Friday, July 7, 2017

အသံဖမ်း စတူဒီယို တည်ဆောက်ခြင်း { ၂ }





အရင့် အရင်တုန်းကတော့ analog စက်ကြီးတွေ တိတ်ခွေတွေနဲ့ အသံတစ်ခါ ဖမ်းတယ် ဆိုတာ တော်တော့် ကို ဖျက်ရပြင်ရ ခက်တဲ့ အလုပ်တစ်ခုလို့ပြောရင် မမှားခဲ့ပါဘူး ခင်ဗျာ ။

တီးဝိုင်းတစ်ခုလုံးကို တစ်ပြိုင်တည်းတီး  တစ်ခါတည်းဆို တစ်ယောက်မှား၇င် အကုန် အစကပြန်စရတဲ့   ခေတ်တွေ ရှိခဲ့ပါတယ် ။

ဒီဖက်ခေတ်မှာတော့ ကွန်ပြူတာ အခြေခံတဲ့ အသံဖမ်း စနစ်တွေဟာ တိုးတက်ကောင်းမွန်လွန်းနေပါပြီ ။
နုတ်စ် တစ်လုံး မှားရင်တောင် အဲ့ဒီ တစ်လုံးထဲကို ကွက်ပြီး ပြန်တီးမလား မတီးပဲနဲ့ပြင်မလား ဆိုတဲ့ခေတ်ကိုရောက်နေတာပါ ။

အဲ့ဒီ အတွက်လည်း အိမ်တွင်း အသံဖမ်းချင်သူတွေ အတွက် ကွန်ပြူတာတစ်လုံး မိုက်တစ်လုံး ဆောင်းကဒ် တစ်ခုနဲ့ တောင် အလုပ်ဖြစ်အောင် လုပ်ရင် ဖြစ်နေတဲ့ သူတွေ တစ်ပုံကြီးပါ ။





ဟုတ်ပါပြီ အခု အသံဖမ်း စတူဒီယိုတွေအကြောင်းပြောရအောင်ပါ ။
ပထမဆုံးတော့ အသံဖမ်း စတူဒီယို အမျိုးအစားကို ခွဲကြည့်ရင်တော့ ၄ မျိုး ရှိပါမယ် ။


(၁) bedroom studio လို့ခေါ်လို့ရမဲ့ အိပ်ခန်းတွင်းမှာပဲ ကွန်ပြူတာ တစ်လုံး မိုက်တစ်လုံး ဆောင်းကဒ် တစ်ခု တူရိယာ အနည်းငယ် နဲ့ အသံသွင်းလို့ ရအောင် ပြင်ဆင်ထားတဲ့ အိပ်ရာဘေး စတူဒီယိုပေါ့ဗျာ ။


ဒီလို စတူဒီယိုမျိုး ကိုတော့ ကျွန်တော် အရင်ပြောသလို သုံးသိန်းအောက်နဲ့ အဆင်ပြေအောင် တည်ဆောက်လို့ရနိုင်ပါတယ် ။


(၂) dedicated home studio လို့ခေါ်တဲ့ ၀ါသနာအဆင့် ထပ်နည်းနည်း ပိုမယ့်  ရည်ရွယ်ချက် တစ်ခုနဲ့ စတူဒီယိုကို အခန်းသတ်သတ် ဖွဲ့ထားမယ် တူရိယာ အစုံအလင် နဲ့ အသံ လုံအောင် လုပ်ထားမယ် အသံ    စုတ်ဖော့တွေ ကပ်မယ် အသံဖမ်း အသံချိန်တာက အဆင်ပြေအောင် စတူဒီယို မော်နီတာ  စပီကာ ခပ်ကောင်းကောင်းတွေ သုံးနိုင်တဲ့ စတူဒီယိုလိုမျိုးပေါ့ သူကတော့ အနည်းဆုံး ၇ သိန်းကနေ စပြီး ကျသင့်နိုင်ပါတယ် ။


(၃) semi pro studio လို့ခေါ်နိုင်မယ့် စီးပွားမဖြစ် တစ်ဖြစ် စတူဒီယိုပေါ့ဗျာ ။ သူ့ကို ကျတော့ တူရိယာအများအပြား တစ်ပြိုင်တည်း အသံဖမ်းနိုင်မဲ့ စတူဒီယိုလို့ ဆိုကြပါစို့ ။ သူကတော့ သိန်း ၅၀ ကျပ်ကနေ စပြီး ကျ သင့်ပါတော့မယ် ။


(၄) pro studio လို့ခေါ်တဲ့ စတူဒီယိုမျိုး ကိုတော့ လုံးဝ ကို ဓျေးကွက် ဆန်ဆန် ဆရာကျကျ ဖမ်းသမျှ အသံ ထွက်သမျှ အသံ အားလုံးဟာ အဆင့်တန်းမှီမှီ ရှိနေမယ့် စတူဒီယိုမျိုးကို ဆိုလိုချင်တာပါ ။ ဒီလို စတူဒီယိုဆို ရင်တော့ ထည့်ရင် ထည့်သလောက် ကုန်မဲ့ စတူဒီယို ပုံစံမျိုးပါပဲ ။ (ref_ E home recording studio )


အပေါ်က စတူဒီယို အမျိုးအစားတွေ ဘာလို့ပြောနေရတာလဲ ဆိုတော့ စာဖတ်သူဟာ ကိုယ့်ကို ကိုယ်ဘယ်လို စတူဒီယိုမျိုး တည်ဆောက်ချင်တာလဲ ဆိုတာကို ဆုံးဖြတ်နိုင်စေချင်လို့ပါ ။





ဟုတ်ကဲ့ပါ ကွန်ပြူတာ အသံဖမ်း စတူဒီယိုလို့ ဆိုကတည်းက လိုအပ်တာတွေ ကတော့.......

(၁) ကွန်ပြူတာပါ မော်ဒယ်မြင့်လေ ကောင်းလေပါပဲ ။  

Mac/Pc ကြိုက်တာသုံးပါ ဖြစ်နိုင်ရင်တော့ ပန်ကာသံ အရမ်းမဆူညံတဲ့ ကွန်ပြူတာမျိုး RAM 4Gb လောက် အနည်းဆုံးရှိတဲ့ ကွန်ပြူတာမျိုး ဆိုရင် ပိုအဆင်ပြေပါတယ်ခင်ဗျာ ။







Mac လား ..  Pc လား ?
ဘာဟာ ပိုသုံးသင့်လဲ ဆိုရင်တော့ ဒီအောက်က မေးခွန်း ၃ ခုကိုဖြေကြည့်ပါ ။


သင်ဟာ ကွန်ပြူတာ အတွက်ကို ပိုက်ဆံ အများကြီး မသုံးနိုင်ဘူးလား  ?
သင်ဟာ ဟိုဟာပြောင်းချင် ဒီဟာသုံးချင် customize လုပ်ရတာကြိုက်ပါသလား  ?
ဒါမှမဟုတ်၇င်လဲ သင် ကိုယ်တိုင်ကိုက window OS ကိုမှ ကြိုက်တာလား  ?

အဖြေသုံးခု စလုံးကို ဟုတ်ပါတယ် ။ ဆိုရင်တော့ PC ပဲ သုံးတာ အဆင်ပြေပါလိမ့်မယ်ခင်ဗျာ ။
mac ဟာဓျေးကြီးပါတယ် ။ သိပ်ပြီး ပြောင်းရ ခိုးသုံးရတာ မလွယ်လှပါဘူး ။ ဒါ့အပြင် window os နဲ့ လည်း ကွဲပြားတဲ့ အချက်တွေ အများကြီးရှိပါတယ် ။ ကျွန်တော့် တစ်ကိုယ်ရေ အတွက် ကတော့ သုံးနိုင်ရင် Mac ကို ပိုကြိုက်ပါတယ် ။






(၂) DAW digital audio workstation လို့ခေါ်တဲ့ အသံဖမ်းဆော့ဝဲလ်တွေပါ ။
အသံဖမ်းဆော့ဝဲလ် တစ်ခုတည်း နဲ့တင် အသံဖမ်းလို့ရမယ် ။ အသံတွေ ပြင်ဆင်လို့ရမယ် ။
နောက်ဆုံး အဆင့် mixing and mastering ပါ လုပ်လို့၇တာတွေရှိပါတယ် ။


တစ်ချို့ fruity loop လိုမျိုး ဆော့ဝဲလ်တွေမှာ ဆိုရင်တော့ virtual instrument တွေကို ဆော့ဝဲလ်နဲ့ တင် တီးခတ်လို့ရပါမယ် ။ မြန်မာနိုင်ငံမှာ ကတော့ PC အတွက်ဆိုရင် ပေါပေါလောလော တစ်ခွေ ငါးရာ တစ်ထောင်ကျပ် နဲ့ ၀ယ်ယူလို့ရပေမဲ့ တစ်ကယ်တန်း သူ့ မူရင်းရောင်းတဲ့ ဓျေးတွေ ကတော့ မသေးလှပါဘူး ။ mac အတွက်က ရှိပေမဲ့ pc လောက်တော့ လွယ်လွယ်ကူကူ နဲ့ ဖောဖောသီသီ မရနိုင်ပါဘူး ။

အဲ့ဒီတော့ ခိုးသုံးတာနဲ့ တရားဝင် ၀ယ်သုံးတာ ဘာကွာသလဲပေါ့ .. ?
ခိုးသုံးတယ် ဆိုတာ တစ်ခွေ ငါးရာတစ်ထောင်နဲ့ ၀ယ်တာပေါ့ ။ သူကတော့ လွယ်လွယ် ကူကူပဲလေ သူက crack လုပ်ပေးထား ခိုးပေးထားတဲ့ function တွေ သုံးလို့ရမယ် အလကားရမယ် ။


ဒါပေမဲ့ ဘာခက်လဲ ဆိုတော့ တစ်ကယ်တန်း စီးပွားရေး ဆန်ဆန် လုပ်တော့မယ် နိုင်ငံတစ်ကာမှာခေတ်စားနေသော ခိုးပြီး crack လုပ်ထားတာ မပေါ်သေးတဲ့ virtual instrument တစ်ခု ၀ယ်ချင်တယ်ပဲ  ဆိုပါတော့ ခိုးသုံးထားတဲ့ ဆော့ဝဲလ်ကနေ ၀ယ်ဖို့ အဆင်မပြေနိုင်ပါဘူး ခင်ဗျာ ။


အဲ့ဒီတော့ပြောချင်တာ ကတော့ စီးပွားဖြစ် လုပ်မယ်ဆိုရင် ၀ယ်သုံးပေါ့ဗျာ ။ ၀ါသနာ အရ dedicated home studio အဆင့်လောက်ဆိုရင်တော့ တစ်ခွေ ငါးရာတန်နဲ့တင် အဆင်ပြေပါတယ် ။







(၃) audio interface လို့ခေါ်တဲ့ ဆောင်းကဒ်ပါ ။
ဆောင်းကဒ် ဟာ ကွန်ပြူတာ နဲ့ ဂီတ ကို ဆက်စပ်ပေးတဲ့ အရာလို့ ဆိုနိုင်ပါတယ်
ဘာလို့လဲ ဆိုတော့ အပြင်က မိုက်ခရိုဖုန်းက လာတဲ့ လူသံ အဆိုသံ ပဲဖြစ်စေ တူရိယာ တစ်ခုခုက လာတဲ့ တီးမှုတ်သံ ပဲဖြစ်စေ လာသမျှအသံ အားလုံးဟာ analog စက်တွေဆီကနေ လာတာပါ ။


အဲ့ဒီလို analog ကနေ လာတဲ့ signal တွေကို ကွန်ပြူတာထဲ ၀င်နိုင်ဖို့အတွက် digital signal အဖြစ်ပြောင်းလဲပေးရန် လိုအပ်ပါတယ် ။ အဲ့ဒီလိုပြောင်းလဲပေးတဲ့ အလုပ်ကို audio interface ဆောင်းကဒ် က လုပ်ပေးပါတယ်ခင်ဗျာ ။


အဲ့ဒီတော့ အဆိုသံ သွင်းမှာလား အတီးသံ သွင်းမှာလား အ၀င်အထွက် အားလုံးကို ဆောင်းကဒ်က တာဝန်ယူပါတယ် ။ တစ်ခါ အသံဖမ်းရင် တစ်သံချင်းစီ သွင်းမှာလား အဖွဲ့လိုက် တစ်ခါတည်း ၈ လိုင်းလောက်ပြိုင်သွင်းမှာလား ။ အ၀င်အထွက် အနည်းအများပေါ် မူတည်ပြီး ဆောင်းကဒ် ၇ဲ့ ဓျေးတွေလည်း ကွာသွားပါ တယ် ။

ဒါ့အပြင်ကို အရည်အသွေးပိုင်း အရ ဆောင်းကဒ်ကို ရွေးခြယ်မယ် ဆိုရင် ခုနက စတူဒီယို အမျိုးအစား ၄ မျိုးအရ အမျိုးမျိုး ကွဲပြားသွားမှာပါ ခင်ဗျာ ။


ခုနောက်ပိုင်း ဆောင်းကဒ်တွေမှာတော့ ဆောင်းကဒ် သီးသန့်အပြင်ကို mic preamp လို့ခေါ်တဲ့  မိုက်အ၀င် signal ကို ပို warm ဖြစ်စေတဲ့ function တွေ  ၊ DI box ဆိုတဲ့ ဂစ်တာလို တူရိယာကို ဆောင်းကဒ် ထဲ တိုက် ရိုက်ဝင်ပြီး အသံဖမ်းလို့ ရနိုင်မဲ့ function headphone amp တွေ နဲ့ monitor management တွေပါ ပါဝင်လာပါတယ် ။ တစ်ချို့သော keyboard များ mixer များမှာလည်း audio interface ကိုထည့်သွင်းပေးထားပါတယ် ။







အဲ့ဒီတော့ Keyboard တစ်လုံး ၀ယ်ရုံ mixer တစ်ခု ၀ယ်၇ုံနဲ့ ဆောင်းကဒ်လည်း ပါပြီးသား ဆိုတော့
အဆို အတီး အားလုံး ကီးဘုတ် တစ်လုံး နဲ့တင်ပြီးနိုင်လေတော့ bedroom studio သမားများအတွက်  ကတော့ အလွန့် အလွန်ကို တန်ဖိုးနည်း အဆင်ပြေ စေပါတယ် ခင်ဗျာ ။

"BUT" တစ်ကယ်တန်း စီးပွားဖြစ်လုပ်မယ် ဆိုရင်တော့ ဆောင်းကဒ် ဆိုလည်း ဆောင်းကဒ် သတ်သတ်  ကိုမှ အကောင်းဆုံးကို ၀ယ်စေချင်ပါတယ် ။
mic preamp ဆိုလည်း သတ်သတ် အကောင်းကို သုံးစေချင်ပါတယ် ။
multi function ဆိုတိုင်း ကောင်းမယ်လို့ သေချာမပြောနိုင်လို့ပါ ခင်ဗျာ ။

လက်တွေ့ ကျကျပါပဲ ဓျေးနည်းရင်တော့ အရည်အသွေးလည်း နည်းပါမယ် ။
pro quality ကို လိုချင်ရင်တော့ အကုန်အကျ များပါမယ် ဒါပါပဲ ။





(၄) microphone ပါ ။
မိုက်ခရိုဖုန်း မှာတော့ သုံးမျိုး ထပ်ခွဲပါမယ် ။
ကာရာအိုကေဆိုတဲ့နေရာတွေမှာ အသုံးများတဲ့ အသံ ကို ကပ်ဆိုမှ ၀င်မဲ့ dynamic microphone ( အိပ်ရာဘေး စတူဒီယိုတွေနဲ့ သင့်တော်သည်)


စတူဒီယို မှာ တစ်ခြား တူရိယာများနဲ့ တစ်ပြိုင်တည်း သီဆို အသံဖမ်းခြင်းကဲ့သို့ နေရာမျိုးတွင်လည်း သုံးကြပါတယ် ။
ဥပမာ....  ဂစ်တာ တီးရင်း အဆိုသံပါ တစ်ပြိုင်တည်း သွင်းသောအခါမျိုးမှာပါ အဆိုသံ မိုက်ထဲကိုလည်း ဂစ်တာသံ မ၀င်စေချင်တဲ့အခါ အဆင်ပြေစေပါတယ် ။

အဆိုသံသွင်းတဲ့ နေရာမှာ အသုံးများတဲ့ စတူဒီယို အခန်းတွေထဲမှာ တွေ့တွေ့နေကျ large diaphragm microphone (အသံလုံခန်း ရှိမှ အဆင်ပြေနိုင်သည်)


48 volt phantom power ပေးမှ ရတာများပြီး အသံဆွဲအား အလွန်ကောင်းပြီး အသံဖမ်းမူ ကြိမ်နုန်းများစွာကို ဖမ်းယူနိုင်ပါတယ် ။ ဒါ့အပြင် အသံကို အသေးစိတ်ဆုံး ဖမ်းယူနိုင်တဲ့ မိုက်ခရိုဖုန်း အမျိုးအစားပါ ။

guitar amp တွေနဲ့ ဂီတ တူရိယာအသံတွေကို ဖမ်းတဲ့နေရာမှာ အသုံးများတဲ့ small diaphragm microphone ဆိုပြီး သုံးမျိုး အသုံးပြု ကြပါတယ် ။

မိုက် အ၀င်ကိုတော့ ဆောင်းကဒ်ကနေ တိုက်ရိုက် ၀င်တာလည်းရ သလို mic preamp တွေ DI box တွေနဲ့ သတ်သတ်ခွဲပြီးမှ ဆောင်းကဒ်ထဲ ၀င်တာလည်း ရှိပါတယ် ။


ဒရမ်သံကို ဖမ်းတဲ့အချိန်မှာ အုပ်စုလိုက် မိုက်ခရိုဖုန်း ၁၀ လုံးလောက်ကို တစ်လိုင်းတည်း ဖမ်းချင်ရင် လည်း mixer တစ်လုံးသတ်သတ် ခံပြီး ဖမ်းနိုင်မှာပါ ခင်ဗျာ ။


မိုက်ခရိုဖုန်းအကြောင်း ကတော့ ပြောလေရှည်လေဖြစ်မှာမို့ ဒီလောက်နဲ့တင် ရပ်ပါရစေခင်ဗျာ ။
နောက်မှ သတ်သတ် ထပ်ရေးပေးပါ့မယ်
 ။




(၅) headphone လို့ခေါ်ကြတဲ့ စတူဒီယိုသုံး နားကြပ်ပါ ။
သာမန် သီချင်းနားထောင်တဲ့ နားကြပ်နဲ့ မတူတာကတော့ အသံကို အမှန်ဆုံး အရှိကို အရှိအတိုင်း ထွက်အောင် ပြုလုပ်ထားတာပါ ။ ထုတ်လုပ်တဲ့ သူပေါ် မူတည်ပြီး တိကျမူ အရည်အသွေး နဲ့ ကြာကြာ နားထောင်နိုင် မူ အစရှိတဲ့ အချက်တွေသာ ကွာခြားသွားတာပါ ။ သာမာန်နားကြပ်တွေလို အသံ ပိုပြီးနားထောင်ကောင်းသွားတာတော့ မဟုတ်ပါဘူး ။

headphone မှာလည်း အမျိုးအစား ၂ မျိုး ထပ်ရှိပါတယ် ။
closed back headphone လို့ခေါ်တဲ့ အသံဖမ်း အခန်းထဲမှာ ကိုယ့်အသံကိုယ် ပြန်နားထောင်ရန် ထုတ်ထားတဲ့ နားကြပ်ရယ် ၊
open back headphone လို့ခေါ်တဲ့ mixing and mastering လုပ်တဲ့ အချိန်မှာ အသံတွေ၇ဲ့ အနီးအဝေး အတိုး အကျယ် အသံ ပန်းချီဆွဲတဲ့ အချိန်မှာ သုံးဖို့ ထုတ်ထားတဲ့နားကြပ်ရယ်ပါ ။

အဲ့ဒီတော့ ဘာကွာလဲပေါ့ ...
အဓိက ကွာတာ ကတော့ isolation လို့ခေါ်တဲ့ အသံပိုင်းခြားနိုင်မူ တစ်နည်းပြောရရင် အပြင်သံ မကြားရမူ အသံလုံခြင်း လို့ပြောလည်းရပါတယ် ။

closed back headphone တွေ၇ဲ့ အရည်အသွေးကို တိုင်းတာမယ် ဆိုရင် maximum sound isolation နဲ့ပဲ တိုင်းတာရမှာဖြစ်ပါတယ် ။ အသံလုံလေ ပိုကောင်းလေ ပေါ့ဗျာ ။

open back headphone တွေကတော့ အသံလုံခြင်း ဆိုတာထက်ကို သူက အသံကို ကွဲကွဲပြားပြား  ခွဲခြားနိုင်မူအပေါ် မူတည်မှာပါ ။ 
ဥပမာ ......  ကီးဘုတ်လိုမျိုး electronic drum လိုမျိုး မိုက်ခရိုဖုန်း မလိုပဲ အသံဖမ်းလို့ ရတဲ့ တူရိယာကို အသံဖမ်းတဲ့ အချိန်လိုမျိုးမှာဖြစ်စေ mixing and mastering လုပ်တဲ့ အချိန်မှာဖြစ်စေ အသံပြတ်သားရင်  ပိုကောင်းပါတယ် ခင်ဗျာ ။

များသော အားဖြင့်တော့ open back headphone တွေပဲ သုံးကြတာများပါတယ် ။ တစ်ခုတည်းနဲ့ ၂ ခု လုပ်လို့၇တယ် ဆိုတဲ့သဘောပေါ့ ။







(၆) studio monitor speaker လို့ခေါ်တဲ့ စတူဒီယိုသုံး စပီကာတွေပါ ။
တော်တော်များများတွေ့ဖူးကြမှာပါ စတူဒီယိုမှာ စပီကာတွေ ၂ စုံ ၃ စုံ ထားထားတတ်ကြပါတယ် ။
အဲ့ဒါကိုမှ တရုတ် amp လေးနဲ့ ခွဲထားတတ်ကြပါတယ် ။ တစ်ကယ် နားထောင် တာတော့ studio monitor တစ်ခုတည်းပါ ။ ကျန်တဲ့ အစုံတွေက ဘာလုပ်ဖို့လဲ ဆိုတော့ အသံစမ်းဖို့ပါ ။

စတူဒီယို မော်နီတာတွေက အသံ အမှန်အတိုင်း ထွက်နိုင်အောင် flat sound ဖြစ်အောင် ပြုလုပ်ထားကြပါတယ်။ တစ်ချို့ အမျိုးအစားနဲ့ မော်ဒယ်ပေါ် မူတည်ပြီး အသံအနည်းငယ်တော့ ကွာခြားနိုင်ပါတယ်ခင်ဗျ ။


ထုတ်လုပ်သူ အချင်းချင်း သူမှန်တယ် ။ ငါမှန်တယ် ငြင်းနေတာလည်းဖြစ်ချင်ဖြစ်မှာပါ ။
သူကလည်း အမှန်ဆုံး အသံကိုမှ အတိကျဆုံးနဲ့ အသေးစိတ်ဆုံး ထုတ်ပေးနိုင်တဲ့ စပီကာတွေဖြစ်ပါတယ် ။
အဲ့ဒါကြောင့်လည်း ဓျေးတွေက အနည်းဆုံး ဆိုတာတောင် ၂သိန်း အထက်မှာဖြစ်နေတာပါ ။

mixing and mastering လုပ်မယ် ဆိုရင် open back headphone နဲ့ လုပ်ရင် လုပ် မဟုတ်ရင်
studio monitor speaker နဲ့ပဲ လုပ်မှသာ အသံအမှန်ကို အနီးစပ်ဆုံး ချိန်ဆနိုင်မှာပါ ။


စတူဒီယို မော်နီတာမှာ အသံထွက်တာကောင်းနေတဲ့ သီချင်းတစ် ပုဒ်ဟာ အပြင်က စပီကာမှာ ဖွင့်ရင် သေချာပေါက် ပိုကောင်းနေမှာပါ ။


ဘာလို့လဲ ဆိုတော့ အပြင် စပီကာတွေဟာ ထုတ်လုပ်သူတွေ ကိုယ်တိုင်က ဘာလာလာ အသံထွက်ကောင်းအောင် ထုတ်နေကြလို့ပါ ။ အပြင်စပီကာ နဲ့ အသံချိန်ရင်တော့ အသံမှန်ကို မရနိုင်တဲ့အတွက် အချိန်ကုန်လူပန်းဖြစ်ရပါလိမ့်မယ် ။






စတူဒီယို စပီကာ ၇ဲ့ အရွယ်အစားပေါ် မူတည်ပြီး sound engineer ၇ဲ့ နေရာ အနီးအဝေးကို လည်းသေချာပြင်ဆင်သင့်ပါတယ် ။

အသံလုံခန်း တည်ဆောက်ခြင်းထဲက bass trap တွေ acoustic panel လိုဖော့တွေ ကို မော်နီတာပေါ်မူ တည်ပြီး လိုအပ်သလိုပြန် ချိန်သင့်ပါသေးတယ် ။

မော်နီတာ ၇ဲ့ အသံမှန်ပေမဲ့လည်း အခန်းအကျယ်နဲ့ နံ၇ံ၇ဲ့ အသံပြန်ကန်နိုင်မူတွေကြောင့် အသံမှားတွေဖြစ်တတ်တာကြောင့်ပါ ။

အဲ့ဒီအတွက်သုံးနိုင်တာကတော့ မော်နီတာ စပီကာရဲ့ တုန်ခါမူတွေကို ကာကွယ်ပေးနိုင်မဲ့ monitor isolation pads နဲ့ အနီးအဝေး အနိမ့်အမြင့်ကို လိုအပ်သလို ချိန်ဆနိုင်မဲ့ studio monitor stand ပါ ။








(၇) midi controller လို့ခေါ်တဲ့ virtual instrument တွေကို ထိန်းချုပ် တီးခတ် အသံဖမ်းနိုင်မယ့်ပစ္စည်းလေးပါ ။
အများဆုံးမြင်နိုင်တာကတော့ midi keyboard controller ပါ ။ သူ့မှာ သတ်သတ် အသံမရျိပါဘူး ။
ဆော့ဝဲလ် ရဲ့ virtual instrument တွေ အသံကို လိုက်ပြီး ထိန်းချုပ်နိုင်တဲ့ အစွမ်းသူ့မှာ ရှိပါတယ် ။


အဲ့ဒီတော့ သာမန် စတူဒီယိုတစ်ခုအတွက် လိုလားဆိုတော့  အပြင်က အသံတွေနဲ့ပဲ တီးခတ် အသံဖမ်း မယ်  ဥပမာ .... ဂစ်တာလိုမျိုးပေါ့
ဒီ ဆော့ဝဲလ်ထဲက အသံတွေကို သဘောမကျလို့ဖြစ်စေ မလိုလို့ဖြစ်စေ မသုံးဘူး ဆိုရင်တော့ သဘောပါပဲ။

နောက်တစ်ခုပြောပြချင်တာက midi controller မှာ အမျိုးမျိုး ရှိပါတယ် ။

 mixer midi controller , dj midi controller , drumpad midi controller အစရှိသဖြင့် အမျိုးအစားစုံ လင်လှပါတယ် ။ ဆိုတော့ကာ ဆော့ဝဲလ်ထဲက mixer ကို အပြင်မှာလက်တွေ့ ကိုယ့်လက်နဲ့ ကိုင်ပြီးချိန်ချင်တယ် ဆိုရင်တော့ mixer midi controller ကိုသာ ရှာဝယ်လိုက်ပါတော့ ခင်ဗျာ ။ 
သုံးတတ်ရင်တော့ ရွှေပါပဲ ။




(၈) control surface လို့ခေါ်တဲ့ စတူဒီယို အကြီးကြီးတွေမှာမြင်နေကျ mixer တွေ input gain surface    တွေပါတဲ့ sound engineer ထိုင်ပြီး ကလိနေတဲ့ ဘုတ်အပြားကြီးပါ ။

ဒါကတော့ပြောရရင် သရေယိုအောင် သတ်သတ်ပြောပြတာပေါ့ဗျာ ။ အနည်းဆုံး ဆိုရင်တောင် သိန်းတစ်ရာအနည်းဆုံး ရှိမှာပါ ။ ဘာတွေကောင်းလဲ ဘာတွေ လုပ်လို့ရမလဲ ဆိုတော့ အသံလိုင်းတွေကို ဆော့ဝဲလ်ထဲက mixer မှာ မောက်စ်နဲ့ ကလစ်စရာမလိုတော့ပါဘူး ။ အသံဖမ်း တာလည်း အဲဒီ့ ဘုတ်ပြားကြီးမှာပါပြီး သားပါ ။

ဘာလုပ်ချင်တာလဲ အကုန် လုပ်လို့ရပါတယ် ။ သူက ကွန်ပြူတာ စနစ်နဲ့ ချိတ်ဆက် ထားပေမဲ့ analog style old school ပုံကြီးပေါ့ဗျာ ။


အသံဖမ်း အင်၈ျင်နီယာများ၇ဲ့ အပိုင်ဆိုင်ချင်ဆုံး အရာဆိုလည်း မှားမယ်မထင်ပါဘူး ။ automation တွေပဲ ဆွဲမလား live editing ပဲ လုပ်မလား ၊ control surface တစ်ခုလောက် ရှိတယ်ဆိုရင်တော့ mixing and mastering ဟာ အလွန်ကို အဆင်ပြေသွားပါပြီ ။







(၉) pop filter လို့ခေါ်တဲ့ မိုက်ခရိုဖုန်း တပ်စကာပါ ။

သူ့ကို ဘယ်လိုသုံးတာလဲ ဆိုတဲ့ မေးခွန်းဟာ popular တော်တော်ဖြစ်ပါတယ် ။
သူ့ကို သုံးရတဲ့ တစ်အချက်က ဖက် ဆိုတဲ့အသံ ဖာ ဆိုတဲ့အသံမျိုး စကားလုံးမျိုးကို သီဆိုတဲ့ အခါမှာ ပါးစပ်က လေကို ဖောက်ထုတ်လိုက်တဲ့ အသံဖြစ်သွားပါတယ် ။ 


အဲ့ဒီလို အသံကို အပြင်မှာ သာမန်ကြားတဲ့အချိန် မသိသာပေမဲ့ မိုက်ခရိုဖုန်းထဲကနေ ၀င်သွားပြီးတော့ ပြန်ကြားရတဲ့အခါမှာ ကြိမ်နုန်းနိမ့် အသံဖြစ်တဲ့ low frequency အဖြစ်ပြန်ထွက်လာပါတယ် ။

အဲ့ဒီ အသံဟာ သာယာသံ ဂီတကို အနှောင့် အယှက်ဖြစ်စေပါတယ် ။
အဲ့ဒါကြောင့် အဲ့ဒီအသံ မပါအောင် ဒီ စကာ ကို တပ်ခြင်းပါ ။

နောက် နံပါတ်နှစ် အချက်ကတော့ စီးပွားဖြစ်လုပ်ကြတဲ့ စတူဒီယိုတွေမှာ သုံးတဲ့ မိုက်ခရိုဖုန်းတွေဟာ        ဓျေးကြီးတတ်ကြပါတယ် ။ တစ်ချို့ဆို သိန်းသုံးလေးဆယ်တန်တောင် သုံးတဲ့ စတူဒီယိုတွေ ရှိပါတယ် ။

အဲ့ဒီလောက် ဓျေးကြီးတော့ လူတစ်ကာ တံတွေးစင်တာ ဘယ်သူမှ မကြိုက်ကြပါဘူး ။
အဲ့ဒါကြောင့်လဲ တပ်ကြပါတယ် ။ တံတွေးကာလို့ပဲ ခေါ်ရင်တောင် ရမလားပါပဲ ခင်ဗျာ ။

နံပါတ်သုံး အချက်ကတော့ အဲဒီ စကာ တပ်လိုက်တာနဲ့ တစ်ကွ ဆိုတဲ့သူ၇ဲ့ ပါးစပ် အကွာအဝေးလည်း တစ်ခါတည်း ထိန်းထားပြီးသားဖြစ်ပါတယ် ။

အဲ့ဒီအတွက် ဆိုတဲ့သူ၇ဲ့ ပါးစပ်နဲ့ အ၇မ်းကပ်လို့ လေတိုးသံများ တာတို့ ဝေးနေလို့ အ၀င်နည်းတာ တို့လျော့ နည်း သွားပါတယ် ။





(၁၀) mic stand လို့ခေါ်တဲ့ မိုက်ခရိုဖုန်းတင် စင် လို့ပဲခေါ်မလား တန်း လို့ပဲခေါ်မလားပဲ ။

အိုကေပါ အဆင်ပြေသလိုခေါ်တာပေါ့ မိုက်စတန်းပေါ့ ။
သူ့ကို သုံးရခြင်းကတော့ ရှင်းရှင်းလေးပါပဲ မိုက်တင် ဖို့ပါ ။ ဒါဆို လက်က ကိုင်ပြီး ဆိုလို့မရဘူးလား ဆိုတဲ့  မေးခွန်းမျိုး အတွက်တစ်ခါတည်းဖြေပါရစေ ။


လက်ကနေကိုင်ပြီး ဆိုတဲ့ အခါမှာ လျှပ်စစ် စီးဆင်းမူဖြစ်ပေါ်စေတဲ့ အတွက် ဖမ်းလိုက်တဲ့ အသံမှာ နှောင့်  ယှက်သံ noise သံ တစ်၈ျစ်၈ျစ်နဲ့ ဖြစ်တတ်ပါတယ် ။

မိုက်စတန်းကို အသုံးပြုတဲ့အတွက် ဆိုတဲ့သူလည်း အဆင်ပြေစေသလို မိုက်ခရိုဖုန်း ပျက်စီးနိုင်မူ လည်း နည်းသွားပါမယ် ။

တစ်ကယ်တော့ စတူဒီယို ပစ္စည်းတွေက ဒီထက်မက တော်တော်များများ ကျန်ပါသေးတယ် ခင်ဗျာ ။
ကိုယ်နဲ့ အသုံးတည့်မဲ့ ပစ္စည်းမျိုးကို ရွေးခြယ် တပ်ဆင်တာ ပိုအဆင်ပြေပါလိမ့်မယ် ။


တစ်ကယ်လို့များ အကြံဉာဏ် အကူညီတောင်းချင်တယ် ဆိုရင်လည်း ချက်ဘောက်က တစ်ဆင့်မေးမြန်း နိုင်ပါတယ်ခင်ဗျာ ။


အားလုံးကို ကျေးဇူးတင်ပါတယ် ။
ကောင်းသောနေ့လေးဖြစ်ပါစေ ခင်ဗျာ ။



Blue Paradise


No comments:

Post a Comment