမှာ ရိုက်မှာပါ။ အမေနေရာ မှာ မေသန်းနု က သရုပ်ဆာင် မှာပါ။ သားနေရာ အ တွက် ကတော့ သရုပ်ဆောင်ရွေး နေတုန်းပါပဲ’’ဟု ဒါရိုက်တာ စင် ရော်မောင်မောင် က ပြောသည်။

မေသန်းနု ဘက်ကလည်း သားဖြစ်သူ ၏ ဆန္ဒကြောင့် လက်ခံ ရိုက်ကူးခဲ့ခြင်းဖြစ်သည် ဟု ၎င်းက ဆိုသည်။
‘‘သား ရဲ့ပညာရေးနဲ့ ပတ် သက်ပြီး တွေ့ဆုံဆွေးနွေးဖြစ် တယ်။ မောင်နှမ ဆက်ဆံရေးပါ ပဲ’’ဟု မေသန်းနုနှင့် ၎င်း ၏ ဆက် ဆံရေးအခြေ အနေ ကို စင်ရော် မောင်မောင် ကပြောသည်။


 
ယင်း ဇာတ်ကား ကို စင်ရော် ရုပ်ရှင် ထုတ်လုပ်ရေး က ရိုက်ကူး ခြင်းဖြစ်ပြီး ၎င်း အနေဖြင့် ရုပ်ရှင် ဇာတ်ကား မရိုက်ဖြစ်သည် မှာ ၂ နှစ်ခန့် ရှိပြီဟု စင်ရော်မောင်မောင် ကပြောသည်။

စင်ရော်မောင်မောင်နှင့် မေ သန်းနု သည် ‘‘မောင်’’ ရုပ်ရှင် ဇာတ်ကား အပါအ၀င် အောင်မြင် ကျော်ကြား သည့် ရုပ်ရှင် ဇာတ် ကား များကို လက်တွဲ ရိုက်ကူး ခဲ့ပြီး မေသန်းနု ရရှိခဲ့သည့် ရုပ်ရှင် ထူး ချွန်ဆု အများစု မှာလည်း ဒါရိုက်တာ စင်ရော်မောင်မောင်   ရိုက်ကူး သည့် ဇာတ်ကား များဖြစ်သည်။



 By  ဇွဲဉာဏ်
 http://www.searchmyanmar.com/link/frame/cid/54393



No comments:

Post a Comment