Saturday, July 29, 2017

DI နဲ့ ပတ်သက်ပြီး လေ့လာနိုင်ရန်



DI ? Cabinet Simulator ? Amp Simulator ? Isolation DI ? Passive DI ? 

ဂစ်တာ Tone သင်ခန်းစာလဲ အလုပ်ရှုပ်နေတာ တစ်ကြောင်း ၊ နေသိပ်မကောင်းတာက တစ်ကြောင်း ကြောင့် စာမရေးနိုင် ခဲ့ပါ ။ 


DI နဲ့ ပတ်သက်ပြီး ပြန်ဆက်ရအောင်။ ကျွန်တော် အရင် DI အကြောင်း တင်ထားပါတယ်။ အခု နည်းနည်း အသေးစိတ် ထပ်ရှင်းပြပါမယ်။ 


DI ဆိုတာနဲ့ အားလုံး နားလည်ထားရမှာကတော့ Cabinet Sim လို့ နားလည်ထားလို့ရပါတယ်။ အဓိက လုပ်ဆောင်ချက်ကတော့ Guitar Cabinet မှ ထွက်လာတဲ့ အသံကို မိုက်နဲ့ ပြန်လည်ထောက်ပြီး ဖမ်းယူ ထားတဲ့ အသံမျိုးထုတ်လုပ်ပေးခြင်း ဖြစ်ပါတယ်။ 


ဘာလို့ အဲဒီလို လုပ်ရသလဲ ဆိုတော့ ဂစ်တာ Amp ထဲမှာ ပါတဲ့ Cabinet ၊ လွယ်လွယ်ပြောရရင်တော့ စပီကာ ပေါ့ဗျာ။ အဲဒီနေရာမှာ အခြားသော ကျွန်ေတာ်တို့ သီချင်း နားထောင်နေတဲ့ အိမ်သုံး စပီကာ များ လဲ ထည့် လို့မရပါဘူး။ အဲဒီလို လဲထည့်လိုက်ရင် အသံ ခပ်စူးစူး ညှောင်နာနာ အသံသာ ထွက်လာပါတယ်။ 

ဒီ အိမ်သုံး စပီကာ တွေဟာ ဂစ်တာ စပီကာ လို့ခေါ်တဲ့ Cabinet နဲ့ တည်ဆောက်ပုံ မတူပါဘူး။ လွန်စွာ ကွဲပြားပါတယ်။ ဒါကြောင့် Bass Amp အတွက်ဆို Bass Cabinet , Lead Amp ဆို Lead Cabinet များ သုံးစွဲရခြင်း ဖြစ်ပါတယ်။ 

ဒါကြောင့် Guitar Amp တွေထဲမှာ ထည့်သွင်း တည်ဆောက်ထားတဲ့ စပီကာ Cabinet ဟာ ဂစ်တာ Amp အတွက် သီးသန့် ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့် ဂစ်တာသံကို Cabinet နဲ့ ပဲ နားထောင်ရတာ အဆင်ပြေပါတယ်။ 


ဒီလို Cabinet များနဲ့ ညပိုင်း တီးမယ်ဆိုရင် ဘေးပတ်ဝန်းကျင်ကို အနှောင့်အယှက် ဖြစ်စေပါတယ်။ ဒီအခါမှာ DI ဆိုတာကို သုံးလို့ရပါတယ်။ DI ဟာ Cab အတုပေါ့ဗျာ။ Cabinet မှ ထွက်လာတဲ့ အသံလိုမျိုး ပြောင်းလဲပေးတာ ဖြစ်ပါတယ်။ ဒီလောက်ဆို DI ကို နားလည်သွားပါပြီ။ 

တစ်ခါ ထပ်ဆက်ပါမယ်။ Effect Processor တွေမှာ DI စနစ် ပါဝင်ပါတယ်။ ဆိုလိုတာက Cabinet Simulator လို့ခေါ်တဲ့ စောစောက ပြောသလို Cabinet မှ ထွက်တဲ့အသံ ဖြစ်အောင် ဖန်တီးထားပေးပါ တယ်။ ဒါကြောင့် Effect Processor များကို သာမန် နားကျပ် ၊ စပီကာ များနဲ့ ချိတ် ဆက်နားထောင်လို့ရတာ ဖြစ်ပါတယ်။ 





ဒီလို အခြေအနေမှာ ဂစ်တာသမားများ အနေနဲ့ ပြင်ပ သီးသန့် Amp တွေ ထပ်ခံ ပြီးတီးကြပါတယ်။ အရင်လည်း ရှင်းပြထားပါတယ်။ ဒါပေမယ့် သိပ်နားမလည်မှာ စိုးလို့ ထပ်ပြောပြတာပါ။ 

ဒီလို ပြင်ပ Amp နဲ့ Processor ကို တွဲတဲ့အခါမှာ Processor ထဲမှာ ပါဝင်တဲ့ DI , Cabinet Simulator ကို Off လုပ်ထားရပါတယ်။ မလုပ်ထားလျှင် Noise များ ၀င်ပြီး ဆူညံသံ ထွက်ပေါ်လာပါလိမ့်မယ်။ 
ဒါကို Cabinet နှစ်ထပ် ၊ Amp နှစ်ထပ် ဖြစ်တယ်လို့ခေါ်ပါတယ်။ 

တစ်ချက် သတိထားပါ။ Cabinet နှစ်ခါ မသုံးပါနဲ့ ။ Amp မဖြစ်မနေ သုံးရမယ်ဆိုရင် တစ်ခုကို Pre Amp / နောက်တစ်ခုကို Main Amp သုံးရပါမယ်။ 






Great Guitar Tone Guide (20)

DI ? Cabinet Simulator ? Amp Simulator ? Isolation DI ? Passive DI ?

မနေ့က သင်ခန်းစာလေး မပြီးပြတ်သေးလို့ ဒီနေ့ ထပ်ဆက်ပါမယ်။ 


DI ကို သေသေချာချာ ကျကျနန ရှင်းပြနေရခြင်းဟာအရေးကြီးလို့ပါ။  
DI ကို Amp Simulator အနေနဲ့ သုံးလို့ရပါတယ်။ တစ်နည်းအားဖြင့် Amp အကောင်းစားတွေ ၀ယ်တီးဖို့ မတတ်နိုင်ရင် DI သုံးပါလို့ (အထူး အရေးတစ်ကြီး) အကြံပေးပါရစေ .။


ဒီနေ့ Radial DI , Amp Sim ကိုပြောပြပါမယ်။ ဒီ Radial ဟာ ဆိုရင် Marshall Amp အသံ အတိုင်းထွက်ပါတယ်။ တစ်ကယ့်ကို ကွက်တိ နီးပါး တူတာကိုတွေ့ရပါတယ်။ 


ဒီတော့ Marshall Amp JCM Series (ဆယ်သိန်း မှ ဆယ့်ငါးသိန်းကျော်) တစ်လုံး ၀ယ်မယ် ။ ပြီးတော့ သူ့ကို SM 57 နဲ့ ဖမ်းယူမယ်။ ဈေးကတော်တော် မသေးဘူးနော် Brother တို့ ...

ဒါဆို အကုန်လုံးကို အဆင်ပြေချင်ရင် ဒီ Radial Amp Simulator ကို သုံးလို့ရတယ်။ သူ့ အရှေ့မှာ နှစ် သက် ရာ Distortion ခံပြီး တီးလိုက်ရုံပါပဲ။ အကုန်အကျ သက်သာပြီး Professional Quality ကိုရရှိစေပါတယ်။ 


သူ့မှာ Cabinet အမျိုးအစား သုံးမျိုးလောက် ပြောင်းလဲ နိုင်တဲ့ Switch ပါဝင်ပါတယ်။ သူ့ကို အသုံးပြုခြင်းအားဖြင့် .......


(၁) Amp ၀ယ်ယူရန် မလိုခြင်း ၊


(၂) သူ့အသံကို မှီရန် အနည်းဆုံး ဆယ်သိန်း ၀န်းကျင် ခန့် ကုန်ကျခံ၍ Amp ,Mic , Cabinet ,အသံလုံခန်း များရှိရန် လိုအပ်ခြင်း ၊


(၃) မည်သည့် Dist နှင့် မဆို Noise သံ ရှင်းရှင်း နဲ့ တီးခတ်နိုင်ခြင်း ၊


(၄) သွားလေရာ ယူသွားနိုင်ခြင်း ၊


စတဲ့ အားသာချက် များစွာရှိပါတယ်။ ဒါဟာ တစ်ကယ့်ကို Professional DI တွေရဲ့ စွမ်းဆောင်ချက်ပါ။ 



မှတ်ချက်။ ။ ကြော်ငြာဝင်ခြင်း မဟုတ်ပါ။ ပစ္စည်းကောင်းများ အသုံးပြုတတ်စေရန် အသိပေးခြင်း ဖြစ်ပါ တယ်။ 


အားလုံး တိုးတက်ကြပါစေ ....



Sanay Oo





No comments:

Post a Comment