Saturday, July 29, 2017

British Amp အမျိုးအစားများနှင့် High Gain Amp အမျိုးအစားများ



Great Guitar Tone Guide (10)

Amp + Stomp Box 


ဒီ တစ်ခေါက်ပြောပြမယ့် သင်ခန်းစာကတော့ Line 6 Series များ ဖြစ်သည့် Line 6 POD HD 500 , Line 6 POD X3 , Line 6 Spider IV စသည့် မည်သည့် Line 6 Product မဆို လက်တွေ့ အသုံးချ နိုင်မည့် သင်ခန်းစာ တစ်ခု ဖြစ်ပါတယ်။ 


Analog Pedals များနှင့် တီးခတ်သည့် Player များအနေဖြင့်လည်း ဒီ ချိတ်ဆက်မှု Signal Chain ကို အသုံးပြုနိုင်ပါတယ် ။ ဘာကြောင့်လဲ ဆိုတော့ Line 6 ရဲ့ တည်ဆောက်ပုံဟာ Analog နှင့် တူညီတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ 

Amp တွေကို လေ့လာကြည့်ရာ Clean Amp လို့ ခေါ်တဲ့ အသံကြည်လင်ပြတ်သားပြီး Clean Tone ကို အဓိက ထုတ်ပေးတဲ့ Amp အမျိုးအစားများ၊ American , British စသည်ဖြင့် Crush Type Amp များ ၊ Class A Amp အမျိုးအစားများ၊ High Gain Amp အမျိုးအစားများ စသည်ဖြင့် အခြေခံ အားဖြင့် လေးမျိုး ခွဲခြားနိုင် ပါတယ်။ ဒီတော့ သင်ဟာ ဘယ်လို Guitar Tone မျိုး ချိန်ချင်ပါသလဲ ? ဘယ်လို Amp Type ကိုရွေးရမှာလဲ ? ဆိုတာ သိထားရပါမယ်။ 


(၁) Clean Amp 
Clean Amp အမျိုးအစား များစွာရှိပါတယ်။ Line 6 ထဲမှာ ဆိုရင် Amp Model ပေါင်း ရာနဲ့ ချီပြီး ထည့် သွင်းပေးထားပါတယ်။ ဥပမာ အားဖြင့် .....


> 1987 Roland Jazz Clean (or) Roland JC - 120 Transistor Amp 


> Line 6 Super Clean Amp 


> Fender Dulexe Reverb Amp 


> Line 6 Sparkle Clean Amp 


စတာတွေ ဟာ မည်သည့် Line 6 Series မှာ မဆို ပါဝင်ကြပြီး Clean Tone အတွက် ဆိုလျှင် ၎င်း Amp များကို ဦးစားပေး ရွေးချယ်ပါလို့ အကြံပြုလိုက်ပါတယ်။ 


American , British Amp 
သူတို့ကတော့ Crush Series များ ဖြစ်ပါတယ်။ နည်းနည်း Clean ကို Gain ပိုမိုကောင်းပြီး Dirty Clean Color များကို ချိန်ပေးတဲ့ Amp အမျိုးအစား များဖြစ်ပါတယ်။ 




> 1985 Tweed B-Man (Fender Bassman Amp) 


> 1960 Fender Teed Chanp Amp 


> 1964 Fender Blackface Amp 


> 1967 Silvertone Twin Twelve Head Amp 


> Brit Gain 18 Marshall Amp 


> 1965 Plexi 45 Marshall JTM 45 Amp 


စသည်ဖြင့် Amp များစွာ ပါဝင်ပါတယ်။ 


တစ်ချက် သတိထားရမှာကတော့ ၎င်း Amp များဟာ Clean Drive Tone ကို ချိန်ရာမှာ အသုံးပြုနိုင်တဲ့ amp အမျိုးအစား များ ဖြစ်ကြပါတယ်။






Great Guitar Tone Guide (11) 


ဆက်လက်ပြီး လေ့လာကြည့်မှာကတော့ British Amp အမျိုးအစားများနှင့် High Gain Amp အမျိုးအစားများ ဖြစ်ပါတယ်။ သူတို့ဟာ Lead Solo ,Vamp များ တီးခတ်ရာမှာ အဓိက အသုံးပြုရမည့် Amp အမျိုးအစားများ ဖြစ်ကြပါတယ်။ ဒါကြောင့် တီးတာတစ်ခြား Amp တစ်ခြား မဖြစ်အောင် လေ့လာထားယုံသာမကပဲ သင်ရဲ့ Favourite Amp ကိုပါ သင်ကိုယ်တိုင် သိရှိအောင် ဆန်းစစ်ကြည့်သင့်ပါတယ်။ 

British Amp အမျိုးအစားများကို လေ့လာကြည့်မယ်ဆိုရင် Marshall Series တွေ များပါတယ်။ ဒီ Amp တွေ ကို သုံးမယ် ဆိုရင် Amp အရှေ့မှာ အနည်းဆုံး Tube Screamer လောက်ဖြစ်ဖြစ် Overdrive ဖြစ်ဖြစ် တွဲဖက်ပြီးသုံးရင် အလွန်ကောင်းပါတယ်။ 


သူ့ချည်းပဲဆိုလျှင် Sustain နည်းနည်း ခြောက်ပါတယ်။ နောက်တစ်ခုကတော့ Dist Level လိုသလောက်  မရနိုင်ပါဘူး။ 

ဥပမာ....  Enter Sandman လို Color မျိုး ၊ Alter Bridge လို Color မျိုးတွေ ချိန်မယ်ဗျာ ။ ဘယ် Amp ကိုသုံးမလဲ ? စဉ်းစားစရာ အချက် တစ်ချက်ပါ။ လူပိန်း အနေနဲ့ စဉ်းစားမယ်ဆိုရင် Processor ကိုဖွင့် အသံတွေ ကို တစ်သံပြီး တစ်သံ လိုက်စမ်း၊ မရ လျှင် ရတဲ့ အသံနဲ့ တီး ... အလွန် လွယ်ပါတယ်။ ဒါပေမယ့် မတိုး တက်နိုင်ပါဘူး။ အသံ Color အတိ အကျ မရပါဘူး။ 

ဒါကြောင့် ကျွန်တော်အနေနဲ့ ၀ါသနာရှင်များ တိုးတက်ရေးနှင့် Guitarist များ ဗဟုသုတ ရရှိရေး အတွက် တတ်နိုင်သလောက် ပညာမျှဝေခြင်း ဖြစ်ပါတယ်။ 



ကောင်းပါပြီ ဆက်လက် လေ့လာပါမယ်။ Marshall Amp Series များကို သုံးမယ်ဆိုရင် .......

> 1992 Brit Gain J 900 


> 2003 Brit Gain J 2000 


> 1960 VOX AC 15 + AC 30 


> Orange AD30 TC 


> Hiwatt DR 103 


နှင့် အခြားသော Marshall Amp များကို သုံးနိုင်ပါတယ်။ တစ်ချက် သတိထားပါ။ လိုချင်တဲ့ Tone , Drive များ ရရှိအောင် ရှေ့မှာ Stomp ကို On ပေးထားပါ။ ပြီးနောက် Low Dist Stomp တစ်ခုခုကို တွဲသုံးပါ။ 


အဆုံးသတ် အနေနဲ့ Reverb , Delay ကို ထည့်သွင်းလိုက်လျှင် အလွန်ကောင်းမွန်သော အသံ Tone များကိုရရှိစေမှာ ဖြစ်ပါတယ်။


Sanay Oo


No comments:

Post a Comment