Saturday, June 17, 2017

အဆိုတော်ကောင်မလေး တစ်ဦးရဲ့ ညစ်ညမ်းတဲ့ ကကွက်တွေကြောင့် ထိုင်းနိုင်ငံ ၀န်ကြီးချုပ် ကိုယ် တိုင်ဝေဖန်ခဲ့



ထိုင်းနိုင်ငံမှာ နာမည်ကြီးနေတဲ့ အသက် ၁၈ နှစ် အရွယ် အဆိုတော် ကောင်မလေး တစ်ဦးရဲ့ ညစ်ညမ်းတဲ့ကကွက်တွေ နဲ့ ဖျော်ဖြေခဲ့တဲ့ အပေါ် ၀န်ကြီးချုပ်က လူသိရှင်ကြား ထုတ်ဖော် ဆုံးမခဲ့ကြောင်း သိရှိရပါ တယ်။ ( အောက်ဆုံးတွင် ဗီဒီယိုဖိုင် တွဲတင်ပေးထားပါသည် ။ )
ဆူပန်ဆာဗက်ခ်ျကာမာ (ခ) လမ်ရိုင် လို့ခေါ်တဲ့ နာမည်ကြီး ကျေးလက် အဆိုတော် တစ်ဦးဟာ သူမရဲ့ တင်ပါး ကို ၉ ကြိမ် ဆ က်တိုက် ရှေ့တိုးနောက်ငင် လှုပ်ယမ်းပြီး ညစ်ညမ်းတဲ့ ကကွက်တွေနဲ့ ဖျော်ဖြေ ခဲ့တာကြောင့် လူအများက ရူံ့ချဝေဖန်နေကြ ပါတယ်။
“သတင်းဌာနတွေ အနေနဲ့ သူ့ကို သတိပေးကြပါဦး။ ပရိသတ်တွေက ဒါကို ဝေဖန်နေကြတယ်။ သူတို့ ဒါကို ကြိုက်လည်း ကြိုက်ကြပါတယ်” လို့ ဝန်ကြီးချုပ်ရဲ့အဆိုကို ကိုးကားပြီး ကိုကိုးနက် သတင်းတစ်ပုဒ်မှာ ဖော်ပြ ပါတယ်။
ဝန်ကြီးချုပ်က ဝေဖန်ခဲ့ပြီးနောက်မှာတော့ လမ်ရိုင် ရဲ့မန်နေဂျာက ဝမ်းနည်းကြောင်း ပြောခဲ့ကာ နောက်ထပ် ခုလို မကပြေ တာ့ဘူးလို့ ကတိ ကဝတ် ပြုခဲ့ပါတယ်။




“အဆိုတော် အနေနဲ့ ခုချိန် စင်ပေါ်မှာ မလုံ့ တစ်လုံ ဘီကီနီဘောင်းဘီ အစား ဘောင်းဘီ အတိုကိုလည်း ပြောင်းဝတ် ထားခဲ့ ကာ ခုလို စိတ် အနှောင့်အယှက်ဖြစ်ခဲ့ရတဲ့ အပေါ် ဝန်ကြီးချုပ် နဲ့ ပရိသတ်တွေကို တောင်းပန်ချင်ပါတယ်” လို့ မန်နေဂျာ က ပြောပါတယ်။
ထိုင်းနိုင်ငံဟာ ယဉ်ကျေးမှုကြွယ်ဝတဲ့နိုင်ငံဖြစ်လို့ ဒီ အကဟာ နေရာတိုင်းမှာ ရှိတာပဲလို့ ပြောလိုက်တာဟာ အကြော င်းပြ ချက်ကောင်းတော့ မဟုတ်ပါဘူး။ သူတို့ရဲ့ အရည်အသွေးတွေကို ပြလို့ရတယ်။ ဒါပေမယ့် နိုင် ငံရဲ့ ယဉ်ကျေးမှု စံနှုန်းတွေ ကိုတော့ စိန်ခေါ်တာမျိုး မဖြစ်ပါစေနဲ့လို့ ဝန်ကြီးချုပ် ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောလိုက်ပါတယ်။

No comments:

Post a Comment