Saturday, June 17, 2017

ပိုက်ဆံအိတ် အခိုးခံရတဲ့ အကြောင်း ရင်ဖွင့်ခဲ့တဲ့ တင်ဇာမော်



အမြဲတမ်း အသံအားကောင်းကောင်းနဲ့ သီဆိုတတ်ပြီး ဂီတ အနုပညာရှင် အချ င်းချင်းပါ လေးစား ခံရတဲ့ တင်ဇာမော် တစ်ယောက် ပိုက်ဆံအိတ် အခိုးခံလိုက်ရ တယ်လို့ ဆိုပါတယ်။ သူမ ဟာ ၂၇ ရက်နေ့ ညက Novotel Hotel မှာ ကျ င်းပခဲ့တဲ့ ပွဲအတွင်းမှာ သီချင်းဆိုရင်း အခိုးခံလိုက်ရတာဖြစ်ပြီး သူခိုး ကလည်း ဓါတ်သိသူခိုးလို့ သူမရဲ့ fb ပေါ်မှာ ရေးထားပါတယ်။

 ” ၂၇ ရက်နေ့ ညက Novotel Hotel မှာ ပွဲတစ်ခုဆိုတယ်.. နောက်ဆုံးပိတ် ဆိုရတာဖြစ်လို့ ဆိုပြီးပြန်ဆင်းလာတဲ့ အချိန်မှာ ArtistRoom ထဲမှာ လူတစ်ယောက်မှ မကျန်ခဲ့သလို ကိုယ်ထားခဲ့တဲ့ ပိုက်ဆံလွယ်အိတ် တစ်လုံးလုံး လည်း မရှိတော့ဘူး… cctv checking လုပ်တော့ အဲ့ဒီ အခန်းထဲ camera မတပ် ထားဘူးဆိုပဲ!!! အေးပေါ့ .. ချွတ်ဟယ် ဝတ်ဟယ်တွေ မလုံမခြုံဖြစ်မစိုးလို့ ထင် ပါတယ် ။ 

အမှန်ကတော့ အားလုံးက အိမ်သာခန်းထဲ ဝင်လဲကြတာပါ.. တပ်ထား သင့်ပါတယ် ၊ ဓာတ်သိပေါ့ ။ ခိုးသူက…ခုဘဝ မရှိလို့ ခိုးတာက ရတဲ့ပစ္စည်း ဘယ်လောက်ကြာအောင်စားရမလဲကွယ် ။  သံသရာ တစ်ခုစာ နာမှာ မတွေး မိဘူးလား ။ အပြစ်ခံရတော့ မညည်းကြေးပေါ့ ။ 

၂၈ မနက် London က မိသားစုဆီ ပြန်ရမယ့် ခရီးရှည်ဆိုတော့ လက်ကျန်မြန် မာငွေ အနည်းအပါး နဲ့ ဖုန်း၂ လုံး ( အဟောင်းတစ်လုံး ထဲမှာက မေ့သမီးလော် ရဲ့ ပုံတွေ အမှတ်တရ ) နဲ့ အသုံးအဆောင် ပစ္စည်း အနည်းအပါးပဲ ပါပါတယ် ။ အား လုံးပြန်ရချင်ရင် ၁၅ သိန်း နဲ့ ၂၀ ကြားကုန်ရမှာပေမယ့် ခိုးသူက ငွေပြန်လုပ်တဲ့ခါကျ တန်သေ လာက် ဘယ်ရပါ့မလဲလေ ။  

ပါသွားတဲ့ MK အိတ်နဲ့ DKNY မျက်မှန်က သူ့ချည်း သုံးလွန်းလို့ ချစ်ရတဲ့ အစ်မတစ်ယောက်ဆို မမြင်ချင်တော့ဘူး အဲ့ဒီအိတ်လို့ ပွစိနေသေး… ။ကံကောင်းချင်ေ တာ့ ခရီးသွားမယ့် passport အိတ်နဲ့ တစ်ကွ အေ ရးကြီးသော့များ စာရွက် စာ တ မ်းများ နိုင်ငံခြားငွေများ အားလုံးကို ပွဲသို့ ချီမတက်ခင် အမေ့ ကို အကုန်အပ်လိုက် ပြီ ။  ပြီးတော့ ကျွန်မ တင်ဇာမော် က စိန်ရွှေငွေ လက်ဝတ်ရတနာများ မဆောင် တတ် မဝတ်တတ် ပါ ။





London ပြန်ရောက်တော့မှ ရှာမတွေ့တော့လို့ ခိုးသူ လ က်ထဲပါ သွားပြီ ယူဆ ရတဲ့ Driving Liscence ကတော့ သက်တောင့်သက် သာ အိမ်မှာ ကလေး ထိန်းရင်း online ပေါ်က ၁၅ မိနစ်လောက် အချိန် ယူပြီး ဖြည့်စရာ ရှိတာလေးေ တွဖြည့်လို့ £20 ပေးလိုက်တာ လိပ်စာအသစ်နဲ့ ပါ update Liscence က ၃ ရက်နေတော့ အိမ်ရောက်လာပါရောလား ကွယ် တို့. … ။  ခိုးသူ လ က်ထဲ ပါသွားတဲ့ မြန်မာပြည်က မှတ်ပုံတင် အတွက် ကတော့ ဟိုလူ ဒီလူ ကယ်ပါပေါ့ ပြန်ရောက်မှ လျှောက်ရတော့မှာပ…. ။  မိတ္တူတော့ ရှိတယ်လေ။

1kg လောက်လေးတဲ့ ( အထဲမယ် ရေသန့်ဗူး၊ အမျိုးသမီးလစဉ်သုံး ပစ္စည်းများ၊ မလျှော်ရသေး တဲ့ အတွင်းခံ တစ်ထည် = ကျန်ခဲ့ရင် အမေလျှော်မိမစိုးလို့ အဲ့ဒီနေ့က နေရာတစ်ကာ ထည့်သွား၊ ဘယ်လောက် သုံးသုံး ဘယ်တော့မှ မကုန်တဲ့ အလှပြင်ပစ္စည်း တိုလီမိုလီများ၊

 မြန်မာငွေကျပ် ၃ သိန်းကျော်၊ ဖုန်း ၂ လုံး၊ မှတ်ပုံတင်+မြန်မာကား လိုင်စင်၊ phone power bank နဲ့ ယိုးဒယားရောက်တုန်းက ပျော်လွန်းလို့ ဝ ယ်ခဲ့တဲ့ ဘတ် ၁ရာဖိုး ၃ ရန်တန် fancy နားကပ်များပါတဲ့ ) ပိုက်ဆံ အိတ်ကြီး ကို Artist Room ထဲ ကနေ တစ်အိတ်လုံး ဆွဲပြီး ခိုးသွားတဲ့ ခိုးသူကြီးရေ… တစ်သက် စားလောက်စရာ မပါပေမယ့် သူတစ်ကာရဲ့ ပစ္စည်း ဥစ္စာများ ခိုးယူခြင်းကြောင့် သူတစ်ပါးတို့ ရဲ့ နှလုံးသားများ လှုပ်ရှား ဝမ်းနည်းစေ မိတာက အလွန်အပြစ်ကြီးသကွဲ့.. 

ရပ်တန်းက ရပ်နော့… မဟုတ်ရင် ရိုးသား စွာ တောင်းစားကြတဲ့ သူတွေလောက်တောင်မှ မမြတ်ပဲ.. လောက အလယ် မေတ္တာ အပို့ခံရခြင်းက ပိုလို့ ဆိုးတယ်ကွယ်… သံသရာက မလွတ်ခင် ငရဲတွေနဲ့ ထပ်လို့ မတွေးဝံ့စရာပါကွယ် ” ဆိုပြီး တင်ထားတာပါ။


from Tin Zaw Maw’s fb
Credit: Shwemom


Source



No comments:

Post a Comment