Saturday, July 29, 2017

Pick up ကောင်းလျှင် Gain ကောင်းပါသလား




Great Guitar Tone Guide (14)

ဒီတစ်ခါ Guitar Tone တွေကို ချိန်ရာမှာ အရမ်းအရေးကြီးတဲ့ အချက်တစ်ချက် ကိုပြောပြပါမယ်။ 
အဲဒါကတော့ Pick Up ဖြစ်ပါတယ်။ ဘယ်လို Pick Up မျိုး သုံးမလဲ ? ဆိုတာ အရမ်း အရေးကြီးပါတယ်။
နောက်တစ်ချက်ကတော့ လူတိုင်းပြောနေကြတဲ့ Gain ? ပါ ။ Pick up ကောင်းလျှင် Gain ကောင်းပါသလား? ဆိုတာ .... 

Gain ကောင်းတာနဲ့ Pick Up ကောင်းတာ မဆိုင်ပါဘူး။ နာမည်ကြီး Pick up ဖြစ်ပြီး Gain ကောင်းချင်မှ ကောင်းတာပါ။ အဲဒါဟာ ဘာကိုပြောတာလဲ ဆိုတော့ Resolution ကိုပြောတာပါ ။ 

Note တစ်ခုကို Dist ပြင်းပြင်းနဲ့ တီးလိုက်ရင် ထွက်လာတဲ့ အသံ ကို Resolution လို့ခေါ်ပါတယ်။ 
အသံကြည်လင်ပြတ်သားမှု လို့ ပြောလို့ရပါတယ်။ အဲဒီ Resolution ဟာ Pick Up ရဲ့ အဓိက တန်ဖိုး တစ်ခုသာ ဖြစ်ပါတယ်။ Gain ဟာ Pick Up ရဲ့ တန်ဖိုး မဟုတ်ပါဘူး။ 

တစ်ချို့ဂစ်တာတွေ ဆို Amp နဲ့ တပ်လိုက်တာနဲ့ အသံက ဗျဲကနဲ ကိုထွက်လာတာပဲ ... တော်တော်လေးလဲ ကျယ်ပါတယ်။ ဂစ်တာရဲ့ Body သစ်သားကို လက်နဲ့ ထုလဲ အသံမြည်ပါတယ်။ Key ကို Pick လေးနဲ့ ခေါက်ကြည့်လိုက် အသံမြည်လာတာပဲ ... တော်တော်လေးကောင်းတဲ့ Gain ပါပဲ။ 


ကျွန်တော် ဆိုလိုတာကတော့ နာမည်ကြီး EMG , Seymour Duncan , စသည်ဖြင့် Pick Up တွေ ဟာ 
ထိုက်သင့်သလောက် Gain ကောင်းပါတယ်။ ဒါပေမယ့် Gain အပြင် အရေးအကြီးဆုံးဖြစ်တဲ့ Resolution ကောင်းတာ ဖြစ်ပါတယ်။ 

ဒီတော့ Guitar Pick Up ရဲ့ Resolution ကို ဘယ်လို တိုင်းတာမလဲ ဆိုတော့ Dist 80 ရာခိုင်နှုန်းလောက် တင်လိုက်ပါ။ ပြီးနောက် Open G Chord ကို တစ်ကြိုးချင်းဆီ တီးကြည့်ပါ။ အသံများ မရှုပ်ထွေးသွားရပါဘူး။ 

Pick UP ကြောင့် အသံ မကြေသွားရပါဘူး။ Distortion နဲ့ Plucking တီးကြည့်ပါ။ အသံများ ထင်ရှား ပြတ်သားနေရပါမယ်။ အဲဒါမှ Pick Up ကောင်းတစ်ခု ဖြစ်ပါကြောင်း အသိပေး ပြောကြားလိုက်ပါတယ် ...





No comments:

Post a Comment